Page:ပါရာဇိကပါဠိတော်.pdf/68

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ငါးပဲ-ငါးပဲထက်အလွန် ထိုက်တန်သော လေးသော အသုံးအဆောင်ဖြစ်ခြင်း၊ ခိုးလိုသောစိတ် ဖြစ်ပေါ်ခြင်းတို့တည်း၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ်သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

၁၂၆။ ခြောက်ပါးသော အကြောင်းအင်္ဂါတို့ဖြင့် မပေးသော ဥစ္စာကို ခိုးယူသော ရဟန်းအားထုလ္လစ္စဉ်းအာပတ် သင့်၏၊ မိမိဥစ္စာဟု အမှတ်မရှိခြင်း၊ အကျွမ်းဝင်၍ ယူသည် မဟုတ်ခြင်း၊ အခိုက်အတန့် မဟုတ်ခြင်း၊ တစ်ပဲထက်အလွန် ငါးပဲအောက် နည်းသော ပေါ့သောအသုံးအဆောင်ဖြစ်ခြင်း၊ ခိုးလိုသော စိတ် ဖြစ်ပေါ်ခြင်းတို့တည်း၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

၁၂၇။ ခြောက်ပါးသော အကြောင်းအင်္ဂါတို့ဖြင့် မပေးသော ဥစ္စာကို ခိုးယူသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏၊ မိမိဥစ္စာဟု အမှတ်မရှိခြင်း၊ အကျွမ်းဝင်၍ ယူသည် မဟုတ်ခြင်း၊ အခိုက်အတန့် မဟုတ်ခြင်း၊ တစ်ပဲ-တစ်ပဲအောက် နည်းသော ပေါ့သော အသုံးအဆောင်ဖြစ်ခြင်း၊ ခိုးလိုသောစိတ် ဖြစ်ပေါ်ခြင်းတို့တည်း၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၁၂၈။ ငါးပါးသော အကြောင်းအင်္ဂါတို့ဖြင့် မပေးသောဥစ္စာကို ခိုးယူသော ရဟန်းအား ဒုက္ကဋ် အာပတ်သင့်၏၊ သူတစ်ပါး သိမ်းဆည်းထားသော ဥစ္စာမဟုတ်ခြင်း၊ သူတစ်ပါး သိမ်းဆည်းထားသော ဥစ္စာဟုအမှတ်ရှိခြင်း၊ ငါးပဲ-ငါးပဲထက်အလွန် ထိုက်တန်သော လေးသော အသုံးအဆောင်ဖြစ်ခြင်း၊ ခိုးလိုသောစိတ် ဖြစ်ပေါ်ခြင်းတို့တည်း၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၁၂၉။ ငါးပါးသော အကြောင်းအင်္ဂါတို့ဖြင့် မပေးသော ဥစ္စာကို ခိုးယူသော ရဟန်းအား ဒုက္ကဋ် အာပတ်သင့်၏၊ သူတစ်ပါး သိမ်းဆည်းထားသော ဥစ္စာမဟုတ်ခြင်း၊ သူတစ်ပါး သိမ်းဆည်းထားသော ဥစ္စာဟုအမှတ်ရှိခြင်း၊ တစ်ပဲထက်အလွန် ငါးပဲအောက် နည်းသော ပေါ့သော အသုံးအဆောင်ဖြစ်ခြင်း၊ ခိုးလိုသောစိတ် ဖြစ်ပေါ်ခြင်းတို့တည်း၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၁၃၀။ ငါးပါးသော အကြောင်းအင်္ဂါတို့ဖြင့် မပေးသော ဥစ္စာကို ခိုးယူသော ရဟန်းအား ဒုက္ကဋ် အာပတ်သင့်၏၊ သူတစ်ပါး သိမ်းဆည်းထားသော ဥစ္စာမဟုတ်ခြင်း၊ သူတစ်ပါး သိမ်းဆည်းထားသော ဥစ္စာဟုအမှတ်ရှိခြင်း၊ တစ်ပဲ-တစ်ပဲအောက် နည်းသော ပေါ့သော အသုံးအဆောင်ဖြစ်ခြင်း၊ ခိုးလိုသော စိတ်ဖြစ်ပေါ်ခြင်းတို့တည်း၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ နေရာမှရွေ့စေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။