This page has been proofread.
၂၂
မဟာဂီတ ပေါင်းချုပ်ကျမ်း
- ( ခ ) ရွှေပြည်ကြီး ဧရာ တည်ထွန်း ကျောက်မြို့လေ၊ x ရွှေပြည်ကြီး ဧရာတည်ထွန်း ကျောက်မြို့လေး၊ x သီတာဝန်းရံကာ x များရေတာပြင်ကျုံး၊ သီတာဝန်းရံကာ x များရေတာ ပြင်ကျုံးနက်လှပြောကျယ်စွာ x ကြောက်ဘွယ်သာသည်လေ x ငါးပါးမျိုးကြာ ငုံအာရေလုံးပြည့်မျှလေး x၂ ၊ ပြည်ကြီးနံပါး တံခါးရှစ်ဆယ် သွယ်သွယ်သာ လမ်းမနှင့်လေး x ရံဝန်းကာထီးလုံ × ပြည့်စုံလက်နက်ပေါင်းငယ်နှင့်၊ ကြောက်ငြောင်းရန်မပြူ။။
- (ဂ) မြို့နန်းငယ်လေး၊ သာ-ယာ-မျိုးငယ်ကို x ဆိုသော်များအံ့ဘွယ် x ထက်ကျွန်းငယ်စံ၊ စံတိုင်းဆောင် ပြောင်ပြောင် ထွန်းလို့ညီး x ဧရာကြီးထင်ပေါ် x သွယ်ဖူးမြင့်လှလေ x ဧရာကြီးထင်ပေါ် သွယ်ဖြူးမြင့်လှလေး x၂၊ စီခြယ်ကိုးမည်သာ x မျက်ရောင်ဖြာသည်လေး၊ မှောင်ဝေးစီခြယ်ကိုးမည်သာ x မျက်ရောင်ဖြာသည်လေ မှောင်ဝေး၊ အံ့ရေးထပ်ပြန်လာ ရှုတဲ့သူငယ်မှာ၊ အံ့မူးငယ် သာထွေပင်ထွေလှလေ x၂၊ ရှုတဲ့သူငယ်မှာ အံ့မူးငယ်သာ- ထွေပင်ထွေလှလေး x၂ ၊ ဆောင်တိုင်းဘုံတိုင်းမှာ x အံ့ရာအခြားခြားငယ်နှင့်၊ သိကြား ဘုံပမာ။။
- (ဃ) ကိုးပါးပေါင်းစု၊ မျက်ရှင် မျက်ရှင်၊ ရောင်ခြည်လေး ရောင်ခြည်လေ မီးရှူးထွန်းသို့ ပြောင်ပြောင် ပြောင်ပြောင်ပဝင်း၊ နေရောင်လထင်ခါ ဆိုမှားမိကြလေး ၂၊ နေရောင်လထင်ခါ လပင်သာ ဆိုမှားမိမိ၊ ရှုကြည့်တိုင်းထွေထွေ၊ (လင်းလေလေ ရောင်ချင်း) စပ်ကြကြလေး x၂ ၊ ယဉ်မျိုးသာမျိုးစုံ x ခြောက်ဘုံမထူးခြားပါလို့ သိကြား တလူလို။။
- (င) ရွှေဘုန်း ရွှေဘုန်းတော်လေတည့်မှ၊ လွန်ကဲ စည်ထွန်းပေါ် x သက်တော် ရာကျော် လျှမ်းမျှမျှ ရွှေနန်းမှာစံပါသည်၊ ရှည်ပင်သာ ရှည်ကြောင်း၊ပပဝန်း x၂၊ တောင်ဇမ္ဗူကျွန်းပတ်ကုံး x ပြည်တရာမင်း ခညွတ်ရုံးx၂ ၊ ကြုံးသစ္စာ ခံလေတည့်မှ၊ ကျိုးညွတ်ခါနွံ၂၊ x နိုင်ငံကြေငြာ လင်းလင်းပွင့်ပွင့်၊ သာယာစည်ပင်ပွားပွားဆင့်ဆင့်၊ သံသရာဝဲခနောင်း x နောင်မသွေဘဲကူးကြောင်း x၂၊ ရုံးပေါင်း ညွတ်ပြောင်း ထပ်လောင်းကျွန်တတွေ x၂၊ ရှည်ရှည်တိုင်း x ကြာကြာတိုင်း x တိုးလေလေ ပွားလေလေ-သွေမည်ဘဲမို့မို- နိဗ္ဗာန်ပွဲသို့ နွှဲစံ-ပျော်လေတည့် နွှဲစံပျော်။။
(သာနိုးပျော်ဘွယ်ကြိုး ၅-ပုဒ်ပြီး၏။)