Page:ပါရာဇိကပါဠိတော်.pdf/134

From Wikisource
Jump to navigation Jump to search
This page has not been proofread.

၂၁၇။ အကြောင်း သုံးမျိုးတို့ဖြင့် မောဟမှ ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီဟုဆိုလိုလျက် ပဌမဈာန်ကို ဝင်စားပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါရာဇိကအာပတ် သင့်၏၊ (နားထောင်သူ) မသိနားမလည်သော် ထုလ္လစ္စဉ်းအာပတ်သင့်၏။

မပြောမီ ရှေးမဆွကပင် အကြောင်းသုံးမျိုးတို့ဖြင့် မောဟမှ ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီဟု ဆိုလိုလျက် ဒေါသမှ ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါရာဇိကအာပတ် သင့်၏၊ (နားထောင်သူ) မသိနားမလည်သော် ထုလ္လစ္စဉ်းအာပတ် သင့်၏။ပ။

အပြောလွဲမှားသော သူ၏ ဧကမူ ပြီး၏။

ဧကမူကို ချဲ့ပြသကဲ့သို့ ဒုမူစသည်ကိုလည်း အားလုံး ချဲ့ပြအပ်၏။

ဤ (ဆိုလတ္တံ့) သည်ကား သဗ္ဗမူတည်း။

၂၁၈။ အကြောင်းသုံးမျိုးတို့ဖြင့်။ပ။ အကြောင်းခုနစ်မျိုးတို့ဖြင့် ပဌမဈာန်ကိုလည်းကောင်း၊ ဒုတိယဈာန်ကိုလည်းကောင်း၊ တတိယဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း၊ ကိလေသာ ဆိတ်သုဉ်း၍ လွတ်မြောက်ခြင်း 'သုညတဝိမောက္ခ' ကိုလည်းကောင်း၊ ကိလေသာ အကြောင်းနိမိတ်မရှိ၍ လွတ်မြောက်ခြင်း 'အနိမိတ္တဝိမောက္ခ' ကိုလည်းကောင်း၊ ကိလေသာ တောင့်တမှု မရှိ၍ လွတ်မြောက်ခြင်း'အပ္ပဏိဟိတဝိမောက္ခ' ကိုလည်းကောင်း၊ ကိလေသာ ဆိတ်သုဉ်း၍ တည်ကြည်ခြင်း 'သုညတသမာဓိ'ကိုလည်းကောင်း၊ ကိလေသာ အကြောင်းနိမိတ် မရှိ၍ တည်ကြည်ခြင်း 'အနိမိတ္တသမာဓိ' ကိုလည်းကောင်း၊ ကိလေသာ တောင့်တမှု မရှိ၍ တည်ကြည်ခြင်း 'အပ္ပဏိဟိတသမာဓိ' ကိုလည်းကောင်း၊ ကိလေသာဆိတ် သုဉ်း၍ ဝင်စားခြင်း 'သုညတသမာပတ်' ကိုလည်းကောင်း၊ ကိလေသာအကြောင်းနိမိတ် မရှိ၍ဝင်စားခြင်း 'အနိမိတ္တသမာပတ်' ကိုလည်းကောင်း၊ ကိလေသာ တောင့်တမှု မရှိ၍ ဝင်စားခြင်း'အပ္ပဏိဟိတ သမာပတ်' ကိုလည်းကောင်း၊ ဝိဇ္ဇာသုံးပါးတို့ကိုလည်းကောင်း၊ သတိပဋ္ဌာန်လေးပါးတို့ကိုလည်းကောင်း၊ သမ္မပ္ပဓာန် လေးပါးတို့ကိုလည်းကောင်း၊ ဣဒ္ဓိပါဒ့်လေးပါးတို့ကိုလည်းကောင်း၊ ဣန္ဒြေငါးပါးတို့ကိုလည်းကောင်း၊ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း၊ ဗောဇ္ဈင် ခုနစ်ပါးတို့ကိုလည်းကောင်း၊ မြတ်သော မဂ္ဂင်ရှစ်ပါးကို လည်းကောင်း၊ သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကို လည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း ဝင်စားပြီ။ပ။ ငါသည် ရာဂကိုလည်း စွန့်ပြီ။ ငါသည် ဒေါသကိုလည်းစွန့်ပြီ။ ငါသည် မောဟကိုလည်း စွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာ ထိတ်လန့်စေပြီ။ ရာဂမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ။ ဒေါသမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီဟု ဆိုလိုလျက် မောဟမှ ငါ၏ စိတ်သည်အပိတ်အပင် 'နီဝရဏ' ကင်းပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား (နားထောင်သူ) သိနားလည်သော် ပါရာဇိကအာပတ် သင့်၏။ (နားထောင်သူ) မသိနားမလည်သော် ထုလ္လစ္စဉ်းအာပတ်သင့်၏။

၂၁၉။ အကြောင်းသုံးမျိုးတို့ဖြင့် ဒုတိယ ဈာန်ကိုလည်းကောင်း၊ တတိယ ဈာန်ကိုလည်းကောင်း၊ စတုတ္ထဈာန်ကိုလည်းကောင်း၊ ကိလေသာ ဆိတ်သုဉ်း၍ လွတ်မြောက်ခြင်း 'သုညတဝိမောက္ခ' ကိုလည်းကောင်း၊ ကိလေသာ အကြောင်းနိမိတ် မရှိ၍ လွတ်မြောက်ခြင်း 'အနိမိတ္တဝိမောက္ခ' ကိုလည်းကောင်း၊ ကိလေသာ တောင့်တမှု မရှိ၍ လွတ်မြောက်ခြင်း 'အပ္ပဏိဟိတဝိမောက္ခ' ကိုလည်းကောင်း၊ ကိလေသာဆိတ်သုဉ်း၍ တည်ကြည်ခြင်း 'သုညတသမာဓိ' ကိုလည်းကောင်း၊ ကိလေသာ အကြောင်းနိမိတ်မရှိ၍တည်ကြည်ခြင်း 'အနိမိတ္တသမာဓိ' ကိုလည်းကောင်း၊ ကိလေသာတောင့်တမှု မရှိ၍တည်ကြည်ခြင်း 'အပ္ပဏိ ဟိတသမာဓိ'ကိုလည်းကောင်း၊ ကိလေသာ ဆိတ်သုဉ်း၍ဝင်စားခြင်း 'သုညတသမာပတ်'ကိုလည်းကောင်း၊ ကိလေသာ အကြောင်းနိမိတ် မရှိ၍ ဝင်စားခြင်း'အနိမိတ္တသမာပတ်' ကိုလည်းကောင်း၊ ကိလေသာ တောင့်တမှု မရှိ၍ ဝင်စားခြင်း'အပ္ပဏိဟိတသမာပတ်' ကိုလည်းကောင်း၊ ဝိဇ္ဇာသုံးပါးတို့ကိုလည်းကောင်း၊ သတိပဋ္ဌာန်လေးပါးတို့ကိုလည်းကောင်း၊ သမ္မပ္ပဓာန် လေးပါးတို့ကိုလည်းကောင်း၊ ဣဒ္ဓိပါဒ်လေးပါးတို့ကိုလည်းကောင်း၊