Page:ပါရာဇိကပါဠိတော်.pdf/153

From Wikisource
Jump to navigation Jump to search
This page has not been proofread.

များစွာသော အကြောင်းဖြင့် ကဲ့ရဲ့ပြစ်တင်တော်မူပြီးလျှင် ကိုယ်တိုင် ပြုစုမွေးမြူနိုင်ရန် ခက်ခဲခြင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကိုပြကြကုန်လော့။

ပဌမပညတ်သိက္ခာပုဒ် အနုပညတ်သိက္ခာပုဒ်

(က) "စေတနာနှင့်တကွဖြစ်သော သုက်လွတ်ခြင်းသည် သံဃာဒိသိသ်အာပတ် သင့်၏"

ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)၊

ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။

၂၃၅။ တစ်ရံရောအခါ ရဟန်းတို့သည် မွန်မြတ်သော ဘောဇဉ်တို့ကို စားကြ၍ သတိလွတ်ကင်းအဆင်ခြင်ကင်းကုန်လျက် အိပ်ပျော်ခြင်းသို့ ရောက်ကုန်၏။ သတိလွတ်ကင်း အဆင်ခြင်ကင်းကုန်လျက်အိပ် ပျော်ခြင်းသို့ ရောက်ကုန်သော ထိုရဟန်းတို့အား အိပ်မက်မြင်မက်သဖြင့် သုက်လွတ်၏၊ ထိုရဟန်းတို့ အား 'စေတနာနှင့်တကွ ဖြစ်သော သုက်လွတ်ခြင်းသည် သံဃာဒိသိသ်အာပတ် သင့်၏'ဟုမြတ်စွာဘုရား သည် သိက္ခာပုဒ်ကို ပညတ်တော်မူအပ်လေပြီ၊ ငါတို့သည်လည်း အိပ်မက်မြင်မက်သဖြင့်သုက်လွတ်ကုန်၏၊ ဤအိပ်မက်မြင်မက်ရာ၌စေတနာကို ရထိုက်သည်သာတည်း၊ ငါတို့သည်သံဃာဒိသိသ်အာပတ် သင့်ကုန် သလော"ဟု တွေးတောမှု 'သံသယကုက္ကုစွ္စ' ဖြစ်ကြကုန်၏၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထားကုန်၏။

ရဟန်းတို့ ထိုစေတနာသည် ရှိပေသည်၊ သို့သော်လည်း ထိုစေတနာသည် မပြောပလောက်ပေ၊ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။

၂၃၆။ "အိပ်မက်၌ သုက်လွတ်ခြင်းမှတစ်ပါးစေတနာနှင့်တကွ ဖြစ်သော သုက်လွတ်ခြင်းသည် သံဃာဒိသိသ်အာပတ် သင့်၏" ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။

သိက္ခာပုဒ်အဖွင့်

၂၃၇။ စေတနာနှင့်တကွ ဖြစ်သောဟူသည် သိလျက် အသေအချာသိလျက်စေ့ဆော်၍ လွန်ကျူး၍ကျော်နင်းခြင်းတည်း။

သုက်ဟူသည် ဆယ်မျိုးရှိ၏၊ အညိုရောင် အဝါရောင် အနီရောင် အဖြူရောင် ရက်တက်ရည်ရောင်ရေရောင် ဆီရောင် နွားနို့ရောင် နို့ဓမ်း (ဒိန်ခဲ) ရောင် ထောပတ်ရောင် ရှိသော သုက်တို့တည်း။

လွတ်ခြင်းဟူသည် နေရာမှ ရွေ့စေခြင်းကို ဆို၏။

အိပ်မက်၌ သုက်လွတ်ခြင်းမှတစ်ပါးဟူသည် အိပ်မက်၌ သုက်လွတ်ခြင်းကို ထား၍။

သံဃာဒိသိသ်ဟူသည် ထိုအာပတ်အတွက် သံဃာသာလျှင် ပရိဝါသ် ပေးရ၏၊ အရင်းသို့ ငင်ရ၏၊ မာနတ် ပေးရ၏၊ အဗ္ဘာန်သွင်းရ၏၊ နှစ်ပါးသုံးပါးသည်လည်းကောင်း၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည်လည်းကောင်း ပရိဝါသ် မပေးရ၊ အရင်းသို့ မငင်ရ၊ မာနတ်မပေးရ၊ အဗ္ဘာန်မသွင်းရ၊ ထို့ကြောင့် "သံဃာဒိသိသ်"ဟု ဆိုအပ်၏။ (သံဃာဒိသိသ်ဟူသော အမည်သည်) ထိုအာပတ်အပေါင်း၏ အမည်သာလျှင်တည်း၊ ထို့ကြောင့်လည်း "သံဃာဒိသိသ်"ဟု ဆိုအပ်၏။

၁-သုက္ကဝိဿဋ္ဌိသိက္ခာပုဒ် အဖွင့်ပြီး၏။

ခေါင်းစဉ် မာတိကာ

အတွင်းရုပ်၌ လွတ်စေ၏၊ အပြင်ရုပ်၌ လွတ်စေ၏၊ အတွင်းအပြင် ရုပ်နှစ်ပါး၌ လွတ်စေ၏၊ ကောင်းကင်၌ ခါးကို လှုပ်စေ၍ လွတ်စေ၏၊

ရာဂကြောင့် အင်္ဂါဇာတ် တောင့်တင်းခိုင်မာသော အခါ၌ လွတ်စေ၏၊ ကျင်ကြီးကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာသောအခါ၌ လွတ်စေ၏၊ ကျင်ငယ်ကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာသော အခါ၌လွတ်စေ၏၊ လေကြောင့် အင်္ဂါဇာတ်တောင့်တင်းခိုင်မာသော အခါ၌ လွတ်စေ၏၊