Page:ပါရာဇိကပါဠိတော်.pdf/176

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ပဏ္ဍုက်လည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်းပဏ္ဍုက်၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ယောက်ျားလည်းဟုတ်၏၊ ယောက်ျားဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း ယောက်ျား၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ယောက်ျားလည်းဟုတ်၏၊ ယုံမှားရှိ၍။ပ။ ယောက်ျားလည်းဟုတ်၏၊ တိရစ္ဆာန်ဟု ထင်မှတ်၍။ ယောက်ျားလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍။ ယောက်ျားလည်းဟုတ်၏၊ ပဏ္ဍုက်ဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း ယောက်ျား၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှုသုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

တိရစ္ဆာန်လည်းဟုတ်၏၊ တိရစ္ဆာန်ဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်းတိရစ္ဆာန်၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

တိရစ္ဆာန်လည်းဟုတ်၏၊ ယုံမှားရှိ၍။ပ။ တိရစ္ဆာန်လည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍။ တိရစ္ဆာန်လည်းဟုတ်၏၊ ပဏ္ဍုက်ဟု ထင်မှတ်၍။ တိရစ္ဆာန်လည်းဟုတ်၏၊ ယောက်ျားဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း တိရစ္ဆာန်၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။

ဧကမူပြီး၏။

၂၇၄။ မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ မိန်းမနှစ်ယောက်တို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း မိန်းမနှစ်ယောက်တို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့်ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ သံဃာဒိသိသ်အာပတ် နှစ်ချက် သင့်၏။

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ မိန်းမနှစ်ယောက်တို့၌ ယုံမှားရှိ၍ တပ်မက်သော စိတ် လည်းရှိ၏၊ ရဟန်းသည် လည်း မိန်းမနှစ်ယောက်တို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှသုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် နှစ်ချက် သင့်၏။

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ မိန်းမနှစ်ယောက်တို့၌ ပဏ္ဍုက်ဟု ထင်မှတ်၍။ပ။ ယောက်ျားဟု ထင်မှတ်၍။ တိရစ္ဆာန်ဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်းမိန်းမနှစ်ယောက်တို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် နှစ်ချက် သင့်၏။