Help:ပုံများ ထည့်သွင်းခြင်း

From Wikisource
Jump to navigation Jump to search
Help:ပုံများ ထည့်သွင်းခြင်း
လမ်းညွှန်များ: အထွေထွေ မိတ်ဆက်ဖတ်ရှုခြင်းတည်းဖြတ်ခြင်းစာသားအသစ်များ ပေါင်းထည့်ခြင်းပုံများ ထည့်သွင်းခြင်းအခြား အကူအညီများ

ဤစာမျက်နှာတွင် ဝီကီရင်းမြစ်၌ ပုံဖော်ပြသမှုများအား မည်သို့ ပြင်ဆင်ထည့်သွင်းရမည်ကို အနှစ်ချုပ် ဖော်ပြထားသည်။

ပုံလမ်းညွှန်တွင် အသုံးပြုပုံ၊ ထားရှိပုံနှင့် ထည့်သွင်းရမည့် သတ်မှတ်ချက်များကို ရှင်းပြထားသည်။

ပုံတစ်ပုံအား ပြင်ဆင်ပြီးပါက ဝီကီမီဒီယာ ကွန်မွန်းစ်သို့ သွားကာ ပုံများတင်ခြင်းရှိ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်ပါ။

ယင်းသို့ တဆင့်ခြင်းဆောင်ရွက်ခြင်းသည် သင့်အတွက် ခက်ခဲပါက ဝီကီရင်းမြစ် ရုပ်ပုံဖော် (ကိရိယာငယ်မှ ဖွင့်လှစ်နိုင်သည်) ကို စမ်းသပ်အသုံးပြုနိုင်သည်။ ပုံအား ကိုယ်တိုင်ဆွဲထုတ်ခြင်း၊ မေတာဒေတာများ ထည့်ခြင်းပြုလုပ်ပြီးပါက "Upload" အားနှိပ်ပါ။

ဖိုင်အမျိုးအစားများ

[edit]
  • Djvu: စက်မှ ဖတ်ရှုနိုင်သော စာသားအလွှာနှင့် ရင်းမြစ်စကင်န် ပါဝင်သော ဖိုင်အမျိုးအစား ဖြစ်သည်။ စာမျက်နှာနှင့် မာတိကာ အမည်ညွှန်းများမှ တဆင့် ဘေးတိုက်နှိုင်းယှဉ် ပရုဖ်ဖတ်ခြင်းတို့ကို ပြုလုပ်ရာတွင် အသုံးပြုလေ့ရှိသည်။
  • JPG, PNG, TIFF, စသည်တို့သည် ပုံဖော်ပြသရန်အတွက် သင့်လျော်ပြီး djvu ကဲ့သို့ ရင်းမြစ်အနေဖြင့် တွေ့ရနိုင်သည်။

ပုံပြင်ဆင်ခြင်း

[edit]
  1. အရည်အသွေးမြင့်မားသော ပုံကို ရယူခြင်း - အောက်တွင် ကြည့်ပါ။ ပုံပြင်ဆင်သည့် ဆော့ဖ်ဝဲတစ်ခုခုဖြင့် ဖွင့်ပါ။
  2. စာသားများ၊ ပုံခေါင်းစဉ်များနှင့် အခြားကွက်လပ်များ ဖယ်ရှားရန်အတွက် ပုံကို Crop ပြုလုပ်ပါ။
  3. ပုံအား လိုအပ်သလို ဘယ်၊ ညာ လှည့်ပါ။ အနုစိတ်ချိန်ညှိခြင်းဖြင့် ပုံအား တိုးတက်ကောင်းမွန်စေသည်။
  4. အဖြူရောင် သို့မဟုတ် ထွင်းဖောက်မြင်နိုင်သော နောက်ခံကို အသုံးပြုခြင်းဖြင့် ဝီကီရင်းမြစ် စာမျက်နှာများနှင့် ကိုက်ညီသောကြောင့် အဖြူအမည်းအဖြစ် ပြောင်းလဲရန် စဉ်းစားပါ။
  • 'colour profile' သို့မဟုတ် အလားတူ လုပ်ဆောင်ချက်ဖြင့် အဖြူအမဲ ပြောင်းပါ။
  • 'colour correction' သို့မဟုတ် အလားတူ လုပ်ဆောင်ချက်ဖြင့် အဖြူရောင်နှင့် အမည်းရောင်ကို ချိန်ညှိပါ။

