Page:ပါရာဇိကပါဠိတော်.pdf/15

From Wikisource
Jump to navigation Jump to search
This page has not been proofread.

သုံးကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်သည် မိဘတို့အား-

"မိခင် ဖခင်တို့ အကျွန်ုပ်သည် မြတ်စွာဘုရား ဟောတော်မူအပ်သော တရားတော်ကို ထိုက်သည့်အားလျော်စွာ သိရပါ၏၊ (ထိုသို့သိရသည့်အတိုင်း) လူ့ဘောင်၌ နေသူသည် စင်စစ် ပြည့်စုံ စင်ကြယ်၍ ခရုသင်းပွတ်သစ်နှင့်တူသော ဤမြတ်သော အကျင့်ကို ကျင့်ခြင်းငှါ မလွယ်ကူပါ၊ အကျွန်ုပ်သည် ဆံ မုတ်ဆိတ်ကို ပယ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်ရုံ၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်လိုပါသည်၊ အကျွန်ုပ်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ ခွင့်ပြုပါကုန်"ဟုပြော၏။

သုံးကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်၏ မိဘတို့သည် ကလန္ဒသူဌေးသား သုဒိန်အား-

"ချစ်သား သုဒိန် သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်၏ နှစ်သက် အပ်၏၊ ချမ်းသာစွာ ကြီးပွါးစေအပ်၏၊ ချမ်းသာစွာ မွေးမြူလာရသူ ဖြစ်၏၊ ချစ်သား သုဒိန် သင် သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင် သေသဖြင့်လည်း ငါတို့သည် အလိုမရှိကုန်ဘဲလျက် သင်နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင့်ကိုကား ငါတို့သည် ဤလူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါ အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း"ဟု ပြောကြကုန်၏။

၂၇။ ထို့နောက် ကလန္ဒသူဌေးသား သုဒိန်သည် ငါ့ကို မိဘတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ရန် အလို့ငှါ ခွင့်မပြုကြကုန်ဟု (သိ၍) အခင်းမရှိသော မြေပေါ်၌ "ဤနေရာ၌သာလျှင် ငါ့အားသေခြင်းသော်လည်းကောင်း၊ ရဟန်းအဖြစ်သော်လည်းကောင်း ဖြစ်လိမ့်မည်ဟု" (ဆို၍) ထိုအရပ်၌ပင်အိပ်၏။

ထို့နောက် ကလန္ဒသူဌေးသား သုဒိန်သည် ထမင်းတစ်နပ်ကိုလည်း မစား၊ ထမင်းနှစ်နပ်တို့ကိုလည်း မစား၊ ထမင်းသုံးနပ်တို့ကိုလည်း မစား၊ ထမင်းလေးနပ်တို့ကိုလည်း မစား၊ ထမင်းငါးနပ်တို့ကိုလည်း မစား၊ ထမင်းခြောက်နပ်တို့ကိုလည်း မစား၊ ထမင်းခုနစ်နပ်တို့ကိုလည်း မစား။

၂၈။ ထိုအခါ ကလန္ဒသူဌေးသား သုဒိန်၏ မိဘတို့သည် ကလန္ဒသူဌေးသား သုဒိန်အား-

"ချစ်သား သုဒိန် သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်၏၊ နှစ်သက် အပ်၏၊ ချမ်းသာစွာ ကြီးပွားစေအပ်၏၊ ချမ်းသာစွာ မွေးမြူလာရသူ ဖြစ်၏၊ ချစ်သား သုဒိန် သင် သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင် သေသဖြင့်လည်း ငါတို့သည် အလိုမရှိကုန်ဘဲလျက် သင် နှင့်ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင့်ကိုကား ငါတို့သည် ဤလူ့ဘောင်မှ ရဟန်းဘောင်သို့ဝင်ရောက်ရန်အလို့ငှါ အဘယ်မှာ ခွင့်ပြုနိုင်ပါကုန်အံ့နည်း၊ ချစ်သားသုဒိန် ထလော့၊ စားလည်း စားလော့၊ သောက်လည်း သောက်လော့၊ ပျော်လည်း ပျော်ပါးလော့၊ စား သောက် ပျော်ပါးကာ ကာမဂုဏ်များကိုခံစား၍ ကောင်းမှုများကို ပြုလျက် မွေ့လျော်လော့၊ သင့်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန်အလို့ငှါကား ငါတို့ ခွင့်မပြုနိုင်ကုန်"ဟု ပြောကြကုန်၏။

ဤသို့ ပြောကြကုန်သော် ကလန္ဒသူဌေးသား သုဒိန်သည် ဆိတ်ဆိတ် နေ၏။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်၏ မိဘတို့သည် ကလန္ဒသူဌေးသား သုဒိန်အား-

"ချစ်သား သုဒိန် သင်သည် ငါတို့၏ တစ်ဦးတည်းသော သားဖြစ်၍ ချစ်ခင်အပ်၏၊ နှစ်သက် အပ်၏၊ ချမ်းသာစွာ ကြီးပွါးစေအပ်၏၊ ချမ်းသာစွာ မွေးမြူလာရသူဖြစ်၏၊ ချစ်သား သုဒိန် သင် သည် မည်သည့်ဆင်းရဲကိုမျှ မသိ၊ သင် သေသဖြင့်လည်း ငါတို့သည် အလိုမရှိကုန်ဘဲလျက် သင် နှင့် ခွဲခွါကြရကုန်အံ့၊ အသက်ရှင်နေသော သင့်ကိုကား ငါတို့သည် ဤလူ့ဘောင်မှ ရဟန်းဘောင် သို့ ဝင်ရောက်ရန်အလို့ငှါ အဘယ်မှာလျှင် ခွင့်ပြုနိုင်ပါကုန်အံ့နည်း၊ ချစ်သားသုဒိန် ထလော့၊ စားလည်း စားလော့၊ သောက်လည်း သောက်လော့၊ ပျော်လည်း ပျော်ပါးလော့။ စား သောက် ပျော်ပါးကာ ကာမဂုဏ်များကိုခံစား၍ ကောင်းမှုများကို ပြုလျက် မွေ့လျော်လော့၊ သင့်ကို လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန်အလို့ငှါကား ငါတို့ ခွင့်မပြုနိုင်ကုန်"ဟု ပြောကြ ကုန်၏။

သုံးကြိမ်မြောက်လည်း ကလန္ဒသူဌေးသား သုဒိန်သည် ဆိတ်ဆိတ် နေ၏။ ထို့နောက် ကလန္ဒသူဌေးသား သုဒိန်၏ သူငယ်ချင်းတို့သည် ကလန္ဒသူဌေးသားသုဒိန်ထံ ချဉ်းကပ်ပြီးသော် ကလန္ဒသူဌေးသားသုဒိန်အား-