Page:ပါရာဇိကပါဠိတော်.pdf/74

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ပြောင်းရွှေ့ ၍ ယူ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၅၆)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သံဃာ့ဘုံလျို 'ဖုံ' ကို ခိုးလိုသောစိတ်ရှိသည် ဖြစ်၍ ခိုးယူ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၅၇)

၁၄၅။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သင်္ကန်းတန်း၌ ရှိသော သင်္ကန်းကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ ခိုးယူ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၅၈)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ကျောင်း၌ ရှိသော သင်္ကန်းကို ခိုး၍ "ဤ (ကျောင်း) မှ ထွက်သွားပါက ပါရာဇိက ကျလိမ့်မည်"ဟု (အောက်မေ့၍) ကျောင်းမှ မထွက်ဘဲ နေ၏။ပ။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏၊ ရဟန်းတို့ ထို (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သောယောက်ျားသည် ထွက်သွားသည်ဖြစ်စေ၊ မထွက်ဘဲ နေသည်ဖြစ်စေ ပါရာဇိကအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၅၉)

၁၄၆။ တစ်ရံရောအခါ ရဟန်းနှစ်ပါးတို့သည် သူငယ်ချင်း ဖြစ်ကြကုန်၏၊ ရဟန်းတစ်ပါး ဆွမ်းခံဝင်ခိုက် အဖော်ရဟန်းသည် သံဃာ့ခဲဖွယ်ကို ဝေဖန်ရာတွင် သူငယ်ချင်းရဟန်း၏ အစု 'ဝေပုံကျ' ကို ယူ၍ထို (သူငယ်ချင်း) ရဟန်းနှင့် အကျွမ်းဝင်၍ သုံးဆောင်၏၊ ထို (ဆွမ်းခံ) ရဟန်းသည် သိ၍ ထို (သုံးဆောင်သော) ရဟန်းကို "သင် ရဟန်း မဟုတ်တော့ပြီ"ဟု စွပ်စွဲ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။

ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်းဟု (မေးတော်မူရာ)

မြတ်စွာဘုရား တပည့်တော်သည် (ခိုးလိုသောစိတ်မရှိပါ)၊ အကျွမ်းဝင်၍ ယူခြင်းဖြစ်ပါသည်ဟု (လျှောက်ထား၏)။

ရဟန်း အကျွမ်းဝင်၍ ယူခြင်း၌ အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၆၀)

၁၄၇။ တစ်ရံရောအခါ များစွာသော ရဟန်းတို့သည် သင်္ကန်းချုပ်မှုကို ပြုကုန်၏၊ သံဃာအား ခဲဖွယ်ကိုဝေဖန်သည်ရှိသော် ရဟန်းအားလုံးအတွက် ဝေစုကို ယူဆောင်၍ ထားကုန်၏၊ ရဟန်းတစ်ပါး သည်ရဟန်းတစ်ပါးအတွက် ဝေစုကို မိမိအတွက် ထင်မှတ်၍ သုံးဆောင်၏၊ ထိုရဟန်းသည် သိ၍ထို (သုံးဆောင်သော) ရဟန်းကို "သင် ရဟန်းမဟုတ်တော့ပြီ"ဟု စွပ်စွဲ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။

ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်းဟု (မေးတော်မူရာ)

မြတ်စွာဘုရား တပည့်တော်သည် (ခိုးလိုသောစိတ်မရှိပါ)၊ မိမိဥစ္စာဟု ထင်မှတ်ပါသည်ဟု (လျှောက့်ထား၏)။

ရဟန်း မိမိဥစ္စာဟု ထင်မှတ်သော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၆၁)

တစ်ရံရောအခါ များစွာသော ရဟန်းတို့သည် သင်္ကန်းချုပ်မှုကို ပြုလုပ်ကြကုန်၏၊ သံဃာအားခဲဖွယ်ကို ဝေဖန်သည်ရှိသော် ရဟန်းတစ်ပါး၏ သပိတ်ဖြင့် ရဟန်းတစ်ပါးအတွက်