နတ်ပဏ္ဍုက် တိရစ္ဆာန်ပဏ္ဍုက်အားဖြင့် ပဏ္ဍုက်သုံးမျိုး၊ လူယောက်ျား နတ်ယောက်ျား တိရစ္ဆာန်ယောက်ျားအားဖြင့် ယောက်ျားသုံးမျိုး။
လူမိန်းမ၏ ဝစ္စမဂ်၂ ပဿာဝမဂ်၃ မုခမဂ်၄ဟူသော လမ်းကြောင်းသုံးမျိုး၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
နတ်မိန်းမ တိရစ္ဆာန်မိန်းမ၏ ဝစ္စမဂ် ပဿာဝမဂ် မုခမဂ်ဟူသော လမ်းကြောင်းသုံးမျိုး၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
လူဥဘတောဗျည်း နတ်ဥဘတောဗျည်း တိရစ္ဆာန်ဥဘတောဗျည်း၏ ဝစ္စမဂ် ပဿာဝမဂ် မုခမဂ်ဟူသောလမ်းကြောင်းသုံးမျိုး၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
လူပဏ္ဍုက်၏ ဝစ္စမဂ် မုခမဂ်ဟူသော လမ်းကြောင်းနှစ်မျိုး၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲသောရဟန်းအား ပါရာဇိကအာပတ် သင့်၏။
နတ်ပဏ္ဍုက် တိရစ္ဆာန်ပဏ္ဍုက် လူယောက်ျား နတ်ယောက်ျား တိရစ္ဆာန်ယောက်ျား၏ ဝစ္စမဂ်မုခမဂ်ဟူသော လမ်းကြောင်းနှစ်မျိုး၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲသော ရဟန်းအား ပါရာဇိကအာပတ်သင့်၏။
၅၇။ ရဟန်း၏ (မေထုန်ပြုကျင့်) မှီဝဲလိုစိတ် ဖြစ်ပေါ်လတ်သော် 'ဖြစ်ပေါ်လာသောအခါ' လူမိန်းမ၏ဝစ္စမဂ်သို့ မိမိ၏ အင်္ဂါဇာတ်ကို သွင်းသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
ရဟန်း၏ (မေထုန်ပြုကျင့်) မှီဝဲလိုစိတ် ဖြစ်ပေါ်လတ်သော် 'ဖြစ်ပေါ်လာသောအခါ' လူမိန်းမ၏ပဿာဝမဂ် မုခမဂ်သို့ မိမိ၏ အင်္ဂါဇာတ်ကို သွင်းသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
ရဟန်း၏ (မေထုန်ပြုကျင့်) မှီဝဲလိုစိတ် ဖြစ်ပေါ်လတ်သော် 'ဖြစ်ပေါ်လာသောအခါ' နတ်မိန်းမ၏ တိရစ္ဆာန်မိန်းမ၏ လူဥဘတောဗျည်း၏ နတ်ဥဘတောဗျည်း၏ တိရစ္ဆာန်ဥဘတောဗျည်း၏ ဝစ္စမဂ် ပဿာဝမဂ် မုခမဂ်သို့ မိမိ၏ အင်္ဂါဇာတ်ကို သွင်းသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
ရဟန်း၏ (မေထုန်ပြုကျင့်) မှီဝဲလိုစိတ် ဖြစ်ပေါ်လတ်သော် 'ဖြစ်ပေါ်လာသောအခါ' လူပဏ္ဍုက်၏ ဝစ္စမဂ်မုခမဂ်သို့ မိမိ၏ အင်္ဂါဇာတ်ကို သွင်းသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
ရဟန်း၏ (မေထုန်ပြုကျင့်) မှီဝဲလိုစိတ် ဖြစ်ပေါ်လတ်သော် 'ဖြစ်ပေါ်လာသောအခါ' နတ်ပဏ္ဍုက်၏တိရစ္ဆာန်ပဏ္ဍုက်၏ လူယောက်ျား၏ နတ်ယောက်ျား၏ တိရစ္ဆာန်ယောက်ျား၏ ဝစ္စမဂ် မုခမဂ်သို့ မိမိ၏့အင်္ဂါဇာတ်ကို သွင်းသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။
၅၈။ ရန်သူရဟန်းတို့သည် လူမိန်းမကို ရဟန်း၏ အထံသို့ ခေါ်ဆောင်၍ ဝစ္စမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာအံ့၊ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။
ရန်သူရဟန်းတို့သည် လူမိန်းမကို ရဟန်း၏ အထံသို့ ခေါ်ဆောင်၍ ဝစ္စမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ မသာယာမူ၍ ဝင်ဆဲခဏ၌ သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။
ရန်သူရဟန်းတို့သည် လူမိန်းမကို ရဟန်း၏