Page:ပါရာဇိကပါဠိတော်.pdf/124

From Wikisource
Jump to navigation Jump to search
This page has not been proofread.

ဝင်စားနေ၏၊ စတုတ္ထဈာန်ကို ရသည်၊ စတုတ္ထဈာန်ကိုလေ့လာခြင်းရှိ၏၊ ငါသည် စတုတ္ထဈာန်ကို မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား ပါရာဇိကအာပတ် သင့်၏။

မပြောမီ ရှေးမဆွကပင် ထိုရဟန်းသည် "မဟုတ်မမှန် ပြောမည်"ဟု သိ၏၊ ပြောဆဲ ရဟန်းသည် "မဟုတ်မမှန် ပြောသည်"ဟု သိ၏၊ ပြောပြီးရဟန်းသည် "ငါ မဟုတ်မမှန် ပြောမိပြီ"ဟု သိ၏။

အယူအဆကို ဖုံးထားလျက် နှစ်သိမ့် သဘောတူညီမှုကို ဖုံးထားလျက် နှစ်သက်ကျေနပ်မှုကို ဖုံးထားလျက် ရည်မှန်းချက်ကို ဖုံးထားလျက် အကြောင်းခုနစ်မျိုးတို့ဖြင့် စတုတ္ထဈာန်ကို မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

၂၀၇။ အကြောင်းသုံးမျိုးတို့ဖြင့် ကိလေသာဆိတ်သုဉ်း၍ လွတ်မြောက်ခြင်း 'သုညတဝိမောက္ခ'၊ ကိလေသာ အကြောင်းနိမိတ်မရှိ၍ လွတ်မြောက်ခြင်း 'အနိမိတ္တဝိမောက္ခ'၊ ကိလေသာတောင့်တမှုမရှိ၍လွတ် မြောက်ခြင်း'အပ္ပဏိဟိတဝိမောက္ခ' ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ကိလေသာတောင့်တမှု မရှိ၍ လွတ်မြောက်ခြင်း'အပ္ပဏိဟိတဝိမောက္ခ' ကို ရသည်၊ လေ့လာခြင်းရှိ၏၊ ငါသည် ကိလေသာ တောင့်တမှုမရှိ၍ လွတ်မြောက်ခြင်း 'အပ္ပဏိဟိတဝိမောက္ခ' ကိုမျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ် မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။ပ။

အကြောင်းသုံးမျိုးတို့ဖြင့် ကိလေသာဆိတ်သုဉ်း၍ တည်ကြည်ခြင်း 'သုညတသမာဓိ'၊ ကိလေသာအကြောင်း နိမိတ်မရှိ၍ တည်ကြည်ခြင်း 'အနိမိတ္တသမာဓိ'၊ ကိလေသာတောင့်တမှုမရှိ၍ တည်ကြည်ခြင်း'အပ္ပဏိဟိတသမာဓိ'ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ကိလေသာတောင့်တမှုမရှိ၍ တည်ကြည်ခြင်း 'အပ္ပဏိဟိတသမာဓိ' ကို ရသည်၊ လေ့လာခြင်းရှိ၏၊ ငါသည် ကိလေသာတောင့်တမှုမရှိ၍တည်ကြည်ခြင်း 'အပ္ပဏိဟိတသမာဓိ'ကို မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် ကိလေသာ ဆိတ်သုဉ်း၍ ဝင်စားခြင်း 'သုညတသမာပတ်'၊ ကိလေသာအကြောင်း နိမိတ်မရှိ၍ ဝင်စားခြင်း 'အနိမိတ္တသမာပတ်'၊ ကိလေသာ တောင့်တမှုမရှိ၍ ဝင်စားခြင်း 'အပ္ပဏိဟိတသမာပတ်' ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ကိလေသာ တောင့်တမှုမရှိ၍ဝင်စားခြင်း 'အပ္ပဏိဟိတသမာပတ်' ကို ရသည်၊ လေ့လာခြင်းရှိ၏၊ ငါသည် ကိလေသာ တောင့်တမှုမရှိ၍ဝင်စားခြင်း 'အပ္ပဏိဟိတသမာပတ်' ကို မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသောရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် ဝိဇ္ဇာသုံးပါးတို့ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ဝိဇ္ဇာသုံးပါး တို့ကိုရသည်၊ လေ့လာခြင်းရှိ၏၊ ငါသည် ဝိဇ္ဇာသုံးပါးတို့ကို မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ် မမှန်ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် သတိပဋ္ဌာန်လေးပါးတို့ကို သမ္မပ္ပဓာန် လေးပါးတို့ကို ဣဒ္ဓိပါဒ်လေးပါးတို့ကိုဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ဣဒ္ဓိပါဒ်လေးပါးတို့ကို ရသည်၊ လေ့လာခြင်း ရှိ၏၊ ငါသည်ဣဒ္ဓိပါဒ်လေးပါးတို့ကို မျက်မှောက်ပြုအပ်ပြီဟု သိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအားပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို ဗိုလ်ငါးပါးတို့ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စား နေ၏၊ ဗိုလ်ငါးပါးတို့ကို ရသည်၊ လေ့လာခြင်းရှိ၏၊ ငါသည် ဗိုလ်ငါးပါးတို့ကို မျက်မှောက်ပြုအပ်ပြီဟု သိလျက်မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။

အကြောင်းသုံးမျိုးတို့ဖြင့် ဗောဇ္ဈင်ခုနစ်ပါးတို့ကို ဝင်စားခဲ့ပြီ၊ ဝင်စားသည်၊ ဝင်စားနေ၏၊ ဗောဇ္ဈင်ခုနစ်ပါးတို့ကို ရသည်၊ လေ့လာခြင်းရှိ၏၊ ငါသည် ဗောဇ္ဈင်ခုနစ်ပါးတို့ကို မျက်မှောက်ပြုအပ်ပြီဟုသိလျက် မဟုတ်မမှန် ပြောဆိုသော ရဟန်းအား ပါရာဇိကအာပတ် သင့်၏။