နောက်ခံအရောင်ကို ဖယ်ရှားကာ ပုံဖော်ပြသရန်အတွက် မင် 'ink' သာ ကျန်သော ရလဒ်ကို ရရှိမည်။ အရောင်ပါသော ပုံများအတွက် ပြန်လည်ရယူခြင်း နည်းလမ်းများအတွက် ကွန်မွန်းစ်တွင် လမ်းညွှန်များ တွေ့နိုင်ပါသည်။

ပုံအရည်အသွေး

[edit]

စာမျက်နှာ စကင်န်နှင့် အရည်အသွေးမြင့် ပုံများ ရရှိနိုင်မည့် လမ်းစဉ် ဖြစ်သည်။

စာသားပုံများ

[edit]

ဝီကီရင်းမြစ်တွင် ဖန်တီးလုပ်ဆောင်ချက်များအား ကူးယူခြင်း၊ ပရုဖ်ဖတ်ခြင်းနှင့် အတည်ပြုခြင်းတို့အတွက် DjVu ဖိုင်အမျိုးအစားကို အသုံးပြုသည်။ ဤဖိုင်များသည် ပရင့်ထုတ်ခြင်းအတွက် ပိုမိုသင့်လျော်ခြင်း၊ ဖိုင်အရွယ်အစားအား ချုံ့ထားနိုင်ခြင်းနှင့် စာမျက်နှာတစ်ခုခြင်းစီအတွက် ဒစ်ဂျစ်တယ်စနစ်စာသားများ ပါဝင်သည်။ ရိုးရှင်းသော ပုံများအတွက် ဤဖိုင်များသည် ပုံဖော်ပြသနိုင်သော်လည်း အရောင်နှင့် အနုစိတ်အသေးစိတ်များအတွက် မသင့်လျော်ပေ။ ယင်းတို့၏ အသုံးပြုပုံကို Help:Proofread တွင် ဆွေးနွေးထားသည်။

  1. archive.org ကဲ့သို့သော ဆိုဘ်များတွင် ဖန်တီးလုပ်ဆောင်ချက်တစ်ခု၏ စကင်န် ကို ရှာဖွေပါ။
  2. စကင်န်အရည်အသွေးသည် များသောအားဖြင့် ညံ့ဖျင်းလေ့ရှိသည်။ စကင်န်ထားသော စာမျက်နှာ နမူနာ သို့မဟုတ် စာသားပုံစံကို စစ်ဆေးရန် မူလဝဘ်ဆိုက် သို့မဟုတ် manipulate a .jp2 file တွင် ကြည့်ပါ။
  3. အောက်တွင် ဖော်ပြထားသည့်အတိုင်း ဆီလျော်သော ခေါင်းစဉ်နှင့် သံတူကြောင်းကွဲများအတိုင်း အပ်လုပ် တင်ပါ။
  • မှတ်ချက်။ မလိုအပ်သော ပြင်ပအကြောင်းအရာများ ပါဝင်ပါက ပထမစာမျက်နှာကို ဖယ်ရှားနိုင်သည်။
  1. ဖိုင်အား DjVuLibre သို့မဟုတ် အလားတူ ဖြင့် ဖွင့်ပါ။
  2. 'save as' အား ရွေးချယ်ပြီး စာမျက်နှာ အရေအတွက်ကို ချိန်ညှိပါ။ ဥပမာ 2–123

ပုံဖော်မှုများ

[edit]

ဝဘ်ဆိုဒ်များသည် စာရွက်စာတမ်းများ၏ စကင်န်အား ဖိုင်ပုံစံ အမျိုးမျိုးဖြင့် ထောက်ပံ့ပေးလေ့ရှိသည်။ အဆိုပါဖိုင်များထဲမှ ပုံဖော်ထားမှုများအား ထုတ်ယူနိုင်ရန် Help:Image extraction တွင် လမ်းညွှန်ချက် ရှိသည်။