Page:ပါရာဇိကပါဠိတော်.pdf/96

From Wikisource
Jump to navigation Jump to search
This page has not been proofread.

"ဤမည်သော သူကို သတ်ရမူ ကောင်းပေလိမ့်မည်"ဟု ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ဆိတ်ကွယ်ရာ မဟုတ်သည်ကို ဆိတ်ကွယ်ရာ မဟုတ်ဟု ထင်မှတ်၍ "ဤမည်သော သူကို သတ်ရမူကောင်းပေလိမ့်မည်"ဟု ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ဆိတ်ကွယ်ရာကို ဆိတ်ကွယ်ရာဟု ထင်မှတ်၍ "ဤမည်သော သူကို သတ်ရမူ ကောင်းပေလိမ့်မည်"ဟုပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ကိုယ်ဖြင့် ချီးကျူးပြောဆိုခြင်း မည်သည် "ဤကဲ့သို့ သေရသော သူသည် ပစ္စည်းဥစ္စာကိုသော်လည်းရတတ်၏၊ အခြံအရံ အကျော်အစောကိုသော်လည်း ရတတ်၏၊ နတ်ပြည်သို့သော်လည်း ရောက်တတ်၏"ဟု ကိုယ်အမူအရာကို ပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုချီးကျူးပြောဆိုမှုကြောင့်သေတော့အံ့ဟု ဒုက္ခဝေဒနာကို ဖြစ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ်သင့်၏။

နှုတ်ဖြင့် ချီးကျူးပြောဆိုခြင်း မည်သည် "ဤကဲ့သို့ သေရသော သူသည် ပစ္စည်းဥစ္စာကိုသော်လည်းရတတ်၏၊ အခြံအရံ အကျော်အစောကိုသော်လည်း ရတတ်၏၊ နတ်ပြည်သို့သော်လည်း ရောက်တတ်၏"ဟု နှုတ်ဖြင့် ပြောဆိုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုချီးကျူးပြောဆိုမှုကြောင့် သေတော့အံ့ဟုဒုက္ခဝေဒနာကို ဖြစ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

ကိုယ် နှုတ် နှစ်ပါးဖြင့် ချီးကျူးပြောဆိုခြင်း မည်သည် "ဤကဲ့သို့ သေရသော သူသည် ပစ္စည်းဥစ္စာကိုသော်လည်း ရတတ်၏၊ အခြံအရံ အကျော်အစောကိုသော်လည်း ရတတ်၏၊ နတ်ပြည်သို့သော်လည်း ရောက်တတ်၏"ဟု ကိုယ်အမူအရာကိုလည်း ပြုအံ့၊ နှုတ်ဖြင့်လည်း ပြောဆိုအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ ထိုချီးကျူးပြောဆိုမှုကြောင့် သေတော့အံ့ဟု ဒုက္ခဝေဒနာကို ဖြစ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ်သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

တမန်လွှတ်၍ ချီးကျူးပြောဆိုခြင်း မည်သည် "ဤကဲ့သို့ သေရသော သူသည် ပစ္စည်းဥစ္စာကိုသော်လည်း ရတတ်၏၊ အခြံအရံ အကျော်အစောကိုသော်လည်း ရတတ်၏၊ နတ်ပြည်သို့သော်လည်းရောက်တတ်၏"ဟု တမန်အား သတင်းပေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ တမန်၏ သတင်းစကားကိုကြား၍ သေတော့အံ့ဟု ဒုက္ခဝေဒနာကို ဖြစ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ်သင့်၏။

၁၇၆။ စာရေး၍ ချီးကျူးပြောဆိုခြင်း မည်သည် "ဤကဲ့သို့ သေရသော သူသည် ပစ္စည်းဥစ္စာကိုသော်လည်း ရတတ်၏၊ အခြံအရံ အကျော်အစောကိုသော်လည်း ရတတ်၏၊ နတ်ပြည်သို့သော်လည်းရောက်တတ်၏"ဟု စာရေးအံ့၊ စာလုံးတိုင်း စာလုံးတိုင်း ဒုက္ကဋ်အာပတ် သင့်၏၊ စာကို ကြည့်၍ သေတော့အံ့ဟု ဒုက္ခဝေဒနာကို ဖြစ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

တွင်းတူးခြင်း မည်သည် လူကို ရည်ညွှန်းလျက် "ကျ၍ သေလိမ့်မည်"ဟု တွင်းကို တူးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ကျပြီးနောက် ဒုက္ခဝေဒနာ ဖြစ်အံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

မည်သူဟု မရည်ရွယ်ပဲ "တစ်ဦးတစ်ယောက်