တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၂)
တစ်ရံရောအခါ မိန်းမတစ်ယောက်သည် ရက်ပြီးစ ကမ္ဗလာကို ခြုံနေ၏၊ ရဟန်းတစ်ပါးသည်တပ်မက်သော စိတ်ရှိ၍ ထိုမိန်းမကို "နှမ သင့် ဥစ္စာသည် အမွေးရှုပ်၏"ဟု ပြောဆို၏၊ ထိုမိန်းမသည် (ဆိုလိုရင်းကို) မသိ၍ မှန်ပါသည် အသျှင်ဘုရား၊ ရက်ပြီးစ ကမ္ဗလာဖြစ်ပါသည်ဟု (လျှောက်၏)။
ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၃)
တစ်ရံရောအခါ မိန်းမတစ်ယောက်သည် ကြမ်းတမ်းသော ကမ္ဗလာကို ခြုံနေ၏၊ ရဟန်းတစ်ပါးသည်တပ်မက်သော စိတ်ရှိ၍ ထိုမိန်းမကို "နှမ သင့် ဥစ္စာသည် အမွေးကြမ်း၏"ဟု ပြောဆို၏၊ ထိုမိန်းမသည် (ဆိုလိုရင်းကို) မသိ၍ မှန်ပါသည် အသျှင်ဘုရား၊ ကြမ်းတမ်းသော ကမ္ဗလာဖြစ်ပါသည်ဟု (လျှောက်၏)။
ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၄)
တစ်ရံရောအခါ မိန်းမတစ်ယောက်သည် ပဝါကို ခြုံနေ၏၊ ရဟန်းတစ်ပါးသည် တပ်မက်သော စိတ်ရှိ၍ထိုမိန်းမကို "နှမ သင့် ဥစ္စာသည် အမွေးရှည်၏"ဟု ပြောဆို၏၊ ထိုမိန်းမသည် (ဆိုလိုရင်းကို) မသိ၍မှန်ပါသည် အသျှင်ဘုရား၊ ပဝါ ဖြစ်ပါသည်ဟု (လျှောက်၏)။
ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၅)
၂၈၉။ တစ်ရံရောအခါ မိန်းမတစ်ယောက်သည် လယ်ကို စိုက်ပျိုးစေပြီး၍ ပြန်လာ၏၊ ရဟန်းတစ်ပါးသည် တပ်မက်သော စိတ်ရှိ၍ ထိုမိန်းမကို "နှမ သင့် ဥစ္စာကို စိုက်အပ်ပြီလော"ဟု ပြောဆို၏၊ ထိုမိန်းမသည် (ဆိုလိုရင်းကို) မသိ၍ မှန်ပါသည် အသျှင်ဘုရား၊ စိုက်ပျိုးမပြီးသေးပါဟု (လျှောက်၏)။
ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၆)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ခရီးရင်ဆိုင်၌ ပရိဗိုဇ်မကိုမြင်၍ တပ်မက်သော စိတ်ရှိသဖြင့်ထိုပရိဗိုဇ်မကို "နှမ လမ်းတို၏လော"ဟု ပြောဆို၏၊ ပရိဗိုဇ်မသည် (ဆိုလိုရင်းကို) မသိ၍ မှန်ပါသည်ရဟန်း၊ သွားရလိမ့်မည်ဟု (လျှောက်၏)။
ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သံဃာဒိသိသ်အာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၇)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် တပ်မက်သော စိတ်ရှိ၍ မိန်းမတစ်ယောက်ကို "နှမ သင်သည်သဒ္ဓါတရား ရှိ၏၊ သို့ရာတွင် သင်သည် လင်ယောက်ျားအား ပေးသော အရာဝတ္ထုကို ငါ့တို့အား