Page:ပါရာဇိကပါဠိတော်.pdf/65

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ထုလ္လစ္စဉ်းအာပတ် သင့်၏။ တတိယခြေတစ်လှမ်းကို ရွေ့စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ စတုတ္ထခြေတစ်လှမ်းကို ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

၁၁၇။ များသော ခြေရှိသော သတ္တဝါ မည်သည် ကင်းမြီးကောက် ကင်းခြေများ ဥစ္စာလိင်္ဂပိုး၅တို့တည်း။ ငါးပဲ-ငါးပဲထက်အလွန် ထိုက်တန်သော ကင်းမြီးကောက် စသည်ကို ခိုးလိုသော စိတ်ရှိသည့်ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

"ခြေလျင် ခေါ်ဆောင်အံ့"ဟု ရွေ့စေအံ့၊ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နောက်ဆုံး ခြေလှမ်းကို ရွေ့စေအံ၊ ပါရာဇိကအာပတ် သင့်၏။

၁၁၈။ လက်ထောက်ချသူ 'အတွင်းသို့ဝင်၍ စုံစမ်းသူ အတွင်းသူလျှို' မည်သည် ဥစ္စာကို မှတ်သား ၍ပြောကြားသူတည်း။ "ဤမည်သော ဥစ္စာကို ခိုးလော့"ဟု ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထို အပြောခံရသူသည် ထိုပြောသော ဥစ္စာကို ခိုးအံ့၊ နှစ်ဦးလုံး ပါရာဇိကအာပတ် သင့်၏။

ဆောင်ယူလာသော ဥစ္စာကိုစောင့်ရှောက်သူ မည်သည် ဆောင်ယူလာသော ဥစ္စာကိုစောင့်ထိန်းသူတည်း။ ငါးပဲ-ငါးပဲထက်အလွန် ထိုက်တန်သော ဥစ္စာကို ခိုးလိုသော စိတ်ရှိသည် ဖြစ်၍သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

တိုင်ပင်၍ ခိုးခြင်း မည်သည် (အချင်းချင်းညှိနှိုင်း၍ ခိုးခြင်းတည်း)၊ အများတိုင်ပင်၍ တစ်ဦးက ခိုးအံ့၊ အားလုံး ပါရာဇိကအာပတ် သင့်၏။

၁၁၉။ အချိန်းအချက်ပြုခြင်း မည်သည် အချိန်းအချက်ပြု၍ သိစေမှုတည်း။ "နံနက်၌သော်လည်းကောင်း၊ ညနေ၌သော်လည်းကောင်း၊ ည၌သော်လည်းကောင်း၊ နေ့၌သော်လည်းကောင်း ထိုနံနက်စသော ကာလအချိန်းအချက်ဖြင့် ထိုဥစ္စာကို ခိုးလော့"ဟု အချိန်းအချက်ပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုအချိန်း အချက်ဖြင့် ထိုဥစ္စာကို ခိုးအံ့၊ နှစ်ဦးလုံး ပါရာဇိကအာပတ် သင့်၏။ ထိုအချိန်းအချက်၏ရှေ့၌သော်လည်းကောင်း၊ နောက်၌သော်လည်းကောင်း ခိုးအံ့၊ မူလစေခိုင်းရင်း ရဟန်းအား အာပတ်မသင့်၊ ခိုးသော ရဟန်းအားသာ ပါရာဇိကအာပတ် သင့်၏။

၁၂၀။ အမှတ်အသားပြုခြင်း မည်သည် အမှတ်သညာ ဖြစ်စေခြင်းငှါ အမှတ်အသား တစ်စုံတစ်ခုကိုပြုလုပ်မှုတည်း။ "မျက်စိကိုသော်လည်း မှိတ်ပြမည်၊ မျက်ခုံးကိုသော်လည်း ပင့်ပြမည်၊ ဦးခေါင်းကိုသော်လည်း ထောင်ပြမည်၊ ထိုအမှတ်အသားဖြင့် ထိုဥစ္စာကို ခိုးလော့"ဟု အမှတ်အသားကို ပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုအမှတ်အသားဖြင့် ထိုဥစ္စာကို ခိုးအံ့၊ နှစ်ဦးလုံး ပါရာဇိကအာပတ် သင့်၏၊ ထိုအမှတ်အသား၏ ရှေ့၌သော်လည်းကောင်း၊ နောက်၌သော်လည်းကောင်း ထိုဥစ္စာကို ခိုးအံ့၊ မူလစေခိုင်းရင်းရဟန်းအား အာပတ် မသင့်၊ ခိုးသော ရဟန်းအားသာ ပါရာဇိကအာပတ် သင့်၏။