Jump to content

မုဒုလက္ခဏပျို့/အခန်း-၄

From Wikisource
262445ရသေ့ကြီး ဆွမ်းမစားနိုင် ခွေယိုင်လဲနေခန်း1751ရှင်လင်္ကာသာရ

သော ဌိတကောဝ အာဟာရံ ဝဟေတွာ အဘုဉ္ဇိတွာဝ ကိလေသကမ္ပိတော ပါသာဒါ ဩရုယှ ဥယျာနံ ဂန္တွာ ပဏ္ဏာသာလံ ပဝိသိတွာ (လ) သတ္တဒိဝသာနိ ဖလကတ္ထရဏေ နိပဇ္ဇိ။

လောကဓံတရား ဖေါက်ပြန်ငြားသော် ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာအား သေချာကြံ့ခိုင် သံကျောက်တိုင်သို့ မယိုင်မလှုပ် စောင့်ထိန်းချုပ်ရှင့် သာရုပ်ထင်ထင် ကြည်ဘွယ်မြင်သော် လူရှင်များစွာ သူငါကစ ရှိတတ်ကြသား အမျာ့ဖေါ်လော် ရသေ့ကျော်လည်း မတော်စွာကြုံ စက္ခာရုံကြောင့် ငါးစုံမြတ်မော ဈာန်မှလျှော၍ လျင်ဆောတိမ်းမပ် ဆွမ်းရပ်ပြီးသော် မင်းအိမ်တော်တွင် စားတော်ခေါ်မြဲ မခေါ်ဘဲလျှင် စိန်ရွဲရောင်ချက် ရွှေနန်းထက်မှ ဆင်းသက်ဆောလျင် ဥယျာဉ်ဝင်ပြီး နေပင်အမြဲ သင်္ခမ်းထဲ၌ ကျိန်းနွှဲစက်လျောင်း ညောင်စောင်းပျဉ်အောက် ရမြောက်ကြိုင်ရှား ဆွမ်းခွက်ထား၍ မစားတလုပ် အာဟာချုပ်လျက် နတ်ရုပ်ရွယ်ပျို လဲ့လဲ့ညိုကို သွေးချိုဤသို့ တလတည်း ။

လှစွာလှစွာ ပြင်ကလျာနှင့် ညိုပြာညိုပြာ ခြောက်ပြစ်ကွာ၍ လက္ခဏာကြန်နု သညာပြုသည် မုဒုလက္ခဏ မည်တော်ရသား ရှင်မထွတ်တင် တောင်နန်းရှင်သည် အလျင်မကြာ ကြွာတည့်လှာ၍ သန္တာလတ်တည့် စမ်းပါလှည့်လော့ နွမ်းချည့်နွဲ့နှောင်း ကိုယ်လုံးပျောင်းမျှ ဆင့်လောင်းချမ်းပုံ အလွမ်းဟုံသည် ရွှေငုံနှုတ်ရှည့် လွှမ်းပါလှည့်လော့ မြှော်ကြည့်လေရာ နောင့်ချည်းသာလျှင် ဗျာပါကြေကွဲ ပူလှိုက်လှဲခဲ့ မိညဲရွှေလှော် ထိပ်ပေါ်ဖြေဖြည့် နမ်းပါလှည့်လော့ သို့သည့်ဖြစ်ခြင်း နောင့်လွမ်းတင်းကို နန်းတွင်းရောက်အောင် ခွေစာစောင်နှင့် ဆောင်ပါမည့်သူ လူမရှိချေ ငှက်ကိုစေလည်း မပြေမပြစ် ဖြစ်လေဘိနိုး သင်္ကာစိုးခဲ့ သမ်းညှိုးခွေကာ မရောက်သာ၍ ကြမ္မာကံနည်း ချစ်ကြိုးစည်းကို ဖြေလည်း မပြေနိုင်တကား ။

