Page:ပါရာဇိကပါဠိတော်.pdf/75

From Wikisource
Jump to navigation Jump to search
This page has not been proofread.

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သံဃာ့ခဲဖွယ်ကို ဝေဖန်ရာတွင်။ပ။ သံဃာ့မုန့်ကို ဝေဖန်ရာ တွင်။ပ။ သံဃာ့ကြံကို ဝေဖန်ရာတွင်။ပ။ သံဃာ့တည်သီးကို ဝေဖန်ရာတွင် "အခြားရဟန်းအတွက် ပေးပါ"ဟုအခြေအမြစ်မရှိဘဲ 'လိမ်လည်၍' တောင်းယူ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သိလျက် မဟုတ်မမှန် ပြောဆိုမှုကြောင့် ပါစိတ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၄၂-၄၅)

၁၄၂။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် အစားအစာ ရှားပါးသောအခါ၌ ထမင်းချက်အိမ်သို့ဝင်ပြီးလျှင် သပိတ်နှင့်အပြည့် ထမင်းကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ ခိုးယူ၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၄၆)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် အစားအစာ ရှားပါးသော အခါ၌ အမဲချက်သော အိမ်သို့ဝင်ပြီးလျှင် သပိတ်နှင့်အပြည့် အမဲသားကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ ခိုးလေ၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၄၇)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် အစားအစာ ရှားပါးသော အခါ၌ မုန့်ဖိုသို့ ဝင်ပြီးလျှင် သပိတ်နှင့်အပြည့် မုန့်ကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ ခိုးယူ၏။ပ။ သပိတ်နှင့်အပြည့် မုန့်ကျွဲသည်းတို့ကို ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ ခိုးယူ၏။ပ။ သပိတ်နှင့်အပြည့် ကတွတ်မုန့်တို့ကို ခိုးလိုသောစိတ်ရှိသည် ဖြစ်၍ ခိုးယူ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ'ဖြစ်၏။ပ။ ရဟန်း သင်သည်ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၄၈-၅၀)

၁၄၃။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နေ့၌ ပရိက္ခရာ 'အသုံးအဆောင်' ကိုမြင်၍ "ညဉ့်၌ ခိုးမည်"ဟု အမှတ်အသား ပြုထား၏၊ ထိုရဟန်းသည် ထိုပရိက္ခရာဟု ထင်မှတ်၍ ထိုပရိက္ခရာကိုပင်ခိုးယူ၏။ပ။ ထိုပရိက္ခရာဟု ထင်မှတ်၍ အခြားပရိက္ခာရာကို ခိုးယူ၏။ပ။ အခြားပရိက္ခရာဟု ထင်မှတ်၍့ထိုပရိက္ခရာကို ခိုးယူ၏။ပ။ အခြားပရိက္ခရာဟု ထင်မှတ်၍ အခြားပရိက္ခရာကိုပင် ခိုးယူ၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၅၁-၅၄)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် နေ့၌ ပရိက္ခရာကိုမြင်၍ "ညဉ့်၌ ခိုးမည်"ဟု အမှတ်အသားပြုထား၏၊ ထိုရဟန်းသည် ထိုပရိက္ခရာဟု ထင်မှတ်၍ မိမိပရိက္ခရာကို ခိုးလေ၏၊ ၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၅၅)

၁၄၄။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် အင်းပျဉ် 'ခုံရှည်' ၌ ရှိသော အိတ်ကိုမြင်၍ "ဤအင်းပျဉ်'ခုံရှည်' မှ ယူသော် ပါရာဇိက ကျလိမ့်မည်"ဟု အင်းပျဉ် 'ခုံရှည်'နှင့်တကွ