၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ

From Wikisource
Jump to navigation Jump to search
၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ (1959)
355955၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ1959

၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ။
[၁၉၅၉ ခုနှစ်၊ အက်ဥပဒေအမှတ် ၄၃။]

အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။

အခဏ်း ၁။ နိဒါန်း။

[edit]

အမည်နှင့် စတင် အာဏာတည်သည့် နေ့ရက်။

[edit]

၁။ ။ (၁) ဤအက်ဥပဒေကို ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေဟု ခေါ်တွင်စေရမည်။

(၂) ဤအက်ဥပဒေသည်၊ နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင် အာဏာတည်ရမည်။

ဤအက်ဥပဒေကို လိုက်နာရသူများ။

[edit]

၂။ ။ (၁) အောက်တွင်ဖေါ်ပြထားသူများသည်၊ မည်သည့်နေရာအရပ်၌မဆို ရောက်ရှိနေစေကာမူ၊ ဤအက်ဥပဒေကို လိုက်နာကြရမည်။

(က) တပ်မတော်တွင် အမှုထမ်းနေကြသော အရာရှိများ၊
(ခ) ဤအက်ဥပဒေအရ စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသောသူများ၊
(ဂ) မြန်မာနိုင်ငံကြည်းတပ်အက်ဥပဒေ (The Burma Army Act)၊ သို့တည်းမဟုတ် ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံရေတပ် (စည်းကမ်း) အက်ဥပဒေ (The Burma Naval (Discipline) Act, 1947)၊ သို့တည်းမဟုတ်၊ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလေတပ် (စည်းကမ်း) အက်ဥပဒေ (The Burma Air Force (Discipline) Act, 1947) ကို၊ ဤအက်ဥပဒေအာဏာတည်အံ့ဆဲဆဲကာလက လိုက်နာရသူများ၊ ထို့ပြင်
(ဃ) အခြားနည်းအားဖြင့် စစ်ဘက်ဥပဒေကို လိုက်နာရသည် မဟုတ်စေကာမူ တန်းပြည့်စစ်မှုထမ်းချိန် ၌၊ စစ်စခန်းတွင်၊ စစ်ချီနေသည့်အခါတွင်၊ သို့တည်းမဟုတ် နိုင်ငံတော်သမတက ဤကိစ္စအလို့ငှါ အမိန့် ကြော်ငြာစာဖြင့် သီးခြားသတ်မှတ်ထားပြီးဖြစ်သော နယ်စပ်စစ်စခန်းတခုခုတွင်၊ တပ်မတော်၏အစိတ် အပိုင်းတခုခုက စေခိုင်းခြင်းခံရသူများ၊ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်း တခုခုတွင်အမှုထမ်းရွက် နေရသူများ၊ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတခုခုတွင် နောက်လိုက်နောက်ပါဖြစ်ကြသူများ၊ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတခုခုနှင့် လိုက်ပါလာကြသူများ။

(၂) ပုဒ်မခွဲ(၁)၊ အပိုဒ်(က)၊ (ခ)၊ သို့တည်းမဟုတ် (ဂ)အရ ဤအက်ဥပဒေကို လိုက်နာရသူတိုင်းသည်၊ မိမိ၏စစ်မှုထမ်းခြင်းရပ်စဲလိုက်သည်အထိ၊ နည်းလမ်းတကျ အငြိမ်းစားပေးလိုက်သည်အထိ၊ ထွက်ခွင့် ပေးလိုက်သည်အထိ၊ နုတ်ပယ်လိုက်သည်အထိ၊ အမြဲတန်းထုတ်ပစ်လိုက်သည်အထိ၊ သို့တည်းမဟုတ် ရှုတ်ချ၍ အမြဲတန်းထုတ်ပစ်လိုက်သည်အထိ၊ ဤအက်ဥပဒေကို လိုက်နာလျက်ရှိရမည်။

အဓိပ္ပါယ်ဖေါ်ပြချက်များ။

[edit]

၃။ ။ ဤအက်ဥပဒေတွင် အကြောင်းအရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ၊ မဆန့်ကျင်လျှင်-

(က) “တန်းပြည့်စစ်မှုထမ်းချိန်”ဆိုသည်မှာ၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးနှင့် သက်ဆိုင်စေရာ ၌၊ အောက်ပါအတိုင်း၊ ထိုသူပါဝင်ဆောင်ရွက်နေသည့်အချိန်ကို ဆိုလိုသည်။

(၁) ရန်သူနှင့်ပြိုင်ဆိုင် တိုက်ပွဲဆင်နွှဲနေသော တပ်ဖွဲ့တဖွဲ့တွင်၊ တွဲဘက်ထားသည့်အချိန်၊ သို့တည်း မဟုတ် ပါဝင်သည့်အချိန်၊ သို့တည်းမဟုတ်
(၂) ရန်သူက လုံးဝသော်၎င်း၊ တစိတ်တဒေသသော်၎င်း၊ သိမ်းပိုက်ထားသော တိုင်းပြည်တပြည်၌ ဖြစ်စေ၊ နေရာတခု၌ဖြစ်စေ၊ တိုက်ပွဲဆင်နွှဲနေသည့်အချိန်၊ သို့တည်းမဟုတ် ယင်းကဲ့သို့သော တိုင်းပြည် တပြည်သို့ဖြစ်စေ၊ နေရာတခုသို့ဖြစ်စေ၊ စစ်ချီတက်ရာ၌ ပါဝင်သည့်အချိန်၊ သို့တည်းမဟုတ်
(၃) နိုင်ငံခြားနိုင်ငံတခုကို သိမ်းပိုက်ထားသော တပ်ဖွဲ့တဖွဲ့တွင် တွဲဘက်ထားသည့်အချိန်၊ သို့တည်း မဟုတ် ပါဝင်သည့်အချိန်။

(ခ) “လေယာဉ်”ဆိုသည့်စကားရပ်တွင် လေယာဉ်ပျံများ၊ ဓါတ်ပုံးပျံများ၊ လေတံခွန်ဓါတ်ပုံးပျံများ၊ လေသင်္ဘောများ၊ စက်မဲ့လေယာဉ်များ၊ သို့တည်းမဟုတ် အခြားပျံသန်းရေး စက်ယန္တရားများပါဝင်သည်။

(ဂ) “လေယာဉ်ပစ္စည်း”ဆိုသည့် စကားရပ်တွင် လေယာဉ်နှင့်စပ်လျဉ်း၍ အသုံးပြုသောစက်များ၊ တပ်ဆင်ထားသောပစ္စည်းများ၊ သေနတ်များ၊ ကိရိယာများ၊ ချိန်ခွက်များ၊ သို့တည်းမဟုတ် တန်ဆာ ပလာများ၊ လေယာဉ်၏အတက်ပစ္စည်းများနှင့် အကူပစ္စည်းများ၊ ထို့ပြင် လေယာဉ်ပျံများပျံသန်းနိုင်ရန် စွမ်းအားပေးရေးအတွက် အသုံးပြုသော ဓါတ်ဆီ၊ စက်ဆီနှင့် အခြားအရာဝတ္ထုများ ပါဝင်သည်။

(ဃ) “လေကြောင်းအချက်ပြ”ဆိုသည်မှာ၊ အလံဖြင့်ဖြစ်စေ၊ မြေပြင်မှ အချက်ပြခြင်းဖြင့်ဖြစ်စေ၊ မီးရောင်ဖြင့်ဖြစ်စေ၊ လေညွှန်းကိရိယာဖြင့်ဖြစ်စေ၊ အခြားနည်းတခုခုဖြင့်ဖြစ်စေ၊ လေယာဉ်ကိုလမ်းညွှန် ပြရေးအတွက် ရည်စူးပြုလုပ်သော အချက်ပြခြင်းကိုဆိုလိုသည်။

(င) “နယ်ဘက်ပြစ်မှု”ဆိုသည်မှာ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ကျူးလွန်သည့်ပြစ်မှုဖြစ်လျှင်၊ ရာဇဝတ်တရားရုံးတရုံးက စစ်ဆေးစီရင်နိုင်သော ပြစ်မှုကိုဆိုလိုသည်။

(စ) “နယ်ဘက်အကျဉ်းထောင်”ဆိုသည်မှာ၊ အကျဉ်းထောင်များ အက်ဥပဒေအရသော်၎င်း၊ တည်ဆဲ အခြားတရားဥပဒေ တခုခုအရသော်၎င်း၊ မည်သည့်ရာဇဝတ်အကျဉ်းသားကိုမဆို၊ ချုပ်ထားရန်အသုံး ပြုသော အကျဉ်းထောင်တခုခု၊ သို့တည်းမဟုတ် နေရာတခုခုကို ဆိုလိုသည်။

(ဆ) “တပ်မှူး”ဆိုသည်မှာ၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးနှင့်ပတ်သက်၍ သုံးနှုန်းထားသည့် အခါ၊ ထိုသူပါရှိသော၊ သို့တည်းမဟုတ် ထိုသူအားတွဲဘက်ထားသော တပ်ကိုသော်၎င်း၊ ခွဲထုတ်တပ်ကို သော်၎င်း၊ အခါအားလျော်စွာ ကွပ်ကဲနေသောအရာရှိကို၊ သို့တည်းမဟုတ် နိုင်ငံတော်သမတက “တပ်မှူး”ဟု သီးခြားသတ်မှတ်လိုက်သော အရာရှိတဦးဦးကို ဆိုလိုသည်။

(ဇ) “တပ်အဖွဲ့”ဆိုသည်မှာ၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်အားလုံး၊ သို့တည်းမဟုတ် တခုခု၏ ကိစ္စ များအတွက် တပ်အဖွဲ့တဖွဲ့ဟုသတ်မှတ်ထားသော ဤအက်ဥပဒေကို လိုက်နာရသည့် သီးခြားလူစုတစု ကို ဆိုလိုသည်။

(ဈ) “စစ်တရားရုံး”ဆိုသည်မှာ၊ ဤအက်ဥပဒေအရ ရုံးထိုင်သော စစ်တရားရုံးကို ဆိုလိုသည်။

(ည) “စစ်ဘက်အယူခံတရားရုံး”ဆိုသည်မှာ၊ ဤအက်ဥပဒေ၏ အခဏ်း ၁၇ အရ၊ ဖွဲ့စည်းအပ်သော စစ်ဘက် အယူခံတရားရုံးကို ဆိုလိုသည်။

(ဋ) “ရာဇဝတ်တရားရုံး”ဆိုသည်မှာ၊ ပြည်ထောင်စုမြန်မာနိုင်ငံတွင်းရှိ သာမန်ရာဇဝတ်မှု တရားစီရင် သောရုံးကို ဆိုလိုသည်။

(ဌ) “တပ်မတော်”ဆိုသည်မှာ၊ ကြည်းတပ်၊ ရေတပ်နှင့်လေတပ်တို့ကို ဆိုလိုသည်။

(ဍ) “ဌာန”ဆိုသည့်စကားရပ်တွင် ဌာနတခု၏အစိတ်အပိုင်းတခုခု၊ သို့တည်းမဟုတ် ဌာနခွဲတခုခုပါဝင် သည်။

(ဎ) “ရန်သူ”ဆိုသည့်စကားရပ်တွင် လက်နက်ကိုင်စစ်ပုန်ကန်မှု ပြုသူအားလုံး၊ လက်နက်ကိုင်သူပုန် အားလုံး၊ လက်နက်ကိုင်ရုန်းရင်းဆန်ခတ်မှုပြုသူအားလုံး၊ ရေကြောင်း၊ လေကြာင်း၊ ဓါးပြအားလုံးအပြင်၊ စစ်ဘက်ဥပဒေကို လိုက်နာရသူတဦး၏ အရေးယူခြင်းခံရမည့်၊ မည်သည့်လက်နက်စွဲကိုင်သူမဆိုပါဝင် သည်။

(ဏ) “စစ်ဘက်”ဆိုသည့်စကားရပ်သည် တပ်မတော်တခုလုံး၊ သို့တည်းမဟုတ် တပ်မတော်၏ အစိတ် အပိုင်းတခုခုကို ရည်ညွှန်းသည်ဟု အဓိပ္ပါယ်ကောက်ယူရမည်။

(တ) “စစ်ဘက်အချုပ်”ဆိုသည်မှာ၊ တပ်မတော်ထုံးတမ်းအတိုင်း တဦးတယောက်သောသူအား ဘမ်းဆီးထားခြင်း၊ သို့တည်းမဟုတ် အချုပ်နှင့်ထားခြင်းကို ဆိုလိုသည်။

(ထ) “စစ်ဘက်အကျဉ်းထောင်”ဆိုသည်မှာ၊ ပုဒ်မ ၁၈၀ ပါ ပြဋ္ဌာန်းချက်များအရ၊ ထားရှိသော စစ်ဘက်အကျဉ်းထောင်ကို ဆိုလိုသည်။ ထို့ပြင်ထိုစကားရပ်တွင် နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာ ဖြင့် အခါအားလျော်စွာထုတ်ပြန်ကျေညာသည့် စစ်ဘက်အကျဉ်းထောင်လည်းပါဝင်သည်။

(ဒ) “စစ်ဘက်ဆု”ဆိုသည့်စကားရပ်တွင် လုပ်သက်ရှည်အတွက်သော်၎င်း၊ စာရိတ္တကောင်းအတွက် သော်၎င်း၊ ပေးသောဆုကြေးတခုခု၊ သို့တည်းမဟုတ် နှစ်စဉ်ဆုကြေးတခုခု၊ စာရိတ္တကောင်း လစာတခုခု အပြင်၊ အခြား မည်သည့်စစ်ဘက်ဆုငွေမဆို ပါဝင်သည်။

(ဓ) “အကြပ်”ဆိုသည်မှာ၊ တပ်မတော်တွင် အကြပ်အဆင့် လက်ရှိဖြစ်သောသူကို ဆိုလိုသည်။ ထို့ပြင် ထိုစကားရပ်တွင် ခေတ္တအကြပ်များလည်း ပါဝင်သည်။

(န) “ပြစ်မှု”ဆိုသည်မှာ၊ ဤအက်ဥပဒေအရ၊ ပြစ်ဒဏ်ချမှတ်ထိုက်သည့် ပြုလုပ်မှုတခုခု၊ သို့တည်း မဟုတ် ပျက်ကွက်မှုတခုခုကို ဆိုလိုသည်။ ထို့ပြင် ထိုစကားရပ်တွင် နယ်ဘက်ပြစ်မှုလည်း ပါဝင်သည်။

(ပ) “အရာရှိ”ဆိုသည်မှာ၊ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ပြီးသော၊ အစိုးရပြန်တမ်းတွင် ထုတ်ပြန် ပြီးသော၊ သို့တည်းမဟုတ် တပ်မတော်၏တပ်တခုခုတွင် ပြန်တမ်းဝင်အရာရှိ တဦးအဖြစ်ဖြင့် လစာရရှိ နေသောသူကို ဆိုလိုသည်။

(ဖ) “သတ်မှတ်သည်”ဆိုသည်မှာ၊ ဤအက်ဥပဒေအရ၊ ပြုသည့်နည်းဥပဒေများဖြင့် သတ်မှတ်ခြင်းကို ဆိုလိုသည်။

(ဗ) “တပ်ထိန်းချုပ်”ဆိုသည်မှာ၊ ပုဒ်မ ၁၀၉ အရ၊ ခန့်အပ်သောတပ်ထိန်းချုပ်ကို ဆိုလိုသည်။ ထို့ပြင် ထိုစကားရပ်တွင် ဒုတိယတပ်ထိန်းချုပ်၊ သို့တည်းမဟုတ် လက်ထောက်တပ်ထိန်းချုပ်၊ သို့တည်းမဟုတ် တပ်ထိန်းချုပ်၏ လက်အောက်ခံအဖြစ်သော်၎င်း၊ တပ်ထိန်းချုပ်၏ ကိုယ်စားသော်၎င်း၊ ဤအက်ဥပဒေ နှင့်အညီ အာဏာသုံးစွဲနိုင်သည့် အခြားသူတဦးဦးလည်းပါဝင်သည်။

(ဘ) “အတွင်းဝန်”ဆိုသည်မှာ၊ စစ်ဘက်အယူခံတရားရုံး၏ အတွင်းဝန်ကို ဆိုလိုသည်။

(မ) “စစ်ဘက်အယူခံတရားရုံးနည်းဥပဒေများ”ဆိုသည်မှာ၊ နိုင်ငံတော်သမတ၏ သဘောတူညီချက် ဖြင့်၊ တရားလွှတ်တော်ချုပ်ကပြုသော စစ်ဘက်အယူခံတရားရုံးနည်းဥပဒေများကို ဆိုလိုသည်။

(ယ) “အထက်အရာရှိ”ဆိုသည့်စကားရပ်တွင် ဤအက်ဥပဒေကို လိုက်နာရသူတဦးနှင့် ပတ်သက်၍ သုံးနှုန်းထားသည့်အခါ အရာခံဗိုလ်နှင့် အကြပ်တို့ပါဝင်သည်။

