Page:ပါရာဇိကပါဠိတော်.pdf/158

From Wikisource
Jump to navigation Jump to search
This page has not been proofread.

[ဒုမူ ခဏ္ဍစက် ဒုမူ ဗဒ္ဓစက်တို့ကို အကျဉ်းချုံးအပ်၏။ တိမူ။ပ။ နဝမူတို့ကိုလည်း ထို့အတူ အကျယ်ချဲ့အပ်၏]။

၂၄၃။ အနာရောဂါကင်းခြင်းငှါလည်းကောင်း၊ ချမ်းသာခြင်းငှါလည်းကောင်း၊ ဆေးအလို့ငှါလည်းကောင်း၊ အလှူအလို့ငှါလည်းကောင်း၊ ကောင်းမှုအလို့ငှါလည်းကောင်း၊ ယဇ်ပူဇော်ရန်အလို့ငှါလည်းကောင်း၊ နတ်ပြည်အလို့ငှါလည်းကောင်း၊ မျိုးစေ့အလို့ငှါလည်းကောင်း၊ စုံစမ်းရန်အလို့ငှါလည်းကောင်း၊ ပျော်ပါးရန်အလို့ငှါလည်းကောင်းစေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

သဗ္ဗမူ ပြီး၏။

၂၄၄။ အညိုအဆင်းရှိသော သုက်ကိုလည်းကောင်း၊ အဝါအဆင်းရှိသော သုက်ကိုလည်းကောင်းစေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

အညိုအဆင်းရှိသော သုက်ကိုလည်းကောင်း၊ အနီအဆင်းရှိသော သုက်ကိုလည်းကောင်း။ပ။ အညို့အဆင်းရှိသော သုက်ကိုလည်းကောင်း၊ အဖြူအဆင်းရှိသော သုက်ကိုလည်းကောင်း။ အညိုအဆင်းရှိသောသုက်ကိုလည်းကောင်း၊ ရက်တက်ရည်အဆင်းရှိသော သုက်ကိုလည်းကောင်း။ အညိုအဆင်းရှိသောသုက်ကိုလည်းကောင်း၊ ရေအဆင်းရှိသော သုက်ကိုလည်းကောင်း။ အညိုအဆင်းရှိသောသုက်ကိုလည်းကောင်း၊ ဆီအဆင်းရှိသော သုက်ကိုလည်းကောင်း။ အညိုအဆင်းရှိသောသုက်ကိုလည်းကောင်း၊ နို့ရည်အဆင်း ရှိသော သုက်ကိုလည်းကောင်း။ အညိုအဆင်းရှိသောသုက်ကိုလည်းကောင်း၊ နို့ဓမ်းအဆင်းရှိသော သုက် ကိုလည်းကောင်း။ အညိုအဆင်းရှိသောသုက်ကိုလည်းကောင်း၊ ထောပတ်အဆင်းရှိသော သုက်ကိုလည်းကောင်းစေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

ဧကမူ၏ စက်ပြတ် 'ခဏ္ဍစက်' ပြီး၏။