Page:ပါရာဇိကပါဠိတော်.pdf/62

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ကြိုးစောင်ရန်း 'စည်းရိုး' အပိုင်းအခြား 'လယ်ကန်သင်း' (တစ်ခုခုကို) ပြောင်းရွှေ့အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ (အဆုံးသတ်) အားထုတ်မှုတစ်ခု မရောက်လာမီ 'မပြီးဆုံးမီ' ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ထိုအားထုတ်မှု ရောက်လာသော် 'ပြီးဆုံးသော်' ပါရာဇိကအာပတ် သင့်၏။

၁၀၅။ အရံရာ ကျောင်းရာသည် (မြေ) ရာ မည်၏။

(မြေ) ရာ၌တည်သော ဥစ္စာ မည်သည် (မြေ) ရာ၌ လေးဌာနတို့ဖြင့် ထားအပ်သော ဥစ္စာတည်း။ (၎င်းတို့သည်) မြေ၊ ကြည်း 'ကုန်း'၊ ကောင်းကင်၊ ဟင်းလင်းပြင်၌ တည်သော ဥစ္စာတို့တည်း။ "(မြေ) ရာ၌ တည်သော ဥစ္စာကို ခိုးအံ့"ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်း အာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

(မြေ) ရာကို (ရလိုမူဖြင့်) တရားစွဲအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ ဥစ္စာရှင်အား ယုံမှားစေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ဥစ္စာရှင်သည်"ငါမရတော့ပြီ"ဟု ဝန်ချအံ့၊ ပါရာဇိကအာပတ် သင့်၏၊ တရားဖြစ်၍ဥစ္စာရှင်ကို ရှုံးစေအံ့၊ ပါရာဇိကအာပတ် သင့်၏၊ တရားဖြစ်၍ မိမိ ရှုံးအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ငုတ်တိုင် ကြိုးစောင်ရန်း 'စည်းရိုး' တံတိုင်း 'အကာ' (တစ်ခုခု) ကို ရွှေ့အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ (အဆုံးသတ်) အားထုတ်မှု တစ်ခု မရောက်လာမီ 'မပြီးဆုံးမီ' ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ထိုအားထုတ်မှုရောက်လာသော် 'ပြီးဆုံးသော်' ပါရာဇိက အာပတ် သင့်၏။

၁၀၆။ ရွာ၌တည်သောဥစ္စာ မည်သည် ရွာ၌ လေးဌာနတို့ဖြင့် ထားအပ်သော ဥစ္စာတည်း။ (၎င်းတို့သည်) မြေ၊ ကြည်း 'ကုန်း'၊ ကောင်းကင်၊ ဟင်းလင်းပြင်၌ တည်သော ဥစ္စာတို့တည်း။ "ရွာ၌တည်သော ဥစ္စာကို ခိုးအံ့"ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူလည်းသွာအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ်သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

၁၀၇။ လူအများ သိမ်းဆည်းအပ်သော တောသည် တော မည်၏။

တော၌တည်သောဥစ္စာ မည်သည် တော၌ လေးဌာနတို့ဖြင့် ထားအပ်သော ဥစ္စာတည်း။ (၎င်းတို့သည်) မြေ၊ ကြည်း 'ကုန်း'၊ ကောင်းကင်၊ ဟင်းလင်းပြင်၌ တည်သော ဥစ္စာတို့တည်း။ "တော၌ တည်သောဥစ္စာကို ခိုးအံ့"ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။ ထိုတော၌ ပေါက်ရောက်ဖြစ်ပေါ်သောငါးပဲ-ငါးပဲထက်အလွန် ထိုက်တန်သော ထင်းကိုသော်လည်းကောင်း၊ နွယ်ကိုသော်လည်းကောင်း၊ မြက်ကိုသော် လည်းကောင်း ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်း အာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။