(ရ) “တပ်”ဆိုသည့်စကားလုံးတွင်-

(၁) သီးခြားဖွဲ့စည်းပုံဇယား ခွင့်ပြုရရှိထားသော၊ အရာရှိများနှင့် အရာရှိမဟုတ်သူများ ပါဝင်သည့် အဖွဲ့အစည်းတခုခုနှင့်
(၂) နိုင်ငံတော်သမတက တပ်တတပ်ဟုသီးခြားဖေါ်ပြထားပြီး၊ ဤအက်ဥပဒေကိုလိုက်နာရသူအားလုံး၊ သို့တည်းမဟုတ် အချို့ပါဝင်သည့် အခြားသီးခြားအဖွဲ့အစည်း တခုခုပါဝင်သည်။

(လ) “အရာခံဗိုလ်”ဆိုသည်မှာ၊ တပ်မတော်တွင် အရာခံဗိုလ်တဦးအဖြစ် ခန့်ထားသော၊ သို့တည်း မဟုတ် အရာခံဗိုလ်တဦးအဖြစ် လစာရရှိနေသောသူကို ဆိုလိုသည်။

(ဝ) “စခန်း၌ဖြစ်စေ၊ နေထိုင်ရာနေရာ၌ဖြစ်စေ၊ ရှိသည့်တပ်ကြွေးမြီများနှင့် အခြားကြွေးမြီများ” ဆိုသည့် စကားရပ်တွင်၊ စစ်ဘက်ကြွေးမြီများဖြစ်သော အောက်ပါတို့နှင့်စပ်လျဉ်းသည့် ကျသင့်ငွေ၊ သို့တည်းမဟုတ် ကြိုတင်ပေးငွေအတွက် ပေးဆပ်ရမည့်ငွေပါဝင်သည်။

(၁) နေထိုင်ရာနေရာ။
(၂) ရိပ်သာ၊ တီးဝိုင်း၊ တို့ပြင် တပ်ရင်းအခြားငွေစာရင်း။
(၃) သေဆုံးသူ၏ သုံးလအတွက် လစာနှင့်ညီမျှသည့် ငွေထက်မပိုသည့်ပြင်၊ ထိုသူမသေမီက တဆယ့် ရှစ်လအတောအတွင်း ပေးဆပ်ရမည်ဖြစ်သည့် စစ်ဘက်အဝတ်အစား၊ အဆောင်အယောင်နှင့် ကိရိယာ တန်ဆာပလာ။

(သ) “ကိုယ်စားဆောင်ရွက်ခွင့်လက်မှတ်” ဆိုသည့်စကားရပ်တွင် သူတဦးအား သေဆုံးသူ၏ သေတမ်းစာ အတည်ပြုသူသော်၎င်း၊ အမွေထိန်းသော်၎င်း၊ ဖြစ်စေသည့်၊ သို့တည်းမဟုတ် သေဆုံးသူ၏ ကြွေးမြီဆပ်ပြီး ကျန်ရှိသည့်အမွေပစ္စည်းများကို လက်ခံရန်ဖြစ်စေ၊ ရယူရန်ဖြစ်စေ၊ အာဏာလွှဲအပ်သည့် သေတမ်းစာအတည်ပြုလက်မှတ်၊ သေတမ်းစာပူးတွဲပါသော၊ သို့တည်းမဟုတ် ပူးတွဲမပါသော အမွေထိန်း ခန့်စာ၊ ထိုပြင် အမွေဆက်ခံရန် သက်သေခံလက်မှတ်စာပါဝင်သည်။

(ဟ) “ကိုယ်စားဆောင်ရွက်သူ”ဆိုသည်မှာ၊ ကိုယ်စားဆောင်ရွက်ခွင့် လက်မှတ်ရသူ တဦးဦးကိုဆိုလို သည်။ သို့ရာတွင် ထိုစကားရပ်တွင် အမွေထိန်းမင်းကြီး မပါဝင်ချေ။

(ဠ) “စုံစမ်းစစ်ဆေးရေးခုံရုံး”ဆိုသည်မှာ၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများနှင့်အညီ ဖွဲ့စည်း သည့် စုံစမ်းစစ်ဆေးရေးခုံရုံးကို ဆိုလိုသည်။

(အ) ရာဇသတ်ကြီးတွင် အဓိပ္ပါယ်ဖေါ်ပြထားပြီးဖြစ်၍ အထက်တွင်အဓိပ္ပါယ်ဖေါ်ပြမထားသော၊ ဤ အက်ဥပဒေတွင် သုံးနှုန်းထားသည့်စကားလုံးနှင့် စကားရပ်အားလုံး၏အဓိပ္ပါယ်သည်၊ ထိုရာဇသတ်ကြီး တွင် ဖေါ်ပြထားသော အဓိပ္ပါယ်များအတိုင်းဖြစ်သည်ဟု မှတ်ယူရမည်။

အခဏ်း ၂။ ဤအက်ဥပဒေနှင့်သက်ဆိုင်စေခြင်း။

[edit]

ပြည်ထောင်စုအစိုးရ လက်အောက်ရှိ အချို့သောတပ်ဖွဲ့များ နှင့် ဤအက်ဥပဒေ သက်ဆိုင်စေခြင်း။

[edit]

၄။ ။ (၁) ဤအက်ဥပဒေရှိ ပြဋ္ဌာန်းချက်အားလုံးသည်၊ သို့တည်းမဟုတ် တခုခုသည် ပါလီမန်ကဖြစ်စေ၊ ပြည်နယ်ကောင်စီ တခုခုကဖြစ်စေ၊ နိုင်ငံတော်သမတ၏ အမိန့်အာဏာအရဖြစ်စေ၊ ဖွဲ့စည်းတည်ထောင် ထားသော တပ်ဖွဲ့တခုခုနှင့်သက်ဆိုင်ရမည်ဟု နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာဖြင့် ကျေညာနိုင် သည်။

(၂) ယင်းသို့ အမိန့်ကြော်ငြာစာ ထုတ်ပြန်ကျေညာသည့်အခါ၊ ထိုသို့သက်ဆိုင်စေသည့် ဤအက်ဥပဒေရှိ ပြဋ္ဌာန်းချက်များသည်၊ ဤအက်ဥပဒေနှင့် ယင်းသို့သက်ဆိုင်စေသော တပ်ဖွဲ့တွင်ပါဝင်သူများ၊ အခါအား လျော်စွာ၊ ရရှိထားသောအဆင့်နှင့်တူညီသည့် အဆင့်ကိုတပ်မတော်တွင် ရရှိထားသော ဤအက်ဥပဒေကို လိုက်နာကြရသူများအပေါ် အကျိုးသက်ရောက်သကဲ့သို့၊ ပြဋ္ဌာန်းချက်များသည်၊ ထိုတပ်ဖွဲ့တွင် ပါဝင်သူ များအပေါ် အကျိုးသက်ရောက်စေရမည်။ ထို့ပြင်ပုဒ်မ ၂၊ ပုဒ်မခွဲ(၁)၏ အပိုဒ်(ဃ)အရ၊ ဤအက်ဥပဒေ ကို လိုက်နာရသူများအပေါ် အကျိုးသက်ရောက်သကဲ့သို့ အဆိုပါတပ်ဖွဲ့တခုခု၏ အစိတ်အပိုင်းတခုခုက စေခိုင်းခြင်းခံရသူများ၊ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတခုခုတွင် ပါဝင်အမှုထမ်းရွက်နေရသူများ၊ သို့တည်းမဟုတ် ယင်းအစိတ်အပိုင်းတခုခုတွင် နောက်လိုက်နောက်ပါဖြစ်ကြသူများ၊ သို့တည်း မဟုတ် ယင်းအစိတ်အပိုင်းတခုခုနှင့် လိုက်ပါလာကြသူများအပေါ်လည်း အကျိုးသက်ရောက်စေရမည်။

(၃) ဤအက်ဥပဒေရှိ ပြဋ္ဌာန်းချက်တခုခုသည်၊ ထိုတပ်ဖွဲ့တခုခုအပေါ် အကျိုးသက်ရောက်နေစဉ်၊ ထိုပြဋ္ဌာန်းချက်များ အကျိုးသက်ရောက်ခြင်းကြောင့် သုံးစွဲဆောင်ရွက်ရမည့် စီရင်ပိုင်ခွင့်အာဏာ၊ အခြား အာဏာများ၊ သို့တည်းမဟုတ် တာဝန်ဝတ်တရားတခုခုကို မည်သည့်အာဏာပိုင်က ထိုတပ်ဖွဲ့နှင့် စပ်လျဉ်း၍ သုံးစွဲဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာဖြင့် ညွှန်ကြားနိုင်သည်။ ထို့ပြင် အခါအားလျော်စွာ ထိုတပ်ဖွဲ့နှင့်သက်ဆိုင်သည့် ပြဋ္ဌာန်းထားသော အခြားဥပဒေတရပ်ရပ်ကို ရပ်ဆိုင်းထားနိုင်သည်။

အချို့ကိစ္စရပ်များတွင် အဆင့်နှင့်စပ်လျဉ်းသော အထူးပြဋ္ဌာန်းချက်။

[edit]

၅။ ။ (၁) ပုဒ်မ ၂၊ ပုဒ်မခွဲ(၁)၏ အပိုဒ်(ဃ) အရ၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအားဖြစ်စေ၊ လူအမျိုးအစားတမျိုးတစားအားဖြစ်စေ၊ အရာရှိများ၊ အရာခံဗိုလ်များ၊ သို့တည်းမဟုတ် အကြပ်များအ ဖြစ်၊ ထိုအက်ဥပဒေကိုလိုက်နာရမည်ဟု နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာဖြင့် ညွှန်ကြားနိုင်သည့် ပြင်၊ ထိုသူတဦးဦးနှင့်ပတ်သက်၍ အလားတူညွှန်ကြားချက်တရပ်ပေးရန်နှင့် ထိုညွှန်ကြားချက်ကို ပယ်ဖျက်ရန်အရာရှိတဦးဦးအား အခွင့်အာဏာအပ်နှင်းနိုင်သည်။

(၂) အရာရှိများ၊ အရာခံဗိုလ်များနှင့် အကြပ်များမှတပါး၊ ဤအက်ဥပဒေကို လိုက်နာရသူအားလုံးသည်၊ ပုဒ်မခွဲ(၁) အရ၊ ထုတ်ပြန်ထားသောအမိန့်ကြော်ငြာစာ၊ သို့တည်းမဟုတ် ညွှန်ကြားချက်တရပ်နှင့်သက် ဆိုင်သူများမဟုတ်ပါက၊ အကြပ်တဦး၏ အဆင့်အောက်နိမ့်သော အဆင့်ရှိသူများဖြစ်သည်ဟုမှတ်ယူရ မည်။

ပုဒ်မ ၂၊ ပုဒ်မခွဲ(၁)၏ အပိုဒ်(ဃ)အရ စစ်ဘက် ဥပဒေကို လိုက်နာရသူများ၏ တပ်မှူး။

[edit]

၆။ ။ (၁) ပုဒ်မ ၂၊ ပုဒ်မခွဲ (၁) ၏ အပိုဒ်(ဃ) အရ၊ ဤအက်ဥပဒေကို လိုက်နာရသူတိုင်းသည်၊ မိမိအား တွဲဘက်ထားသောတပ်အဖွဲ့ကို၊ ဌာနကို၊ တပ်ကို၊ သင်္ဘောကို၊ အဖွဲ့အစည်းကို၊ သို့တည်းမဟုတ် ခွဲထုတ်တပ်ကို ကွပ်ကဲသောတပ်မှူး၏ လက်အောက်တွင်ရှိသည်ဟု၊ ဤအက်ဥပဒေ၏ ကိစ္စများအတွက် မှတ်ယူရမည့်ပြင်၊ မိမိအား တပ်အဖွဲ့၊ ဌာန၊ တပ်၊ သင်္ဘော၊ အဖွဲ့အစည်း၊ သို့တည်းမဟုတ် ခွဲထုတ်တပ် တခုခုသို့ တွဲဘက်၍မထားခဲ့လျှင်၊ မိမိအမှုထမ်းရွက်လျက်ရှိမည့်တပ်ဖွဲ့ကို၊ အခါအားလျော်စွာ၊ ကွပ်ကဲရ သောအရာရှိက၊ ထိုအချိန်တွင် မိမိ၏တပ်မှူးဖြစ်သည်ဆိုသည့် အရာရှိတဦးဦး၏ လက်အောက်တွင်ဖြစ် စေ၊ သတ်မှတ်ထားသော အခြားအရာရှိတဦးဦး၏ လက်အောက်တွင်ဖြစ်စေ၊ ယင်းသို့ အရာရှိတဦးကို၊ တပ်မှူးဖြစ်သည်ဟုဆိုထားခြင်း၊ သို့တည်းမဟုတ် သတ်မှတ်ထားခြင်းမရှိလျှင်၊ တပ်ဖွဲ့ကိုကွပ်ကဲသော အဆိုပါအရာရှိ၏ လက်အောက်တွင်ရှိသည်ဟု မှတ်ယူရမည်။

(၂) တပ်ဖွဲ့တခုကို ကွပ်ကဲနေသောအရာရှိတဦးသည်၊ တဦးတယောက်သောသူအား၊ ထိုသူရှိသော နေရာတွင် ထိုသူကိုကွပ်ကဲနိုင်သည်လည်းဖြစ်၍၊ အဆင့်လည်းပို၍မြင့်သော အရာရှိတဦးဦးရှိလျှင်၊ ထိုသူ ၏အဆင့်အောက်နိမ့်သော အရာရှိတဦး၏ လက်အောက်တွင်မထားရ။

အချို့ ကိစ္စရပ်များ အတွက် အာဏာများ သုံးစွဲမည့် အရာရှိများ။

[edit]

၇။ ။ ဤပုဒ်မတွင် အမည်သီးခြားဖေါ်ပြမထားသည့်ပြင်၊ ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ အောက်မငယ်ဟု၎င်း၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ (ကြည်းတပ်) နှင့်တူညီသောအဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် အဖွဲ့အစည်းအောက်မငယ်ဟု၎င်း၊ နိုင်ငံတော် သမတက ထင်မြင်ယူဆသောစစ်ဘက်အဖွဲ့အစည်းတခုခုကို ကွပ်ကဲနေသည့်အရာရှိ၏လက်အောက်တွင်၊ ဤအက်ဥပဒေကို လိုက်နာရသူများအမှုထမ်းရွက်နေကြသည့်အခါတိုင်း၊ ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်တော်များ၊ တပ်မကြီးများ၊ တပ်မများနှင့် တပ်မဟာများကိုကွပ်ကဲသော အရာရှိများက၎င်း၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက်ဖြစ်ပါက၊ ကြည်းတပ်ရှိတပ်တော်၊ တပ်မကြီး၊ တပ်မ၊ သို့တည်းမဟုတ် တပ်မဟာနှင့်တူညီသော အဖွဲ့အစည်းများကိုကွပ်ကဲသော အရာရှိများက၎င်း၊ ဤအက်ဥပဒေအရ၊ သုံးစွဲ နိုင်သောအာဏာများကို ထိုသူများနှင့်ပတ်သက်၍ မည်သည့်အရာရှိက သုံးစွဲရမည်ဟု၊ နိုင်ငံတော်သမတ ကသတ်မှတ်နိုင်သည်။

တန်းပြည့် စစ်မှုထမ်းနေကြသူများဟု ကျေညာရန် အာဏာ။

[edit]

၈။ ။ ပုဒ်မ ၃၊ အပိုဒ်ခွဲ(က)တွင် မည်သို့ပင်ပါရှိစေကာမူ၊ ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးအား ဖြစ်စေ၊ လူတမျိုးတစားအားဖြစ်စေ၊ ထိုသူများအမှုထမ်းလျက်ရှိမည့် နယ်တခုခုကိုရည်ညွှန်း၍သော်၎င်း၊ ဤအက်ဥပဒေ၏၊ သို့တည်းမဟုတ် အခါအားလျော်စွာ တည်ဆဲအခြားတရားဥပဒေ တရပ်ရပ်၏ ပြဋ္ဌာန်း ချက်တခုခုကို ရည်ညွှန်း၍သော်၎င်း၊ ဤအက်ဥပဒေ၏အဓိပ္ပါယ်အရ၊ တန်းပြည့်စစ်မှုထမ်း ရွက်နေကြ သူများအဖြစ် မှတ်ယူရမည်ဟု၊ နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာဖြင့် ကျေညာနိုင်သည်။

အခဏ်း ၃။ ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းနှင့် စစ်မှုထမ်းအဖြစ် စာရင်းသွင်းခြင်း။

[edit]

ပြန်တမ်းဝင်အရာရှိ အဖြစ်ခန့်အပ်ခြင်း။

[edit]

၉။ ။ နိုင်ငံတော်သမတသည်၊ မည်သူကိုမဆို တပ်မတော်တွင် ပြန်တမ်းဝင်အရာရှိတဦးအဖြစ် ခန့်အပ် နိုင်သည်။

