Page:ပါရာဇိကပါဠိတော်.pdf/177

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ပဏ္ဍုက်နှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ ပဏ္ဍုက်နှစ်ယောက်တို့၌ ပဏ္ဍုက်ဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း ပဏ္ဍုက်နှစ်ယောက်တို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့်ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် နှစ်ချက် သင့်၏။

ပဏ္ဍုက်နှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ ပဏ္ဍုက်နှစ်ယောက်တို့၌ ယုံမှားရှိ၍။ပ။ ယောက်ျားဟုထင်မှတ်၍။ တိရစ္ဆာန်ဟု ထင်မှတ်၍။ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း ပဏ္ဍုက်နှစ်ယောက်တို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှသုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။

ယောက်ျားနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ ယောက်ျားနှစ်ယောက်တို့၌ ယောက်ျားဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း ယောက်ျားနှစ်ယောက်တို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့်ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။

ယောက်ျားနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ ယောက်ျားနှစ်ယောက်တို့၌ ယုံမှားရှိ၍်။ပ။ တိရစ္ဆာန်ဟုထင်မှတ်၍။ မိန်းမဟု ထင်မှတ်၍။ ပဏ္ဍုက်ဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း ယောက်ျားနှစ်ယောက်တို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။

တိရစ္ဆာန်နှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ တိရစ္ဆာန်နှစ်ယောက်တို့၌ တိရစ္ဆာန်ဟု ထင်မှတ်၍။ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း တိရစ္ဆာန်နှစ်ယောက်တို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှုသုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။

တိရစ္ဆာန်နှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ တိရစ္ဆာန်နှစ်ယောက်တို့၌ ယုံမှားရှိ၍်။ပ။ မိန်းမဟုထင်မှတ်၍။ ပဏ္ဍုက်ဟု ထင်မှတ်၍။ ယောက်ျားဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း တိရစ္ဆာန်နှစ်ယောက်တို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။

၂၇၅။ မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်းရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံး၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှုသုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ သံဃာဒိသိသ်နှင့် ဒုက္ကဋ်အာပတ် သင့်၏။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ ယုံမှားရှိ၍ တပ်မက် သောစိတ်လည်းရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ် အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းနှင့် ဒုက္ကဋ်အာပတ် သင့်၏။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ ပဏ္ဍုက်ဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှုသုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် နှစ်ချက် သင့်၏။