Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/46

From Wikisource
Jump to navigation Jump to search
This page has been proofread.
၂၉
မဟာဂီတပေါင်းချုပ်ကျမ်း

အောင်းမေ့ကြံကာ မှိုင်လို့သာ၊ဖြေမပျော်နိုင်ဘူး ဖျော်ဖြေကာxမာန်ပါသည်းထဲ၊ ဆူလို့လို့လားလားဖြေနိုင်ဘဲ၊ မြဲမြဲစွဲမိမိသည်းထဲ ဝမ်းထဲမှာသာခွေကာ ထိပ်တင် မကြင်ပါ တမ်းယောင် ပူလောင်စာxသွေလဲပြေဘဲxဝမ်းကွဲပျောင်းမျှ လွမ်းကြောင်းရုံးပေါင်းသာ၊ သံသာကံဟောင်း၊ တကြောင်း ထောက်တော် မူမူမူပါ့ရှင် x ထိပ်တင်ပေါ်ဖြူး၊ အကြူးချစ်ယောင် ဆောင်ဆောင်နှင့်လေ သံသာကံဟောင်း၊ တကြောင်း ထောက်တော်မူ မူ မူပါ့ရှင် x ထိပ်တင်ပေါ်ဖြူး၊ အကြူးချစ်ယောင် ဆောင်ဆောင်နှင့်နှင့် x ငါမင်းကိုသာ၊ အာဏာထွေပြား၊ တေဇာဘုန်းအား၊ ဝံ့မည်လားလို့၊ စိတ်ထားစွဲတော် မူလေတည့် စိတ်ထား စွဲတော်မူ။


၂၄။ ပြင်တီးပြေးကြိုး(၂ ပုဒ်)

(က) လေချိုလေသာ၊ လာသည် - ညှင်းညှင်းဖြူး x ဗျာပါထွေ ဝေလို့မူး x ခြုံကာလေ၊ ခွေနိုင်ဘူး၊ အာကာမှာလဲ မှိုင်းလိုလို့-သွန်ကြဲ ရွာဖြန်းစွေ၊ ဝမ်းကွဲညှိုးနွမ်းပြောင်း x စိတ်မတည် လက်မတည်၊ ရူးလို့ချာချာလည် x အခြား-ထူးကြံစည် x လားလားxယွင်းမှား x သနား..သူသွေဖည် သွားမြဲxသွားဘဲ ယဉ်သည်ညိုရွှန်း၊ မိုဃ်းသည့်ထိပ်တင်မှာ၊ မာမှာ တည့်ထိပ်တင်မှာ x အဆောင်ဆောင်ကသာ၊ ပျော်ကြောင်း ပျော်လေရာ x ပျော်တော်မူလို့သာ - ပြုလာဘဲ၊ လားလားဝေးမုန်းလို့လား လားဝေး x အထွေထွေနှင့် ဘော်ပြုပါသည်ကို x အကြံတော်နှင့်သာ- ရွှင်တော်မူမြဲပျော်လွန်ကဲ၊ ဟိုမှာလုံးလုံးစွဲ x သည်းထဲလွန်ပူလောင် x ညှိုးမြန်းခွေလေအောင် x ခန်း-ချောင်-ရိပ်ကြီး၊ ခန်း - ချောင် - ရိပ် - ကြီး၊ မယ့်ထီးကိုပင်ပင်၊ ညိုစင်မှာကိုလဲ၊ ကျူးလွန်လို့ကဲ x နိုင်ငံသူများ ထိပ်ချာ၊ ပြည်တကာများ ထိပ်ပန်း၊ ကျူးလွန်လို့ဆန်း x ဘုန်းတန်း ဘုန်းတန်းကြီးတယ်ရှင်၊ မယ်ညိုစင် x ထွတ်တင်ရာသနင်း ဖြူဝါ အူဝါဝင်း x ခိုင်မာတင်းပါလို့၊ ပြင်းအာဏာလေတည့် ပြင်းအာဏာ။
(ခ) ဝေယန်-လိုင် ရောင် ရှင်လင်းလင်းညီး x သီးသီးခြား၊ များကွန့်မြူး ထူးရုံးပေါင်း သောင်လုံးချား x စိန်ကြောင်လေ၊ ပတ္တမြားကိုးမျက်ပွင့်သား x နှုန်းရှား...ဘက်ပြိုင်ကာ × ရွှေနန်းဘုံဆောင်မှာ မိုဃ်းဣန္ဒာ၊ နတ်ဗြဟ္မာ တွေးကြမှတ်ထင်ကာ x နှစ်ပါးပျော်စံရာ ၊ ထီးဆောင်းx မင်းပေါင်း x စကြာရွှေဘွား၊ ညွတ်တွားရွက်ဆင်ကာ တည့်လေး x ဆဒ္ဒန်ငွေသား၊ အများဆက်ကညာလေတည့် ဆက်ကညာ x ဘယ်ရာဝင်မှသာ ကြားဘူးအောင်ကိုသာ x သီဟာဘွေမြင့်မှာ၊ ရှိ-ကြာ·ရွက်ကာ