Page:ပါရာဇိကပါဠိတော်.pdf/64

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ယုံမှားစေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ဥစ္စာရှင်သည် (ငါ့အား ပေးတော့မည် မဟုတ်ဟု) ဝန်ချအံ့၊ ပါရာဇိကအာပတ် သင့်၏၊ တရားဖြစ်၍ ဥစ္စာရှင်ကို ရှုံးစေအံ့၊ ပါရာဇိကအာပတ် သင့်၏၊ တရားဖြစ်၍မိမိရှုံးအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။

၁၁၃။ ကင်းထားရာအရပ် 'အကောက်ဌာန'မည်သည် တောင်ခါးပြတ်၌သော်လည်းကောင်း၊ မြစ်ဆိပ်၌သော်လည်းကောင်း၊ ရွာတံခါး၌သော်လည်းကောင်း "ဤအရပ်ဌာနသို့ ဝင်လာသူအား အခွန်ကောက်ယူရမည်"ဟု အစိုးရ 'မင်း' က သတ်မှတ်ထားသော အရပ်တည်း။ ထိုကင်း 'အကောက်ဌာန' သို့ ဝင်၍ငါးပဲ-ငါးပဲထက် အလွန် ထိုက်တန်သော အစိုးရ 'မင်း' အား အခွန်တော်ပေးဆက်ရမည့် ဥစ္စာကို ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ခြေတစ်လှမ်းကို ကင်းကို ကျော်လွန်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ဒုတိယ ခြေတစ်လှမ်းကိုကျော်လွန်စေအံ့၊ ပါရာဇိကအာပတ် သင့်၏၊ ကင်းအတွင်း၌ ရပ်၍ ကင်းအပြင်၌ ကျစေအံ့၊ ပါရာဇိကအာပတ် သင့်၏၊ အကောက်ခွန်ကို ရှောင်လွှဲအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

၁၁၄။ သတ္တဝါ မည်သည် လူသတ္တဝါကို ဆို၏။ ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

"ခြေလျင် ခေါ်ဆောင်အံ့"ဟု ခြေတစ်လှမ်းကို ရွေ့စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ဒုတိယခြေတစ်လှမ်းကို ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

ခြေမရှိသောသတ္တဝါ မည်သည် မြွေ နှင့် ငါးတို့တည်း။ ငါးပဲ-ငါးပဲထက်အလွန် ထိုက်တန်သောမြွေ နှင့် ငါးကို ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

၁၁၅။ ခြေနှစ်ချောင်းရှိသောသတ္တဝါ မည်သည် လူ နှင့် ငှက်မျိုးတို့တည်း။ ခိုးလိုသော စိတ်ရှိသည် ဖြစ်၍သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

"ခြေလျင် ခေါ်ဆောင်အံ့"ဟု ခြေတစ်လှမ်းကို ရွေ့စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ဒုတိယခြေတစ်လှမ်းကို ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

၁၁၆။ ခြေလေးချောင်းရှိသောသတ္တဝါ မည်သည် ဆင် မြင်း ကုလားအုပ် နွား မြည်းနှင့် (ဆိုအပ်ပြီးမှ ကြွင်းသော) ခြေလေးချောင်းရှိသော သားသတ္တဝါအားလုံးတည်း။ ခိုးလိုသော စိတ်ရှိသည် ဖြစ်၍သုံးသပ်အံ့၊ ဒုက္ကဋ် အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

"ခြေလျင် ခေါ်ဆောင်အံ့"ဟု ပဌမခြေတစ်လှမ်းကို ရွေ့စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ဒုတိယခြေတစ်လှမ်းကို ရွေ့စေအံ့၊