ဆင့်လောင်းဆင့်လောင်း ရှေးကံကောင်း၍ နွဲ့နောင်းနွဲ့နောင်း မိရှင်နှောင်းနှင့် ရက်ကောင်းမင်္ဂလာ ဇာတာတက်သစ် လူပျိုဖြစ်နှင့် ချစ်နှစ်မွေ့လျော် ပျော်ပါရမူ သွယ်မြညွန့်လံ ဆံလည်းမရိတ် မုတ်ဆိတ်နွယ်ထွေး မပယ်သေး၍ ခါရေးမချို့ လိုခါဘို့ဟု ထားတို့သည်နှယ် သွယ်လှပလေ သစ်နက်ရေနှင့် လျှော်တေမျှင်ချည် စွန့်ရမည်တည့် မြဲတည်ကွပ်နှိပ် နှစ်ကျိပ်ထင်ရှား မိန်းမအားလျှင် ယောက်ျားတကာ မအပ်ရာလည်း ရှေးခါထုံးကြန် ကြားဘူးဟန်မူ ကျော်ဝှန်လူထွတ် ဗြဟ္မဒတ်မင်းခြေ စစ်မြေအကြိုက် ရှိစဉ်ခိုက်တွင် နှစ်ခြိုက်ကျွမ်းဝင် တောင်နန်းရှင်နှင့် ကောင်းကင်ပျံလေ့ ရှင်ရသေ့လျှင် ပျော်မွေ့လေရာ မိစ္ဆာစာရ ရာမကျသို့ နှမပြာညက် ရွှေရင်ထက်ဝယ် ပျော်စက်မချင် ရွှင်လည်းရွှင်၍ ကြင်လည်းကြင်မိ ရိလည်းရိခဲ့ မချိနွမ်းပျောင်း သို့သည်ကြောင်းကို နတ်ကောင်းနတ်ကျော် သိကြားသော်လည်း ရှုမြှော်ကွက်လှည့် မကြည့်လေဖြစ် စည်းစိမ်ရစ်ခဲ့ မနှစ်မလို့ ဘယ်ကံချို့၍ နတ်တို့စီမံ ဖန်လေသနည်း အလွမ်းသည်းစွ ညချည်းရီမှောင် မှိုင်းပြန်ဆောင်လည်း မြောက်တောင်ရှေ့နောက် နွယ်တန်းလျှောက်နှင့် နွယ်ပေါက်မြလျှော ငှက်ဥဩတို့ သာမောမည်ချုံး ဖေါ်ညှိရုံးသည် နှလုံး မကျေနိုင်တကား ။

တမ်းကာတမ်းကာ မလွမ်းသာလည်း မှောင့်လာမှောင့်လာ နောင့်ဗျာပါကား လဟာမိုးပြင် ကောင်းကင်မက အဆဆဖြင့် အလှဆောက်ရဉ် ငွေအင်းပျဉ်ဝယ် တူယှဉ်ပြိုင်နွှဲ နှလုံးရွဲသို့ မြင်ခဲစွာလျက် ထဲလျှို့ဝှက်သည် တပြက်ခဏ ဝတ်လစ်စတွင် ချမ်းမြရိပ်ငြိမ် တင်းတိမ်ရစ်သန်း မယှက်ရန်း၍ လေနန်းပေါက်ဆီ မြကျောက်စီက သီသီမြော်မိ တော်လဘိသော် မျက်စိဝေလှည့် နေမွန်းတည့်ဝယ် ကြည့်မိသောယောင် လျှပ်စစ်တောင်သို့ ဖန်ရောင်တက်ပျို့ ရွှေရင်စို့နှင့် နောင်သို့သက်နှံ လှညက်စံ၏ အလျှံကြွားကြွား ရွှေငုံကြားဝယ် ပွင့်ထွားကြာတော ကန်လယ်ကြောသို့ သက်မျောပူပင် ချမ်းသာဝင်သည် မာတင်တမျှ ပျော်ချင်စွဟု ခေါ်တခိုက်တွင် ရွှေနန်းခွင်က သံရှင်ရိုက်ညောင်း ရွှေခေါင်းလောင်းနှင့် ရွှေမောင်းရိုက်ချီ သန်ရောက်ပြီဟု နာရီပြည့်ဖြိုး ဆော်ပင့်နှိုးက ဧမျိုးကြိုင်သင်း လေပြေသွင်းက လွမ်းတင်းဆော်ပြန် အချမ်းသန်လျက် ပြောက်ကန်ခြူးရေး ခန်းသာကွေးတွင် ပိုက်ထွေးတူစုံ ပစ္စူခြုံလျက် ချမ်းလုံရင်ငွေ့ လှုံကြ၍တည့် အောက်မေ့သို့ပင် တမိကျင်သည် လွမ်းအင် မပြေနိုင်တကား ။

