Page:ပါရာဇိကပါဠိတော်.pdf/155

From Wikisource
Jump to navigation Jump to search
This page has not been proofread.

စုံစမ်းရန်အလို့ငှါဟူသည် အညိုဖြစ်လတ္တံ့၊ အဝါဖြစ်လတ္တံ့၊ အနီဖြစ်လတ္တံ့၊ အဖြူ ဖြစ်လတ္တံ့၊ ရက်တည်ရည် အဆင်းဖြစ်လတ္တံ့၊ ရေအဆင်းဖြစ်လတ္တံ့၊ ဆီအဆင်းဖြစ်လတ္တံ့၊ နွားနို့အဆင်းဖြစ်လတ္တံ့၊ နို့ဓမ်း အဆင်းဖြစ်လတ္တံ့၊ ထောပတ်အဆင်းဖြစ်လတ္တံ့။

ပျော်ပါးရန်အလို့ငှါဟူသည် ရွှင်မြူးလို၍။

မာတိကာအဖွင့်ပြီး၏။

၁-သုက္ကဝိဿဋ္ဌိ သံဃာဒိသိသ် သုဒ္ဓိကဝါရ

၂၄၀။ အတွင်းရုပ်၌စေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

အပြင်ရုပ်၌စေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

အတွင်းအပြင်ရုပ်၌စေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

ကောင်းကင်၌ ခါးကို လှုပ်စေလျက်စေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

ရာဂကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာသော အခါ၌စေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

ကျင်ကြီးကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာသော အခါ၌စေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

ကျင်ငယ်ကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာသော အခါ၌စေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

လေကြောင့် အင်္ဂါဇာတ် တောင့်တင်းခိုင်မာသော အခါ၌စေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

ဥစ္စာလိင်္ဂပိုးထိုးခြင်းကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာသော အခါ၌စေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

အနာရောဂါကင်းခြင်းငှါစေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

ချမ်းသာခြင်းအလို့ငှါ။ပ။ ဆေးအလို့ငှါ။ အလှူအလို့ငှါ။ ကောင်းမှုအလို့ငှါ။ ယဇ်ပူဇော်ရန်အလို့ငှါ။ နတ်ပြည်အလို့ငှါ။ မျိုးစေ့အ လို့ငှါ။ စုံစမ်းရန်အလို့ငှါ။ ပျော်ပါးရန်အလို့ငှါစေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

အညိုအဆင်းရှိသော သုက်ကိုစေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

အဝါအဆင်းရှိသော သုက်ကို။ အနီအဆင်းရှိသော သုက်ကို။ အဖြူအဆင်းရှိသော သုက်ကို။ ရက်တက်ရည်အဆင်းရှိသော သုက်ကို။ ရေအဆင်းရှိသော သုက်ကို။ ဆီအဆင်းရှိသော သုက်ကို။ နို့ရည်အဆင်းရှိသော သုက်ကို။ နို့ဓမ်းအဆင်းရှိသော သုက်ကို။ ထောပတ်အဆင်းရှိသော သုက်ကိုစေ့ဆော်၏၊ လုံ့လပြု၏၊ လွတ်အံ့၊ သံဃာဒိသိသ်အာပတ် သင့်၏။

သုဒ္ဓိကဝါရ ပြီး၏။