နိုင်ငံခြားသားများ စစ်မှုထမ်းအဖြစ် စာရင်းသွင်းနိုင်ခွင့်မရှိခြင်း။

[edit]

၁၀။ ။ ပြည်ထောင်စုနိုင်ငံသားမဟုတ်လျှင်၊ နိုင်ငံတော်သမတ၏ သဘောတူညီချက်စာမရရှိဘဲ၊ မည့်သူ့ကိုမျှ တပ်မတော်တွင် စစ်မှုထမ်းအဖြစ် စာရင်းမသွင်းရ။

မိန်းမများ စစ်မှုထမ်းအဖြစ် စာရင်းသွင်းနိုင်ခွင့်၊ သို့တည်းမဟုတ် အလုပ်လုပ်နိုင် ခွင့်ရှိခြင်း။

[edit]

၁၁။ ။ ဤကိစ္စအလို့ငှါ၊ နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာဖြင့် သီးခြားဖေါ်ပြသည့်၊ တပ်မတော်၏ တပ်အဖွဲ့၊ ဌာန၊ ဌာနခွဲ၊ သို့တည်းမဟုတ် တပ်မတော်၏ အစိတ်အပိုင်းတခုခု၌ တစိတ်တဒေသ ပါဝင်နေသော၊ သို့တည်းမဟုတ် တွဲဘက်ထားသောအခြားအဖွဲ့တွင် မိန်းမများစစ်မှုထမ်းအဖြစ် စာရင်း သွင်းနိုင်ခွင့်ဖြစ်စေ၊ အလုပ်လုပ်ကိုင်နိုင်ခွင့်ဖြစ်စေ ရှိရမည်။

စစ်မှုထမ်းအဖြစ် စာရင်းသွင်းရေး အရာရှိ မျက်မှောက်တွင် လိုက်နာရန် နည်းလမ်း။

[edit]

၁၂။ ။ သတ်မှတ်ထားသော စစ်မှုထမ်းအဖြစ် စာရင်းသွင်းရေး အရာရှိမျက်မှောက်သို့ စစ်မှုထမ်းအဖြစ် စာရင်းသွင်းလိုသူတဦးဦးရောက်ရှိသည့်အခါ၊ ထိုအရာရှိက စစ်မှုထမ်းလိုက်နာရမည့် စည်းကမ်းချက်များ ကို ထိုသူအားဘတ်၍ရှင်းပြရမည်၊ သို့တည်းမဟုတ် မိမိ၏မျက်မှောက်တွင် ဘတ်ပြစေပြီးရှင်းပြစေရ မည်။ ထို့ပြင် စစ်မှုထမ်းအဖြစ်စာရင်းသွင်းရန် သတ်မှတ်ထားသည့်ပုံစံတွင် ဖေါ်ပြထားသော မေးခွန်း များကို ထိုသူအားမေးမြန်းရမည်။ ထို့ပြင် အဆိုပါမေးခွန်းတခုခုနှင့်စပ်လျဉ်း၍ မဟုတ်မမှန်သော အဖြေ တရပ်ကို ထိုသူကမေးလျှင်၊ ဤအက်ဥပဒေအရ၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်ဟု ထိုသူအား သတိပေးပြီး အဆိုပါမေးခွန်းတခုစီအတွက် ထိုသူ၏အဖြေကိုရေးမှတ်ရမည်၊ သို့တည်းမဟုတ် ရေးမှတ်စေရမည်။

စစ်မှုထမ်းအဖြစ် စာရင်းသွင်းနည်း။

[edit]

၁၃။ ။ ပုဒ်မ ၁၂ ၏ ပြဋ္ဌာန်းချက်များအတိုင်းလိုက်နာဆောင်ရွက်ပြီး၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းလို သူသည်၊ မေးခွန်းများကိုပြည့်စုံစွာနားလည်၍၊ စစ်မှုထမ်းလိုက်နာရမည့် စည်းကမ်းချက်များကို သဘော တူသည်ဟု စစ်မှုထမ်းအဖြစ် စာရင်းသွင်းရေးအရာရှိက ကြေနပ်လျှင်၊ ထို့ပြင် စာရင်းသွင်းခြင်းကို ငြင်းပယ်ရန် အကြောင်းမရှိဟုထင်မြင်လျှင်၊ စစ်မှုထမ်းအဖြစ်စာရင်းသွင်းရန်ပုံစံတွင် မိမိကိုယ်တိုင်က လက်မှတ်ရေးထိုး၍ ထိုသူအားလည်း လက်မှတ်ရေးထိုးစေပြီးနောက်၊ ထိုသူကိုစစ်မှုထမ်းအဖြစ်စာရင်း သွင်းပြီးဖြစ်သည်ဟု မှတ်ယူရမည်။

စစ်မှုထမ်းအဖြစ် စာရင်းသွင်းခြင်း ခိုင်လုံမှု။

[edit]

၁၄။ ။ စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသူတဦးအနေနှင့် သုံးလမျှ စစ်ဘက်လစာကိုရရှိနေပြီးလျှင်၊ မည်သည့်တပ်အဖွဲ့၊ ဌာန၊ တပ်၊ သို့တည်းမဟုတ် သင်္ဘော၏ လူစာရင်းတွင်မဆို ပါရှိနေသူတိုင်းကို နည်းလမ်းတကျ စစ်မှုထမ်းအဖြစ်စာရင်းသွင်းပြီးဖြစ်သည်ဟု မှတ်ယူရမည်။ ထို့ပြင် ထိုသူစစ်မှုထမ်း အဖြစ် စာရင်းသွင်းရာ၌ နည်းလမ်းမကျခြင်း အကြောင်းပြချက်တခုခု၊ သို့တည်းမဟုတ် တရားဥပဒေနှင့် ဆန့်ကျင်ခြင်း အကြောင်းပြချက်တခုခု၊ သို့တည်းမဟုတ် အခြားမည်သည့် အကြောင်းပြချက်ကိုမဆို၊ အခြေပြုပြီး ထိုသူ၌ ထွက်ခွင့်တောင်းဆိုပိုင်ခွင့်မရှိစေရ။ ထို့ပြင် အဆိုပါသုံးလအတွင်း၊ ထိုသူကထွက်ခွင့် တောင်းဆိုလျှင်၊ ထိုတောင်းဆိုချက်နှင့်အညီ ၎င်းအား ထွက်ခွင့်ပေးလိုက်သည့်အချိန်တိုင်အောင်၊ အဆိုပါ နည်းလမ်းမကျခြင်းအကြောင်းပြချက်၊ သို့တည်းမဟုတ် တရားဥပဒေနှင့်ဆန့်ကျင်ခြင်းအကြောင်းပြ ချက်၊ သို့တည်းမဟုတ် အခြားအကြောင်းပြချက်တခုခုသည်၊ ဤအက်ဥပဒေအရ စစ်မှုထမ်းအဖြစ် စာ ရင်းသွင်းထားပြီးသူတဦးဖြစ်နေသည့် ထိုသူ၏အခြေအနေကိုမထိခိုက်စေရ၊ သို့တည်းမဟုတ် ထိုသူထွက် ခွင့်မရမီပြုလုပ်ခဲ့သော၊ သို့တည်းမဟုတ် ထိုသူ့အပေါ်အရေးယူခဲ့သောမည်သည့် ဆောင်ရွက်ချက်၊ ပြုလုပ် ချက်၊ သို့တည်းမဟုတ် အရာသည်၊ အဆိုပါအကြောင်းပြချက်တခုခုကြောင့် မပျက်ပြယ်စေရ။

သစ္စာပြုခြင်း။

[edit]

သစ္စာပြုရသူများ။

[edit]

၁၅။ ။ အောက်ပါသူများသည် သစ္စာပြုကြရမည်။

(က) တိုက်ပွဲဝင် စစ်မှုထမ်းများအဖြစ် စာရင်းသွင်းပြီးသူအားလုံး၊

(ခ) အကြပ်၊ သို့တည်းမဟုတ် ခေတ္တအကြပ်အဖြစ် ရွေးချယ်ခြင်းခံရသူအားလုံး၊

(ဂ) နိုင်ငံတော်သမတက သတ်မှတ်သည့် စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသော အခြားသူအားလုံး။

သစ္စာပြုနည်း။

[edit]

၁၆။ ။ (၁) သစ္စာပြုရမည်ဖြစ်သော သူတဦးသည်၊ တာဝန်ဝတ်တရားထမ်းဆောင်ရန် သင့်တော်သည်ဟု သတင်းပို့ခြင်းခံရသည့်အခါဖြစ်စေ၊ သတ်မှတ်ထားသော အစမ်းခန့်အချိန်ကာလပြီးဆုံးသည့်အခါဖြစ်စေ၊ ထိုသူ၏ တပ်အဖွဲ့ရှေ့မှောက်တွင်သော်၎င်း၊ ထိုတပ်အဖွဲ့၏ အစိတ်အပိုင်းရှေ့မှောက်တွင်သော်၎င်း၊ ထိုသူ ၏ဌာန၊ တပ်၊ သို့တည်းမဟုတ် သင်္ဘောမှ တက်ရောက်နိုင်သမျှသော သူများ၏ရှေ့မှောက်တွင်သော်၎င်း၊ သတ်မှတ်သည့်မူအတိုင်း ထိုသူ၏တပ်မှူးကကျမ်းသစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ်စေ၊ ပြုစေရမည်၊ သို့ တည်းမဟုတ် သတ်မှတ်ထားသည့်မူအတိုင်း၊ သတ်မှတ်ထားသည့် အခြားပုဂ္ဂိုလ်တဦးဦးက ထိုသူအား ကျမ်း သစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ်စေ၊ ပြုစေရမည်။

(၂) ဤပုဒ်မအရ သတ်မှတ်သည့်ကျမ်းသစ္စာ၊ သို့တည်းမဟုတ် ကတိသစ္စာမူတွင် သစ္စာပြုရမည့်သူသည်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို၊ မိမိ၏အသက်စွန့်၍ပင် ထိန်းသိမ်းစောင့်ရှောက်ပါမည်ဟူ၍၎င်း၊ တပ်မတော်တွင် ဝင်ရောက်အမှုထမ်းရွက်၍ ကုန်းကြောင်းခရီးဖြင့်ဖြစ်စေ၊ ရေကြောင်းခရီးဖြင့်ဖြစ်စေ၊ လေကြောင်းခရီးဖြင့်ဖြစ်စေ၊ မည်သည့်နေရာအရပ်သို့မဆို အမိန့်ပေးသည့်အတိုင်း မိမိ၏အသက်စွန့်၍ ပင် သွားမည်ဟူ၍၎င်း၊ မိမိကိုအုပ်ချုပ်သော အထက်အရာရှိတဦးဦး၏ အမိန့်အားလုံးကို၊ မိမိ၏ အသက်စွန့်၍ပင် နာခံပါမည်ဟူ၍၎င်း၊ ကတိပြုချက်ပါရှိရမည်။

(၃) စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသူတဦးသည်၊ ဤပုဒ်မအရ ဆောင်ရွက်ရန်ညွှန်ကြားသည့်အတိုင်း ကျမ်းသစ္စာ၊ သို့တည်းမဟုတ် ကတိသစ္စာပြုပြီးကြောင်းကို၊ ထိုသူ၏စစ်မှုထမ်းအဖြစ် စာရင်းသွင်းပုံစံ တွင် ရေးသွင်းပြီးနောက်၊ ယင်းသို့ရေးသွင်းပြီးကြောင်းကို ကျမ်းသစ္စာ၊ သို့တည်းမဟုတ် ကတိသစ္စာ ပြုစေသည့်အရာရှိက ဟုတ်မှန်ကြောင်းလက်မှတ်ရေးထိုးရမည်။

အခဏ်း ၄။ စစ်မှုထမ်းခြင်းဆိုင်ရာ စည်းကမ်းချက်များ။

[edit]

နိုင်ငံတော်သမတက စစ်မှုထမ်းခြင်းကိုရပ်စဲခြင်း

[edit]

၁၇။ ။ ဤအက်ဥပဒေပါ ပြဋ္ဌာန်းခြင်းများနှင့်၎င်း၊ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေ၊ သို့တည်း မဟုတ် စည်းမျဉ်းဥပဒေများနှင့်၎င်း၊ မဆန့်ကျင်စေဘဲ၊ နိုင်ငံတော်သမတသည်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား စစ်မှုထမ်းခြင်းမှအမြဲတန်းထုတ်ပစ်နိုင်သည်၊ သို့တည်းမဟုတ် နုတ်ပယ်နိုင် သည်။

ကာကွယ်ရေး ဦးစီးချုပ် နှင့်အခြားအရာရှိများက အမြဲတန်းထုတ်ပစ်ခြင်း နုတ်ပယ်ခြင်း၊ သို့တည်းမဟုတ် လျှော့ချခြင်း။

[edit]

၁၈။ ။ (၁) ကာကွယ်ရေးဦးစီးချုပ်သည်၊ အရာရှိတဦးဦးမှတပါး၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦး အား စစ်မှုထမ်းခြင်းမှ အမြဲတန်းထုတ်ပစ်နိုင်သည်၊ သို့တည်းမဟုတ် နုတ်ပယ်နိုင်သည်။

(၂) ကာကွယ်ရေးဦးစီးချုပ်သည်၊ အရာခံဗိုလ်တဦးဦး၊ သို့တည်းမဟုတ် အကြပ်တဦးဦးအား ပို၍နိမ့် သောအတန်းသို့ဖြစ်စေ၊ ပို၍နိမ့်သောအဆင့်သို့ဖြစ်စေ၊ တပ်သားအဆင့်သို့ဖြစ်စေ၊ လျှော့ချနိုင်သည်။
(၃) ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်မဟာအောက်မငယ်သောအဖွဲ့အစည်းကို၊ ရေတပ်၊ သို့တည်း မဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ (ကြည်းတပ်) နှင့် တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့ အစည်းအောက်မငယ်သော အဖွဲ့အစည်းကိုကွပ်ကဲသည့် အရာရှိတဦးသည်၊ သို့တည်းမဟုတ် သတ်မှတ် ထားသောအခြားအရာရှိတဦးသည်၊ အရာရှိတဦးမှတပါး မိမိကွပ်ကဲရသူတဦးဦးကို၊ စစ်မှုထမ်းခြင်းမှ အမြဲတန်းထုတ်ပစ်နိုင်သည်၊ သို့တည်းမဟုတ် နုတ်ပယ်နိုင်သည်။

သို့ရာတွင် ကာကွယ်ရေးဦးစီးချုပ်မှတပါး၊ အခြားအရာရှိတဦးဦးသည်၊ အရာခံဗိုလ် (ပဌမတန်း) တဦး ကို စစ်မှုထမ်းခြင်းမှ အမြဲတန်းမထုတ်ပစ်ရ၊ သို့တည်းမဟုတ် မနုတ်ပယ်ရ။

(၄) ပုဒ်မခွဲ (၃)တွင် ဖေါ်ပြပြီးသော အရာရှိတဦးဦးသည်၊ မိမိကွပ်ကဲရသော အရာခံဗိုလ်တဦးဦးအား၊ သို့တည်းမဟုတ် အကြပ်တဦးဦးအား၊ ပို၍နိမ့်သောအတန်းသို့ဖြစ်စေ၊ ပို၍နိမ့်သောအဆင့်သို့ဖြစ်စေ၊ တပ်သားအဆင့်သို့ဖြစ်စေ၊ လျှော့ချနိုင်သည်။

သို့ရာတွင် တပ်သားအဆင့်သို့ လျှော့ချထားသော အရာခံဗိုလ်တဦးအား၊ ၎င်း၏ဆန္ဒနှင့်ဆန့်ကျင်လျက် တပ်သားအဖြစ်ဖြင့် စစ်မှုမထမ်းစေရ။

(၅) ခေတ္တအကြပ်တဦး၏ တပ်မှူးသည်၊ ထိုအကြပ်ကို အကြပ်တဦးအဖြစ် ၎င်း၏အမြဲတန်းအဆင့်သို့၊ သို့တည်းမဟုတ် ထိုအကြပ်၌ တပ်သားအဆင့်ထက်မြင့်သော အမြဲတန်းအဆင့်မရှိလျှင်၊ တပ်သားအဆင့် သို့ ပြန်လည်ဆင်းသက်ရန် အမိန့်ပေးနိုင်သည်။
(၆) ဤအက်ဥပဒေရှိပြဋ္ဌာန်းချက်များနှင့်၎င်း၊ ဤအက်ဥပဒေအရ ပြုသည့်နည်းဥပဒေ၊ သို့တည်းမဟုတ် စည်းမျဉ်းဥပဒေများနှင့်၎င်း၊ မဆန့်ကျင်စေဘဲ ဤပုဒ်မနှင့်အပ်နှင်းထားသောအာဏာများကိုသုံးစွဲရမည်။

