Page:ပါရာဇိကပါဠိတော်.pdf/161

From Wikisource
Jump to navigation Jump to search
This page has not been proofread.

[ဒုမူခဏ္ဍစက် ဒုမူဗဒ္ဓစက်တို့ကို အကျဉ်းချုံးအပ်၏။ တိမူ။ပ။ နဝမူတို့ကိုလည်း ထို့အတူ အကျယ်ချဲ့အပ်၏]။

၂၄၇။ အညိုအဆင်းရှိသော သုက်ကိုလည်းကောင်း၊ အဝါအဆင်းရှိသော သုက်ကိုလည်းကောင်း၊ အနီအဆင်းရှိသော သုက်ကိုလည်းကောင်း၊ အဖြူအဆင်းရှိသော သုက်ကိုလည်းကောင်း၊ ရက်တက်ရည်အဆင်းရှိသော သုက်ကိုလည်းကောင်း၊ ရေအဆင်းရှိသော သုက်ကိုလည်းကောင်း၊ ဆီအဆင်းရှိသော သုက်ကိုလည်းကောင်း၊ နို့ရည်အဆင်းရှိသော သုက်ကိုလည်းကောင်း၊ နို့ဓမ်းအဆင်းရှိသော သုက်ကိုလည်းကောင်း၊ ထောပတ်အဆင်းရှိသော သုက်ကိုလည်းကောင်းစေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

သဗ္ဗမူပြီး၏။

၂၄၈။ အနာရောဂါကင်းခြင်းငှါလည်းကောင်း၊ အညိုအဆင်းရှိသော သုက်ကိုလည်းကောင်း၊ စေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

အနာရောဂါကင်းခြင်းငှါလည်းကောင်း၊ ချမ်းသာခြင်းငှါလည်းကောင်း၊ အညိုအဆင်းရှိသော သုက်ကိုလည်းကောင်း၊ အဝါအဆင်းရှိသော သုက်ကိုလည်းကောင်းစေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

အနာရောဂါကင်းခြင်းငှါလည်းကောင်း၊ ချမ်းသာခြင်းငှါလည်းကောင်း၊ ဆေးအလို့ငှါလည်းကောင်း၊ အညိုအဆင်းရှိသော သုက်ကိုလည်းကောင်း၊ အဝါအဆင်းရှိသော သုက်ကိုလည်းကောင်း၊ အနီအဆင်းရှိသော သုက်ကိုလည်းကောင်းစေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

[စက်ပေါင်း နှစ်ခုပွါးကို ဤနည်းတူပင် (တိုး၍ တိုး၍) ပွါးရမည်]။