Page:ပါရာဇိကပါဠိတော်.pdf/95

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို "ဤမည်သော ရဟန်းအား ပြောပါလေ၊ ဤမည်သောရဟန်းကလည်း ဤမည်သော ရဟန်းအား ဤမည်သော ရဟန်းသည် ဤမည်သော သူကို သတ်ပါစေ"ဟု ပြောပါစေ-ဤသို့စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် တစ်ပါးသော ရဟန်းအားပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သတ်သူ ရဟန်းသည် ဝန်ခံအံ့၊ မူလစေခိုင်းရင်း ရဟန်းအား ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ထိုရဟန်းသည် ထိုသူကို သတ်အံ့၊ အားလုံး 'လေးဦးလုံး' ပါရာဇိကအာပတ် သင့်၏။

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို "ဤမည်သော ရဟန်းအား ပြောပါလေ၊ ဤမည်သောရဟန်းကလည်း ဤမည်သော ရဟန်းအား ဤမည်သော ရဟန်းသည် ဤမည်သော သူကို သတ်ပါစေ"ဟု ပြောပါစေ-ဤသို့စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် အခြား 'တဆင့်ခိုင်းအပ်သောရဟန်းမှတစ်ပါး' ရဟန်းကို (တိုက်ရိုက်)စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သတ်သော ရဟန်းသည် ဝန်ခံအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် ထိုသူကို သတ်အံ့၊ မူလစေခိုင်းရင်း ရဟန်းအားအာပတ် မသင့်၊ (တိုက်ရိုက်)စေခိုင်းသော ရဟန်းအားလည်းကောင်း၊ သတ်သောရဟန်းအားလည်းကောင်း ပါရာဇိကအာပတ် သင့်၏။

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို "ဤမည်သော သူကို သတ်လော့"ဟုစေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် သွားပြီးမှ "ငါသည် ထိုသူကို မသတ်နိုင်"ဟု တစ်ဖန် ပြန်လာ၏၊ ထိုရဟန်းသည် "သတ်နိုင်သောအခါ သတ်လော့"ဟု တစ်ဖန် ထပ်၍စေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် ထိုသူကို သတ်အံ့၊ နှစ်ဦးလုံး ပါရာဇိကအာပတ် သင့်၏။

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို "ဤမည်သော သူကို သတ်လော့"ဟုစေခိုင်းအံ့၊ ဒုက္ကဋ် အာပတ့်သင့်၏၊ ထိုရဟန်းသည် စေခိုင်းပြီးမှ နှလုံးမသာ 'စိတ်မကောင်း' သော်လည်း "မသတ်နှင့်တော့"ဟုမပြောကြားမိ၊ ထိုရဟန်းသည် ထိုသူကို သတ်အံ့၊ နှစ်ဦးလုံး ပါရာဇိကအာပတ် သင့်၏။

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို "ဤမည်သော သူကို သတ်လော့"ဟုစေခိုင်းအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုရဟန်းသည် စေခိုင်းပြီးမှ နှလုံးမသာ 'စိတ်မကောင်း' သဖြင့် "မသတ်နှင့်တော့"ဟုပြော၏၊ ထိုရဟန်းသည် "သင်သည် ငါ့ကိုစေခိုင်းအပ်ပြီး ဖြစ်သည်"ဟု ဆို၍ ထိုသူကို သတ်အံ့၊ မူလစေခိုင်းရင်း ရဟန်းအား အာပတ် မသင့်၊ သတ်သော ရဟန်းအားသာ ပါရာဇိကအာပတ် သင့်၏။

ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို "ဤမည်သော သူကို သတ်လော့"ဟုစေခိုင်းအံ့၊ ဒုက္ကဋ် အာပတ်သင့်၏၊ ထိုရဟန်းသည် စေခိုင်းပြီးမှ နှလုံးမသာ 'စိတ်မကောင်း' သဖြင့် "မသတ်နှင့်တော့"ဟု ပြော၏၊ ထိုရဟန်းသည် "ကောင်းပါပြီ"ဟု ရှောင်ကြဉ်အံ့၊ နှစ်ဦးလုံး အာပတ် မသင့်။

၁၇၅။ ဆိတ်ကွယ်ရာ မဟုတ်သည်ကို ဆိတ်ကွယ်ရာဟု ထင်မှတ်၍ "ဤမည်သော သူကို သတ်ရမူကောင်းပေလိမ့်မည်"ဟု ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ဆိတ်ကွယ်ရာကို ဆိတ်ကွယ်ရာ မဟုတ်ဟု ထင်မှတ်၍