မူလအခွင့်အရေးအချို့ကို ဤအက်ဥပဒေလိုက်နာရသူများနှင့်သက်ဆိုင်စေရာ၌ ပြောင်းလဲ ပြင်ဆင်ပိုင်ခွင့်အာဏာ။

[edit]

၁၉။ ။ တပ်မတော်၊ သို့တည်းမဟုတ် တပ်မတော်၏အစိတ်အပိုင်းတခုခုနှင့်စပ်လျဉ်း၍ တည်ဆဲတရား ဥပဒေတရပ်ရပ်၏ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ နိုင်ငံတော်သမတသည်၊ အမိန့်ကြော်ငြာစာဖြင့် ဤအက်ဥပဒေကို လိုက်နာရသူတဦးဦး၏-

(က) မည်သည့်ဝါဏိဇ္ဇသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ၊ ဝါဏိဇ္ဇသမဂ္ဂအမျိုးအစား၊ အလုပ်သမားသမဂ္ဂ အမျိုးအစား၊ အဖွဲ့၊ အဖွဲ့အစည်း၊ အသင်း၊ အဖွဲ့အမျိုးအစား၊ အဖွဲ့အစည်းအမျိုးအစား၊ သို့တည်းမဟုတ် အသင်းအမျိုးအစား တခုခုတွင်မဆို၊ အသင်းဝင်ဖြစ်ရန် အခွင့်အရေး၊ သို့တည်းမဟုတ် အဆိုပါသမဂ္ဂ၊ သို့တည်းမဟုတ် အသင်းအဖွဲ့တခုခုနှင့် တနည်းနည်းဆက်သွယ်ရန်အခွင့်အရေး၊

(ခ) နိုင်ငံရေး၊ သို့တည်းမဟုတ် အခြားအရေးကိစ္စများအတွက် လူတစုက ကမကထပြုလုပ်သည့် လူထု ဆန္ဒပြပွဲ၊ သို့တည်းမဟုတ် အစည်းအဝေးသို့ တက်ရောက်ရန်အခွင့်အရေး၊ သို့တည်းမဟုတ် ထိုဆန္ဒ ပြပွဲတွင်သော်၎င်း၊ ထိုအစည်းအဝေးတွင်သော်၎င်း၊ ဟောပြောရန်အခွင့်အရေး၊

(ဂ) စာပုံနှိပ်တိုက်နှင့်ဆက်သွယ်ရန်၊ သို့တည်းမဟုတ် စာအုပ်၊ စာ၊ သို့တည်းမဟုတ် အခြားစာတမ်း အမှတ်အသားတခုခုကို ပုံနှိပ်ထုတ်ဝေရန်အခွင့်အရေး၊ သို့တည်းမဟုတ် ပုံနှိပ်ထုတ်ဝေစေရန် အခွင့်အရေး၊ ကို ကန့်သတ်လိုသည့်နည်းဖြင့် ကန့်သတ်လိုသမျှကန့်သတ်ရန် နည်းဥပဒေများပြုနိုင်သည်။

အငြိမ်းစားပေးခြင်း၊ သို့တည်းမဟုတ် ထွက်ခွင့်ပေးခြင်း။

[edit]

၂၀။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား၊ သတ်မှတ်ထားသည့်အာဏာပိုင်က သတ်မှတ်ထား သည့်နည်းလမ်းအရ စစ်မှုထမ်းခြင်းမှ အငြိမ်းစားယူခွင့်၊ သို့တည်းမဟုတ် ထွက်ခွင့်ပေးနိုင်သည်။

စစ်မှုထမ်းခြင်းကိုရပ်စဲရာတွင် ပေးရမည့်လက်မှတ်။

၂၁။ ။ စစ်မှုထမ်းခြင်းမှ အမြဲတန်းထုတ်ပစ်ခြင်း၊ နုတ်ပယ်ခြင်း၊ ထွက်ခွင့်ပေးခြင်း၊ သို့တည်းမဟုတ် အငြိမ်းစားပေးခြင်းခံရသည့် စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသောသူတိုင်းအား-

(က) ထိုသူ၏စစ်မှုထမ်းခြင်းကို ရပ်စဲသောအခွင့်အာဏာ၊

(ခ) ထိုသို့ရပ်စဲခြင်း၏ အကြောင်းရင်း၊

(ဂ) တပ်မတော်တွင် ထိုသူစစ်မှုထမ်းခဲ့သည့် အချိန်ကာလ၊

တို့ကိုဖေါ်ပြထားသော လက်မှတ်တစောင်ကို ထိုသူ၏တပ်မှူးကပေးအပ်ရမည်။

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြင်ပတွင်ရောက်ရှိနေသောအခါ ထွက်ခွင့်ပေးခြင်း၊ သို့တည်းမဟုတ် အမြဲတန်းထုတ်ပစ်ခြင်း။

[edit]

၂၂။ ။ (၁) စစ်မှုထမ်းအဖြစ် စာရင်းသွင်းခြင်းဆိုင်ရာ စည်းကမ်းချက်များအရ၊ ထွက်ခွင့်ရထိုက်သူဖြစ်၍၊ ထိုကဲ့သို့ ထွက်ခွင့်ရထိုက်သောအခါ၊ သို့တည်းမဟုတ် ထွက်ခွင့်ယူရန် အခွင့်ရအာဏာပိုင်က အမိန့်ချမှတ် ခြင်းခံရသူဖြစ်၍၊ ထိုကဲ့သို့ထွက်ခွင့်ယူရန် အမိန့်ချမှတ်ခြင်းခံရသောအခါ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြင်ပ၌ စစ်မှုထမ်းရွက်နေရသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံသို့ ပြန်ပို့ရန်တောင်းခံသော၊ ဤအက်ဥပဒေ အရ စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသူတဦးဦးအား ထွက်ခွင့်မပေးမီ၊ ပြည်ထောင်စုမြန်မာနိုင်ငံသို့ ဆောလျင်နိုင်သမျှဆောလျင်စွာ ပြန်ပို့ရမည်။

(၂) စစ်မှုထမ်းခြင်းမှ အမြဲတန်းထုတ်ပစ်ခြင်းခံရ၍၊ ထိုကဲ့သို့ အမြဲတန်းထုတ်ပစ်ခြင်းခံရသည့်အခါ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြင်ပတွင်စစ်မှုထမ်းရွက်နေရသော ဤအက်ဥပဒေအရ စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသူတဦးဦးအား၊ ပြည်ထောင်စုမြန်မာနိုင်ငံသို့ ဆောလျင်နိုင်သမျှဆောလျင်စွာပြန်ပို့ရမည်။

သို့ရာတွင် ထိုသူတဦးဦးအား အမြဲတန်းထုတ်ပစ်ဒဏ်နှင့် အခြားပြစ်ဒဏ်တခုခုကို ပူးတွဲ၍ ချမှတ်သော အခါ၊ ထိုအခြားပြစ်ဒဏ်ကိုသော်၎င်း၊ တကျွန်းပို့ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ ချမှတ်သောအခါ၊ ထိုပြစ်ဒဏ်၏ တစိတ်တဒေသကိုသော်၎င်း၊ ပြည်ထောင်စုမြန်မာနိုင်ငံသို့ ထိုသူအားပြန်မပို့မီ၊ ကျခံစေနိုင် သည်။

(၃) ဤပုဒ်မ၏ ကိစ္စများအတွက် “အမြဲတန်းထုတ်ပစ်ခြင်း”ဆိုသည့် စကားရပ်တွင် “နုတ်ပယ်ခြင်း” လည်းပါဝင်ရမည်။

အခဏ်း ၅။ စစ်မှုထမ်းခြင်းဆိုင်ရာ ကျေးဇူးခံစားခွင့်များ။

[edit]

နုတ်ယူခွင့်ပြုသည့်ငွေများကိုသာ လစာနှင့်စရိတ်များမှနုတ်ရန်။

[edit]

၂၃။ ။ ဤအက်ဥပဒေကို လိုက်နာရသူတိုင်းသည်၊ တည်ဆဲစည်းမျဉ်းဥပဒေတခုခုအရ၊ ဤအက်ဥပဒေကို လိုက်နာသူအဖြစ် ရသင့်ရထိုက်သော လစာနှင့်စရိတ်ငွေကို၊ ဤအက်ဥပဒေက၊ သို့တည်းမဟုတ် ဤ အက်ဥပဒေအရဖြစ်စေ၊ အခြားအက်ဥပဒေတခုခုက၊ သို့တည်းမဟုတ် အခြားအက်ဥပဒေ တခုခုအရ ဖြစ်စေ၊ နုတ်ယူခွင့်ပြုသည့်ငွေများမှတပါး၊ အခြားမည်သည့်ငွေကိုမျှ နုတ်ယူခြင်းမပြုဘဲပေးရမည်။

အရာရှိများမှတပါး၊ နစ်နာသောသူများ၏ ကာကွယ်ခွင့်၊ ရယူခွင့်။

[edit]

၂၄။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသည့်အရာရှိမဟုတ်သူတဦးဦးသည်၊ မိမိအား အထက်အရာရှိ တဦးဦးက၊ သို့တည်းမဟုတ် အခြားအရာရှိတဦးဦးက မတရားပြုသည်ဟုမှတ်ယူပါက၊ ထိုသူမှာ၊ တပ် တခု၊ သို့တည်းမဟုတ် ခွဲထုတ်တပ်တခုသို့တွဲဘက်ထားသူမဟုတ်လျှင်၊ မိမိကိုကွပ်ကဲသော၊ သို့တည်း မဟုတ် အမိန့်ပေးနိုင်သောအရာရှိထံ တိုင်ကြားနိုင်သည်။ ထို့ပြင် ထိုသူမှာ၊ တပ်တခု၊ သို့တည်းမဟုတ် ခွဲထုတ်တပ်တခုသို့ တွဲဘက်ထားသူဖြစ်လျှင်၊ ထိုတပ်၊ သို့တည်းမဟုတ် ခွဲထုတ်တပ်ကို ကွပ်ကဲသော အရာရှိထံတိုင်ကြားနိုင်သည်။

(၂) တိုင်ကြားခြင်းခံရသောအရာရှိသည်၊ ပုဒ်မခွဲ (၁) အရ တိုင်ကြားချက်ကိုလက်ခံရမည့် အရာရှိဖြစ် သည့်အခါ၊ နစ်နာသူသည်၊ ထိုအရာရှိထက်တဆင့်မြင့်သော အထက်အရာရှိထံ တိုင်ကြားနိုင်သည်။

(၃) အဆိုပါတိုင်ကြားချက်ကို လက်ခံရရှိသောအရာရှိတိုင်းသည်၊ ထိုတိုင်ကြားသူအား အစွမ်းကုန်ကာ ကွယ်ပေးရန်အလို့ငှါ၊ ထိုတိုင်ကြားချက်နှင့်စပ်လျဉ်း၍ ပြည့်စုံနိုင်သမျှပြည့်စုံအောင် စုံစမ်းစစ်ဆေးရမည်၊ သို့တည်းမဟုတ် လိုအပ်လျှင်၊ ထိုတိုင်ကြားချက်ကို အထက်အာဏာပိုင်ထံသို့ တင်ပြရမည်။

(၄) အဆိုပါတိုင်ကြားချက်အသီးသီးကို၊ သက်ဆိုင်ရာအာဏာပိုင်က၊ အခါအားလျော်စွာ၊ သီးခြားဖေါ်ပြ သည့် နည်းလမ်းအတိုင်း တင်သွင်းရမည်။

(၅) နိုင်ငံတော်သမတသည်၊ ကာကွယ်ရေးဦးစီးချုပ်က၊ ပုဒ်မခွဲ (၂) အရ ချမှတ်သော ဆုံးဖြတ်ချက် တခုခုကို ပြင်ဆင်နိုင်သည်။ သို့ရာတွင် နိုင်ငံတော်သမတက ယင်းသို့ပြင်ဆင်ခြင်းမပြုလျှင်၊ ကာကွယ် ရေးဦးစီးချုပ်၏ဆုံးဖြတ်ချက်သည်၊ အပြီးအပြတ်ဖြစ်စေရမည်။

နစ်နာသောအရာရှိ၏ ကာကွယ်ခွင့်၊ ရယူခွင့်။

[edit]

၂၅။ ။ မည်သည့်အရာရှိမဆို၊ မိမိ၏တပ်မှူးက၊ သို့တည်းမဟုတ် အထက်အရာရှိတဦးဦးက၊ မိမိအား မတရားပြုသည်ဟုမှတ်ယူ၍၊ မိမိ၏တပ်မှူးထံနည်းလမ်းတကျလျှောက်ထားလျက်နှင့် မိမိ ရထိုက်သည် ဟုယူဆသော ကာကွယ်နိုင်၊ ရယူနိုင်ခွင့်ကိုမရရှိလျှင်၊ သက်ဆိုင်ရာအာဏာပိုင်က၊ အခါအားလျော်စွာ သီးခြားဖေါ်ပြထားသည့် နည်းလမ်းအတိုင်း နိုင်ငံတော်သမတထံ တိုင်ကြားနိုင်သည်။

ဝရမ်းကပ်ခြင်းမှ လွတ်ကင်းခြင်း။

[edit]

၂၆။ ။ တရားမရုံးကဖြစ်စေ၊ အခွန်တော်ရုံးကဖြစ်စေ၊ အခွန်တော်အရာရှိကဖြစ်စေ၊ ချမှတ်သည့်ဒီကရီ၊ သို့တည်းမဟုတ် အမိန့်ကိုအတည်ပြုရန်၊ ထိုရုံး၊ သို့တည်းမဟုတ် ထိုအရာရှိက ထုတ်ဆင့်သော ညွှန်ကြား ချက်အရ၊ ဤအက်ဥပဒေကို လိုက်နာရသူ၏ လက်နက်များ အဝတ်အစားများ၊ ပစ္စည်းကိရိယာတန်ဆာ ပလာများ၊ လိုအပ်သောအရာဝတ္ထုများ၊ သို့တည်းမဟုတ် ထိုသူတာဝန်ဝတ်တရား ဆောင်ရွက်ရန်အတွက် အသုံးပြုသောတိရစ္ဆာန်ကို သိမ်းယူဘမ်းဆီးခြင်းမပြုရ၊ သို့တည်းမဟုတ် ထိုသူ၏လစာနှင့် စရိတ်အား လုံး၊ သို့တည်းမဟုတ် တစိတ်တဒေသကို ဝရမ်းကပ်ခြင်းမပြုရ။

ကြွေးမြီအတွက် ဘမ်းဆီးခြင်းမှ လွတ်ကင်းခြင်း။

[edit]

၂၇။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးသည်၊ တပ်မတော်တွင်ပါဝင်နေသမျှကာလပတ်လုံး၊ မည် သည့်တရားမရုံး၊ အခွန်တော်ရုံး၊ သို့တည်းမဟုတ် အခွန်တော်အရာရှိကမဆို ထုတ်ဆင့်သော အမိန့် ဆင့်စာတခုခုအရဖြစ်စေ၊ ထိုရုံး၊ သို့တည်းမဟုတ် ထိုအရာရှိ၏ အခွင့်အာဏာနှင့်အညီ၊ ထုတ်ဆင့်သော အမိန့်ဆင့်စာအရဖြစ်စေ၊ ကြွေးမြီအတွက်ဘမ်းဆီးခြင်း မခံထိုက်စေရ။

(၂) တပ်မတော်တွင်ပါဝင်နေသော ဤအက်ဥပဒေကို လိုက်နာရသူတဦးအား၊ ဤပုဒ်မပါ ပြဋ္ဌာန်းချက် များကိုဆန့်ကျင်လျက် ဘမ်းဆီးခြင်းနှင့်စပ်လျဉ်း၍၊ ထိုသူ၊ သို့တည်းမဟုတ် ထိုသူ၏အထက်အရာရှိ၏ တိုင်ကြားချက်ကို အဆိုပါတရားရုံး၏ တရားသူကြီး၊ သို့တည်းမဟုတ် အဆိုပါအခွန်တော်အရာရှိသည်၊ စစ်ဆေးမေးမြန်း၍ ကိုယ်တိုင်လက်မှတ်ရေးထိုးသောဝရမ်းအရ ထိုသူအားလွှတ်ပစ်နိုင်သည့်အပြင်၊ ထို တိုင်ကြားသူအား သင့်လျော်သောကုန်ကျစရိတ်များပေးရမည်ဟုလည်း အမိန့်ချမှတ်နိုင်သည်။ ထိုတိုင် ကြားသူသည်၊ အမိန့်ဆင့်စာရရှိသူအပေါ် ဒီကရီတရပ်ဖြင့်ချမှတ်ပေးသော ကုန်ကျစရိတ်များကို၊ ပြန် လည်ရယူနိုင်သည့် နည်းလမ်းအတိုင်း၊ ထိုကုန်ကျစရိတ်များကို ရယူနိုင်သည်။

(၃) အဆိုပါ ကုန်ကျစရိတ်များ ပြန်လည်ရရန်အတွက်၊ တိုင်ကြားသူက ရုံးခွန်တော်မပေးစေရ။

စစ်တရားရုံးတက်ရောက်ကြသူများ ဘမ်းဆီးခံရခြင်းမှလွတ်ကင်းခြင်း။

[edit]

