Page:ပါရာဇိကပါဠိတော်.pdf/99

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ကြား၍ နတ်ပြည်၌ နှလုံးသွင်းလျက် သေတော့အံ့ဟု ဒုက္ခဝေဒနာကို ဖြစ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

၁၇၉။ ပြောကြားခြင်း မည်သည် "ဤသို့ သေပါ၊ ဤသို့ သေရသောသူသည် ပစ္စည်းဥစ္စာကိုသော်လည်း ရတတ်၏၊ အခြံအရံ အကျော်အစောကိုသော်လည်း ရတတ်၏၊ နတ်ပြည်သို့သော်လည်းရောက်တတ်၏"ဟု မေးသဖြင့် ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုပြောကြားခြင်းဖြင့် သေတော့အံ့ဟုဒုက္ခဝေဒနာကို ဖြစ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

ဆုံးမခြင်း မည်သည် "ဤသို့ သေပါ၊ ဤသို့ သေရသောသူသည် ပစ္စည်းဥစ္စာကိုသော်လည်း ရတတ်၏၊ အခြံအရံ အကျော်အစောကိုသော်လည်း ရတတ်၏၊ နတ်ပြည်သို့သော်လည်း ရောက်တတ်၏"ဟု မမေးဘဲ့ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုအဆုံးအမစကားဖြင့် သေတော့အံ့ဟု ဒုက္ခဝေဒနာကို ဖြစ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ သေအံ့၊ ပါရာဇိကအာပတ် သင့်၏။

အချိန်းအချက်ပြုခြင်း မည်သည် နံနက်သော်လည်းကောင်း၊ ညနေချမ်းသော်လည်းကောင်း၊ ညဉ့်သော်လည်းကောင်း၊ နေ့သော်လည်းကောင်း "ထိုကာလစသော အချိန်းအချက်ဖြင့် ထိုသူကို သတ်လော့"ဟု အချိန်းအချက်ကို ပြုအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုအချိန်းအချက်ဖြင့် ထိုသူကို သတ်အံ့၊ နှစ်ဦးလုံးပါရာဇိကအာပတ် သင့်၏၊ ထိုအချိန်းအချက်၏ ရှေ့၌ဖြစ်စေ နောက်၌ဖြစ်စေ ထိုသူကို သတ်အံ့၊ မူလချိန်းချက်ရင်း ရဟန်းအား အာပတ် မသင့်၊ သတ်သော ရဟန်းအားသာ ပါရာဇိကအာပတ် သင့်၏။

အမှတ်အသားပြုခြင်း မည်သည် "မျက်စိကိုသော်လည်း မှိတ်ပြမည်၊ မျက်ခုံးကိုသော်လည်း ပင့်ပြ မည်၊ ဦးခေါင်းကိုသော်လည်း ညိတ်ပြမည်၊ ထိုအမှတ်သားဖြင့် ထိုသူကို သတ်လော့"ဟု ပြောအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ထိုအမှတ်သားဖြင့် ထိုသူကို သတ်အံ့၊ နှစ်ဦးလုံး ပါရာဇိကအာပတ် သင့်၏၊ ထိုအမှတ်သား၏ ရှေ့၌ဖြစ်စေ နောက်၌ဖြစ်စေ ထိုသူကို သတ်အံ့၊ မူလပြောသော ရဟန်းအား အာပတ်မသင့်၊ သတ်သော ရဟန်းအားသာ ပါရာဇိကအာပတ် သင့်၏။

သတ်လိုသော စိတ်မရှိသော ရဟန်း၊ မသိသော ရဟန်း၊ မသေစေလိုသောရဟန်း၊ (သည်းခြေပျက်၍) ရူးသော ရဟန်း၊ အစလက်ဦးလွန်ကျူးသော ရဟန်းအား အာပတ် မသင့်။

မနုဿဝိဂ္ဂဟ ပါရာဇိကအကြောင်း ပြဆိုရာအခန်း ပြီး၏။

၁။ တံကဲပျဉ်ဟူသည် ဤနေရာ၌ နောက်မှီမှန်သမျှကို ခေါ်၏၊

၂။ အားနည်းအောင်ပြုဟူသည် ခုတင် ကုလားထိုင် စသည်ကို အောက် ပိုင်းဖြတ်ထား၍ဖြစ်စေ ကြိုးခုတင်၌ ကြိုးကို ဖြတ်၍ဖြစ်စေ အနည်းငယ်မျှ ချန်ထားပြီးလျှင် အောက်မှ လက်နက်စသည် ထားခြင်းတည်း။