Page:ပါရာဇိကပါဠိတော်.pdf/36

From Wikisource
Jump to navigation Jump to search
This page has not been proofread.

အထံသို့ ခေါ်ဆောင်၍ ဝစ္စမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ မသာယာမူ၍ ဝင်ဆဲခဏ၌ မသာယာမူ၍ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။

ရန်သူရဟန်းတို့သည် လူမိန်းမကို ရဟန်း၏ အထံသို့ ခေါ်ဆောင်၍ ဝစ္စမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ မသာယာမူ၍ ဝင်ဆဲခဏ၌ မသာယာမူ၍တည်ဆဲခဏ၌ မသာယာမူ၍ နုတ်ဆဲခဏ၌ သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။

ရန်သူရဟန်းတို့သည် လူမိန်းမကို ရဟန်း၏ အထံသို့ ခေါ်ဆောင်၍ ဝစ္စမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ မသာယာအံ့၊ ဝင်ဆဲခဏ၌ မသာယာအံ့၊ တည်ဆဲခဏ၌ မသာယာအံ့၊ နုတ်ဆဲခဏ၌ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့သည် လူမိန်းမကို ရဟန်း၏ အထံသို့ ခေါ်ဆောင်၍ ပဿာဝမဂ်ဖြင့် မုခမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာအံ့၊ ဝင်ဆဲခဏ၌သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

၅၉။ ရန်သူရဟန်းတို့သည် နိုးသော အိပ်ပျော်သော မူးယစ်သော ရူးသော မေ့လျော့သော လူ မိန်းမကိုသေ၍ ခွေးမစားသေးသော သေ၍ များသောအားဖြင့် ခွေးမစားသေးသော 'နည်းနည်း စားပြီး သော' (အသေကောင်) လူမိန်းမကို။ပ။ ပါရာဇိကအာပတ် သင့်၏။ သေ၍ များသောအားဖြင့် ခွေးစားပြီး သော (အသေကောင်) လူမိန်းမကို ရဟန်း၏ အထံသို့ ယူဆောင်၍ ဝစ္စမဂ်ဖြင့် ပဿာဝမဂ်ဖြင့် မုခမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာအံ့၊ ဝင်ဆဲခဏ၌သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ထုလ္ထစ္စဉ်းအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့သည် နတ်မိန်းမကို တိရစ္ဆာန်မိန်းမကို လူဥဘတောဗျည်းကို နတ်ဥဘတောဗျည်းကိုတိရစ္ဆာန်ဥဘတောဗျည်းကို ရဟန်း၏ အထံသို့ ခေါ်ဆောင်၍ ဝစ္စမဂ်ဖြင့် ပဿာဝမဂ်ဖြင့် မုခမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာအံ့၊ ဝင်ဆဲခဏ၌သာယာအံ့၊ တည်ဆဲခဏ၌ သာယာအံ့၊ နုတ်ဆဲခဏ၌ သာယာအံ့၊ ပါရာဇိကအာပတ် သင့်၏။ပ။ မသာယာအံ့၊ အာပတ် မသင့်။

ရန်သူရဟန်းတို့သည် နိုးကြားသော အိပ်ပျော်သော မူးယစ်သော ရူးသော မေ့လျော့သောတိရစ္ဆာန်ဥဘတောဗျည်းကို သေ၍ ခွေးမစားသေးသော သေ၍ များသောအားဖြင့် ခွေးမစားသေးသော (အသေကောင်) တိရစ္ဆာန် ဥဘတောဗျည်းကို။ပ။ ပါရာဇိကအာပတ် သင့်၏။ သေ၍ များသောအားဖြင့်ခွေးစားပြီးသော (အသေကောင်) တိရစ္ဆာန်ဥဘတောဗျည်းကို ရဟန်း၏ အထံသို့ ယူဆောင်၍ ဝစ္စမဂ်ဖြင့်ပဿာဝမဂ်ဖြင့် မုခမဂ်ဖြင့် (ရဟန်း၏) အင်္ဂါဇာတ်ကို စပ်ယှက်စေကုန်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