၂၈။ ။ (၁) စစ်တရားရုံးတရုံး၏ ဥက္ကဋ္ဌ၊ စစ်တရားရုံးတရုံး၏ အဖွဲ့ဝင်၊ စစ်ဥပဒေအရာရှိ၊ စစ်တရားရုံး တရုံး၏ မှုခင်းကိစ္စတခုခုတွင်ပါဝင်သည့် အမှုသည်၊ ထိုအမှုသည်၏ရှေ့နေ၊ ထိုအမှုသည်၏ကိုယ်စား လှယ်၊ သို့တည်းမဟုတ် စစ်တရားရုံးတရုံးသို့ တက်ရောက်ရန်ထုတ်ဆင့်သော သမ္မာန်စာတခုနှင့်အညီ လိုက်နာဆောင်ရွက်နေရသည့်သက်သေသည်၊ စစ်တရားရုံးသို့ တက်ရောက်ရန် သွားနေစဉ်သော်၎င်း၊ စစ်တရားရုံး တက်ရောက်နေစဉ်သော်၎င်း၊ စစ်တရားရုံးမှ ပြန်လာနေစဉ်သော်၎င်း၊ တရားမ၊ သို့တည်း မဟုတ် အခွန်တော်ဆိုင်ရာ အမိန့်ဆင့်စာအရ ဘမ်းဆီးခြင်းမခံထိုက်စေရ။

(၂) ထိုသူတဦးဦးအား၊ အဆိုပါအမိန့်ဆင့်စာတခုခုအရ ဘမ်းဆီးခဲ့လျှင် စစ်တရားရုံး၏အမိန့်အရ ထိုသူအား လွှတ်ပစ်နိုင်သည်။

အရံစစ်မှုထမ်းများ၏ ကျေးဇူးခံစားခွင့်များ။

[edit]

၂၉။ ။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အရံတပ်ဖွဲ့များတွင် ပါဝင်နေသူတိုင်းသည်၊ လေ့ကျင့်ရေးအတွက် ဖြစ်စေ၊ စစ်မှုထမ်းခြင်းအတွက်ဖြစ်စေ၊ ဆင့်ခေါ်ခြင်းခံရသည့်အခါ၊ သို့တည်းမဟုတ် လေ့ကျင့်နေဆဲ၊ သို့တည်းမဟုတ် စစ်မှုထမ်းနေဆဲအခါ၊ သို့တည်းမဟုတ် လေ့ကျင့်ရေးမှဖြစ်စေ၊ စစ်မှုထမ်းခြင်းမှဖြစ်စေ၊ ပြန်လာနေသောအခါ၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးအား၊ ပုဒ်မ ၂၆ နှင့် ၂၇ တို့က ပေးအပ်ထား သော ကျေးဇူးခံစားခွင့်အားလုံးကို ရထိုက်စေရမည်။

စစ်မှုထမ်းများ၏မှုခင်းကိစ္စတို့ကို ဦးစားပေးခြင်း။

[edit]

၃၀။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးကဖြစ်စေ၊ ထိုသူ၏ကိုယ်စားဖြစ်စေ၊ တရားရုံးတခုခု သို့၊ ထိုတရားရုံးတွင်တရားမမှု၊ သို့တည်းမဟုတ် အခြားအမှုတခုခုကို စွဲဆိုရန်ဖြစ်စေ၊ ခုခံချေပရန်ဖြစ်စေ၊ ဆိုင်ရာစစ်ဘက်အာဏာပိုင်ထံမှ၊ ထိုသူအားခွင့်ရက်ပေးထားကြောင်း၊ သို့တည်းမဟုတ် ထိုအာဏာပိုင်ထံ ထိုသူက ခွင့်ရက်ရရန်တောင်းဆိုထားကြောင်း သက်သေခံလက်မှတ်တင်ပြ၍၊ ယင်းသို့ပေးထားသော၊ သို့တည်းမဟုတ် တောင်းဆိုထားသောခွင့်ရက်အတွင်း၊ ထိုတရားမမှု၊ သို့တည်းမဟုတ် အခြားအမှုကို ကြားနာစစ်ဆေး၍၊ အပြီးအပြတ်စီရင်ပေးရန် လျှောက်ထားလျှင်၊ ထိုသို့စစ်ဆေးစီရင်နိုင်စေခြင်းငှါ၊ ထိုတရားရုံးကဖြစ်မြောက်နိုင်သမျှ စီစဉ်ပေးရမည်။

(၂) ဆိုင်ရာစစ်ဘက်အာဏာပိုင်ကထုတ်ပေးသော သက်သေခံလက်မှတ်တွင်၊ ပေးထားသည့်ခွင့်ရက်၊ သို့တည်းမဟုတ် ပေးရန်ရည်ရွယ်သည့်ခွင့်ရက်၏ ပဌမနှင့်နောက်ဆုံးနေ့ရက်တို့ကို ဖေါ်ပြထားရမည်။ ထို့ပြင် ခွင့်ရက်ပေးလိုက်ရခြင်း၊ သို့တည်းမဟုတ် ခွင့်ရက်တောင်းဆိုထားခြင်းနှင့်စပ်လျဉ်းသော အမှု၏ အကြောင်းကိုလည်း ဖေါ်ပြထားရမည်။

(၃) ထိုသက်သေခံလက်မှတ် တခုခုတင်ပြခြင်းနှင့် စပ်လျဉ်း၍သော်၎င်း၊ မိမိ၏အမှုကိုဦးစားပေး၍ ကြားနာစစ်ဆေးရန်အတွက် ထိုသူကဖြစ်စေ၊ ထိုသူ၏ကိုယ်စားဖြစ်စေ၊ လျှောက်လွှာတင်သွင်းခြင်းနှင့် စပ်လျဉ်း၍သော်၎င်း၊ တရားရုံးသို့ရုံးခွန်တော်မပေးဆောင်စေရ။

(၄) ယင်းသို့၊ ပေးထားသည့်၊ သို့တည်းမဟုတ် ပေးရန်ရည်ရွယ်ထားသည့် အဆိုပါခွင့်ရက်အတွင်း တရားမမှု၊ သို့တည်းမဟုတ် အခြားအမှုကို ကြားနာစစ်ဆေး၍ အပြီးအပြတ်စီရင်ပေးရန် တရားရုံးက စီစဉ်မပေးနိုင်သည့်အခါ၊ ထိုသို့စီစဉ်မပေးနိုင်ခြင်း၏ အကြောင်းရပ်များကို ထိုတရားရုံးက ရေးမှတ်ရ မည်။ ထို့ပြင် ထိုသူကလျှောက်ထားလျှင်၊ ထိုရေးမှတ်ချက်၏မိတ္တူနှင့်စပ်လျဉ်း၍သော်၎င်း၊ ထိုရေးမှတ် ချက်၏မိတ္တူအတွက် လျှောက်လွှာနှင့်စပ်လျဉ်း၍သော်၎င်း၊ ထိုသူက မည်သည့်ကြေးငွေပေးဆောင်ခြင်း ကိုမျှမပြုစေရဘဲ ထိုသူအားထိုရေးမှတ်ချက်၏ မိတ္တူတစောင်ကိုပေးအပ်စေရမည်။

(၅) မည်သည့်ကိစ္စတွင်မဆို၊ အဆိုပါသက်သေခံလက်မှတ်ကို ပေးအပ်လိုက်သော စစ်ဘက်အာဏာပိုင် သည်၊ ထိုလက်မှတ်ကို ပေးနိုင်ခွင့်ရှိသူဟုတ်မဟုတ်ဟူသော ပြဿနာပေါ်ပေါက်လျှင်၊ ထိုပြဿနာကို၊ ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်မဟာအောက်မငယ်သောအဖွဲ့အစည်းကို ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ (ကြည်းတပ်) နှင့် တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်း အောက်မငယ်သော အဖွဲ့အစည်းကို ကွပ်ကဲသည့်အရာရှိတဦးထံ၊ သို့တည်းမဟုတ် သတ်မှတ်ထားသော အခြားအရာရှိတဦးဦးထံ ဆုံးဖြတ်ပေးရန် ထိုတရားရုံးကချက်ခြင်းလွှဲအပ်ရမည်။ ထိုအရာရှိ၏ ဆုံးဖြတ် ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

အခြားတရားဥပဒေများက အပ်နှင်းထားသည့် အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များအတွက် ခြွင်းချက်။

[edit]

၃၁။ ။ ဤအခဏ်း၏ အထက်ပါပုဒ်မများတွင် သီးခြားဖေါ်ပြထားသော အခွင့်အရေးများနှင့် ကျေးဇူးခံ စားခွင့်များသည်၊ တည်ဆဲအခြားတရားဥပဒေတခုခုက၊ ဤအက်ဥပဒေကို လိုက်နာရသူများအား၊ ယေဘုယျအားဖြင့် အပ်နှင်းထားသည့် အခြားအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ဖြည့်စွက် ခြင်းသာဖြစ်စေရမည်၊ ယုတ်လျော့စေခြင်းမဖြစ်စေရ။

အခဏ်း ၆။ ပြစ်မှုများ။

[edit]

ရန်သူနှင့်သက်ဆိုင်သည့်ပြင် သေဒဏ်ထိုက်သင့်သောပြစ်မှုများ။

[edit]

၃၂။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) မိမိအားလွှဲအပ်ထားသော၊ သို့တည်းမဟုတ် မိမိကာကွယ်ခုခံရန်တာဝန်ဝတ်တရားရှိသော မြို့စောင့် တပ်စခန်း၊ ခံတပ်၊ တာဝန်ကျနေရာ၊ နေရာ၊ သင်္ဘော၊ သို့တည်းမဟုတ် ကင်းတခုခုကို ရှက်ဘွယ် ကောင်းစွာစွန့်ပစ်လျှင်၊ သို့တည်းမဟုတ် ပေးအပ်လျှင်၊ သို့တည်းမဟုတ် အဆိုပါပြုလုပ်မှုများအနက် ပြုလုပ်မှုတခုခုကို ကျူးလွန်ရန်တပ်မှူးတဦးဦးအားသော်၎င်း၊ အခြားသူတဦးဦးအားသော်၎င်း၊ အတင်း အကျပ်ပြုရန်ဖြစ်စေ၊ သွေးဆောင်ဖြားယောင်းရန်ဖြစ်စေ၊ မည်သည့်နည်းမျိုးကိုမဆို အသုံးပြုလျှင်၊ သို့တည်းမဟုတ်

(ခ) ရန်သူအပေါ် အရေးယူခြင်းမှရှောင်ကြဉ်ရန် စစ်ဘက်ဥပဒေကိုလိုက်နာရသူတဦးဦးအား အတင်း အကျပ်ပြုရန်ဖြစ်စေ၊ သွေးဆောင်ဖြားယောင်းရန်ဖြစ်စေ၊ ရန်သူအပေါ်အရေးယူရန် စိတ်ပျက်အောင် ဖြစ်စေ၊ မည်သည့်နည်းမျိုးကိုမဆို တမင်အသုံးပြုလျှင်၊ သို့တည်းမဟုတ်

(ဂ) ရန်သူ၏ရှေ့မှောက်တွင် မိမိ၏လက်နက်များ၊ ခဲယမ်းမီးကျောက်များ၊ သို့တည်းမဟုတ် ပစ္စည်း ကိရိယာတန်ဆာပလာများကို ရှက်ဘွယ်ကောင်းစွာစွန့်ပစ်လျှင်၊ သို့တည်းမဟုတ် မိမိသူရဲဘောနည်းခြင်း ကို ပြသရာရောက်သည့်အမူအရာဖြင့် မသင့်မလျော်ပြုလျှင်၊ သို့တည်းမဟုတ်

(ဃ) ရန်သူနှင့်ဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံအား လက်နက်စွဲကိုင်တိုက်ခိုက်သူတဦးဦးနှင့်ဖြစ်စေ၊ သစ္စာမဲ့စွာ စာပေးစာယူပြုလုပ်လျှင်၊ သို့တည်းမဟုတ် ထိုရန်သူကိုဖြစ်စေ၊ ထိုလက်နက်စွဲကိုင် တိုက်ခိုက် သူတဦးဦးကိုဖြစ်စေ၊ သစ္စာမဲ့စွာ သတင်းပေးဆက်သွယ်လျှင်၊ သို့တည်းမဟုတ်

(င) တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း၊ ရန်သူအားကြေးငွေ၊ လက်နက်များ၊ ခဲယမ်းမီးကျောက် များ၊ ပစ္စည်းများ၊ သို့တည်းမဟုတ် ထောက်ပံ့ပစ္စည်းများဖြင့် ကူညီလျှင်၊ သို့တည်းမဟုတ်

(စ) သစ္စာမဲ့စွာ၊ သို့တည်းမဟုတ် သူရဲဘောနည်းသဖြင့် ရန်သူထံစစ်ရပ်ဆိုင်းရေးအလံတခုကိုပို့လျှင်၊ သို့တည်းမဟုတ်

(ဆ) စစ်ဖြစ်သောအခါ၌သော်၎င်း၊ စစ်ဆင်ရေးတခုခုပြုနေစဉ်တွင်သော်၎င်း၊ တိုက်ပွဲ၊ စစ်စခန်း၊ မြို့စောင့်တပ်စခန်း၊ နေထိုင်ရာနေရာ၊ တပ်၊ နေရာ၊ သို့တည်းမဟုတ် သင်္ဘောတွင် မဟုတ်မမှန်သော တပ်လှန့်မှုကို တမင်ဖြစ်စေလျှင်၊ သို့တည်းမဟုတ် စစ်ဖြစ်သောအခါ၌သော်၎င်း၊ စစ်ဆင်ရေးတခုခုပြုလုပ် နေစဉ်တွင်သော်၎င်း၊ တပ်လှန့်မှုကိုဖြစ်စေ၊ စိတ်ဓါတ်ကျဆင်းမှုကိုဖြစ်စေ၊ ဖန်တီးစေရန်ရည်စူးလျက် သတင်းများလွှင့်လျှင်၊ သို့တည်းမဟုတ်

(ဇ) တိုက်ပွဲဖြစ်ပွါးနေသည့်အခါတွင် နည်းလမ်းတကျ တာဝန်လွှဲပြောင်းပေးခဲ့ခြင်းမရှိဘဲဖြစ်စေ၊ ခွင့်မရ ရှိဘဲဖြစ်စေ၊ မိမိ၏တပ်မှူး၊ သို့တည်းမဟုတ် မိမိတာဝန်ကျနေရာ၊ ကင်း၊ စောင့်ကင်း၊ လှည့်ကင်း၊ သို့တည်းမဟုတ် အဖွဲ့ကိုစွန့်ခွါသွားလျှင်၊ သို့တည်းမဟုတ်

(ဈ) သုံ့ပန်းတဦးဖြစ်သွားပြီးသည့်အခါသော်၎င်း၊ ရန်သူ၏လက်တွင်းတွင် အကျဉ်းသားတဦးဖြစ်နေရ သောအခါသော်၎င်း၊ မိမိအလိုအလျောက် ရန်သူနှင့်အတူအမှုထမ်းရွက်လျှင်၊ သို့တည်းမဟုတ် ရန်သူကို ကူပံ့လျှင်၊ သို့တည်းမဟုတ်

(ည) အကျဉ်းသားတဦးမဟုတ်သော ရန်သူတဦးကို သိလျက်နှင့်လက်သင့်ခံလျှင်၊ သို့တည်းမဟုတ် ကာကွယ်စောင့်ရှောက်လျှင်၊ သို့တည်းမဟုတ်

(ဋ) စစ်ဖြစ်စဉ်၊ သို့တည်းမဟုတ် တပ်လန့်နေစဉ်၊ ကင်းစောင့်နေရသောအခါဖြစ်စေ၊ သင်္ဘောပေါ်တွင် စောင့်ကြည့်နေရသောအခါဖြစ်စေ၊ တာဝန်ကျနေရာတွင်အိပ်ပျော်နေလျှင်၊ သို့တည်းမဟုတ်မူးယစ်နေ လျှင်၊ သို့တည်းမဟုတ်

(ဌ) တပ်မတော်ရှိတပ်ဖွဲ့များ၏၊ သို့တည်းမဟုတ် ထိုတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသည့်တပ်ဖွဲ့ တခုခု၏၊ သို့တည်းမဟုတ် အဆိုပါတပ်ဖွဲ့များရှိ အစိတ်အပိုင်းတခုခု၏ အောင်မြင်မှုကို အန္တရာယ်ဖြစ်စေ ရန်ရည်စူးလျက်၊ မည်သည့်ပြုလုပ်မှုကိုမဆို သိလျက်နှင့်ပြုလျှင်၊ သို့တည်းမဟုတ်

