Page:ပါရာဇိကပါဠိတော်.pdf/30

From Wikisource
Jump to navigation Jump to search
This page has not been proofread.

သိစေ၏။ပ။ အကယ်၍ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူ ဖြစ်ရမူ ကောင်းလိမ့်မည်ဟု ပြော၏၊ သိစေ၏။ပ။ ငါသည် စင်စစ် မြတ်စွာဘုရားကို စွန့်ပယ်ရမူ ကောင်းလိမ့်မည်ဟု ပြော၏၊ သိစေ၏။ပ။ ငါသည် စင်စစ် သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူ ဖြစ်ရမူ ကောင်းလိမ့်မည်ဟု ပြော၏၊ သိစေ၏။ပ။ ငါသည် ယခု မြတ်စွာဘုရားကို စွန့်ပယ်ရမူ ကောင်းလိမ့်မည်ဟု ပြော၏၊ သိစေ၏။ပ။ ငါသည် ယခု သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူ ဖြစ်ရမူ ကောင်းလိမ့်မည်ဟု ပြော၏၊ သိစေ၏။ပ။ ငါအား မြတ်စွာဘုရားကို စွန့်ပယ်ရမူ ကောင်းလိမ့်မည်ဟု အကြံဖြစ်၏ဟု ပြော၏၊ သိစေ၏။ပ။ ငါအား သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူဖြစ်ရမူ ကောင်းလိမ့်မည်ဟု အကြံဖြစ်၏ဟုပြော၏၊ သိစေ၏။ပ။ ရဟန်းတို့ ဤသို့ ပြောဆို သိစေသော်လည်း အားနည်းမှုကို ထင်ရှားစွာပြုခြင်းသာ ဖြစ်၍ သိက္ခာကား မကျသေး။

၄၇။ တစ်နည်းသော်ကား (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက် မပျော်ပိုက်သည်ဖြစ်၍ ရဟန်းအဖြစ်မှ ရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည်ဖြစ်၍လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သည်၏ အဖြစ်ကိုတောင့်တလျက် အမိကို အောက်မေ့၏ဟု ပြော၏၊ သိစေ၏။ အဖကို၊ ညီ-အစ်ကိုကို၊ နှမ-အစ်မကို၊ သားကို၊ သမီးကို၊ ဇနီးကို၊ ဆွေမျိုးတို့ကို၊ မိတ်ဆွေတို့ကို၊ ရွာကို၊ နိဂုံးကို၊ လယ်ကို၊ ယာကို၊ ငွေကို၊ ရွှေကို၊ အတတ်ပညာကို၊ ရှေးက ပြုံးရွှင်ပြောဆိုမြူးထူး ကစားခဲ့ဖူးသည်ကို အောက်မေ့၏ဟု ပြော၏၊ သိစေ၏။ ရဟန်းတို့ ဤသို့ ပြောဆို သိစေသော်လည်း အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းသာ ဖြစ်၍သိက္ခာကား မကျသေး။

၄၈။ တစ်နည်းသော်ကား (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက် မပျော်ပိုက်သည် ဖြစ်၍ ရဟန်းအဖြစ်မှ ရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည်ဖြစ်၍ လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သည်၏အဖြစ်ကို တောင့်တလျက် ငါ့အား အမိရှိသည်၊ ထိုအမိကို ငါလုပ်ကျွေး မွေးမြူထိုက်သည်။ ငါ့အားအဖရှိသည်၊ ထိုအဖကို ငါလုပ်ကျွေး မွေးမြူထိုက်သည်။ ငါ့အား ညီ အစ်ကိုရှိသည်၊ ထို ညီ အစ်ကိုကိုငါလုပ်ကျွေး မွေးမြူထိုက်သည်။ ငါ့အား နှမ အစ်မရှိသည်၊ ထိုနှမ အစ်မကို ငါလုပ်ကျွေးမွေးမြူထိုက်သည်။ ငါ့အား သားရှိသည်၊ ထိုသားကို ငါလုပ်ကျွေး မွေးမြူထိုက်သည်။ ငါ့အား သမီးရှိသည်၊ ထိုသမီးကို ငါလုပ်ကျွေး မွေးမြူထိုက်သည်။ ငါ့အား ဇနီးရှိသည်၊ ထိုဇနီးကို ငါလုပ်ကျွေးမွေးမြူထိုက်သည်။