Page:ပါရာဇိကပါဠိတော်.pdf/91

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ရှောင်ကြဉ်အပ်ပြီ၊ ငါ့အား ယုတ်ညံ့ ဆိုးရွားစွာ အသက်ရှင်နေရခြင်းဖြင့် အဘယ် အကျိုးရှိအံ့နည်း၊ ငါ့အား အသက်ရှင်နေရခြင်းထက် သေရခြင်းက မြတ်သေး၏၊ ငါသည် ဤဘဝမှ ကွယ်လွန်ပြီးခန္ဓာကိုယ် ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာ နတ်ပြည်၌ ဖြစ်ရပေလိမ့်မည်၊ ထိုနတ်ပြည်၌ နတ်တို့၏ ကာမဂုဏ်ငါးပါးတို့ဖြင့် ရောင့်ရဲ ပြည့်စုံသည် ဖြစ်၍ ခံစံပျော်ပါးရပေလိမ့်မည်"ဟုထိုဥပါသကာသည် မသင့်တော်သော အစားအစာတို့ကိုလည်း စား၏၊ မသင့်တော်သော မုန့်ခဲဖွယ်တို့ကိုလည်း ခဲ၏၊ မသင့်တော်သော လျက်ဖွယ်တို့ကိုလည်း လျက်၏၊ မသင့်တော်သော သောက်ဖွယ်တို့ကိုလည်း သောက်၏၊ မသင့်တော်သော အစားအစာတို့ကိုလည်း စား မသင့်တော်သော မုန့်ခဲဖွယ်တို့ကိုလည်း ခဲ မသင့်တော်သော လျက်ဖွယ်တို့ကိုလည်း လျက် မသင့်တော်သော သောက်ဖွယ်တို့ကိုလည်းသောက်သဖြင့် ထိုဥပါသကာအား ကြမ်းတမ်းသော အနာရောဂါ ဖြစ်လေရာ ထိုဥပါသကာသည် ထိုအနာရောဂါဖြင့်သာလျှင် ကွယ်လွန်လေ၏။

ထိုဥပါသဂာ၏ ဇနီးသည် "ဤသာကီဝင်မင်းသား ရဟန်းများသည် အရှက်မရှိကုန်၊ သီလမရှိကုန်၊ မမှန်သည်ကို ဆိုလေ့ရှိကုန်၏၊ သို့စင်လျက် ဤရဟန်းတို့သည် တရားကို ကျင့်လေ့ရှိကုန်၏၊ ညီညွတ်မျှတသော အကျင့်ကို ကျင့်လေ့ရှိကုန်၏၊ မြတ်သည်ကို ကျင့်လေ့ရှိကုန်၏၊ အမှန်ကို ဆိုလေ့ရှိကုန်၏၊ သီလရှိကုန်၏၊ ကောင်းသော သဘောရှိကုန်၏ဟု ဝန်ခံကြတုံဘိ၏၊ ဤရဟန်းတို့အား ရဟန်းအဖြစ်သူတော်သူမြတ်အဖြစ်သည် မရှိတော့ပြီ၊ ဤရဟန်းတို့အား ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်သည်ပျောက်ပျက်ခဲ့လေပြီ၊ ဤရဟန်းတို့အား အဘယ်မှာ ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်သည် ရှိမည်နည်း၊ ဤရဟန်းတို့သည် ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်မှ ကင်းကွာကုန်ပြီ၊ ဤရဟန်းတို့သည်ငါ့လင်အား သေခြင်း၏ ဂုဏ်ကျေးဇူးကို ချီးကျူး ပြောဆိုကြကုန်၏၊ ဤရဟန်းတို့သည် ငါ့လင်ကို သတ်ဖြတ်ကြလေပြီ"ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြ ပြောဆို၏။

အခြားသော လူတို့သည်လည်း "ဤသာကီဝင်မင်းသား ရဟန်းများသည် အရှက်မရှိကုန်၊ သီလ မရှိကုန်၊ မမှန်သည်ကို ဆိုလေ့ရှိကုန်၏၊ သို့စင်လျက် ဤရဟန်းတို့သည် တရားကို ကျင့်လေ့ရှိကုန်၏၊ ညီညွတ်မျှတသော အကျင့်ကို ကျင့်လေ့ရှိကုန်၏၊ အမြတ်ကို ကျင့်လေ့ရှိကုန်၏၊ အမှန်ကို ဆိုလေ့ရှိကုန်၏၊ သီလရှိကုန်၏၊ ကောင်းသော သဘောရှိကုန်၏ဟု ဝန်ခံကြတုံဘိ၏၊ ဤရဟန်းတို့အား ရဟန်းအဖြစ်သူတော်သူမြတ်အဖြစ်သည် မရှိတော့ပြီ၊ ဤရဟန်းတို့အား ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်သည်ပျောက်ပျက်ခဲ့လေပြီ၊ ဤရဟန်းတို့အား အဘယ်မှာ ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်သည် ရှိမည်နည်း၊ ဤရဟန်းတို့သည် ရဟန်းအဖြစ် သူတော်သူမြတ်အဖြစ်မှ ကင်းကွာကုန်ပြီ၊ ဤရဟန်းတို့သည် ဥပါသကာအား သေခြင်း၏ ဂုဏ်ကျေးဇူးကို ချီးကျူး ပြောဆိုကြကုန်၏၊ ဤရဟန်းတို့သည် ဥပါသကာကိုသတ်ဖြတ်ကြလေပြီ"ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ် ပြပြောဆိုကြကုန်၏။ ရဟန်းတို့သည် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုသူတို့၏ စကားကို ကြားကုန်၏။

အလိုနည်းကုန်သော ရဟန်းတို့သည် "အဘယ်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဥပါသကာအားသေခြင်း၏ ဂုဏ်ကျေးဇူးကို ချီးကျူး ပြောဆိုကုန်ဘိသနည်း"ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြပြောဆိုကြကုန်၏။

အနုပညတ်သိက္ခာပုဒ်နှင့် သိက္ခာပုဒ်အဖွင့်

၁၇၀။ ထို့နောက် ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြ ကုန်၏။ပ။

ရဟန်းတို့ သင်တို့သည် ဥပါသကာအား သေခြင်း၏ ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုကုန်၏ဟူသည်မှန်သလောဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ (ဤအပြုအမူသည်) ရဟန်းတို့အား မလျောက် ပတ်၊ မလျော်ကန်၊ မသင့်တင့်၊ ရဟန်းတို့၏ အပြုအမူမဟုတ်၊ မအပ်၊ မပြုသင့်။

(မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ သင်တို့သည် အဘယ်ကြောင့်