(ဍ) မဟုတ်မမှန်သော လေကြောင်းအချက်ပြတခုခုကို သစ္စာမဲ့စွာအသုံးပြုလျှင်၊ သို့တည်းမဟုတ် လေကြောင်းအချက်ပြတခုခုကို ပြောင်းလဲလျှင်၊ သို့တည်းမဟုတ် နှောင့်ရှက်လျှင်၊ သို့တည်းမဟုတ်

(ဎ) စစ်ဆင်ရေးတခုခုကိုပြုလုပ်ရန် မိမိ၏အထက်အရာရှိက အမိန့်ပေးသည့်အခါဖြစ်စေ၊ အခြား တနည်းနည်းဖြင့် အမိန့်များရရှိပြီးသည့်အခါဖြစ်စေ၊ ထိုအမိန့်များကိုပြီးမြောက်အောင် ဆောင်ရွက်ရေး အတွက် မိမိတတ်စွမ်းသမျှ ကြိုးစားအားထုတ်ရန်သစ္စာမဲ့စွာ၊ သို့တည်းမဟုတ် ရှက်ဘွယ်ကောင်းစွာ ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ဏ) တပ်မတော်၏ မည်သည့်စစ်သည်စုများ၊ တိုက်ပွဲဝင်စစ်မှုထမ်းများ၊ သင်္ဘောများ၊ သို့တည်းမဟုတ် လေယာဉ်များကိုမဆို၊ သို့တည်းမဟုတ် ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်နေသော မည်သည့်တပ်ဖွဲ့များကို မဆို၊ တိုက်ပွဲဖြစ်ပွါးနေသည့်အခါတွင်၊ ဖြစ်မြောက်နိုင်သမျှသော သက်သာစေမှု၊ ထောက်ပံ့ကူညီမှုများကို မပေးဘဲနေလျှင်၊ သို့တည်းမဟုတ်

(တ) တပ်မတော်ပိုင် မည်သည့်လေယာဉ်၊ သင်္ဘော၊ တင့်ကား၊ အမြောက်၊ သို့တည်းမဟုတ် အခြားစစ်ပစ္စည်းကိုမဆို၊ ရန်သူကဘမ်းဆီးခြင်းဖြစ်စေ၊ ဖျက်ဆီးခြင်းဖြစ်စေ၊ ပြုနိုင်ရန် သစ္စာမဲ့စွာသော် ၎င်း၊ ရှက်ဘွယ်ကောင်းစွာသော်၎င်းပြုလျှင် စစ်တရားရုံးကပြစ်မှုထင်ရှား စီရင်သောအခါ၊ သေဒဏ်ဖြစ် စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့်လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

ရန်သူအတွက် သူလျှိုဖြစ်နေသည့်ပြင် သေဒဏ်ထိုက်သင့်သောပြစ်မှု။

[edit]

၃၃။ ။ ရန်သူအတွက်သူလျှိုဖြစ်သူတဦးဦးသည်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဖြစ်သည်ဟု မှတ်ယူရမည်။ ထို့ပြင် ထိုသူအား စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ထိုသူသည် သေဒဏ်ဖြစ် စေ၊ တကျွန်းပို့ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည့်ပြင်၊ ငွေဒဏ်ချမှတ်ခြင်းလည်းခံရ မည်။

ရန်သူနှင့်ပတ်သက်သည့်ပြင် သေဒဏ်မထိုက်သင့်သောပြစ်မှုများ။

[edit]

၃၄။ ။ ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးသည်-

(က) ရှိသင့်သော ကြိုတင်စီမံမှုမရှိခြင်းကြောင့်သော်၎င်း၊ အမိန့်များကိုဖီဆန်ခြင်းကြောင့်သော်၎င်း၊ တာဝန်ဝတ်တရားတမင်ပေါ့လျော့ခြင်းကြောင့်သော်၎င်း၊ သုံ့ပန်း၊ သို့တည်းမဟုတ် အကျဉ်းသားဖြစ်သွား လျှင်၊ သို့တည်းမဟုတ် သုံ့ပန်းသော်၎င်း၊ အကျဉ်းသားသော်၎င်း၊ ဖြစ်သွားပြီးသည့်နောက်၊ တပ်မတော် သို့ပြန်၍လာနိုင်သည့်အခါတွင် ပြန်လာရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ခ) ရှိသင့်သောအခွင့်အာဏာမရှိဘဲ၊ ရန်သူနှင့်စာပေးစာယူပြုလုပ်လျှင်၊ သို့တည်းမဟုတ် ရန်သူကို ဆက်သွယ်သတင်းပေးလျှင်၊ သို့တည်းမဟုတ် ယင်းသို့စာပေးစာယူပြုလုပ်ခြင်း တခုခုကိုသော်၎င်း၊ ဆက်သွယ်သတင်းပေးခြင်းတခုခုကိုသော်၎င်း၊ သိလျက်နှင့်မိမိ၏တပ်မှူးကိုဖြစ်စေ၊ အခြားအထက် အရာရှိကိုဖြစ်စေ၊ ချက်ခြင်းထုတ်ဖေါ်ပြောရန် တမင်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် ပေါ့လျော့စွာ ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ဂ) ရှိသင့်သော အခွင့်အာဏာမရှိဘဲ၊ ရန်သူထံစစ်ရပ်ဆိုင်းရေး အလံတခုကိုပို့လျှင်၊ သို့တည်းမဟုတ်

(ဃ) တပ်မတော်ပိုင် လေယာဉ်၊ သင်္ဘော၊ တင့်ကား၊ အမြောက်၊ သို့တည်းမဟုတ် အခြားမည်သည့် ပစ္စည်းကိုမဆို၊ ရန်သူကဘမ်းဆီးခြင်းဖြစ်စေ၊ ဖျက်ဆီးခြင်းဖြစ်စေ၊ ပြုနိုင်ရန် ပေါ့လျော့စွာပြုလျှင်၊ သို့ တည်းမဟုတ်

(င) စစ်ဆင်ရေးတခုခုကိုပြုလုပ်ရန် မိမိ၏အထက်အရာရှိက အမိန့်ပေးသည့်အခါဖြစ်စေ၊ အခြားတနည်း နည်းဖြင့် အမိန့်များရရှိပြီးသည့်အခါဖြစ်စေ၊ ပေါ့လျော့ခြင်းကြောင့်၊ သို့တည်းမဟုတ် အခြားချွတ်ယွင်း ခြင်းကြောင့်၊ ထိုအမိန့်များကို ပြီးမြောက်အောင်ဆောင်ရွက်ရေးအတွက်၊ မိမိတတ်စွမ်းသမျှ ကြိုးစား အားထုတ်ရန်ပျက်ကွက်လျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တဆယ့်လေးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေ တွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

အခြားအချိန်များထက် တန်းပြည့်စစ်မှုထမ်းချိန်တွင် ပို၍ပြင်းထန်စွာပြစ်ဒဏ်ထိုက်သင့်သော ပြစ်မှုများ။

[edit]

၃၅။ ။ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးသည်-

(က) အစောင့်အကြပ်အား အနိုင်အထက်ပြုမှုပြုလျှင်၊ သို့တည်းမဟုတ် ကင်းစောင့်တဦးအား၊ အနိုင် အထက်ပြုမှုပြုလျှင်၊ သို့တည်းမဟုတ် ကင်းစောင့်တဦးအား၊ ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှု ပြုလျှင်၊ သို့တည်းမဟုတ်

(ခ) ပစ္စည်းလုယက်ယူရန် မည်သည့်အိမ်၊ သို့တည်းမဟုတ် နေရာကိုမဆိုဖေါက်ထွင်းလျှင်၊ သို့တည်း မဟုတ်

(ဂ) ကင်းစောင့်နေရသောအခါဖြစ်စေ၊ သင်္ဘောပေါ်တွင်စောင့်ကြည့်နေရသောအခါဖြစ်စေ၊ မိမိ၏တာဝန် ကျနေရာတွင် အိပ်ပျော်နေလျှင်၊ သို့တည်းမဟုတ် မူးယစ်နေလျှင်၊ သို့တည်းမဟုတ်

(ဃ) ကင်းစောင့်နေရသောအခါဖြစ်စေ၊ အစောင့်ကျနေသောအခါဖြစ်စေ၊ မိမိအားစောင့်ရှောက်ရန် တာဝန်ပေးထားသော မည်သည့်ပစ္စည်းကိုမဆို လုယက်ယူလျှင်၊ သို့တည်းမဟုတ် တမင်ဖျက်ဆီးလျှင်၊ သို့တည်းမဟုတ် ပျက်စီးစေလျှင်၊ သို့တည်းမဟုတ်

(င) မိမိ၏အထက်အရာရှိထံမှ အမိန့်များမရရှိဘဲ၊ မိမိ၏ကင်း၊ စောင့်ကင်း၊ လှည့်ကင်း၊ သို့တည်း မဟုတ် တာဝန်ကျနေရာကိုစွန့်ခွါသွားလျှင်၊ သို့တည်းမဟုတ်

(စ) တိုက်ပွဲ၊ စစ်စခန်း၊ မြို့စောင့်တပ်စခန်း၊ နေထိုင်ရာနေရာ၊ တပ်၊ နေရာ၊ သို့တည်းမဟုတ် သင်္ဘော တွင် မဟုတ်မမှန်သောတပ်လန့်မှုကိုဖြစ်စေလျှင်၊ သို့တည်းမဟုတ် တပ်လန့်မှုကိုသော်၎င်း၊ စိတ်ဓါတ်ကျ ဆင်းမှုကို သော်၎င်း၊ ဖန်တီးစေရန်ရည်စူးလျက် သတင်းများလွှင့်လျှင်၊ သို့တည်းမဟုတ်

(ဆ) စကားဝှက်ကိုဖြစ်စေ၊ တုံ့ပြန်စကားဝှက်ကိုဖြစ်စေ၊ တုံ့ပြန်အချက်ပြကိုဖြစ်စေ၊ သိပိုင်ခွင့်မရှိသော သူတဦးဦးအားသိစေလျှင်၊ သို့တည်းမဟုတ် မိမိရရှိထားသည့်အတိုင်းမဟုတ်ဘဲ ကွဲလွဲသောစကားဝှက် တခုကိုဖြစ်စေ၊ တုံ့ပြန်စကားဝှက်တခုကိုဖြစ်စေ၊ တုံ့ပြန်အချက်ပြတခုကိုဖြစ်စေ၊ သိလျက်နှင့်ပေးလျှင်၊ သို့တည်းမဟုတ်

(ဇ) ရှိသင့်သော အခွင့်အာဏာမရှိဘဲ၊ လေကြောင်းအချက်ပြတခုခုကို ပြောင်းလဲလျှင်၊ သို့တည်းမဟုတ် နှောင့်ရှက်လျှင်၊

တန်းပြည့်စစ်မှုထမ်းချိန်တွင်ကျူးလွန်ပါက၊ စစ်တရားရုံးကပြစ်မှုထင်ရှားစီရင်သောအခါ၊ တဆယ့်လေး နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေ ရမည်။ တန်းပြည့်စစ်မှုထမ်းချိန်မဟုတ်သည့်အချိန်တွင်ကျူးလွန်ပါက၊ စစ်တရားရုံးက ပြစ်မှုထင်ရှား စီရင်သောအခါ၊ ခုနှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ် ဖြစ်စေ၊ ထိုက်သင့်စေရမည်။

စစ်ပုန်ကန်မှု။

[edit]

၃၆။ ။ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးသည်-

(က) တပ်မတော်တွင်သော်၎င်း၊ တပ်မတော်နှင့်ပူးပေါင်းဆောင်ရွက်နေသော တပ်ဖွဲ့တခုခုတွင်သော် ၎င်း၊ စစ်ပုန်ကန်မှုတခုခုဖြစ်ပွါးစေရန် မည်သူနှင့်မဆို စတင်ပြုလုပ်လျှင်၊ လှုံ့ဆော်လျှင်၊ ဖြစ်ပွါးစေလျှင်၊ သို့တည်းမဟုတ် ပူးပေါင်းကြံစည်လျှင်၊ သို့တည်းမဟုတ်

(ခ) အဆိုပါစစ်ပုံကန်မှုတခုခုတွင်ပါဝင်လျှင်၊ သို့တည်းမဟုတ်

(ဂ) အဆိုပါစစ်ပုန်ကန်မှုတခုခုဖြစ်ပွါးရာတွင် ရှိနေလျက်နှင့် ထိုစစ်ပုန်ကန်မှုကိုနှိမ်နင်းရန် မိမိ၏ တတ်စွမ်းသမျှ ကြိုးစားအားထုတ်မှုကိုမပြုဘဲနေလျှင်၊ သို့တည်းမဟုတ်

(ဃ) အဆိုပါစစ်ပုန်ကန်မှု တခုခုရှိကြောင်းကိုသော်၎င်း၊ စစ်ပုန်ကန်မှုပြုရန်ကြံရွယ်ချက် တခုခုရှိ ကြောင်းကိုသော်၎င်း၊ ထိုပူးပေါင်းကြံစည်မှု တခုခုရှိကြောင်းကိုသော်၎င်း၊ သိလျက်နှင့်ဖြစ်စေ၊ ယုံကြည် ရန် အကြောင်းရှိလျက်နှင့်ဖြစ်စေ၊ မိမိ၏တပ်မှူးအား၊ သို့တည်းမဟုတ် အခြားအထက်အရာရှိအား ကြန့်ကြာမှုမရှိစေဘဲ သတင်းမပေးဘဲနေလျှင်၊ သို့တည်းမဟုတ်

(င) တပ်မတော်ဝင်တဦးဦးကို တာဝန်ဝတ်တရားမဆောင်ရွက်စေခြင်းငှါသော်၎င်း၊ နိုင်ငံတော်၏သစ္စာ တော်ကို ဖေါက်ဖျက်စေခြင်းငှါသော်၎င်း၊ သွေးဆောင်ရန်ကြိုးစားအားထုတ်လျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ သေဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

စစ်ပြေးမှုနှင့် စစ်ပြေးမှုကိုကူပံ့မှု။

[edit]

၃၇။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ တန်းပြည့်စစ်မှုထမ်းချိန်တွင်ဖြစ်စေ၊ တန်းပြည့် စစ်မှုထမ်းရန်အမိန့်ရရှိပြီး ဖြစ်သည့်အချိန်တွင်ဖြစ်စေ၊ စစ်ပြေးမှုကျုးလွန်လျှင်၊ သို့တည်းမဟုတ် စစ်ပြေး မှုကျူးလွန်ရန် အားထုတ်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ သေဒဏ်ဖြစ်စေ၊ ဤ အက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ ထို့ပြင် ထိုသူသည်၊ ဆိုခဲ့သည့်အချိန်မဟုတ်သည့် အခြားအချိန်တွင် စစ်ပြေးမှုကျူးလွန်လျှင်၊ သို့တည်းမဟုတ် စစ်ပြေးမှု ကျူးလွန်ရန်အားထုတ်လျှင်၊ စစ်တရားရုံးကပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနှစ်နှစ်ထိထောင်ဒဏ်ဖြစ် စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

(၂) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ အဆိုပါစစ်ပြေးတဦးဦးအား သိလျက်နှင့်လက်သင့်ခံ လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ ထိုက်သင့်စေရမည်။

(၃) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦး စစ်ပြေးမှု ကျူးလွန်ကြောင်းကိုသော်၎င်း၊ စစ်ပြေးမှုကျူးလွန်ရန် အားထုတ်ကြောင်းကိုသော်၎င်း၊ သိမြင်လျက်နှင့် မိမိ၏ အထက်အရာရှိအားဖြစ်စေ၊ အခြားအထက်အရာရှိအားဖြစ်စေ၊ ချက်ခြင်းမတိုင်ကြားဘဲနေလျှင်၊ သို့တည်းမဟုတ် ထိုသူကို ဘမ်းဆီးရမိရန်အလို့ငှါ၊ မိမိတတ်စွမ်းသမျှ မဆောင်ရွက်ဘဲနေလျှင်၊ စစ်တရား ရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

ခွင့်မဲ့ပျက်ကွက်မှု။

[edit]

၃၈။ ။ ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးသည်-

(က) ခွင့်မဲ့ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ခ) လုံလောက်သောအကြောင်းမရှိဘဲ၊ မိမိအားပေးသောခွင့်ရက်ထက်ပို၍နေလျှင်၊ သို့တည်းမဟုတ်

