Page:ပါရာဇိကပါဠိတော်.pdf/189

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ဆဲရေး၏ မည်သည် သင့်မှာ မိန်းမနိမိတ် မရှိ၊ မိန်းမနိမိတ်ရာမျှ ရှိ၏၊ သွေးမယို 'ရာ သီ မလာ'၊ သွေး အမြဲယို၏၊ အမြဲ ပိတ်ဆို့အပ်သော အဝတ်ရှိ၏၊ ယိုစီးနေ၏၊ အသားစွန်းရှည်၏၊ မိန်းမပဏ္ဍုက်ဖြစ်၏၊ ယောက်ျားလျာ ဖြစ်၏၊ မဂ်နှစ်ရပ် ဆက်စပ်နေ၏၊ ဥဘတောဗျည်း 'လိင်နှစ်ခုရှိသူ' ဖြစ်၏ဟုဆို၏။

၂၈၆။ မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း မိန်းမ၏ ထိုဝစ္စမဂ် ပဿာဝမဂ်ကို ရည်ရွယ်၍ ကျေးဇူးကိုလည်း ပြောဆိုအံ့၊ ကျေးဇူးမဲ့ကိုလည်းပြောဆိုအံ့၊ တောင်းလည်း တောင်းအံ့၊ ထပ်ကာ ထပ်ကာလည်း တောင်းအံ့၊ မေးလည်း မေးအံ့၊ ပြန်၍လည်း မေးအံ့၊ ပြောလည်း ပြောအံ့၊ ဆုံးမလည်း ဆုံးမအံ့၊ ဆဲရေးလည်း ဆဲရေးအံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။ပ။

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ မိန်းမနှစ်ယောက်တို့၌ မိန်းမဟု ထင်မှတ်၍ တပ်မက်သောစိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း မိန်းမနှစ်ယောက်တို့၏ ထိုဝစ္စမဂ် ပဿာဝမဂ်တို့ကို ရည်ရွယ် ၍ကျေးဇူးကိုလည်း ပြောဆိုအံ့၊ ကျေးဇူးမဲ့ကိုလည်း ပြောဆိုအံ့။ပ။ ဆဲရေးလည်း ဆဲရေးအံ့၊ သံဃာဒိသိသ်အာပတ် နှစ်ချက်သင့်၏။ပ။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုဝစ္စမဂ် ပဿာဝမဂ်ကိုရည်ရွယ်၍ ကျေးဇူးကိုလည်း ပြောဆိုအံ့၊ ကျေးဇူးမဲ့ကိုလည်း ပြောဆိုအံ့။ပ။ ဆဲရေးလည်း ဆဲရေးအံ့၊ သံဃာဒိသိသ်နှင့် ဒုက္ကဋ်အာပတ် သင့်၏။ပ။

မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း မိန်းမ၏ထိုဝစ္စမဂ် ပဿာဝမဂ်ကို ချန်ထား၍ ညှပ်ရိုးနှစ်ဖက်အောက် ပုဆစ်ဒူးဝန်းအထက်ကို ရည်ရွယ် လျက်ကျေဇူးကိုလည်း ပြောဆိုအံ့၊ ကျေးဇူးမဲ့ကိုလည်း ပြောဆိုအံ့။ပ။ ဆဲရေးလည်း ဆဲရေးအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ပ။

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ မိန်းမနှစ်ယောက်တို့၌ မိန်းမဟု ထင်မှတ်၍ တပ်မက် သောစိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း မိန်းမနှစ်ယောက်တို့၏ ထိုဝစ္စမဂ် ပဿာဝမဂ်ကို ချန်ထား၍ညှပ်ရိုးနှစ်ဖက်အောက် ပုဆစ်ဒူးဝန်းအထက်ကို ရည်ရွယ်လျက် ကျေးဇူးကိုလည်း ပြောဆိုအံ့၊ ကျေးဇူးမဲ့ကိုလည်း ပြောဆိုအံ့။ပ။ ဆဲရေးလည်း ဆဲရေးအံ့၊ ထုလ္လစ္စဉ်းအာပတ် နှစ်ချက်သင့်၏။ပ။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုဝစ္စမဂ် ပဿာဝမဂ်ကိုချန်ထား၍ ညှပ်ရိုးနှစ်ဖက်အောက် ပုဆစ်ဒူးဝန်းအထက်ကို ရည်ရွယ်လျက် ကျေးဇူးကိုလည်း ပြောဆိုအံ့၊ ကျေးဇူးမဲ့ကိုလည်း ပြောဆိုအံ့။ပ။ ဆဲရေးလည်း ဆဲရေးအံ့၊ ထုလ္လစ္စဉ်းနှင့် ဒုက္ကဋ်အာပတ် သင့်၏။ပ။

မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်းမိန်းမ၏ ထိုညှပ်ရိုးနှစ်ဖက်အထက် ပုဆစ်ဒူးဝန်းအောက်ကို ရည်ရွယ်၍ ကျေးဇူးကိုလည်း ပြောဆိုအံ့၊ ကျေးဇူးမဲ့ကိုလည်း ပြောဆိုအံ့။ပ။ ဆဲရေးလည်း ဆဲရေးအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။ပ။

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ မိန်းမနှစ်ယောက်တို့၌ မိန်းမဟု ထင်မှတ်၍ တပ်မက်သောစိတ်လည်းရှိ၏၊ ရဟန်းသည် လည်း မိန်းမနှစ်ယောက်တို့၏ ထိုညှပ်ရိုးနှစ်ဖက်အထက် ပုဆစ်ဒူးဝန်းအောက်ကို ရည်ရွယ်၍ ကျေးဇူးကိုလည်း ပြောဆိုအံ့၊ ကျေးဇူးမဲ့ကိုလည်း ပြောဆိုအံ့။ပ။ ဆဲရေးလည်းဆဲရေးအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။ပ။