Page:ပါရာဇိကပါဠိတော်.pdf/88

From Wikisource
Jump to navigation Jump to search
This page has not been proofread.

အကြောင်းဖြင့် ရဟန်းတို့အား အသုဘတရားစကားကို ဟောကြားတော်မူပါသည်၊ အသုဘကမ္မဋ္ဌာန်း၏ ဂုဏ်ကို ဟောတော်မူပါသည်၊ အသုဘကမ္မဋ္ဌာန်း စီးဖြန်းပွားများခြင်း၏ ဂုဏ်ကို ဟောတော်မူပါသည်၊ ရည်ညွှန်း၍ ရည်ညွှန်း၍ အသုဘသမာပတ်၏ ဂုဏ်ကို ဟောတော်မူပါသည်။

အသျှင်ဘုရား ထိုရဟန်းတို့သည် "မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် အသုဘ့တရားစကားကို ဟောတော်မူ၏၊ အသုဘကမ္မဋ္ဌာန်း၏ ဂုဏ်ကို ဟောတော်မူ၏၊ အသုဘကမ္မဋ္ဌာန်းစီးဖြန်းပွားများခြင်း၏ ဂုဏ်ကို ဟောတော်မူ၏၊ ရည်ညွှန်း၍ ရည်ညွှန်း၍ အသုဘသမာပတ်၏ ဂုဏ်ကို ဟောတော်မူ၏"ဟု များစွာသော အခြင်းအရာတို့ဖြင့် ပြွမ်းသော အသုဘကမ္မဋ္ဌာန်း စီးဖြန်းပွားများခြင်း၌အစဉ်ကြိုးစားအားထုတ်လျက် နေကြပါကုန်သည်၊ ထိုရဟန်းတို့သည် မိမိတို့ခန္ဓာကိုယ်၌ ငြီးငွေ့ ရှက်နိုးစက်ဆုပ်ကြပါကုန်သည်၊ ဥပမာသော်ကား ငယ်ရွယ်နုပျိုသော အလှအပပြု ပြင်လေ့ရှိသော ဦးခေါင်းနှင့်တကွ ရေချိုးပြီးသော မိန်းမပျိုသည်လည်းကောင်း၊ ယောက်ျားပျိုသည်လည်းကောင်း၊ မြွေကောင်ပုပ်ကိုသော်လည်းကောင်း၊ ခွေးကောင်ပုပ်ကိုသော်လည်းကောင်း၊ လူကောင်ပုပ်ကိုသော်လည်းကောင်း လည်ပင်း၌ဆွဲလာမူ ငြီးငွေ့ ရှက်နိုးစက်ဆုပ်ရာသကဲ့သို့ ထို့အတူပင် ထိုရဟန်းတို့သည် မိမိတို့ခန္ဓာကိုယ်၌ ငြီးငွေ့ ရှက်နိုး စက်ဆုပ်ကုန်ရကား မိမိတို့ကိုယ်တိုင်လည်း မိမိတို့ ကိုယ်ကို အသက် 'ဇီဝိတိန္ဒြေ' မှ ချကြပါသည်၊ အချင်းချင်းလည်း အသက် 'ဇီဝိတိန္ဒြေ' မှ ချကြပါသည်၊ မိဂလဏ္ဍိက ရဟန်းယောင်သို့လည်း ချဉ်းကပ်၍"ငါ့သျှင် တောင်းပန်ပါသည်၊ ငါတို့ကို အသက် 'ဇီဝိတိန္ဒြေ'မှ ချပါလော့၊ ဤသပိတ်သင်္ကန်းသည် သင်၏သပိတ်သင်္ကန်း ဖြစ်ပါလိမ့်မည်"ဟု ပြောဆိုကြပါသည်။

အသျှင်ဘုရား ထိုအခါ မိဂလဏ္ဍိက ရဟန်းယောင်သည် သပိတ်သင်္ကန်းတို့ကို သတ်ခအဖြစ်ဖြင့်ရသည်ဖြစ်၍ ရဟန်းတစ်ပါးကိုလည်း တစ်ရက်တည်းဖြင့် သတ်ပါသည်။ပ။ ရဟန်း ခြောက်ဆယ်တို့ကိုလည်း တစ်ရက်တည်းဖြင့် သတ်ပါသည်။

အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အသုဘမှတစ်ပါး အကြင်အခြင်းအရာဖြင့်ရဟန်းအပေါင်းသည် အရဟတ္တဖိုလ်၌ တည်ရာပါသည်၊ ထိုအခြင်းအရာအားဖြင့် အခြားအကြောင်းအရာ 'ကမ္မဋ္ဌာန်း'ကို ဟောတော်မူပါဟု လျှောက်၏၊ "အာနန္ဒာ သို့ဖြစ်လျှင် ဝေသာလီမြို့ကို အမှီပြု၍ နေကြသော ရဟန်းရှိသမျှ အားလုံးကို စည်းဝေးရာ ဇရပ်၌ အညီအညွတ် စုဝေးစေလော့"ဟု မိန့်တော်မူရာအသျှင်အာနန္ဒာသည် ကောင်းပါပြီ အသျှင်ဘုရားဟု မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် ဝေသာလီမြို့ကိုအမှီပြု၍ နေကြသော ရဟန်းအားလုံးကို စည်းဝေးရာ ဇရပ်၌ အညီအညွတ် စုဝေးစေပြီးလျှင် မြတ်စွာဘုရားထံ ချဉ်းကပ်၍ မြတ်စွာဘုရားအား-

"အသျှင်ဘုရား ရဟန်းအပေါင်းသည် အညီအညွတ် စုဝေးနေကြပါပြီ၊ အသျှင်ဘုရား ယခုအခါ၌ကြွရန် အချိန်ကို အသျှင်ဘုရား သိတော်မူပါ၏၊ ကြွရန်မှာ မြတ်စွာဘုရား၏ အလိုအတိုင်းပင် ဖြစ်ပါသည်"ဟု လျှောက်ထား၏။

၁၆၅။ ထိုအခါ မြတ်စွာဘုရားသည် စည်းဝေးရာ ဇရပ်သို့ ချဉ်းကပ်၍ ခင်းထားသော နေရာ၌ထိုင်နေတော်မူပြီးလျှင် ရဟန်းတို့ကို မိန့်တော်မူ၏။

"ရဟန်းတို့ ဤအာနာပါနဿတိ သမာဓိသည် ပွါးများလေ့လာအပ်သည်ရှိသော် ငြိမ်လည်း ငြိမ် သက်၏၊ မွန်လည်း မွန်မြတ်၏၊ သွန်းလောင်းစရာလည်း မလို၊ ချမ်းသာသော နေရာလည်း ဖြစ်၏၊ ဖြစ်တိုင်းဖြစ်တိုင်းကုန်သော အကုသိုလ် အယုတ်တရားတို့ကို တစ်ခဏခြင်း ကွယ်ပျောက် ငြိမ်းအေးစေ နိုင်၏။

ရဟန်းတို့ ဥပမာသော်ကား နွေလတို့၏ နောက်ဆုံးလ၌ အထက်သို့ လွင့်တက်သော မြူမှုန့်ကို အခါမဲ့ (သည်းထန်စွာ ရွာသွန်းသော) မိုးကြီးသည် တစ်ခဏချင်း ကွယ်ပျောက် ငြိမ်းအေးစေနိုင်သကဲ့သို့ဤအတူပင် ရဟန်းတို့ အာနာပါနဿတိ သမာဓိသည် ပွါးများလေ့လာအပ်သည်ရှိသော် ငြိမ်လည်း ငြိမ်သက်၏၊ မွန်လည်း မွန်မြတ်၏၊ သွန်းလောင်းစရာလည်း မလို၊ ချမ်းသာသော နေရာလည်း ဖြစ်၏၊ ဖြစ်တိုင်း ဖြစ်တိုင်းကုန်သော အကုသိုလ် အယုတ်တရားတို့ကို တစ်ခဏချင်း ကွယ်ပျောက် ငြိမ်းအေးစေနိုင်၏။