Page:ပါရာဇိကပါဠိတော်.pdf/82

From Wikisource
Jump to navigation Jump to search
This page has not been proofread.

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မြက်ခင်းသို့ သွား၍ ငါးပဲတန်မြက်ကို ရိတ်ပြီးလျှင် ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ ခိုး၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မှု၏)။ (၁၁၆)

၁၅၆။ တစ်ရံရောအခါ အာဂန္တုရဟန်းတို့သည် သံဃာ၏ သရက်သီးကို ဝေခြမ်းစေ၍ သုံးဆောင်ကြကုန်၏၊ ကျောင်းနေရဟန်းတို့က ထိုရဟန်းတို့ကို "သင် (အသျှင်ဘုရား) တို့သည် ရဟန်း မဟုတ်ကြတော့ပြီ"ဟု စွပ်စွဲကြကုန်၏၊ ထိုရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ကြကုန်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကုန်၏။

ရဟန်းတို့ သင်တို့သည် အဘယ်စိတ်ရှိကုန်သနည်းဟု (မေးတော်မူရာ)

မြတ်စွာဘုရား တပည့်တော်တို့သည် သုံးဆောင်လိုသော စိတ်ရှိကြပါသည်ဟု (လျှောက်ထား ကုန်၏)။

ရဟန်းတို့ သုံးဆောင်ရန် အလို့ငှါဖြစ်လျှင် အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၁၁၇)

တစ်ရံရောအခါ အာဂန္တုရဟန်းတို့သည် သံဃာ၏ သပြေသီးကို။ပ။ သံဃာ၏ တောင်ပိန္နဲသီးကို။ပ။ သံဃာ၏ ပိန္နဲသီးကို။ပ။ သံဃာ၏ ထန်းသီးမှည့်ကို။ပ။ သံဃာ၏။ ကံကို။ပ။ သံဃာ၏ တည်သီးကိုဝေခြမ်းစေ၍ သုံးဆောင်ကြကုန်၏။ ကျောင်းနေရဟန်းတို့က ထို (အာဂန္တု) ရဟန်းတို့ကို "သင် (အသျှင်ဘုရား) တို့သည် ရဟန်း မဟုတ်ကြတော့ပြီ"ဟု စွပ်စွဲကြကုန်၏၊ ထိုရဟန်းတို့အား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ကြကုန်၏။ပ။ ရဟန်းတို့ သုံးဆောင်ရန်အလို့ငှါဖြစ်လျှင် အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၁၁၈-၁၂၃)

တစ်ရံရောအခါ သရက်ပင်စောင့်တို့သည် ရဟန်းတို့အား သရက်သီးကို လှူကုန်၏၊ ရဟန်း တို့သည်"ဤသူတို့ကားစောင့်ရှောက်ခွင့်သာရှိကုန်၏။ ပေးလှူခွင့်မရှိကုန်"ဟု တွေးတောမှု 'သံသယ ကုက္ကုစ္စ'ဖြစ်ကြရကား အလှူမခံကြကုန်၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏၊ ရဟန်းတို့စောင့်ရှောက်သူ လှူရာ၌ အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၁၂၄)

တစ်ရံရောအခါ သပြေပင်စောင့်တို့သည်။ပ။ တောင်ပိန္နဲပင်စောင့်တို့သည်။ပ။ ပိန္နဲပင်စောင့်တို့သည်။ပ။ ထန်းသီးမှည့်စောင့်တို့သည်။ပ။ ကြံခင်းစောင့်တို့သည်။ပ။ တည်ပင်စောင့်တို့သည် တည်သီးကိုလှူကြကုန်၏၊ ရဟန်းတို့သည် "ဤသူတို့ကားစောင့်ရှောက်ခွင့်သာရှိကုန်၏၊ ပေးလှူခွင့် မရှိကုန်"ဟုတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ရကား အလှူမခံကြကုန်၊ မြတ်စွာဘုရားအား ဤအကြောင်းကိုလျှောက်ထားကြကုန်၏၊ ရဟန်းတို့စောင့်ရှောက်သူ လှူရာ၌ အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၁၂၅ -၁၃၀)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သံဃာ၏ သစ်ကို အခိုက်အတန့်ဆောင်ယူ၍ မိမိကျောင်းနံရံကိုထောက်ခံ 'ကျားကန်'၏၊ ရဟန်းတို့သည် ထိုရဟန်းကို "သင်သည် ရဟန်း မဟုတ်တော့ပြီ"ဟု စွပ်စွဲကြကုန်၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းအရာကိုလျှောက်ထား၏။

ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်းဟု (မေးတော်မူရာ)

မြတ်စွာဘုရား တပည့်တော်သည် အခိုက်အတန့်ယူခြင်းဖြစ်ပါသည်ဟု (လျှောက်ထား၏)။

ရဟန်း အခိုက်အတန့်ယူခြင်း၌ အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၁၃၁)