Page:ပါရာဇိကပါဠိတော်.pdf/60

From Wikisource
Jump to navigation Jump to search
This page has not been proofread.

၉၉။ (တစ်ဖက်ကမ်းသို့) ကူးကြောင်းဖြစ်သော ဝတ္ထုသည် လှေမည်၏။

လှေ၌တည်သောဥစ္စာ မည်သည် လှေ၌ ထားအပ်သော ဥစ္စာတည်း။ "လှေ၌ တည်သော ဥစ္စာကို ခိုးအံ့"ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစဉ်းအာပတ် သင့်၏၊ နေရာမှရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

"လှေကို ခိုးအံ့"ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူလည်းသွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ်သင့်၏၊ လှေဖွဲ့ကြိုးကို ဖြေအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှေဖွဲ့ကြိုးကို ဖြေ၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ်သင့်၏၊ အထက် 'အညာ' သို့သော်လည်းကောင်း၊ အောက် 'အကြေ'သို့သော်လည်းကောင်း၊ ဖီလာသို့သော်လည်းကောင်း အယုတ်သဖြင့် ဆံခြည်တစ်ဖျားမျှ ပြောင်းရွှေ့အံ့၊ ပါရာဇိကအာပတ် သင့်၏။

၁၀၀။ ပေါင်းချုပ် ရထား လှည်း သံလျင်းသည် ယာဉ်မည်၏။

ယာဉ်၌တည်သောဥစ္စာ မည်သည် ယာဉ်၌ ထားအပ်သော ဥစ္စာတည်း။ "ယာဉ်၌တည်သော ဥစ္စာကို ခိုးအံ့"ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

"ယာဉ်ကို ခိုးအံ့"ဟု ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ အဖော်ကိုသော်လည်း ရှာအံ့၊ သွားမူလည်း သွားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ နေရာမှ ရွေ့စေအံ့၊ ပါရာဇိကအာပတ် သင့်၏။

၁၀၁။ ဦးခေါင်းဝန် ပခုံးဝန် ခါးဝန် လက်ဆွဲဝန်သည် ဝန်မည်၏။

ဦးခေါင်း၌ တည်သော ဝန်ကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ပခုံးသို့ ချအံ့၊ ပါရာဇိကအာပတ် သင့်၏။

ပခုံး၌ တည်သော ဝန်ကို ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ်သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ ခါးသို့ ချအံ့၊ ပါရာဇိကအာပတ် သင့်၏၊ ခါး၌ တည်သော ဝန်ကို ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ သုံးသပ်အံ့၊ ဒုက္ကဋ်အာပတ် သင့်၏၊ လှုပ်စေအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏၊ လက်ဖြင့်ယူအံ့၊ ပါရာဇိကအာပတ် သင့်၏။

လက်ဆွဲဝန်ကို ခိုးလိုသော စိတ်ရှိသည်ဖြစ်၍ မြေ၌ ချအံ့၊ ပါရာဇိကအာပတ် သင့်၏၊ ခိုးလိုသောစိတ်ရှိသည်ဖြစ်၍ မြေမှ ကောက်ယူအံ့၊ ပါရာဇိကအာပတ် သင့်၏။

၁၀၂။ ပန်းအရံ သစ်သီးအရံသည် အရံမည်၏။

အရံ၌တည်သောဥစ္စာ မည်သည် အရံ၌ လေးဌာနတို့ဖြင့် ထားအပ်သော ဥစ္စာတည်း။ (၎င်းတို့သည်) မြေ၊ ကြည်း'ကုန်း'၊ ကောင်းကင်၊ ဟင်းလင်းပြင်၌ တည်သော ဥစ္စာတို့တည်း။ "အရံ၌တည်သောဥစ္စာကို ခိုးအံ့"ဟု ခိုးလိုသော စိတ်ရှိသည် ဖြစ်၍ အဖော်ကိုသော်လည်း