Page:ပါရာဇိကပါဠိတော်.pdf/135

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ဣန္ဒြေငါးပါးတို့ကိုလည်းကောင်း၊ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်းကောင်း၊ မြတ်သော မဂ္ဂင်ရှစ်ပါးကိုလည်းကောင်း၊ သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း ဝင်စားပြီ။ ငါသည်ရာဂကိုလည်း စွန့်ပြီ။ ငါသည် ဒေါသကိုလည်း စွန့်ပြီ။ ငါသည် မောဟကိုလည်း စွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာ ထိတ်လန့်စေပြီ၊ ရာဂမှလည်း ငါ၏ စိတ်သည်အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ဒေါသမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီဟု ဆိုလိုလျက် ပဌမဈာန်ကို ဝင်စားပြီဟုသိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါရာဇိက အာပတ်သင့်၏၊ (နားထောင်သူ) မသိနားမလည်သော် ထုလ္လစ္စဉ်းအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် တတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း။ပ။ မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ပဌမဈာန်ကိုလည်း ဝင်စားပြီဟု ဆိုလိုလျက်ဒုတိယဈာန်ကို ဝင်စားပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါရာဇိကအာပတ် သင့်၏၊ (နားထောင်သူ) မသိနားမလည်သော် ထုလ္လစ္စဉ်းအာပတ် သင့်၏။

မပြောမီ ရှေးမဆွကပင်၊ ပ၊ ဤအကြောင်းသုံးမျိုးတို့ဖြင့် မောဟမှလည်း ငါ၏ စိတ်သည် အပိတ် အပင်'နီဝရဏ' ကင်းပြီ၊ ပဌမဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း၊ တတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း။ပ။ မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် "မဟုတ်မမှန်ပြောမည်"ဟု သိ၏၊ ပြောဆဲ ရဟန်းသည် "မဟုတ်မမှန် ပြောသည်"ဟု သိ၏၊ ပြောပြီး ရဟန်းသည့်"ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏၊ အယူအဆကို ဖုံးထားလျက် နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက် ရည်မှန်းချက်ကို ဖုံးထားလျက် အကြောင်းခုနစ်မျိုးတို့ဖြင့်ရာဂမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီဟု ဆိုလိုလျက် ဒေါသမှလည်း ငါ၏ စိတ်သည် အပိတ်အပင်'နီဝရဏ' ကင်းပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါရာဇိကအာပတ် သင့်၏၊ (နားထောင်သူ) မသိနားမလည်သော် ထုလ္လစ္စဉ်းအာပတ်သင့်၏။

အပြောလွဲမှားသော သူ၏ သဗ္ဗမူပြီး၏။

အပြောလွဲမှားသော သူ၏ စက်မြှုပ် စက္ကပေယျာလ ၁ ပြီး၏။

ဝတ္တုကာမဝါရ စကားရပ် ပြီး၏။

၂၂၀။ မပြောမီ ရှေးမဆွကပင်။ပ။ ဤအကြောင်းသုံးမျိုးတို့ဖြင့် အကြင် ရဟန်းသည် သင်၏ ကျောင်း၌နေ၏၊ ထိုရဟန်းသည် ပဌမဈာန်ကို ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ထိုရဟန်းသည် ပဌမဈာန်ကို ရ၏။ လေ့လာခြင်း ရှိ၏။ ထိုရဟန်းသည် ပဌမဈာန်ကို မျက်မှောက်ပြုအပ်ပြီဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ထုလ္လစ္စဉ်းအာပတ် သင့်၏၊ (နားထောင်သူ) မသိနားမလည်သော် ဒုက္ကဋ်အာပတ် သင့်၏။