Page:ပါရာဇိကပါဠိတော်.pdf/92

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ဥပါသကာအား သေခြင်း၏ဂုဏ်ကျေးဇူးကို ချီးကျူး ပြောဆိုကြကုန်ဘိသနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့ဤ (သင်တို့ပြုမိသော) အမှုသည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

။ (ခ) ၁၇၁။ "အကြင် ရဟန်းသည် (သတ်လိုသော စိတ်စေတနာဖြင့်)စေ့ဆော်၍လူဇာတ်ဖြစ်သော သူ၏ ကိုယ်ကို အသက် 'ဇီဝိတိန္ဒြေ'မှ ချငြားအံ့၊ ထို သူ၏ အသက် 'ဇီဝိတိန္ဒြေ' ကိုဆောင်တတ်သော ဓားလက်နက်ကိုမူလည်း ရှာ၍ (အနီး၌) ထားငြားအံ့၊ သေခြင်း၏ ဂုဏ်ကျေးဇူးကိုသော်လည်း ချီးကျူးပြောဆို ငြားအံ့၊ သေစိမ့်သောငှါသော်လည်း ဆောက်တည်စေငြားအံ့၊ 'အိုယောက်ျား သင့်အား ယုတ်ညံ့ဆိုးရွားစွာ အသက်ရှင်နေရခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ သင့်အားအသက်ရှင်နေရခြင်းထက် သေရခြင်းက မြတ်သေး၏'ဟု ဤသို့ (သေစေလိုသော) စိတ်နှလုံးရှိသည်ဖြစ်၍ ဤသို့ (သေစေလိုသော) စိတ်အကြံရှိသည် ဖြစ်၍ များစွာ သော အကြောင်းဖြင့်သေခြင်း၏ ဂုဏ်ကျေးဇူးကိုသော်လည်း ချီးကျူးပြောဆိုငြားအံ့၊ သေစိမ့်သောငှါသော်လည်း ဆောက်တည်စေငြားအံ့၊ ဤရဟန်းသည် လည်း သာသနာ တော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်း ရခြင်း မရှိ" ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

၃-တတိယပါရာဇိက သိက္ခာပုဒ်အဖွင့်

၁၇၂။ အကြင်ဟူသည် အကြင်သို့သော။ပ။

ရဟန်းဟူသည်။ပ။ ဤအရာ၌ ဤဉတ္တိစတုတ္ထကံဖြင့် ရဟန်းအဖြစ်သို့ ရောက်သူကို "ရဟန်း"ဟူ၍အလိုရှိအပ်၏။

(သတ်လိုသော စိတ်စေတနာဖြင့်)စေ့ဆော်၍ဟူသည် သိလျက် အသေအချာ သိလျက်စေ့ဆော် လျက်'အားထုတ်လျက်' နှိမ်နင်း၍ လွန်ကျူးခြင်းတည်း။

လူဇာတ်ဖြစ်သော သူ၏ ကိုယ်ဟူသည် အမိဝမ်းတွင်း၌ ရှေးဦးစွာ (ပဋိသန္ဓေ) စိတ်ဝိညာဉ် ဖြစ်ပေါ်သည်မှ စ၍ သေသည့် ကာလတိုင်အောင်သော အတွင်း၌ (ဖြစ်သော) ဤသတ္တဝါသည် လူဇာတ်ဖြစ်သော သူ၏ ကိုယ် မည်၏။

အသက် 'ဇီဝိတိန္ဒြေ' မှ ချငြားအံ့ဟူသည် အသက် 'ဇီဝိတိန္ဒြေ'ကို ဖြတ်၏၊ ချုပ်စေ၏၊ ခန္ဓာ အစဉ်ကိုပျက်စေ၏။

ထိုသူ၏ အသက် 'ဇီဝိတိန္ဒြေ'ကို ဆောင်တတ်သော ဓားလက်နက်ကိုမူလည်း ရှာ၍ (အနီး၌) ထားငြားအံ့ဟူသည် သန်လျက်ကိုသော်လည်းကောင်း၊ လှံကိုသော်လည်းကောင်း၊ ခက်ရင်းကို သော်လည်းကောင်း၊ ဆောက်ပုတ်ကိုသော်လည်းကောင်း၊ ကျောက်ခဲကိုသော်လည်းကောင်း၊ (ကြွင်းသော) လက်နက်ကိုသော်လည်းကောင်း၊ အဆိပ်ကိုသော်လည်းကောင်း၊ ကြိုးကိုသော်လည်းကောင်း (ရှာ၍ အနီး၌ ထားငြားအံ့)။

သေခြင်း၏ ဂုဏ်ကျေးဇူးကိုသော်လည်း ချီးကျူးပြောဆိုငြားအံ့ဟူသည် အသက်ရှင် နေခြင်း၌ အပြစ်ကို ပြ၏၊ သေခြင်း၏ ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆို၏။

သေစိမ့်သောငှါသော်လည်း ဆောက်တည်စေငြားအံ့ဟူသည် လက်နက်ကိုသော်လည်း ဆောင် ယူပါ၊ အဆိပ်ကိုသော်လည်း စားပါ၊ ကြိုးဆွဲချ၍သော်လည်း သေပါ၊ ဤသို့ (ခိုင်းခြင်းတည်း)။