(ဂ) ခွင့်ရက်နှင့်နေစဉ်၊ မိမိပါဝင်သည့်တပ်၊ ခွဲထုတ်တပ်၊ သင်္ဘော၊ သို့တည်းမဟုတ် ဌာနတခုခုအား တန်းပြည့်စစ်မှုထမ်းရန်အတွက် အမိန့်ပေးထားကြောင်းကို ဆိုင်ရာအာဏာပိုင်ထံမှ အကြောင်းကြားချက် ရရှိလျက်နှင့် လုံလောက်သောအကြောင်းမရှိဘဲ၊ ထို့ပြင် ကြန့်ကြာမှုမရှိဘဲ ပြန်လာရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ဃ) ချိန်းဆိုထားသောအချိန်တွင် စစ်ရေးပြရာသို့သော်၎င်း၊ လေ့ကျင့်ခဏ်းအတွက်ဖြစ်စေ၊ တာဝန် ဝတ်တရားအတွက်ဖြစ်စေ၊ ချိန်းဆိုထားသောအချိန်တွင် ချိန်းဆိုထားသောနေရာသို့သော်၎င်း၊ လုံလောက် သောအကြောင်းမရှိဘဲ လာရောက်ရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(င) စစ်ရေးပြနေစဉ်ဖြစ်စေ၊ စစ်ချီတက်နေစဉ်ဖြစ်စေ၊ လုံလောက်သောအကြောင်းမရှိဘဲသော်၎င်း၊ မိမိ၏အထက်အရာရှိထံမှ ခွင့်မရရှိဘဲသော်၎င်း၊ ထိုစစ်ရေးပြခြင်း၊ သို့တည်းမဟုတ် ထိုစစ်ချီတက်ခြင်းမှ ထွက်ခွါလျှင်၊ သို့တည်းမဟုတ်

(စ) စစ်စခန်း၊ မြို့စောင့်တပ်စခန်း၊ သို့တည်းမဟုတ် မည်သည့်နေရာတွင်မဆိုရှိနေစဉ်၊ မိမိ၏ အထက် အရာရှိထံမှ ခွင့်ပြုလက်မှတ်ကိုသော်၎င်း၊ ခွင့်စာကိုသော်၎င်းမရရှိဘဲ၊ ယေဘုယျအမိန့်၊ ဒေသန္တရအမိန့်၊ သို့တည်းမဟုတ် အခြားအမိန့်တခုခု၊ အရပိုင်းခြားထားသည့် နယ်နိမိတ်အပ၌ဖြစ်စေ၊ တားမြစ်ထားသော နေရာတခုခု၌ဖြစ်စေ၊ တွေ့ရှိရလျှင်၊ သို့တည်းမဟုတ်

(ဆ) မည်သည့်ကျောင်း၊ သို့တည်းမဟုတ် သင်ကြားရာနေရာသို့မဆို တက်ရောက်ရန် နည်းလမ်းတကျ အမိန့်ပေးထားသောအခါ၊ မိမိ၏အထက်အရာရှိထံမှ ခွင့်မရရှိဘဲသော်၎င်း၊ လုံလောက်သောအကြောင်း မရှိဘဲသော်၎င်း၊ မတက်ရောက်ဘဲနေလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ သုံးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

အထက်အရာရှိများအားရိုက်ပုတ်မှု၊ သို့တည်းမဟုတ် ခြိမ်းချောက်မှု။

[edit]

၃၉။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ အထက်အရာရှိတဦးအား၊ အထက်အရာရှိဖြစ် ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်နှင့်ဖြစ်စေ၊ တန်းပြည့်စစ်မှုထမ်းချိန်တွင်၊ သို့တည်းမဟုတ် ထိုအထက်အရာရှိ တာဝန်ဝတ်တရားထမ်းဆောင်နေသည့်အချိန်တွင်၊ ရာဇဝတ်မကင်း သော၊ အနိုင်အထက်ပြုမှုကိုပြုလျှင်၊ သို့တည်းမဟုတ် လက်ရောက်မှုကျူးလွန်လျှင်၊ သို့တည်းမဟုတ် ခြိမ်းချောက်သောစကားပြောဆိုလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တဆယ့်လေးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရ မည်။ ထို့ပြင် ထိုသူသည်၊ အဆိုပါအထက်အရာရှိအား၊ တန်းပြည့်စစ်မှုထမ်းချိန်မဟုတ်သည့် အခြား အချိန်တွင်၊ သို့တည်းမဟုတ် တာဝန်ဝတ်တရားထမ်းဆောင်နေသည့် အချိန်မဟုတ်သည့် အခြားအချိန် တွင်၊ ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင်၊ သို့တည်းမဟုတ် လက်ရောက်မှုကျူးလွန်လျှင်၊ သို့တည်းမဟုတ် ခြိမ်းချောက်သောစကားပြောဆိုလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက် သင့်စေရမည်။ ထို့ပြင်ထိုသူသည်၊ ဆိုခဲ့သည့်မည်သည့်အချိန်တွင်မဆို၊ အဆိုပါအထက်အရာရှိအား၊ စည်း ကမ်းဖီဆန်သော စကားပြောဆိုလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ငါးနှစ်ထိထောင် ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

အထက်အရာရှိကို ဖီဆန်မှု။

[edit]

၄၀။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ မိမိ၏အထက်အရာရှိက ၎င်း၏တာဝန် ဝတ်တရားထမ်းဆောင်ရာ၌ နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ကြေးနန်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ် စေ၊ ကိုယ်တိုင်ပေးသည့်၊ တရားဥပဒေနှင့်ညီသော အမိန့်တခုခုကို အာဏာတမင်ဖီဆန်ရာရောက်သော အမူအရာနှင့်ဖီဆန်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တဆယ့်လေးနှစ်အထိထောင် ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

(၂) ဤအက်ဥပဒေကို လိုက်နာသူတဦးဦးသည်၊ တန်းပြည့်စစ်မှုထမ်းချိန်တွင် မိမိ၏ အထက်အရာရှိက ပေးသည့် ဥပဒေနှင့်ညီသောအမိန့်တခုခုကိုဖီဆန်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တဆယ့်လေးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။ ထို့ပြင် ထိုသူသည်၊ အဆိုပါပြစ်မှုကို တန်းပြည့်စစ်မှုထမ်းချိန် မဟုတ်သည့်အချိန် တွင် ကျူးလွန်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ငါးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

စည်းကမ်းဖီဆန်မှုနှင့် ဟန့်တားမှု။

[edit]

၄၁။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) မည်သည့်ခိုက်ရန်ဖြစ်မှု၊ သတ်ပုတ်နှောင့်ရှက်မှု၊ သို့တည်းမဟုတ် ဗရုန်းသုံးကားဖြစ်မှုတွင်မဆို ပါဝင်နေလျက်နှင့် မိမိအောက်အဆင့်ပင်နိမ့်သော်လည်း မိမိအားဖမ်းဆီးခံရန် အမိန့်ပေးသောအရာရှိ တဦးဦးအား နာခံရန်ငြင်းပယ်လျှင်၊ သို့တည်းမဟုတ် ထိုအရာရှိအား ရာဇဝတ်မကင်းသော အနိုင် အထက်ပြုမှုကိုပြုလျှင်၊ သို့တည်းမဟုတ် လက်ရောက်မှုကျူးလွန်လျှင်၊ သို့တည်းမဟုတ်

(ခ) မိမိအား ဥပဒေနှင့်အညီ တဦးတယောက်သောသူ၏ လက်အောက်တွင်ချုပ်ထားရာ၌ ထိုသူသည်၊ ဤအက်ဥပဒေကို လိုက်နာရသူဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ထို့ပြင် မိမိ၏အထက်အရာရှိ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ထိုသူအား ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင်၊ သို့တည်းမဟုတ် လက်ရောက်မှုကျူးလွန်လျှင်၊ သို့တည်းမဟုတ်

(ဂ) မိမိအားဖမ်းဆီးရန်သော်၎င်း၊ စောင့်ထိန်းရန်သော်၎င်း၊ တာဝန်ဝတ်တရားရှိသော အစောင့်အကြပ် တဦးအားခုခံလျှင်၊ သို့တည်းမဟုတ်

(ဃ) စစ်တန်းလျား၊ စစ်စခန်း၊ သို့တည်းမဟုတ် နေထိုင်ရန်နေရာမှ ခွင့်မဲ့ထွက်ခွါလျှင်၊ သို့တည်းမဟုတ်

(င) ယေဘုယျအမိန့်၊ ဒေသန္တရအမိန့်၊ သို့တည်းမဟုတ် အခြားအမိန့်တခုခုကို နာခံရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(စ) တပ်ထိန်းချုပ်ကိုသော်၎င်း၊ တပ်ထိန်းချုပ်၏ကိုယ်စား တရားဥပဒေအရ၊ ဆောင်ရွက်နေသော သူတဦးဦးကိုသော်၎င်း၊ ဟန့်တားလျှင်၊ သို့တည်းမဟုတ် တပ်ထိန်းချုပ်ကဖြစ်စေ၊ တပ်ထိန်းချုပ်၏ ကိုယ်စား တရားဥပဒေအရဆောင်ရွက်နေသော သူတဦးဦးကဖြစ်စေ၊ တာဝန်ဝတ်တရား၊ ထမ်းဆောင် ရာ၌ အကူအညီတောင်းဆိုသောအခါ၊ ကူညီရန်ငြင်းပယ်လျှင်၊ သို့တည်းမဟုတ်

(ဆ) တပ်ဖွဲ့များသို့ စားနပ်ရိက္ခာများဖြစ်စေ၊ ထောက်ပံ့ပစ္စည်းများဖြစ်စေ၊ ယူဆောင်လာသူတဦးဦးအား ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုကိုပြုလျှင်၊ သို့တည်းမဟုတ် လက်ရောက်မှုကျူးလွန်လျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ အပိုဒ်(ဃ)နှင့်(င)တွင် သီးခြားဖေါ်ပြထားသော ပြစ်မှုများ ဖြစ်ပါက နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထို့ပြင် အခြားအပိုဒ်များတွင် သီးခြားဖေါ်ပြထားသောပြစ်မှုများဖြစ်ပါက၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

လိမ်လည်လှည့်ဖျား၍ စစ်မှုထမ်းအဖြစ် စာရင်းသွင်းမှု။

[edit]

၄၂။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) မိမိပါဝင်သောတပ်မှထွက်ခွင့်ကို နည်းလမ်းတကျ ရှေးဦးစွာမရယူခဲ့ဘဲ၊ ထိုတပ်တွင်သော်၎င်း၊ အခြားတပ်တခုခုတွင်သော်၎င်း၊ မြန်မာနိုင်ငံပြည်စောင့်တပ်အက်ဥပဒေ (The Burma Territorial Force Act) အရ ဖွဲ့စည်းထားသော တပ်တခုခုတွင်သော်၎င်း၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းလျှင်၊ သို့တည်းမဟုတ်

(ခ) တဦးတယောက်သောသူကို၊ ထိုသူစစ်ပြေးတဦးဖြစ်သည်ကို သိလျက်နှင့်ဖြစ်စေ ယုံကြည်ရန် အ ကြောင်းရှိလျက်နှင့်ဖြစ်စေ၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းရန်ဆောင်ရွက်ပေးလျှင်၊ သို့တည်းမဟုတ် ဆောင်ရွက်ပေးရန်အားထုတ်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ငါးနှစ်ထိထောင်ဒဏ် ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

စစ်မှုထမ်းအဖြစ် စာရင်းသွင်းရာ၌ မဟုတ်မမှန်ဖြေဆိုမှု။

[edit]

၄၃။ ။ ဤအက်ဥပဒေကို လိုက်နာရပြီးဖြစ်သူတဦးဦးသည်၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းရန် စစ်မှုထမ်း အဖြစ် စာရင်းသွင်းရေးအရာရှိ၏ မျက်မှောက်သို့ရောက်ရှိသည့်အခါ၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းရန် သတ်မှတ်ထားသည့်ပုံစံတွင် ဖေါ်ပြထားသောမေးခွန်းတခုခုကို၊ မိမိအားထိုအရာရှိကမေးမြန်းရာ၌ မဟုတ်မမှန်သည့်အဖြေတရပ်ရပ်ကို၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းသည့်အချိန်တွင် တမင်ပေးခဲ့သည်ဟု တွေ့ရှိလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ငါးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေ တွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

မလျော်သော အပြုအမူပြုမှု။

[edit]

၄၄။ ။အရာရှိတဦးဦး၊ သို့တည်းမဟုတ် အရာခံဗိုလ်တဦးဦးသည်၊ မိမိ၏ အဆင့်အတန်းနှင့်မလျော်သည့် ပြင် မိမိတွင်ရှိထိုက်သော အကျင့်စာရိတ္တနှင့်မလျော်သော နည်းအတိုင်းပြုမူလျှင်၊ စစ်တရားရုံးက ပြစ်မှု ထင်ရှား စီရင်သောအခါ-

ထိုသူမှာ အရာရှိတဦးဖြစ်ပါက ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊

ထိုသူမှာ အရာခံဗိုလ်တဦးဖြစ်ပါက အမြဲတမ်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊

ထိုက်သင့်စေရမည်။

ရှက်ဘွယ်ကောင်းသော အပြုအမူပြုမှု။

[edit]

၄၅။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) ရက်စက်သော၊ သိက္ခာမဲ့သော၊ သို့တည်းမဟုတ် ဓမ္မတာနှင့်ဆန့်ကျင်သော အမျိုးအစားတခုဖြစ် သည့် ရှက်ဘွယ်ကောင်းသော၊ အပြုအမူတခုခုကိုပြုလျှင်၊ သို့တည်းမဟုတ်

(ခ) တာဝန်ဝတ်တရားလွှဲရှောင်ရန် မကျန်းမာဟန်ဆောင်လျှင်၊ သို့တည်းမဟုတ် မိမိကိုယ်တွင် အနာ ရောဂါသော်၎င်း၊ ချည့်နဲ့ခြင်းသော်၎င်း၊ ဖြစ်ပေါ်ဟန်ဆောင်လျှင်၊ သို့တည်းမဟုတ် ဖြစ်ပေါ်စေလျှင်၊ သို့တည်းမဟုတ် မိမိ၏ပျောက်ကင်းမှုကို တမင်ကြန့်ကြာစေလျှင်၊ သို့တည်းမဟုတ် မိမိ၏အနာရောဂါကို သော်၎င်း၊ ချည့်နဲ့ခြင်းသော်၎င်း၊ တမင်တိုးစေလျှင်၊ သို့တည်းမဟုတ်

(ဂ) မိမိကိုယ်တိုင်သော်၎င်း၊ အခြားသူသော်၎င်း၊ စစ်မှုထမ်းခြင်းအတွက် မသင့်တော်စေရန် အကြံဖြင့် မိမိအလိုအလျောက် မိမိကိုယ်ကိုဖြစ်စေ၊ ထိုသူကိုဖြစ်စေ နာကျင်စေလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့်လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

လက်အောက်ခံ စစ်မှုထမ်းတဦးကို ညှဉ်းပန်းနှိပ်စက်မှု။

[edit]

၄၆။ ။ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးသည်၊ အဆင့်အားဖြင့်သော်၎င်း၊ ရာထူးအားဖြင့်သော်၎င်း၊ မိမိ၏ လက်အောက်ခံဖြစ်သော စစ်ဘက်ဥပဒေကို လိုက်နာရသူတဦးဦးအား ရိုက်ပုတ်လျှင်၊ သို့တည်း မဟုတ် အခြားနည်းဖြင့် ညှဉ်းပန်းနှိပ်စက်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ် ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရ မည်။

မူးယစ်မှု။

[edit]

၄၇။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ တာဝန်ဝတ်တရားဆောင်ရွက်နေသည့် အခါဖြစ်စေ၊ မဆောင်ရွက်နေသည့်အခါဖြစ်စေ၊ မူးယစ်နေလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သော အခါ ထိုသူမှာ အရာရှိတဦးဖြစ်ပါက ရှုတ်ချ၍ အမြဲတမ်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုသူမှာ အရာရှိတဦးမဟုတ်ပါက၊ ပုဒ်မခွဲ (၂) ရှိ ပြဋ္ဌာန်း ချက်များနှင့် မဆန့်ကျင်စေဘဲ၊ နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

(၂) တန်းပြည့်စစ်မှုထမ်းချိန်မဟုတ်သည့်အခါသော်၎င်း၊ တာဝန်ဝတ်တရားမဆောင်ရွက်နေသည့် အခါ သော်၎င်း၊ အရာရှိမှတပါး၊ အခြားသူတဦးသည်၊ မူးယစ်မှုတခုကို ကျူးလွန်ပါက၊ ထိုသူအား ချမှတ်သည့် ထောင်ဒဏ်သည်၊ ခြောက်လထက် မပိုစေရ။

ရှင်းလင်းချက်။ ။သေရည်သေရက် တခုတည်း၏ အာနိသင်ကြောင့်ဖြစ်စေ၊ တခုခုသောဆေးဘက်ဝင် ဝတ္ထုတခုတည်း၏ အာနိသင်ကြောင့်ဖြစ်စေ၊ သေရည်သေရက်၊ သို့တည်းမဟုတ် ဆေးဘက်ဝင်ဝတ္ထုကို အခြားပတ်ဝန်းကျင်ကြောင်းခြင်းရာတခုခုနှင့် ပေါင်းစပ်ခြင်း၏ အာနိသင်ကြောင့်ဖြစ်စေ၊ မိမိ၏တာဝန် ဝတ်တရားကိုသော်၎င်း၊ မိမိအားပေးအပ်တန်ရာသည့် တာဝန်ဝတ်တရား တခုခုကိုသော်၎င်း၊ ပေးအပ်ရန်အတွက် တဦးတယောက်သောသူသည်၊ မသင့်မတော်ဖြစ်လျှင်၊ သို့တည်းမဟုတ် ဣန္ဒြေသိက္ခာမဲ့သော နည်းဖြင့်သော်၎င်း၊ တပ်မတော်၏ဂုဏ်ကို ထိခိုက်နစ်နာစေတန်ရာသည့် နည်းတမျိုးမျိုးဖြင့်သော်၎င်း၊ တဦးတယောက်သောသူသည်ပြုမူလျှင်၊ ဤပြစ်မှုပါ ကိစ္စများအလို့ငှါ၊ ထိုသူ၌ မူးယစ်မှုအတွက် အပြစ်ရှိသည်။

