Page:ပါရာဇိကပါဠိတော်.pdf/29

From Wikisource
Jump to navigation Jump to search
This page has not been proofread.

သိက္ခာမချ အားနည်းမှုကို ထင်စွာ မပြုမူ၍ဟူရာ၌ ရဟန်းတို့ အားနည်းမှုကို ထင်ရှားစွာ ပြုခြင်း သာဖြစ်၍ သိက္ခာမကျသည်လည်း ရှိ၏၊ အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းလည်း ဖြစ်၍ သိက္ခာကျသည်လည်း ရှိ၏၊ ရဟန်းတို့ အဘယ်သို့လျှင် အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းသာ ဖြစ်၍ သိက္ခာမကျသနည်း။ ဤသာသနာတော်၌ ရဟန်းသည် (ရဟန်းအဖြစ်၌) ဆန့်ကျင်ပျင်းရိလျက် မပျော်ပိုက်သည်ဖြစ်၍ ရဟန်းအဖြစ်မှ ရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည်ဖြစ်၍ လူ့အဖြစ်ကို တောင့်တလျက် ဥပါသကာအဖြစ်၊ အရံစောင့်အဖြစ်၊ သာမဏေအဖြစ်၊ တိတ္ထိအဖြစ်၊ တိတ္ထိ၏ တပည့်အဖြစ်၊ ရဟန်းမဟုတ်သည်၏ အဖြစ်၊ သာဝကီဝင်မင်းသား ဘုရားအနွယ်တော်မဟုတ်သည်၏ အဖြစ်ကို တောင့်တလျက် ငါသည် မြတ်စွာဘုရားကို စွန့်ပယ်ရမူ ကောင်းလိမ့်မည်ဟုပြော၏၊ သိစေ၏။ ရဟန်းတို့ ဤသို့ ပြောဆို သိစေသော်လည်း အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းသာဖြစ်၍ သိက္ခာကား မကျသေး။

တစ်နည်းသော်ကား (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက် မပျော်ပိုက်သည်ဖြစ်၍ ရဟန်းအဖြစ်မှရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည်ဖြစ်၍ လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာဝကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သည်၏ အဖြစ်ကို တောင့်တလျက် ငါသည် တရားတော်ကို စွန့်ပယ်ရမူ ကောင်းလိမ့်မည်ဟု ပြော၏၊ သိစေ၏။ပ။ ငါသည် သံဃာတော်ကို၊ သိက္ခာကို၊ ဝိနည်းကို၊ ပါတိမောက်ကို၊ ပါတိမောက်ရွတ်ခြင်းကို၊ ဥပဇ္ဈာယ်ဆရာကို၊ ဆရာငါးပါး၁ကို၊ အတူနေ တပည့်ကို၊ အနီးနေတပည့်ကို၊ ဥပဇ္ဈာယ်ဆရာတူ ဖြစ်သူကို၊ နိဿရည်းဆရာတူဖြစ်သူကို၊ သီတင်းသုံးဖော်ကို စွန့်ပယ်ရမူ ကောင်းလိမ့်မည်ဟု ပြော၏၊ သိစေ၏။ ငါသည် လူဖြစ်ရမူ၊ ဥပါသကာ ဖြစ်ရမူ၊ အရံစောင့်ဖြစ်ရမူ၊ သာမဏေဖြစ်ရမူ၊ တိတ္ထိဖြစ်ရမူ၊ တိတ္ထိ၏တပည့်ဖြစ်ရမူ၊ ရဟန်း မဟုတ်သောသူ ဖြစ်ရမူ၊ ငါသည် သာဝကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သူ ဖြစ်ရမူကောင်းလိမ့်မည်ဟု ပြော၏၊ သိစေ၏။ ရဟန်းတို့ ဤသို့ ပြောဆို သိစေသော်လည်း အားနည်းမှုကိုထင်ရှားစွာ ပြုခြင်းသာ ဖြစ်၍ သိက္ခာကား မကျသေး။

၄၆။ တစ်နည်းသော်ကား (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက် မပျော်ပိုက်သည်ဖြစ်၍ ရဟန်းအဖြစ်မှ ရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည်ဖြစ်၍လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သည်၏ အဖြစ်ကို တောင့်တလျက်။ပ။ ငါသည် အကယ်၍ မြတ်စွာဘုရားကို စွန့်ပယ်ရမူ ကောင်းလိမ့်မည်ဟု ပြော၏၊