Page:ပါရာဇိကပါဠိတော်.pdf/140

From Wikisource
Jump to navigation Jump to search
This page has not been proofread.

မြတ်စွာဘုရား တပည့်တော်သည် ဝါကြွားလိုသော စိတ်ရှိပါသည်ဟု (လျှောက်ထား၏)၊

ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)၊ (၄)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးကို "ငါ့သျှင် ငါတို့၏ ဥပဇ္ဈယ်ဆရာ၏ အတွင်းနေတပည့်တို့သည် အားလုံး တန်ခိုးအာနုဘော် ကြီးသူချည်း ဖြစ်ကြသည်"ဟု ပြောဆို၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏၊

ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်းဟု (မေးတော်မူရာ)

မြတ်စွာဘုရား တပည့်တော်သည် ဝါကြွားလိုစိတ် ရှိပါသည်ဟု (လျှောက်ထား၏)၊

ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)၊ (၅)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဤသို့ စင်္ကြံသွားလျှင် ရပ်တည်လျှင် ထိုင်လျှင် အိပ်ခြင်းကို ပြုလျှင့်"ငါ့ကို လူအများသည် ချီးမွမ်းမြှောက်စားလိမ့်မည်"ဟု မျှော်လင့်တောင့်တ၍ စင်္ကြံသွား၏၊ ရပ် တည်၏၊ ထိုင်၏၊ အိပ်ခြင်းကို ပြု၏၊ ထိုရဟန်းကို လူအများသည် ချီးမွမ်းမြှောက်စား၏၊ ထိုရဟန်းအားတွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သို့သော်လည်း ရဟန်းတို့မျှော်လင့်တောင့်တ၍ အိပ်ခြင်းကို မပြုရ၊ ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)၊ (၆-၉)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရဟန်းတစ်ပါးအား လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါး ထက်လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ဝါကြွားပြောဆို၏၊ ထိုရဟန်းကလည်း "ငါ့သျှင် ငါလည်းသံယောဇဉ်တို့ကို ပယ်ပြီးပြီ"ဟု ပြန်ပြော၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏၊ ပ၊ ရဟန်း သင်သည် ပါရာဇိက ကျပြီဟု (မိန့်တော်မူ၏)၊ (၁၀)

၂၂၄။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဆိတ်ကွယ်ရာသို့ ကပ်၍ လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ဝါကြွားပြောဆို၏၊ သူတစ်ပါးစိတ်ကို သိသောရဟန်းသည် ထိုရဟန်းကို "ငါ့သျှင် ဤသို့သဘောရှိသော စကားကို မပြောဆိုလင့်၊ သင့်အား ထိုတရားမျိုး မရှိ"ဟု မောင်းမဲ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ မြတ်စွာဘုရားအားဤအကြောင်းကို လျှောက်ထား၏၊ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၁၁)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဆိတ်ကွယ်ရာသို့ ကပ်၍ လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားကို ဝါကြွားပြောဆို၏၊ နတ်သားသည် ထိုရဟန်းကို"အသျှင်ဘုရား ဤသို့ သဘောရှိသော စကားကို မပြောဆိုပါလင့်၊ အသျှင်ဘုရားအား ထိုတရားမျိုးမရှိပါ"ဟု မောင်းမဲ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)၊ (၁၂)

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဥပါသကာတစ်ယောက်ကို "ငါ့သျှင် ဥပါသကာ အကြင် ရဟန်း သည်သင်၏ ကျောင်း၌ နေ၏၊ ထိုရဟန်းသည် ရဟန္တာပေတည်း"ဟု ပြောဆို၏၊ ထိုရဟန်းသည် လည်းထိုဥပါသကာ၏ ကျောင်း၌ နေ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။

ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်းဟု (မေးတော်မူရာ)

မြတ်စွာဘုရား တပည့်တော်သည် ဝါကြွားလိုစိတ် ရှိပါသည်ဟု (လျှောက်ထား၏)၊

ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)၊ (၁၃)