လွမ်းဆွတ်လွမ်းဆွတ် ကိုယ်လုံးညွတ်မျှ ညှိုးမြတ်ညှိုးမြတ် မစက်တတ်၍ ဖတ်ဖတ်သေခွေ မူးလေလေနှင့် သည်းခြေနောက်လှ မိုးသောက်ထဝယ် မြိုင်စတသွန် တောကြက်တွန်လျက် ချိန်တန်မြှော်ခိုး ကျီးငှက်နိုးက မယ်ပျိုစံတိ လှမညိကို မျက်စိဖန်ဖန် မြင်ပြန်ပြန်နှင့် ချစ်ရန်စုံ၍ ကြုံရတွေ့ဟု အောက်မေ့ကတည်း သူလည်းနန်းမှာ ငါလည်းနန်းပြင် ဖြစ်ခဲ့ကျင်ရှင့် ကောင်းကင်ပျံ့လွယ် ရှေးသောနှယ်သို့ ဘုန်းကြွယ်နောင်မြတ် ဖြစ်လေတတ်မူ နန်းထွတ်ထဲချောင် ဖူးရအောင်ကို ကျွန်ခေါင်သူရဲ စောင့်ကြပ်မြဲလည်း မခဲတို့ဘူး ကျေးဇူးတစိ ယခုပြိဝယ် မရှိသောအား မြင်းမိုရ်ဖျားက သိကြားသော်မှ ကိုယ်တိုင်မ၍ ယောက်ျာ့းဖြင်ပည်း တို့နှယ်ချည်းဟု အရည်းချမ်းသာ ဖြစ်လှည့်ပါလော့ ဒေဝနတ်ကျော် စည်းစိမ်ပျော်လည်း ကျွန်တော်ရင်းစစ် မဟာရာဇ်တို့ နွယ်သစ်ရောင်ဆင်း နောင့်ဖြစ်ခြင်းကို လျင်ပြင်းမကြာ ကြွလှည့်ပါလော့ သံသာဘဝ ပစ္စက္ခတွင် ထိုမျှပြုစု လှူကောင်းမှုကို မုဒုပြာဖြူ ရွှေဘုံသူနှင့် အတူမကွာ စံကြောင်းသာလျှင် ပန်ထွာမိကျင် မေတ္တာဝင်၍ သည့်ပြင် မထွေနိုင်တကား ။

ထွေလာထွေလာ ကြံမသာလျက် ယှက်ကာယှက်ကာ လွမ်းမြစ်ဖြာ၍ နေဇာညွန့်ညောင်း သွယ်လမောင်းနှင့် ပုပ္ပေါင်းပွါးစည် တရားဆည်လည်း မတည်နိုင်အား ချွန်းမနားသား ကြီးမားလုံးထောက် မုန်သောက်ပြောင်လူး နားရင်းစူးကို အထူးတစိ မသိသောယောင် လှမြတ်ခေါင်ကြောင့် မြောက်တောင်နောက်ရှေ့ မသိ၍လျှင် နေရုဏ်ဝင်က နန်းတွင်ရိပ်ခို စောမိညိုသည် နောင့်ကိုမြှော်လျက် ရွှေဘုံချက်တွင် ဆွမ်းခွက်လက်ကိုင် မှိုင်ရှာလိမ့်လေ ငါ့ဖြစ်ထွေကို ညက်ခြေမယ်ထွေး မသိသေးတည့် ဆေးလေးဖြည်းညှင်း သန့်ရှင်းလှည့်ပတ် ကြည်စတတ်လျက် ဆွတ်လွတ်နှစ်ခြိုက် ယာလေးပိုက်ဝယ် အလိုက်စပ်ယှဉ် ရှုတိုင်းယဉ်သား အလျဉ်ညီညွတ် လှများနတ်သည် ရစ်ပတ်လွှမ်းခြုံ နောင်ကျိုင်းငုံနှင့် တူစုံအသာ ပျော်လှည့်ပါလော့ ဂန္ဓာပျံ့ပျူး စန္ဒကူးဖြင့် သုတ်ဖြူးဆွတ်မံ လိမ်းကျံအပ်ဖိ ကိုယ်တော်ရှိသည် သီရိနတ်ဆွယ် စောမိမယ်သည် ရိုးနွယ်နုပျောင်း ဖယောင်းနှိုင်းစက် သန္တာလက်ဖြင့် နွဲလျက်သပ်ကာ ပျော်လှည့်ပါလော့ သံသာညင်းညင်း ထုံသင်းလှပ်လှပ် ကွမ်းတွပ်တွပ်နှင့် အာစပ်လှစ်ပြ ရွှေနှုတ်ဟ၍ လွမ်းစပြေရုံ ချစ်ကျုံထွေသာ ခေါ်လှည့်ပါလော့ တမ်းကာတမ်းကာ လွှမ်းမိုးရွာလျက် ဥယျာဉ်ချက်တွင် သံဟတ်မျိုမှား ငါးနှင့်တမျှ ရှိချေရသည် ကြောင်းစ မကွေနိုင်တကား ။

