၁၉၆၃ ခုနှစ်၊ ပြန်လည်ထူထောင်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၆၃ ခုနှစ်၊ ပြန်လည်ထူထောင်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ (1963)
by ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ
293049၁၉၆၃ ခုနှစ်၊ ပြန်လည်ထူထောင်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ1963ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့

၁၉၆၃ ခုနှစ်၊ ပြန်လည်ထူထောင်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ။

[၁၉၆၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၁၇။]

၁၃၂၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ရက်။

(၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။ )


အောက်ဖေါ်ပြပါဥပဒေကို ထုတ်ပြန်ကျေညာသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။


၁။ ။ (၁) ဤဥပဒေကို၊ ၁၉၆၃ ခုနှစ်၊ ပြန်လည်ထူထောင်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။

(၂) ဤဥပဒေသည်၊ အစိုးရက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင်အာဏာတည်ရမည်။


၂။ ။ ၁၉၅၀ ပြည့်နှစ်၊ ပြန်လည်ထူထောင်ရေးအဖွဲ့ အက်ဥပဒေကို ၊ ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။


ဗိုလ်နေဝင်း၊

ဥက္ကဋ္ဌ၊

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။


ရန်ကုန်မြို့၊ ၁၃၂၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ရက်။

(၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။ )


အမိန့်အရ၊

ဒု-ဗိုလ်မှူးကြီးကိုကို၊

အတွင်းဝန်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရအဖွဲ့ ဥက္ကဋ္ဌရုံး။