Page:ပါရာဇိကပါဠိတော်.pdf/179

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ပဏ္ဍုက်လည်းကောင်း၊ တိရိစ္ဆာန်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ ပဏ္ဍုက်ဟု ထင်မှတ် ၍။ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်ကို မိမိ ကိုယ်ဖြင့်ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းနှင့် ဒုက္ကဋ်အာပတ် သင့်၏။

ပဏ္ဍုက်လည်းကောင်း၊ တိရိစ္ဆာန်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ ယုံမှားရှိ၍။ပ။ ယောက်ျားဟု ထင်မှတ်၍။ တိရစ္ဆာန်ဟု ထင်မှတ်၍။ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်းရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှသုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။

ယောက်ျားလည်းကောင်း၊ တိရစ္ဆာန်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ ယောက်ျားဟုထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်ကိုမိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက်သင့်၏။ ယောက်ျားလည်းကောင်း၊ တိရစ္ဆာန်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ ယုံမှားရှိ၍။ပ။ တိရစ္ဆာန်ဟု ထင်မှတ်၍။ မိန်းမဟု ထင်မှတ်၍။ ပဏ္ဍုက်ဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်ကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှသုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ဒုက္ကဋ်အာပတ် နှစ်ချက် သင့်၏။

ဒုမူပြီး၏။

၂၇၆။ မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း မိန်းမ၏ ထိုကိုယ်နှင့်စပ်သော အရာဝတ္ထုကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှသုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ပ။

မိန်းမနှစ်ယောက်တို့လည်း ဟုတ်ကုန်၏၊ မိန်းမနှစ်ယောက်တို့၌ မိန်းမဟု ထင်မှတ်၍ တပ်မက်သောစိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း မိန်းမနှစ်ယောက်တို့၏ ထိုကိုယ်နှင့်စပ်သော အရာဝတ္ထုကိုမိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ်နှစ်ချက် သင့်၏။ပ။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ ထိုကိုယ်နှင့်စပ်သော အရာဝတ္ထုကို မိမိကိုယ်ဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းနှင့်ဒုက္ကဋ်အာပတ် သင့်၏။ပ။

မိန်းမလည်းဟုတ်၏၊ မိန်းမဟု ထင်မှတ်၍ တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်းမိန်းမ၏ ထိုကိုယ်ကို မိမိကိုယ်နှင့်စပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ် သင့်၏။ပ။

မိန်းမနှစ်ယောက်တို့လည်းဟုတ်ကုန်၏၊ မိန်းမနှစ်ယောက်တို့၌ မိန်းမဟု ထင်မှတ်၍ တပ်မက်သောစိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း မိန်းမနှစ်ယောက်တို့၏ ထိုကိုယ်ကို မိမိကိုယ်နှင့်စပ်သောအရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းအာပတ်နှစ်ချက် သင့်၏။ပ။

မိန်းမလည်းကောင်း၊ ပဏ္ဍုက်လည်းကောင်းဟုတ်၏၊ နှစ်ယောက်လုံးတို့၌ မိန်းမဟု ထင်မှတ်၍တပ်မက်သော စိတ်လည်း ရှိ၏၊ ရဟန်းသည် လည်း နှစ်ယောက်လုံးတို့၏ တိုကိုယ်ကို မိမိကိုယ်နှင့်စပ်သော အရာဝတ္ထုဖြင့် ရှေးရှု သုံးသပ်အံ့၊ ထိုမှ ဤမှ သုံးသပ်အံ့။ပ။ ကိုင်အံ့၊ တို့ထိအံ့၊ ထုလ္လစ္စဉ်းနှင့်ဒုက္ကဋ်အာပတ် သင့်၏။ပ။