စေ့ငုစေ့ငု ဖွေရှာရှုမူ ပြည်သူ့ဥသျှောင် စောရန်အောင်လျှင် အခေါင်သာသည် ငါ့ရွှေပြည်နှင့် ပြာခြည်ဆင်းမြင် နန်းမိရှင်ကို စိတ်ထင်ရာရ လက်သာရွေးယူ ပေးတော်မူက ဇမ္ဗူဆံသွယ် ပင်လယ်နံထောင်း ရောင်မောင်းရိုးရွှန်း ထီးရွှေနန်းနှင့် တိုင်းခန်းကျယ်စွာ ပြည်ဗာရာကို မျက်နှာမငဲ့ မွေးမယ့်ဘာသာ ယူလေရာလိမ့် အာလယတိ သို့စင်ရှိလည်း စံထိနွဲ့ညွတ် မသိတတ်လေ မိန်းပြတ်ခေါ်စိုက် တစဉ်ခိုက်တွင် အလိုက်ရွှင်မော ဥဩပဲထွေး ရွှေကျေးကိရ သာလိကတို့ ဖိုမစုံညီ ပန်းညွန့်ချီလျက် ကိုယ်စီကိုယ်စီ အပြီပြီလျှင် ကိန္နရီကိန္နရာ လူ့ဘာသာဖြင့် မေတ္တာဆက်ဆံ နောင့်ထံခေါ်ထူး ပျော်လှာမြူးမူ နန်းဦးရိပ်ဖြူ ခန်းဝပြူက ဘုံသူနတ်တု စောမုဒုကို ယုယုထင်ဘိ မြင်မိမိနှင့် မချိတိမ်းခွေ့ ရှိန်းရှိန်းမြေ့လျက် ညှိုးသွေ့ခြောက်ထပ် ကြာပွင့်ချပ်သို့ လှပ်လှပ်ချဲ့ချဲ့ နွဲ့ခဲ့ပြီတည့် ပင့်ချီမှိုင်းကာ မုန်တိုင်းပါလျက် နာဂဒီပ ကမ်းစရိပ်ငူ သရူပဒိပ် မြကျွန်းထိပ်သို့ တိမ်ရိပ်နင်းခုန် ဂဠုန်မိုးနတ် ဆောင်ယူလတ်သော် သုဒဿန နှမပြာဖြူ ပါသောဟူသို့ သည်တူတရှိ ဖြစ်ပါဘိလော့ နွမ်းရိညှိုးမြန်း မရွှင်လန်းသည် လွမ်းပန်း မခြွေနိုင်တကား ။

