Page:ပါရာဇိကပါဠိတော်.pdf/2

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ရဟန်းဂေါတမသည် အိုကုန်သော ကြီးကုန်သော ရင့်ကုန်သော ရှေးမီကုန်သော အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်း မခိုးခရီးဦးလည်း မကြို ထိုင်ရန်နေရာဖြင့် ဖိတ်လည်း မဖိတ်ဟု ကြားဖူးပါသည်။ အသျှင်ဂေါတမ ထို (အကျွန်ုပ်ကြားဖူးသော စကား) သည် ထို (ကြားဖူးသည့်) အတိုင်း မှန်သည်သာတည်း၊ အသျှင်ဂေါတမသည် အိုကုန်သော ကြီးကုန်သော ရင့်ကုန်သော ရှေးမီကုန်သော အဆုံးအရွယ်သို့ ရောက်ကုန်သော ပုဏ္ဏားတို့ကို ရှိလည်းမခိုး ခရီးဦးလည်း မကြို ထိုင်ရန် နေရာဖြင့် ဖိတ်လည်း မဖိတ်၊ အသျှင်ဂေါတမ ထို (ရှိခိုးခြင်းစသည်ကို မပြုခြင်း) သည် မသင့်လျှော်သည်သာလျှင်တည်း"ဟု လျှောက်၏။

ပုဏ္ဏား နတ်နှင့်တကွသော မာရ်နတ်နှင့်တကွသော ဗြဟ္မာနှင့်တကွသော ဤဩကာသလောက၌လည်းကောင်း၊ သမဏဗြာဟ္မဏနှင့်တကွသော မင်းများ လူများနှင့်တကွသော ဤသတ္တလောက၌လည်းကောင်း ငါသည် ရှိခိုးလည်း ရှိခိုးထိုက် ခရီးဦးလည်း ကြိုထိုက် ထိုင်ရန်နေရာဖြင့် ဖိတ်လည်း ဖိတ်ထိုက်သောသူကို မြင်တော်မမူ၊ ပုဏ္ဏား အကြင်သူကို ငါသည် ရှိခိုးမူလည်း ရှိခိုးငြားအံ့၊ ခရီးဦးမူလည်းကြိုငြားအံ့၊ ထိုင်ရန်နေရာဖြင့် ဖိတ်မူလည်း ဖိတ်ငြားအံ့၊ ထိုသူ၏ ဦးခေါင်းသည်လည်း ပြတ်ကျရာ၏ဟု (မိန့်တော်မူ၏)။

။ အသျှင်ဂေါတမသည် အရသာကင်းသော သဘောရှိ၏ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် "ရဟန်းဂေါတမသည် အရသာ ကင်းသောသဘောရှိ၏"ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့၌ သာယာခြင်း အရသာတို့ကို မြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ (အသစ်) မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်ပြီ။ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် "ရဟန်းဂေါတမသည် အရသာကင်းသော သဘောရှိ၏"ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏၊ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်းဟု (မိန့်တော်မူ၏)။

--

။ "အသျှင်ဂေါတမသည် သုံးဆောင်ခြင်း မရှိ"ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် "ရဟန်းဂေါတမသည် သုံးဆောင်ခြင်း မရှိ"ဟု ငါ့ကိုပြောဆိုမူ ပြောဆိုနိုင်ရာ၏။ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း။ ပုဏ္ဏား ရူပါရုံသဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗရုံတို့၌ သုံးဆောင်ခြင်းတို့ကို မြတ်စွာဘုရားသည် ပယ်ပြီးပြီ၊ (အဝိဇ္ဇာ တဏှာ) အမြစ်ကို အကြွင်းမဲ့ ဖြတ်ပြီးပြီ၊ (နုတ်ပြီးသော) ထန်းပင်ရာကဲ့သို့ ပြုပြီးပြီ၊ အသစ်မဖြစ်ခြင်းကို ပြုပြီးပြီ၊ နောင်အခါ ဖြစ်ခြင်းသဘော မရှိကုန်ပြီ။ ပုဏ္ဏား ဤနည်းပရိယာယ်အားဖြင့် "ရဟန်းဂေါတမသည် သုံးဆောင်ခြင်းမရှိ"ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏။ သင် (ပုဏ္ဏား) ရည်ရွယ်ပြောဆိုသော နည်းပရိယာယ်မျိုးကား (ငါတို့၌) မရှိသည်သာတည်း (ဟု မိန့်တော်မူ၏)။

။ "အသျှင်ဂေါတမသည် မပြုထိုက်ဟူသော အယူ 'အကိရိယဝါဒ' ရှိ၏"ဟု (ပုဏ္ဏားက ဆို၏)။

ပုဏ္ဏား အကြင်သို့သော နည်းပရိယာယ်အားဖြင့် "ရဟန်းဂေါတမသည် မပြုထိုက်ဟူသော အယူ'အကိရိယဝါဒ' ရှိ၏"ဟု ငါ့ကို ပြောဆိုမူ ပြောဆိုနိုင်ရာ၏။ ထိုသို့သော နည်းပရိယာယ်မျိုးသည် ရှိသည်သာလျှင်တည်း၊ ပုဏ္ဏား ငါသည်