Page:ပါရာဇိကပါဠိတော်.pdf/127

From Wikisource
Jump to navigation Jump to search
This page has not been proofread.

အကြောင်းသုံးမျိုးတို့ဖြင့် ပဌမဈာန်ကိုလည်းကောင်း၊ သတိပဋ္ဌာန် လေးပါးတို့ကိုလည်းကောင်း။ ပဌမဈာန်ကိုလည်းကောင်း၊ သမ္မပ္ပဓာန် လေးပါးတို့ကိုလည်းကောင်း။ ပဌမဈာန်ကိုလည်းကောင်းဣဒ္ဓိပါဒ် လေးပါးတို့ကိုလည်းကောင်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ပဌမဈာန်ကိုလည်းကောင်း၊ ဣဒ္ဓိပါဒ်လေးပါးတို့ကိုလည်းကောင်း ရ၏။ လေ့လာခြင်းရှိ၏။ ငါသည်ပဌမဈာန်ကိုလည်းကောင်း၊ ဣဒ္ဓိပါဒ် လေးပါးတို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပြီဟု သိလျက်မဟုတ်မမှန်ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ ဖြင့် ပဌမဈာန်ကိုလည်းကောင်း၊ ဣန္ဒြေငါးပါးတို့ကိုလည်းကောင်း၊ ပဌမဈာန်ကိုလည်းကောင်း၊ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ပဌမဈာန်ကိုလည်းကောင်း၊ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း ရ၏။ လေ့လာခြင်းရှိ၏။ ငါသည် ပဌမဈာန်ကိုလည်းကောင်း၊ ဗိုလ်ငါးပါးတို့ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား ပါရာဇိကအာပတ် သင့်၏။

၂၀၉။ အကြောင်းသုံးမျိုးတို့ဖြင့် ပဌမဈာန်ကိုလည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်းကောင်းဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ပဌမဈာန်ကိုလည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်းကောင်း ရ၏။ လေ့လာခြင်းရှိ၏။ ငါသည် ပဌမဈာန်ကိုလည်းကောင်း၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကိုလည်းကောင်း မျက် မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် ပဌမဈာန်ကိုလည်းကောင်း၊ မြတ်သော မဂ္ဂင်ရှစ်ပါးကိုလည်းကောင်းဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ပဌမဈာန်ကိုလည်းကောင်း၊ မြတ်သော မဂ္ဂင်ရှစ်ပါးကိုလည်းကောင်း ရ၏။ လေ့လာခြင်းရှိ၏။ ငါသည် ပဌမဈာန်ကိုလည်းကောင်း၊ မြတ်သော မဂ္ဂင်ရှစ်ပါးကိုလည်းကောင်း မျက်မှောက် ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ်သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် ပဌမဈာန်ကိုလည်းကောင်း၊ သောတာပတ္တိဖိုလ်ကိုလည်းကောင်း။ ပဌမဈာန်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း။ ပဌမဈာန်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း။ ပဌမဈာန်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ပဌမဈာန်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း ရ၏။ လေ့လာခြင်းရှိ၏။ ငါသည် ပဌမဈာန်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုအပ်ပြီဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ ဖြင့် ပဌမဈာန်ကိုလည်း ဝင်စားခဲ့ပြီ။ ဝင်စားသည်။ ဝင်စားနေ၏။ ပဌမဈာန်ကိုလည်း ရ၏။ လေ့လာခြင်းရှိ၏။ ငါသည် ပဌမဈာန်ကိုလည်း မျက်မှောက်ပြုအပ်ပြီ၊ ငါသည် ရာဂကိုလည်း စွန့်ပြီ။ ဒေါသကိုလည်း စွန့်ပြီ။