စိုးရိမ်စိုးရိမ် ကြိုးသို့လိမ်မျှ အကြိမ်အကြိမ် ချစ်ရည်စိမ်လျက် ငြိမ်ဆိမ်ဆေးလေး လှနတ်သွေးကို စိတ်ပြေးခန့်ရွယ် စေးခြုံလယ်၌ စမ္ပယ်ပန်းသီ လှမ်းမမှီသို့ သာညီပြည့်မွမ်း ဥယျာဉ်ဝှမ်းက မြှော်တမ်းငဲ့စောင်း နွဲ့ရကြောင်းကို မိတ်ကောင်းချစ်သူ ရောက်မူဆတ်ဆတ် သိပေတတ်သည် ပြာလတ်စံခေါင် ကျီးညိုမောင်တို့ နန်းပေါင်ရောက်စေ ပျံပါချေလော့ သရေလှတင့် ပင်လုံးပွင့်သား အင်ကြင့်းသဏ္ဌာန် ဆင်းဟန်ပန်နှင့် လေသွန်ဖွင့်ယူ စံတော်မူလိမ့် လှိုင်ကြူညှင်းညှင်း ဝါယောသွင်းက ခက်ရင်ညွတ်ကာ ရိုးမြညှာနှင့် သန္တာဝတ်တိုင်း ရွှေဆိုင်းဝတ်ဆံ ခြံရံပုလဲ ရွဲကားပတ်ညီ ပန်းစုံစီကို ကုံးညီဆွတ်ဆွတ် နောင့်လက်ညွတ်၍ သွယ်ပတ်ကေရှင် မယ့်ထိပ်ပြင်ဝယ် ဆံကျင်လှည့်သော ပြတ်မျှမောခဲ့ မြေကြောရှုပ်ရှုပ် ငင်ရုပ်ကိုင်ရုပ် ချုပ်တတ်ဖိ၍ မွေးမိထံတော် ဖူးရသော်မူ သာပျော်ခန်းမွန် ဟိမဝန်သို့ မပြန်လေရက် သည်တွင်ပက်လျှင် အသက်လျော့လျော့ ကုန်စေတော့အံ့ ရှင်ကြော့အရေး ခက်လှသေး၍ ကြံတွေကြံတွေး တဧဧနှင့် ပြေးလည်းမကုန် ခုန်လည်းမမြင့် တထင့်ထင့်လျှင် စံခွင့်နေ့ည ခေါ်ယောင်တသည် တွက်ဆ မရေနိုင်တကား ။

တွက်ဆတွက်ဆ ညှိုးလလနှင့် ပျောင်းပျပျောင်းပျ တတတလျှင် တညချုပ်လေ တနေဝင်ပျောက် တမိုးသောက်လည်း တတောက်ပတ်ပတ် တတွတ်တွတ်ဖြင့် တဆွတ်တမ်းတမ်း တသမ်းသမ်းနှင့် တနွမ်းရိရိ တဖိဖိလျှင် မချိနိုင်စွာ ရှေးသံသာက လှူဒါရေစက် စွန့်ဘက်တူစုံ မကြုံဘူး၍ ညှိုးမြေ့မြေ့ကို တွေ့ရရုံသာ ဝေးလှစွာဟု ကြမ္မာရိုးတိုင်း ချစ်ကြိုးဆိုင်းလျက် နောင်ကျိုင်းရွယ်ပျို ဝိဇ္ဇာဓိုရ်သို့ ကိုယ်ကိုပစ်လွှတ် ပျံဘိတတ်၍ ရံပတ်မြားမြောင် သောင်းခြောက်ထောင်တွင် ညာတောင်စိုးနေ လှမြုတေနှင့် မကွေသက်မျှ ပျော်ပါရမူ ချစ်စစုရုံး ညာလက်ရုံးဖြင့် စက်အုံးခံခံ ရှင်ပျံနွဲ့ချော လွမ်းချင်မောဟု သဘောဆုယူ ရွှေနန်းသူကြောင့် တရူတရူ ဆာပူမှိုင်လျက် တသက်သက်နှင့် ကျိန်းစက်မပျော် မယ့်ဆီမြှော်၍ မူးမော်မူးမော် တကြော်ကြော်ဖြင့် ခေါ်လည်းမကြား သွားလည်းမရောက် လွမ်းပင်ပေါက်လျက် လွမ်းညှောက်လည်းမြင့် လွမ်းဖူးဆင့်၍ လွမ်းပွင့်ကြွေ့ကြွေ့ တဖွေ့ဖွေ့သည် ခြွေ၍ မကြွေနိုင်တကား ။

ဤသို့လျှင်တည့် ဘုဉ်းအင်တောင်ပ ရသေ့လှကား အာဟာရလည်းဆုတ် ဆွမ်းအားယုတ်လျက် ခုနစ်ရက်တိုင်တိုင် မိန်းမှိုင်ရူးတမ်း ဝမ်းကလည်းကွဲ ယိမ်းနွဲခေါက်လျဉ် ညောင်စောင်းပျဉ်ထက် မျဉ်းစက်သေခွေ အိပ်တို့လေတည်း ။