Page:ပါရာဇိကပါဠိတော်.pdf/34

From Wikisource
Jump to navigation Jump to search
This page has not been proofread.

သိက္ခာမကျ။ လူရိုင်း ဘာသာဖြင့် လူရိုင်း၏ အထံ၌ သိက္ခာချ၏၊ ထိုလူရိုင်းသည် နားမလည်၊ သိက္ခာမကျ။ အဆောတလျင် 'အလျင်စလို' ဆိုမိသဖြင့် သိက္ခာချ၏၊ သိက္ခာမကျ။ ချွတ်ယွင်းဖောက်ပြန် 'မမှန်မကန်' ဆိုမိသဖြင့် သိက္ခာချ၏၊ သိက္ခာမကျ။ မကြားစေလိုဘဲ ပြောကြား၏ 'မကြားအောင် ပြော၏'၊ သိက္ခာမကျ။ ကြားစေ လိုလျက် မပြောကြား 'ကြားအောင် မပြော'၊ သိက္ခာမကျ။ နားမလည်သူအား ပြောကြား၏၊ သိက္ခာမကျ။ နားလည် သူအား မပြောကြား၊ သိက္ခာမကျ။ လုံးလုံးသော်လည်း မပြောကြား၊ သိက္ခာ မကျ။ ရဟန်းတို့ ဤသို့ ပြောဆို သိစေသော်လည်းသိက္ခာသည် မကျပေ။

၅၅။ မေထုန်အကျင့် မည်သည် အကြင် အကျင့်သည် မသူတော်တို့၏ အကျင့်ဖြစ်၏၊ ရပ်ရွာနေသူ လူတို့၏ အကျင့်ဖြစ်၏၊ သူယုတ်တို့၏ အကျင့်ဖြစ်၏၊ ရုန့်ရင်းကြမ်းတမ်း၏၊ ရေဆေးခြင်းကိစ္စလျှင် အဆုံးရှိ၏၊ (လူမြင်လျှင် မတင့်တယ်၍) မမြင်ကွယ်ရာ၌ ပြုအပ်၏၊ အစုံအစုံတွဲ၍ ပြုကျင့်ရ၏၊ ဤအကျင့်သည် မေထုန်အကျင့် မည်၏။

(ပြုကျင့်) မှီဝဲ၏ မည်သည် အကြင်ရဟန်းသည် မိမိ၏ နိမိတ်ဖြင့် မိန်းမ၏ နိမိတ်သို့၊ မိမိ၏ အင်္ဂါဇာတ်ဖြင့် မိန်းမ၏ အင်္ဂါဇာတ်သို့ အယုတ်ဆုံးအားဖြင့် နှမ်းတစ်လုံးမျှ ဝင်စေ၏ 'သွင်း၏'၊ ဤရဟန်းသည် (ပြုကျင့်) မှီဝဲ၏ မည်၏။

အယုတ်ဆုံးအားဖြင့် တိရစ္ဆာန်မ၌သော်လည်းဟူရာ၌ တိရစ္ဆာန်မ၌ ဖြစ်စေကာမူ (နှစ်ဦးစုံ ပျော်မြူးသောအကျင့်ဟု ဆိုအပ်သော) မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲသောကြောင့် ရဟန်း မဟုတ်တော့ ပေ၊ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်တော့ပေ၊ လူမိန်းမ၌ ဆိုဖွယ်ရာမရှိပြီ၊ ထို့ကြောင့်"အယုတ်ဆုံးအားဖြင့် တိရစ္ဆာန်မ၌ သော်လည်း"ဟု ဆိုရ၏။

သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏ဟူရာ၌ ဥပမာသော်ကား ဦးခေါင်းပြတ်ပြီးသူသည်ထိုဦးခေါင်းနှင့် ခန္ဓာကိုယ်ကို ပြန်၍ ဆက်စပ်သော်လည်း အသက်ရှင်ဖို့ရာ မဖြစ်နိုင်သကဲ့သို့ ဤအတူရဟန်းသည် မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲခြင်းကြောင့် ရဟန်းမဟုတ်တော့ပေ၊ သာကီဝင်မင်းသားဘုရားအနွယ်တော် မဟုတ်တော့ပေ၊ ထို့ကြောင့် "သာသနာတော်မှ ဆုံးရှုံးခြင်းသို့ ရောက်၏"ဟု ဆိုရ၏။

ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိဟူရာ၌ ပေါင်းသင်းခြင်းမည်သည် အတူ တကွဝိနည်းကံပြုမှု၊ အတူတကွ ပါတိမောက်ရွတ် (ပြ) မှု၊ တူမျှသော ကျင့်ကြံနေထိုင်မှုတည်း၊ ဤအလုံးစုံ သည်ပေါင်းသင်းခြင်း မည်၏၊ ထိုပေါင်းသင်းခြင်းသည် ထို (ပါရာဇိကကျသော) ရဟန်းနှင့် အတူတကွ မရှိတော့ပေ၊ ထို့ကြောင့် "ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်း မရှိ"ဟု ဆိုရ၏။

၅၆။ လူမိန်းမ နတ်မိန်းမ တိရစ္ဆာန်မိန်းမ အားဖြင့် မိန်းမသုံးမျိုး၊ လူဥဘတောဗျည်း 'လိင် နှစ်မျိုး ရှိသူ' နတ်ဥဘတောဗျည်း တိရစ္ဆာန်ဥဘတောဗျည်း အားဖြင့် ဥဘတောဗျည်းသုံးမျိုး၊ လူပဏ္ဍုက် 'လိင်ချို့ ငဲ့သူ'