Page:ပါရာဇိကပါဠိတော်.pdf/43

From Wikisource
Jump to navigation Jump to search
This page has not been proofread.

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဤသို့ ပြုလျှင် ငါ့အား အာပတ်သင့်မည် မဟုတ်ဟု သမန်းမြက်သင်္ကန်းကို ဝတ်ရုံ၍။ လျှော်တေသင်္ကန်းကို ဝတ်ရုံ၍။ ပျဉ်ချပ်သင်္ကန်းကို ဝတ်ရုံ၍။ ဆံပင်ဖြင့် ရက်သော ကမ္ဗလာကို ဝတ်ရုံ၍။ သားမြီးဖြင့် ရက်သော ကမ္ဗလာကို ဝတ်ရုံ၍။ ခင်ပုပ်ငှက်တောင်ဖြင့်ရက်သော အဝတ်ကို ဝတ်ရုံ၍။ သစ်နက်ရေကို ဝတ်ရုံ၍ မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယ ကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)။ (၅-၁၁)

တစ်ရံရောအခါ ဆွမ်းခံရဟန်းတစ်ပါးသည် အင်းပျဉ် 'ခုံရှည်' ၌ အိပ်နေသော သူငယ်မကိုမြင်၍တပ်နှစ်သက်သော စိတ်ဖြစ်ပေါ်လာရကား ခြေမကို အင်္ဂါဇာတ်ထဲသို့ သွင်းလေရာ ထိုသူငယ်မသည် သေလေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သံဃာဒိသိသ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၁၂)

၆၈။ တစ်ရံရောအခါ လုလင်ပျို တစ်ယောက်သည် ဥပ္ပလဝဏ်ထေရီမ၌ တပ်စွဲသောစိတ် ဖြစ်နေ၏၊ ထိုလုလင်ပျိုသည် ဥပ္ပလဝဏ်ထေရီမ ဆွမ်းခံကြွစဉ် ကျောင်းငယ်သို့ ဝင်၍ ပုန်းအောင်းနေ၏၊ ဥပ္ပလဝဏ်ထေရီမသည် ဆွမ်းစားပြီးနောက် ဆွမ်းစားဇရပ်မှ ထွက်ခဲ့၍ ခြေဆေးပြီးလျှင် ကျောင်းငယ်သို့ ဝင်၍ ခုတင် 'ညောင်စောင်း' ငယ်၌ ထိုင်လေ၏။ ထိုအခါ ထိုလုလင်ပျို သည် ဥပ္ပလဝဏ်ထေရီမကို ဖမ်းကိုင်၍ ဖျက်ဆီးလေ၏၊ ဥပ္ပလဝဏ်ထေရီမသည် ရဟန်းမိန်းမတို့အား ဤအကြောင်းကို လျှောက်လေ၏၊ ရဟန်း မိန်းမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို လျှောက်ကုန်၏၊ ရဟန်းယောက်ျားတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကုန်၏၊ ရဟန်းတို့မသာယာသော ရဟန်းမိန်းမအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၁၃)

၆၉။ တစ်ရံရောအခါ ရဟန်းတစ်ပါးအား ဣတ္ထိလိင် 'မိန်းမအသွင်သဏ္ဌာန်' ထင်ရှားဖြစ်ပေါ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကြကုန်၏၊ ရဟန်းတို့ ရဟန်းမိန်းမတို့နှင့် ပေါင်းသင်းနေထိုင်ရန် ထို (ယောက်ျားလက်ထက် ယူသော) ဥပဇ္ဈာယ်ထို (ယောက်ျားလက်ထက် ခံအပ်သော) ပဉ္စင်းအဖြစ် ထို (ယောက်ျားလက်ထက်ရေတွက်အပ်သော) နှစ် 'ဝါ' တို့ကိုသာလျှင် ခွင့်ပြုတော်မူ၏၊ ရဟန်း ယောက်ျားတို့၏ အကြင်အာပတ်တို့သည် ရဟန်းမိန်းမတို့နှင့် သက်ဆိုင်ကုန်၏၊ ထိုအာပတ်တို့ကို ရဟန်းမိန်းမတို့၏အထံ၌ ကုစားခြင်းငှါ ခွင့်ပြုတော်မူ၏၊ ရဟန်းယောက်ျားတို့၏ အကြင်အာပတ်တို့သည် ရဟန်းမိန်းမတို့နှင့် မသက်ဆိုင်ကုန်၊ ထိုအာပတ်တို့ဖြင့် အာပတ် မသင့်ပေဟု (မိန့်တော်မူ၏)။ (၁၄)

တစ်ရံရောအခါ ရဟန်းမိန်းမ တစ်ယောက်အား ပုလ္လိင် 'ယောက်ျားအသွင်သဏ္ဌန်' ထင်ရှားဖြစ်ပေါ်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကုန်၏၊ ရဟန်းတို့ ရဟန်းယောက်ျားတို့နှင့်ပေါင်းသင်းနေထိုင်ရန် ထို (မိန်းမလက်ထက်ယူသော) ဥပဇ္ဈာယ် ထို (မိန်းမလက်ထက် ခံအပ်သော) ပဉ္စင်းအဖြစ် ထို (မိန်းမလက်ထက် ရေတွက်အပ်သော) နှစ် 'ဝါ' တို့ကိုသာလျှင် ခွင့်ပြုတော်မူ၏၊