Page:ပါရာဇိကပါဠိတော်.pdf/31

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ငါ့အား ဆွေမျိုးများ ရှိကြသည်၊ ထိုဆွေမျိုးများကို ငါလုပ်ကျွေး မွေးမြူထိုက်သည်။ ငါ့အား မိတ်ဆွေများရှိကြသည်၊ ထိုမိတ်ဆွေ များကို ငါလုပ်ကျွေး မွေးမြူထိုက်သည်ဟု ပြော၏၊ သိစေ၏။ ရဟန်းတို့ ဤသို့ ပြောဆို သိစေသော်လည်း အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းသာဖြစ်၍ သိက္ခာကား မကျသေး။

၄၉။ တစ်နည်းသော်ကား (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက် မပျော်ပိုက်သည်ဖြစ်၍ ရဟန်းအဖြစ်မှ ရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည်ဖြစ်၍လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သည်၏ အဖြစ်ကိုတောင့်တလျက် ငါ့အား အမိရှိသည်၊ ထိုအမိသည် ငါ့ကို လုပ်ကျွေးမွေးမြူလိမ့်မည်။ ငါ့အား အဖရှိသည်၊ ထိုအဖသည် ငါ့ကို လုပ်ကျွေးမွေးမြူလိမ့်မည်။ ငါ့အား ညီ အစ်ကိုရှိသည်၊ ထို ညီ အစ်ကိုသည် ငါ့ကိုလုပ်ကျွေးမွေးမြူလိမ့်မည်။ ငါ့အား နှမ အစ်မရှိသည်၊ ထို နှမ အစ်မသည် ငါ့ကို လုပ်ကျွေးမွေးမြူလိမ့်မည်။ ငါ့အား သားရှိသည်၊ ထိုသားသည် ငါ့ကို လုပ်ကျွေးမွေးမြူလိမ့်မည်။ ငါ့အား သမီးရှိသည်၊ ထိုသမီးသည်ငါ့ကို လုပ်ကျွေးမွေးမြူလိမ့်မည်။ ငါ့အား ဇနီးရှိသည်၊ ထိုဇနီးသည် ငါ့ကို လုပ်ကျွေးမွေးမြူလိမ့်မည်။ ငါ့အား ဆွေမျိုးများ ရှိကြသည်၊ ထိုဆွေမျိုးများသည် ငါ့ကို လုပ်ကျွေးမွေးမြူကြလိမ့်မည်။ ငါ့အားမိတ်ဆွေများရှိကြသည်၊ ထိုမိတ်ဆွေများသည် ငါ့ကို လုပ်ကျွေးမွေးမြူ ကြလိမ့်မည်ဟု ပြော၏၊ သိစေ၏။ ငါ့အား ရွာရှိသည်၊ ထိုရွာဖြင့် ငါ အသက်မွေးမည်။ ငါ့အား နိဂုံးရှိသည်၊ ထိုနိဂုံးဖြင့် ငါ အသက်မွေးမည်။ ငါ့အား လယ်ရှိသည်၊ ထိုလယ်ဖြင့် ငါ အသက်မွေးမည်။ ငါ့အား ယာရှိသည်၊ ထိုယာဖြင့် ငါ အသက်မွေးမည်။ ငါ့အား ငွေရှိသည်၊ ထိုငွေဖြင့် ငါ အသက်မွေးမည်။ ငါ့အား ရွှေရှိသည်၊ ထိုရွှေဖြင့် ငါ အသက်မွေးမည်။ ငါ့အား အတတ်ရှိသည်၊ ထိုအတတ်ဖြင့် ငါ အသက်မွေးမည်ဟု ပြော၏၊ သိစေ၏။ ရဟန်းတို့ ဤ့သို့ ပြောဆို သိစေသော်လည်း အားနည်းမှုကို ထင်ရှားစွာ ပြုခြင်းသာ ဖြစ်၍ သိက္ခာကား မကျသေး။

၅၀။ တစ်နည်းသော်ကား (ရဟန်းအဖြစ်၌) ဆန့်ကျင် ပျင်းရိလျက် မပျော်ပိုက်သည်ဖြစ်၍ ရဟန်းအဖြစ်မှ ရွေ့လျှောလိုရကား ရဟန်းအဖြစ်ကို ငြီးငွေ့သည်ဖြစ်၍ ရှက်နိုးသည်ဖြစ်၍ စက်ဆုပ်သည် ဖြစ်၍လူ့အဖြစ်ကို တောင့်တလျက်။ပ။ သာကီဝင်မင်းသား ဘုရားအနွယ်တော် မဟုတ်သည်၏ အဖြစ်ကိုတောင့်တလျက် (မြတ်သော အကျင့်သည်) ခဲယဉ်း၏ဟု ပြော၏၊ သိစေ၏။ မလွယ်ကူဟု ပြော၏၊ သိစေ၏။ ကျင့်နိုင်ခဲ၏ဟု ပြော၏၊ သိစေ၏။ ကျင့်ဖို့ရာ မလွယ်ကူဟု ပြော၏၊ သိစေ၏။ မစွမ်းဆောင်နိုင်ဟု ပြော၏၊ သိစေ၏။ မရဲဝံ့ဟု ပြော၏၊ သိစေ၏။ မမွေ့လျော်ဟု ပြော၏၊ သိစေ၏။ အလွန်မမွေ့ လျော်ဟု ပြော၏၊ သိစေ၏။ ရဟန်းတို့ ဤသို့ ပြောဆို သိစေသော်လည်း အားနည်းမှုကိုထင်ရှားစွာ ပြုခြင်းသာ ဖြစ်၍ သိက္ခာကား မကျသေး။