Page:ပါရာဇိကပါဠိတော်.pdf/83

From Wikisource
Jump to navigation Jump to search
This page has not been proofread.

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သံဃာ၏ ရေကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ ခိုး၏။ပ။ သံဃာ၏မြေကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍။ပ။ သံဃာ၏ မြက်ပုံကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ ခိုး၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၁၃၂-၁၃၄)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သံဃာ၏ မြက်ပုံကို ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ မီးတိုက်၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်။ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၁၃၅)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သံဃာ၏ ညောင်စောင်း 'ခုတင်' ကို ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ခိုး၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၁၃၆)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သံဃာ၏ အင်းပျဉ် 'ခုံရှည်' ကို။ပ။ သံဃာ၏ ဘုံလျို 'ဖုံ'ကို။ပ။ သံဃာ၏ ခေါင်းအုံးကို။ပ။ သံဃာ၏ တံခါးရွက်ကို။ပ။ သံဃာ၏ လေသောက်တံခါးကို။ပ။ သံဃာ၏အခြင်ရနယ်ကို ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ ခိုး၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၁၃၇-၁၄၂)

၁၅၇။ တစ်ရံရောအခါ ရဟန်းတို့သည် ဒါယကာတစ်ယောက်၏ ကျောင်းသုံး 'ပရိဘောဂ' အိပ်ရာနေရာကို အခြားကျောင်း၌ အသုံးပြုကုန်၏၊ ထိုအခါ ထိုဒါယကာသည် "အဘယ်ကြောင့် အသျှင်မြတ့်တို့သည် အခြားကျောင်း၏ အသုံးအဆောင် 'ပရိဘောဂ' ကို အခြား (ကျောင်း) ၌အသုံးပြုကုန်ဘိသနည်း"ဟု ကဲ့ရဲ့၏၊ ရှုတ်ချ၏၊ အပြစ်ပြပြောဆို၏၊ မြတ်စွာဘုရားအားဤအကြောင်းကို လျှောက်ထားကြ ကုန်၏။

ရဟန်းတို့ အခြား (ကျောင်း)၏ အသုံးအဆောင် 'ပရိဘောဂ' ကို အခြား (ကျောင်း) ၌ မသုံးစွဲအပ်၊ သုံးစွဲသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၁၄၃)

တစ်ရံရောအခါ ရဟန်းတို့သည် ဥပုသ်အိမ် (သိမ်) သို့လည်းကောင်း၊ စည်းဝေး 'ညီမူရာ' အရပ်သို့လည်းကောင်း ဆောင်ယူရန် တွေးတောမူ 'သံသယကုက္ကုစ္စ' ဖြစ်ကြ၍ မြေပေါ်၌ ထိုင်ကြရာ ကိုယ်နှင့် သင်္ကန်းတို့သည် မြေမှုန့်အလိမ်းလိမ်း ဖြစ်ကုန်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏။

ရဟန်းတို့ အခိုက်အတန့်ဆောင်ယူရန်အလို့ငှါ ခွင့်ပြုတော်မူ၏ဟု (မိန့်တော်မူ၏)။ (၁၄၄)

တစ်ရံရောအခါ စမ္ပာမြို့၌ ထုလ္လနန္ဒာ ရဟန်းမိန်းမ၏ အနီးနေတပည့် ရဟန်းမိန်းမသည် ထုလ္လနန္ဒာ၏အလုပ်အကျွေးအမျိုး 'ဒါယကာ' ထံသို့ သွား၍ "အသျှင်မ (ထုလ္လနန္ဒာ)