Page:ပါရာဇိကပါဠိတော်.pdf/17

From Wikisource
Jump to navigation Jump to search
This page has not been proofread.

"အသျှင်ဘုရား အကျွန်ုပ်ကို မိဘတို့က လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်ရန် အလို့ငှါခွင့်ပေးကြပါပြီ၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ရဟန်းပြုပေးတော်မူပါ"ဟု လျှောက်၏။

ကလန္ဒသူဌေးသား သုဒိန်သည် မြတ်စွာဘုရား၏ အထံ၌ ရှင်အဖြစ်ကို ရ၏၊ ရဟန်း အဖြစ် ကိုလည်းရ၏။

ရဟန်းဖြစ်၍ မကြာမီ အသျှင်သုဒိန်သည် ဤသို့သဘောရှိသော ကိလေသာကို ခါထုတ်ကြောင်း 'ဓုတင်' ဂုဏ်တို့ကို ဆောက်တည်၍ ကျင့်၏၊ တောကျောင်းနေခြင်း 'အာရညိက' ဓုတင်ကိုဆောင်၏၊ ဆွမ်းခံစားခြင်း 'ပိဏ္ဍပါတိက' ဓုတင်ကို ဆောင်၏၊ ပံသုကူသင်္ကန်းကို ဝတ်ခြင်း 'ပံသုကူလိက'ဓုတင်ကို ဆောင်၏၊ အိမ်စဉ်အတိုင်း ဆွမ်းရပ်ခြင်း 'သပဒါနစာရိက' ဓုတင်ကို ဆောင်၏၊ ဝဇ္ဇီတိုင်း ရွာတစ်ရွာကို အမှီပြု၍ နေ၏။

ထိုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ၊ ထိုအခါ အသျှင်သုဒိန်အား-

"ယခုအခါ ဝဇ္ဇီတိုင်းသည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ၊ ဝေသာလီမြို့၌ (စီးပွါးဥစ္စာ) ကြွယ်ဝသော (မြှုပ်နှံထားသည့်) ဥစ္စာပေါများသော (နေ့စဉ်သုံးစွဲရန်) များသော စည်းစိမ် ဘဏ္ဍာရှိသော များသော ရွှေငွေရှိသော နှစ်သက်ဖွယ်ရာ များသော အသုံးအဆောင်ရတနာရှိသော (ကူးသန်းရောင်းဝယ် ဖလှယ်သည့်) များသော ဥစ္စာ စပါးရှိသော ငါ၏ ဆွေမျိုးတို့သည် ပေါများကုန်၏၊ ငါသည် ဆွေမျိုးတို့ကို အမှီပြုနေရမူ ကောင်း လေစွ၊ ဆွေမျိုးတို့သည် ငါ့ကို အမှီပြု၍ လှူဖွယ်တို့ကို ပေးလှူကြလိမ့်မည်၊ ကောင်းမှုတို့ကို ပြုကြ လိမ့်မည်၊ ရဟန်းတို့သည်လည်း လာဘ်ကိုရရှိကြလိမ့်မည်၊ ငါသည် ဆွမ်းဖြင့် မပင်ပန်းဘဲ ရှိလိမ့် မည်"ဟု အကြံဖြစ်ပေါ်၏။

ထို့နောက် အသျှင်သုဒိန်သည် အိပ်ရာနေရာကို သိုမှီးပြီးလျှင် သပိတ်သင်္ကန်းကို ယူ၍ ဝေသာလီမြို့ သို့ဖဲခွါခဲ့ရာ အစဉ်အတိုင်း ဝေသာလီမြို့သို့ ရောက်၏၊ ထိုဝေသာလီမြို့ မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ နေ၏။

အသျှင်သုဒိန်၏ ဆွေမျိုးတို့သည် "ကလန္ဒသူဌေးသား သုဒိန်သည် ဝေသာလီမြို့သို့ ရောက်လာ ပြီ"ဟုကြားကုန်၏၊ ထိုသူတို့သည် အသျှင်သုဒိန်အား ဆွမ်းအိုး၁ ခြောက်ဆယ်တို့ကို ပို့ကြကုန်၏။

ထိုအခါ အသျှင်သုဒိန်သည် ထိုဆွမ်းအိုး ခြောက်ဆယ်တို့ကို ရဟန်းတို့အား စွန့်လှူ၍ (မိမိမူကား) နံနက်အချိန် (သင်္ကန်းကို) ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူလျက် ကလန္ဒရွာသို့ ဆွမ်းခံဝင်၏၊ ကလန္ဒရွာ၌ အိမ် စဉ်အတိုင်း ဆွမ်းခံလှည့်လည်သော် မိမိ၏ အဖအိမ်သို့ ချဉ်းကပ်မိ၏။

၃၁။ ထိုအခါ အသျှင်သုဒိန်၏ ဆွေမျိုးတို့၏ ကျွန်မသည် တစ်ညဉ့်လွန် 'သိုးလေ' ပြီးသော မုယောမုံ့ကိုစွန့်ပစ်လို၏၊ ထိုအခါ အသျှင်သုဒိန်သည် ထိုဆွေမျိုးတို့၏ ကျွန်မကို "နှမ ထို (မုန့်) ကို အကယ်၍စွန့်ပစ်ရမည် ဖြစ်အံ့၊ ငါ၏ ဤသပိတ်၌လောင်းလော့"ဟု ပြော၏။

ထိုအခါ အသျှင်သုဒိန်၏ ဆွေမျိုးတို့၏ ကျွန်မသည်