Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/27

From Wikisource
Jump to navigation Jump to search
This page has been proofread.
ဦးပြုံးချို၏ အတ္ထုပ္ပတ္တိစာတမ်း

ပြီ၊ အဆိုအကမှာလည်း အရပ်ပွဲတိုင်း သူကလေးပါချေသည်၊ ဘမျိုး ဘိုးတူတယောက် ထွန်းကားလာပြန်သဖြင့် ဝမ်းသာဘွယ်ဖြစ်ပေသည်။

မြန်မာသကရာဇ် ၁၂၄၇-ခုနှစ် မြန်မာဘုရင်မင်းမြတ် အင်္ဂလိပ်များက နန်းချပြီး အုပ်စိုးလာသည့် နှစ်မှစ၍ ၁၂၈၉-ခုနှစ် ဆရာကြီး ဦးပြုံးချို ကွယ်လွန်အနိစ္စရောက်သောနှစ်အထိ နှစ်ပေါင်း ၄၀-ကျော်အတွင်း ဤသို့ ပညာစွယ်စုံတတ်သော ပညာရှိ ပုဂ္ဂိုလ်မျိုးမှာ ဤတယောက်မျှသာ ကျွန်ုပ်တို့တွေ့ဘူးရာ ထိုမျှ အဖိုးတန်သော ဆရာကြီးတဆူ ကွယ်လွန်အနိစ္စ ရောက်ရှိ သွားခြင်းမှာ မြန်မာပြည်နှင့် မြန်မာလူမျိုးများအတွက် ဆုံးရှုံခြင်း တရပ်ဖြစ်၍ အထူးဝမ်းနည်းဖွယ် ကောင်းလှပေသည်။

ဆရာကြီးဦးပြုံးချိုသည် ၁၂၄၀-ပြည့်နှစ်တွင် ဖွားမြင်၍ ၁၂၈၉-ခု၊တပို့တွဲ လဆန်း ၄ ရက် ဗုဒ္ဓဟူးနေ့ ညဉ့်အချိန် ဗိုလ်တထောင် ၆၁-လမ်း၊ အိမ်အမှတ် ၂၅ တွင် ကွယ်လွန် အနိစ္စရောက်သွားရာ အသက်အရွယ် ၅၀-ခန့်နှင့် ကွယ်လွန်သွားရခြင်းဖြစ်သဖြင့် ပိုမိုဝမ်းနည်းဖွယ် ဖြစ်ရပေကြောင်း။