Page:ပါရာဇိကပါဠိတော်.pdf/183

From Wikisource
Jump to navigation Jump to search
This page has not been proofread.

မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ မိန်းမသည်လည်းရဟန်း၏ ထိုကိုယ်နှင့်စပ်သော အရာဝတ္ထုကို မိမိစွန့်လွှတ်အပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ မှီဝဲလို၍ ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ဒုက္ကဋ်အာပတ် သင့်၏။ပ။

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ မိန်းမနှစ်ယောက်တို့၌ မိန်းမဟု ထင်မှတ်၍ တပ်မက်သောစိတ်လည်း ရှိ၏၊ မိန်းမတို့ကလည်း ရဟန်း၏ ထိုကိုယ်နှင့်စပ်သော အရာဝတ္ထုကို မိမိတို့စွန့်လွှတ်အပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်ကုန်အံ့၊ မှီဝဲလို၍ ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကိုဝန်ခံအံ့ 'သာယာအံ့'၊ ဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။ပ။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ နှစ်ယောက်လုံးတို့ကလည်း ရဟန်း၏ ထိုကိုယ်နှင့်စပ်သောအရာဝတ္ထုကို မိမိတို့ စွန့်လွှတ်အပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်ကုန်အံ့၊ မှီဝဲလို၍ ကိုယ်ဖြင့်လုံ့လပြုအံ့၊ အတွေ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ ဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။ပ။

မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ မိန်းမသည်လည်းရဟန်း၏ ထိုစွန့်လွှတ်အပ်သော အရာဝတ္ထုကို မိမိစွန့်လွှတ်အပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ မှီဝဲလို၍ ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကိုကား ဝန်မခံအံ့ 'မသာယာအံ့'၊ ဒုက္ကဋ်အာပတ် သင့်၏။ပ။

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍ တပ်မက်သောစိတ်လည်း ရှိ၏၊ မိန်းမတို့ကလည်း ရဟန်း၏ ထိုစွန့်လွှတ်အပ်သော အရာဝတ္ထုကို မိမိတို့စွန့်လွတ်အပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်ကုန်အံ့၊ မှီဝဲလို၍ ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကိုကား ဝန်မခံအံ့'မသာယာအံ့'၊ ဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။ပ။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ နှစ်ယောက်လုံးတို့ကလည်း ရဟန်း၏ ထိုစွန့်လွှတ်အပ်သော အရာဝတ္ထုကို မိမိတို့ စွန့်လွှတ်အပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်ကုန်အံ့၊ မှီဝဲလို၍ ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကိုကား ဝန်မခံအံ့ 'မသာယာအံ့'၊ ဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။ပ။

၂၇၉။ မှီဝဲလို၍ ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ သံဃာဒိသိသ်အာပတ် သင့်၏။

မှီဝဲလို၍ ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကိုကား ဝန်မခံအံ့ 'မသာယာအံ့'၊ ဒုက္ကဋ်အာပတ် သင့်၏။

မှီဝဲလို၍ ကိုယ်ဖြင့်ကား လုံ့လမပြု၊ အတွေ့ကို ဝန်ခံအံ့ 'သာယာအံ့'၊ အာပတ်မသင့်။

မှီဝဲလို၍ ကိုယ်ဖြင့်လည်း လုံ့လမပြု၊ အတွေ့ကိုလည်း ဝန်မခံအံ့ 'မသာယာအံ့'၊ အာပတ်မသင့်။

လွတ်မြောက်လို၍ ကိုယ်ဖြင့် လုံ့လပြုအံ့၊ အတွေ့ကို ဝန်ခံအံ့၊ 'သာယာအံ့'၊ အာပတ်မသင့်။