Page:ပါရာဇိကပါဠိတော်.pdf/47

From Wikisource
Jump to navigation Jump to search
This page has not been proofread.

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မိန်းမ၌ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲအံ့ဟု တို့ကာမျှ၌ နှလုံးမသာ ဖြစ်၏။ ထိုရဟန်းအား တွေးတောမူ 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ်မသင့်၊ သံဃာဒိသိသ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၄၂)

၇၄။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဘဒ္ဒိယမြို့ မုလေး 'မြတ်လေး' တော၌ နေ့သန့်စင်ရာသို့ ကပ်လျက် လျောင်းစက်နေ၏၊ ထိုရဟန်း၏ အင်္ဂါကြီးငယ်တို့သည် လေကြောင့် တောင့်တင်းခိုင်မာကုန်၏၊ မိန်းမတစ်ယောက်သည် မြင်၍ အင်္ဂါဇာတ်ကို စပ်ယှက်ပြီးလျှင် အလိုရှိတိုင်း 'သဘောကျ' ပြု၍ ထွက်ခွါသွားလေ၏၊ ရဟန်းတို့သည် သုက်အလိမ်းလိမ်း ကပ်သည်ကို မြင်၍ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကုန်၏။ ရဟန်းတို့ ရာဂကြောင့်လည်းကောင်း၊ ကျင်ကြီးကြောင့်လည်းကောင်း၊ ကျင်ငယ်ကြောင့်လည်းကောင်း၊ လေကြောင့်လည်းကောင်း၊ သုက်ပိုး 'ဥစ္စာလိင်္ဂပါဏ' ထိုးခြင်းကြောင့်လည်းကောင်း ဤအကြောင်းငါးမျိုးတို့ကြောင့် အင်္ဂါဇာတ်သည် ပြုခြင်းငှါ အသင့်ဖြစ်၏ 'တောင့်တင်းခိုင်မာ၏'။ ရဟန်းတို့ ထို (မုလေးတော၌ အိပ်ပျော်သော) ရဟန်းအား ရာဂကြောင့် အင်္ဂါဇာတ်သည် ပြုခြင်းငှါ အသင့်ဖြစ်ဖို့ရန် 'တောင့်တင်းခိုင်မာရန်' အကြောင်း မရှိနိုင်ပေ၊ ရဟန်းတို့ ထိုရဟန်းသည် ရဟန္တာပေတည်း၊ ထို ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၄၃)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သာဝတ္ထိမြို့ အန္ဓဝန်တော၌ နေ့သန့်စင်ရာသို့ ကပ်လျက် လျောင်းစက်နေ၏၊ နွားကျောင်းသူမတစ်ယောက်သည် မြင်၍ အင်္ဂါဇာတ်ကို စပ်ယှက်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာ၏၊ ဝင်ဆဲခဏ၌ သာယာ၏၊ တည်ဆဲခဏ၌ သာယာ၏၊ ထုတ်ဆဲခဏ၌ သာယာ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည်ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၄၄)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် သာဝတ္ထိမြို့ အန္ဓဝန်တော၌ နေ့သန့်စင်ရာသို့ ကပ်လျက် လျောင်းစက်နေ၏၊ ဆိတ်ကျောင်းသူမတစ်ယောက်သည် မြင်၍။ပ။ ထင်းခွေသူမ တစ်ယောက်သည်မြင်၍။ပ။ နွားချေးကောက်သူမ တစ်ယောက်သည် မြင်၍။ပ။ အင်္ဂါဇာတ်ကို စပ်ယှက်၏၊ ထိုရဟန်းသည် သွင်းဆဲခဏ၌ သာယာ၏၊ ဝင်ဆဲခဏ၌ သာယာ၏၊ တည်ဆဲခဏ၌ သာယာ၏၊ နုတ်ဆဲခဏ၌သာယာ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိကကျပြီဟု (မိန့်တော်မူ၏)။ (၄၅-၄၇)

၇၅။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဝေသာလီမြို့ မဟာဝုန်တော၌ နေ့သန့်စင်ရာသို့ ကပ်လျက် လျောင်းစက်နေ၏၊ မိန်းမတစ်ယောက်သည် မြင်၍ အင်္ဂါဇာတ်ကို စပ်ယှက်ပြီးလျှင် အလိုရှိတိုင်း 'သဘောကျ' ပြု၍ အနီး၌ ရယ်မောလျက် ရပ်နေ၏၊