Page:ပါရာဇိကပါဠိတော်.pdf/131

From Wikisource
Jump to navigation Jump to search
This page has not been proofread.

အကြောင်းသုံးမျိုးတို့ဖြင့် မောဟမှလည်း ငါ၏စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်း ရ၏။ လေ့လာခြင်းရှိ၏။ မောဟမှလည်း ငါ၏စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ငါသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်း မျက်မှောက်ပြုအပ်ပြီဟုသိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ မြတ်သောမဂ္ဂင်ရှစ်ပါးကိုလည်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ မောဟမှလည်း ငါ၏ စိတ် သည်အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ မြတ်သော မဂ္ဂင်ရှစ်ပါးကိုလည်း ရ၏။ လေ့လာခြင်းရှိ၏။ မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ငါသည် မြတ်သော မဂ္ဂင်ရှစ်ပါးကိုလည်းမျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ သောတာပတ္တိ ဖိုလ်ကိုလည်း။ သကဒါဂါမိဖိုလ်ကိုလည်း။ အနာဂါမိဖိုလ်ကိုလည်း။ အရဟတ္တဖိုလ်ကိုလည်းဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ မောဟမှလည်း ငါ၏ စိတ်သည် အပိတ်[အပင် 'နီဝရဏ'ကင်းပြီ၊ အရဟတ္တဖိုလ်ကိုလည်း ရ၏။ လေ့လာခြင်းရှိ၏။ မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင်'နီဝရဏ' ကင်းပြီ၊ ငါသည် အရဟတ္တဖိုလ်ကိုလည်း မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန်ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ ဖြင့် မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ငါသည်ရာဂကိုလည်း စွန့်ပြီ။ ငါသည် ဒေါသကိုလည်း စွန့်ပြီ။ ငါသည် မောဟကိုလည်း စွန့်ပြီ၊ ထွေးအန်ပြီ၊ လွှတ်ပြီ၊ ပယ်ပြီ၊ စွန့်ပစ်ပြီ၊ ထိတ်လန့်စေပြီ၊ ကောင်းစွာ ထိတ်လန့်စေပြီဟု သိလျက် မဟုတ်မမှန်ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

မပြောမီ ရှေးမဆွကပင်။ပ။ ဤအကြောင်း သုံးမျိုးတို့ဖြင့်။ပ။ မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် "မဟုတ်မမှန် ပြောမည်"ဟု သိ၏၊ ပြောဆဲ ရဟန်းသည် "မဟုတ်မမှန် ပြောသည်"ဟု သိ၏၊ ပြောပြီး ရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏၊ အယူအဆကို ဖုံးထားလျက် နှစ်သိမ့်သဘောတူညီမှုကို ဖုံးထားလျက် နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက် ရည်မှန်းချက်ကို ဖုံးထားလျက်အကြောင်းခုနစ်မျိုးတို့ဖြင့် မောဟမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ရာဂမှလည်း ငါ၏ စိတ်သည် အပိတ်အပင် 'နီဝရဏ' ကင်းပြီ၊ ဒေါသမှလည်း ငါ၏ စိတ်သည် အပိတ်အပင်'နီဝရဏ' ကင်းပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

ဧကမူ ပြီး၏။

[ဧကမူကို ချဲ့ပြသကဲ့သို့ ဒုကမူစသည်ကိုလည်း ဤအတူပင် အားလုံး ချဲ့ပြအပ်၏]၊

ဤ (ဆိုလတ္တံ့) သည်ကား သဗ္ဗမူတည်း၊