Page:ပါရာဇိကပါဠိတော်.pdf/10

From Wikisource
Jump to navigation Jump to search
This page has not been proofread.

၂၀။ အသျှင်ဘုရား ကကုသန် မြတ်စွာဘုရား၏လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရား၏လည်းကောင်း၊ ကဿပ မြတ်စွာဘုရား၏လည်းကောင်း သာသနာတော် ကြာမြင့်စွာ တည်ခြင်း၏အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်းဟု (လျှောက်၏)။

သာရိပုတြာ ကကုသန် မြတ်စွာဘုရားသည်လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရားသည်လည်းကောင်း၊ ကဿပ မြတ်စွာဘုရားသည်လည်းကောင်း တပည့်တို့အား တရားတော်ကို အကျယ်ဟောတော်မူရန် ကြောင့်ကြ စိုက်တော်မူကုန်၏၊ ထိုမြတ်စွာဘုရားတို့၏ သုတ် ဂေယျ ဗျာကရုဏ်း ဂါထာ ဥဒါန်းဣတိဝုတ် ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လတို့သည် များပြားကုန်၏၊ တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏၊ ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရားတို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သော အခါ၌လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍ သစ္စာလေးပါးကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌လည်းကောင်း အထူးထူးသော အမည် အနွယ် ဇာတ် ရှိကုန်သော အမျိုးတို့ မှ ရဟန်းပြုကုန်သော နောင်လာ နောက်သားတပည့် တို့သည် ထိုသာသနာတော်ကို ကြာမြင့်စွာသော ကာလပတ်လုံး တည်စေကုန်၏၊ သာရိပုတြာချည်မျှင်ဖြင့် သီကုံး၍ ပျဉ်ပြားပေါ်၌ တင်ထားသော ပန်းအမျိုးမျိုးတို့ကို ချည်မျှင်ဖြင့် သီကုံး၍ထားခြင်းကြောင့် လေသည် ဖရိုဖရဲ မကြဲဖြန့် မတိုက်ခတ် မမှုတ်လွှင့် မဖျက်ဆီးနိုင် သကဲ့သို့၊ ဤဥပမာအတူသာလျှင် ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရားတို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍ သစ္စာလေးပါးကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ် ပျောက်သော အခါ၌လည်းကောင်း၊ အထူးထူးသော အမည် အနွယ် ဇာတ်ရှိကုန်သော အမျိုးတို့မှ ရဟန်းပြုကုန်သော နောင်လာနောက်သား တပည့်တို့သည် ထိုသာသနာတော်ကိုကြာမြင့်စွာသော ကာလ ပတ်လုံး တည်စေကုန်၏။ သာရိပုတြာ ဤသည်ကားကကုသန်မြတ်စွာဘုရား၏လည်းကောင်း၊ ကောဏာဂုံ မြတ်စွာဘုရား၏လည်းကောင်း၊ ကဿပမြတ်စွာဘုရား၏လည်းကောင်း သာသနာတော် ကြာမြင့်စွာတည်ခြင်း၏ အကြောင်းပေတည်း၊ ဤသည်လျှင် ကြာမြင့်စွာတည်ခြင်း၏ အထောက်အပံ့ပေတည်းဟု (မိန့်တော်မူ၏)။

၁။ သေတဋ္ဌိကာ ရှိသည့်အရ ပြန်သည်၊ သေတဋ္ဋိကာရှိလျှင် ကောက်ပင်များ ပိုးဖျက်ခံရ၏ဟုပြန်။

သိက္ခာပုဒ်ပညတ်ရန် အချိန်တန်ပါပြီဟု အသျှင်သာရိပုတြာ လျှောက်ထားပုံ

၂၁။ ထိုအခါ အသျှင်သာရိပုတြာသည် နေရာမှ ထ၍ လက်ဝဲတစ်ဖက် ပုခုံးထက်၌ ကိုယ်ဝတ်ကိုစံပယ်တင်လျက် မြတ်စွာဘုရားရှိတော်မူရာသို့ လက်အုပ်ချီ ရှိခိုး၍ မြတ်စွာဘုရားအား-

"ဤသာသနာတော် ကြာမြင့်စွာ တည်ရန် မြတ်စွာဘုရားသည် တပည့်တို့အား အကြင် သိက္ခာပုဒ်ကို ပညတ်တော်မူရာ၏၊ အကြင် ပါတိမောက်ကို ပြတော်မူရာ၏၊ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားထို သိက္ခာပုဒ်ကို ပညတ်တော်မူရန် အချိန်တန်ပါပြီ၊ ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား ထိုပါတိမောက်ကို ပြတော်မူရန် အချိန်တန်ပါပြီ"ဟု လျှောက်၏။

သာရိပုတြာ သင် ဆိုင်းငံ့ဦးလော့၊ သာရိပုတြာ သင် ဆိုင်းငံ့ဦးလော့၊ မြတ်စွာဘုရားသည်သာလျှင် ထို (သိက္ခာပုဒ် ပညတ်ခြင်း ပါတိမောက်ပြခြင်း) ၌ အချိန်ကို သိတော်မူလိမ့်မည်၊ သာရိပုတြာ ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရာရှိကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ထင်ရှား မဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး မြတ်စွာဘုရားသည် တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူချေ၊ (အာဏာ) ပါတိမောက်ကို ပြတော်မမူချေ။

သာရိပုတြာ ဤ (သာသနာတော်) ၌ အာသဝေါတရားလျှင် တည်ရှိရာကုန်သော အချို့သော (လွန်ကျူးမှု) တရားတို့သည် သံဃာ၌ ထင်ရှားဖြစ်ပေါ်လာသော အခါ အာသဝေါတရားလျှင် တည်ရာရှိကုန်သော ထို (လွန်ကျူးမှု) တရားတို့ကို ပယ်ဖျောက်ခြင်းအကျိုးငှါသာလျှင် မြတ်စွာဘုရားသည် တပည့်တို့အားသိက္ခာပုဒ်ကို ပညတ်တော်မူ၏၊ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။

သာရိပုတြာ