အချုပ်နှင့်ထားသူ လွတ်ပြေးမှု။

[edit]

၄၈။ ။ ဤအက်ဥပဒေလိုက်နာသူ တဦးဦးသည်-

(က) ကင်း၊ စောင့်ကင်း၊ လှည့်ကင်း၊ သို့တည်းမဟုတ် တာဝန်ကျနေရာတခုကို ကွပ်ကဲနေသောအခါ၊ တမင်ဖြစ်စေ၊ လုံလောက်သောအကြောင်းမရှိဘဲနှင့်ဖြစ်စေ၊ မိမိစောင့်ထိန်းရန်လွှဲအပ်ထားသူ တဦးဦးကို ဆိုင်ရာအခွင့်အာဏာမရရှိဘဲလွှတ်ပစ်လျှင်၊ သို့တည်းမဟုတ် မိမိထံနည်းလမ်းတကျ လွှဲအပ်သောသူ တဦးဦးကိုဖြစ်စေ၊ အကျဉ်းသားတဦးဦးကိုဖြစ်စေ လက်ခံရန်ငြင်းပယ်လျှင်၊ သို့တည်းမဟုတ်

(ခ) မိမိအားစောင့်ထိန်းရန်လွှဲအပ်ထားသော၊ သို့တည်းမဟုတ် မိမိစောင့်ထိန်းရန်တာဝန်သော်၎င်း၊ စောင့်ကြပ်ရန်တာဝန်သော်၎င်း၊ ရှိသောသူတဦးဦးအားတမင်ဖြစ်စေ၊ လုံလောက်သောအကြောင်းမရှိဘဲ နှင့်ဖြစ်စေ၊ လွတ်ပြေးစေလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တမင်ပြုသောပြုမှုဖြစ်ပါက တဆယ့်လေးနှစ်အထိ ထောင် ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေတမင်ပြုသော ပြုမှုမဟုတ် ပါက နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

ဘမ်းဆီးခြင်း၊ သို့တည်းမဟုတ် ချုပ်နှောင်ထားခြင်းနှင့်စပ်လျဉ်း၍ နည်းလမ်းမကျမှု။

[edit]

၄၉။ ။ ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးသည်-

(က) စစ်ဆေးစီရင်ခြင်းမပြုဘဲ၊ တဦးတယောက်သောသူအား အကြောင်းမဲ့ဘမ်းဆီးထားလျှင်၊ သို့တည်း မဟုတ် ချုပ်နှောင်ထားလျှင်၊ သို့တည်းမဟုတ် ထိုသူ၏အမှုကိုစုံစမ်းစစ်ဆေးရန်အတွက် ဆိုင်ရာအာဏာ ပိုင်ထံတင်ပြရန် ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ခ) တဦးတယောက်သောသူအား၊ စစ်ဘက်အချုပ်သို့လွှဲအပ်ပြီးသည့်နောက် ဘမ်းဆီးခြင်းခံရသူအား ချုပ်ထားရန် လွှဲအပ်ခြင်းခံရသော အရာရှိကိုဖြစ်စေ၊ အခြားသူကိုဖြစ်စေ၊ ထိုသို့လွှဲအပ်ချိန်တွင်သော်၎င်း၊ ဆောလျင်နိုင်သမျှ ဆောလျင်စွာသော်၎င်း၊ မည်သည့်နည်းနှင့်မဆို၊ ထိုသို့လွှဲအပ်ပြီးသည့်နောက် နှစ်ဆယ့် လေးနာရီအတွင်း ယင်းသို့အချုပ်ခံရသူအပေါ် စွဲဆိုထားသောပြစ်မှု၏ အကြောင်းအရာကို ရေးသားပြီး၊ မိမိကိုယ်တိုင်လက်မှတ်ရေးထိုး၍ ပေးအပ်ရန်လုံလောက်သောအကြောင်းမရှိဘဲ၊ ပျက်ကွက်လျှင်၊ စစ် တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ နှစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထား သည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

အချုပ်မှထွက်ပြေးမှု။

[edit]

၅၀။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ မိမိအားတရားဥပဒေအရ ချုပ်ထားရာမှထွက်ပြေး လျှင်၊ သို့တည်းမဟုတ် ထွက်ပြေးရန်အားထုတ်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ငါးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက် သင့်စေရမည်။

ပစ္စည်းနှင့်စပ်လျဉ်းသည့် ပြစ်မှုများ။

[edit]

၅၁။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) ပြည်ထောင်စုနိုင်ငံ အစိုးရပိုင်သော၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရပိုင်သော၊ သို့တည်းမဟုတ် စစ်ဘက်ရိပ်သာ၊ တီးဝိုင်း၊ သို့တည်းမဟုတ် အဖွဲ့အစည်းတခုခုပိုင်သော၊ သို့တည်းမဟုတ် စစ်ဘက်ဥပဒေ ကို လိုက်နာရသူတဦးဦးပိုင်သောပစ္စည်းတခုခုကို ခိုးယူလျှင်၊ သို့တည်းမဟုတ်

(ခ) အဆိုပါပစ္စည်းတခုခုကို၊ မရိုးမဖြောင့်သောသဘောဖြင့် အလွဲသုံးစားပြုလျှင်၊ သို့တည်းမဟုတ် မိမိ၏ပစ္စည်းအဖြစ်သို့ ပြောင်းလွှဲခြင်းပြုလျှင်၊ သို့တည်းမဟုတ်

(ဂ) အဆိုပါပစ္စည်းတခုခုနှင့်စပ်လျဉ်း၍၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖေါက်ဖျက်မှုကိုကျူး လွန်လျှင်၊ သို့တည်းမဟုတ်

(ဃ) အပိုဒ်(က)၊ (ခ) နှင့် (ဂ) အရဖြစ်သော ပြစ်မှုများအနက် ပြစ်မှုတခုခုနှင့်စပ်လျဉ်းသော ပစ္စည်း တခုခုကို၊ ထိုပြစ်မှုကျူးလွန်ကြောင်းသိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်နှင့်ဖြစ်စေ၊ မရိုး မဖြောင့်သော သဘောဖြင့်လက်ခံလျှင်၊ သို့တည်းမဟုတ် ဆက်လက်ထားရှိလျှင်၊ သို့တည်းမဟုတ်

(င) မိမိအားယုံကြည်အပ်နှံထားသော၊ ပြည်ထောင်စုနိုင်ငံအစိုးရ၏၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရ ၏ ပစ္စည်းတခုခုကို တမင်ဖျက်ဆီးလျှင်၊ သို့တည်းမဟုတ် ပျက်စီးစေလျှင်၊ သို့တည်းမဟုတ်

(စ) လိမ်လည်လှည့်ဖျားလိုသော အကြံဖြင့်ဖြစ်စေ၊ တဦးတယောက်သောသူအား မတရားရယူစေရန် အကြံဖြင့်ဖြစ်စေ၊ မတရားဆုံးရှုံးစေရန် အကြံဖြင့်ဖြစ်စေ၊ အခြားမည်သည့်အရာကိုမဆိုပြုလျှင်

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့်လျော့သော ပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

ချောက်လှန့်တောင်းယူမှုနှင့် တရားမဲ့ပြုမှု။

[edit]

၅၂။ ။ဤအက်ဥပဒေကိုလိုက်နာရသူတဦးဦးသည်-

(က) ချောက်လှန့်တောင်းယူမှုကို ကျူးလွန်လျှင်၊ သို့တည်းမဟုတ်

(ခ) ဆိုင်ရာအခွင့်အာဏာမရရှိဘဲ၊ သူတဦးဦးထံမှကြေးငွေ၊ စားနပ်ရိက္ခာများ၊ သို့တည်းမဟုတ် တခုခု ဆောင်ရွက်ပေးရန် အတင်းအကျပ်၊ တောင်းဆိုလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

ပစ္စည်းကိရိယာတန်ဆာပလာများ ထုခွဲမှု။

[edit]

၅၃။ ။ ဤအက်ဥပဒေကိုလိုက်နာရသူတဦးဦးသည်-

(က) မိမိအသုံးပြုရန်မိမိအား၊ ထုတ်ပေးထားသော၊ သို့တည်းမဟုတ် မိမိအားယုံကြည်အပ်နှံထားသော ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရပိုင်၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရပိုင်ပစ္စည်းတခုခုကို ထုခွဲလျှင်၊ သို့တည်းမဟုတ် ထိုသို့ထုခွဲရာတွင်ပါဝင်လျှင်၊ သို့တည်းမဟုတ်

(ခ) ပေါ့လျော့မှုကြောင့် အပိုဒ်(က) တွင် ဖေါ်ပြထားသောပစ္စည်းတခုခုပျောက်ဆုံးလျှင်၊ သို့တည်းမဟုတ်

(ဂ) မိမိအားချီးမြှင့်ထားသောဆုတံဆိပ်၊ သို့တည်းမဟုတ် ဘွဲ့တံဆိပ်တခုခုကိုရောင်းလျှင်၊ ပေါင်နှံလျှင်၊ ဖျက်ဆီးလျှင်၊ သို့တည်းမဟုတ် ပုံသဏ္ဌာန်ဖျက်လျှင် စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ အပိုဒ် (က) တွင်သီးခြားဖေါ်ပြထားသော ပြစ်မှုအတွက်ဖြစ်ပါက၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက် ဥပဒေတွင် ဖေါ်ပြထားသည့်လျော့သောပြစ်ဒဏ်ဖြစ်စေ၊ အခြားအပိုဒ်များတွင် သီးခြားဖေါ်ပြထားသော ပြစ်မှုအတွက်ဖြစ်ပါက၊ ငါးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သော ပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

ပစ္စည်းကိုပျက်စီးစေမှု။

[edit]

၅၄။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) ပြည်ထောင်စုနိုင်ငံအစိုးရပိုင်သော၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရပိုင်သော၊ သို့တည်းမဟုတ် စစ်ဘက်ရိပ်သာ၊ တီးဝိုင်း၊ သို့တည်းမဟုတ် အဖွဲ့အစည်းတခုခုပိုင်သော၊ သို့တည်းမဟုတ် စစ်ဘက်ဥပဒေ ကို လိုက်နာရသူတဦးဦးပိုင်သော၊ သို့တည်းမဟုတ် တပ်မတော်နှင့်အတူအမှုထမ်းရွက်နေသည့်၊ သို့တည်း မဟုတ် တပ်မတော်သို့ တွဲဘက်ထားခြင်းခံရသည့် သူတဦးဦးပိုင်သော၊ ပစ္စည်းတခုခုကိုဖျက်ဆီးလျှင်၊ သို့တည်းမဟုတ် ပျက်ဆီးစေလျှင်၊ သို့တည်းမဟုတ်

(ခ) ပြည်ထောင်စုနိုင်ငံအစိုးရ၏၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရ၏ပစ္စည်းတခုခုကို မီးဖြင့်ပျက်စီး နစ်နာစေခြင်း၊ သို့တည်းမဟုတ် ပျက်ပြုန်းခြင်းဖြစ်စေသော ပြုလုပ်မှုတခုခုကိုပြုလျှင်၊ သို့တည်းမဟုတ်

(ဂ) ပြည်ထောင်စုနိုင်ငံအစိုးရကဖြစ်စေ၊ ပြည်နယ်အစိုးရကဖြစ်စေ၊ မိမိအားယုံကြည်အပ်နှံထားသော မည်သည့် တိရစ္ဆာန်ကိုမဆိုသတ်ဖြတ်လျှင်၊ နာကျင်စေလျှင်၊ ထုခွဲလျှင်၊ ညှဉ်းပန်းနှိပ်စက်လျှင်၊ သို့တည်း မဟုတ် ဆုံးရှုံးစေလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တမင်ပြုသောပြုမှုဖြစ်ပါက၊ တဆယ့်လေးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ လုံလောက်သောအကြောင်းမရှိဘဲ ပြုသောပြုမှုဖြစ်ပါက၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေ တွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

မဟုတ်မမှန်စွပ်စွဲမှု။

[edit]

၅၅။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) စွပ်စွဲချက်တခုကို မဟုတ်မမှန်ကြောင်းသိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်နှင့်ဖြစ် စေ၊ စစ်ဘက်ဥပဒေကို လိုက်နာရသူတဦးဦးအား၊ ထိုသို့မဟုတ်မမှန်စွပ်စွဲလျှင်၊ သို့တည်းမဟုတ်

(ခ) ပုဒ်မ ၂၄၊ သို့တည်းမဟုတ် ပုဒ်မ ၂၅ အရ၊ တိုင်ကြားချက်တခုပြုရာ၌၊ စစ်ဘက်ဥပဒေကို လိုက်နာရသူတဦးဦး၏ အကျင့်စာရိတ္တထိခိုက်သော ထွက်ဆိုချက်တခုခုကို၊ ထိုထွက်ဆိုချက် မဟုတ်မမှန် ကြောင်း သိလျက်နှင့်ဖြစ်စေ၊ ယုံကြည်ရန်အကြောင်းရှိလျက်နှင့်ဖြစ်စေ၊ ပြုလျှင်၊ သို့တည်းမဟုတ် အရေး ပါသောအကြောင်းခြင်းရာများကို သိလျက်နှင့်တမင်ဖုံးကွယ်ထားလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ငါးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

မဟုတ်မမှန်ဖေါ်ပြမှုနှင့် အစိုးရစာတမ်းအမှတ်အသားများကို မဟုတ်မမှန်ပြုမှု။

[edit]

၅၆။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) မိမိပြုလုပ်ထားသော၊ သို့တည်းမဟုတ် မိမိလက်မှတ်ရေးထိုးထားသော၊ အစီရင်ခံစာ၊ ပြန်တမ်း၊ စာရင်း၊ သက်သေခံလက်မှတ်၊ စာအုပ်၊ သို့တည်းမဟုတ် အခြားစာတမ်းအမှတ်အသားတွင်ဖြစ်စေ၊ မိမိမှာတိကျမှန်ကန်ခြင်းကိုစိစစ်ရန် တာဝန်ဝတ်တရားရှိသည့် ၎င်းတို့တွင်ပါရှိသော အကြောင်းအရာများ တွင်ဖြစ်စေ၊ မဟုတ်မမှန်သော၊ သို့တည်းမဟုတ် လိမ်လည်လှည့်ဖြားသော ထွက်ဆိုချက်တခုခုကို သိလျက်နှင့်ပြုလျှင်၊ သို့တည်းမဟုတ် ထိုထွက်ဆိုချက်တခုခုကို ပြုရာ၌ပါဝင်လျှင်၊ သို့တည်းမဟုတ်

(ခ) အပိုဒ် (က) ၌ ဖေါ်ပြထားသော စာတမ်းအမှတ်အသားတမျိုးမျိုးတွင် လိမ်လည်လှည့်ဖြားလိုသော အကြံဖြင့် တခုခုကိုပြုလုပ်ရန်သိလျက်နှင့် ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် တခုခုကိုပြုလုပ်ရန် ပျက်ကွက်ရာ၌ပါဝင်လျှင်၊ သို့တည်းမဟုတ်

(ဂ) ထိန်းသိမ်းထားရန်ဖြစ်စေ၊ တင်ပြရန်ဖြစ်စေ၊ မိမိ၏တာဝန်ဝတ်တရားဖြစ်သော စာတမ်းအမှတ် အသားတခုခုကို သိလျက်နှင့် သူတဦးဦးနစ်နာစေရန်အကြံဖြင့်၊ သို့တည်းမဟုတ် သိလျက်နှင့် သူတဦးဦး ကို လိမ်လည်လှည့်ဖြားလိုသောအကြံဖြင့် ဖုံးကွယ်ထားလျှင်၊ ဘတ်၍မရအောင်ပြုလုပ်လျှင်၊ ပြောင်းလဲ လျှင်၊ သို့တည်းမဟုတ် ဖျောက်ဖျက်လျှင်၊ သို့တည်းမဟုတ်

(ဃ) ကိစ္စတရပ်ရပ်နှင့်စပ်လျဉ်း၍၊ ဖွင့်ဟဖေါ်ပြရန်ရာထူးအလျောက် မိမိ၌တာဝန်ဝတ်တရားရှိရာတွင်၊ သိလျက်နှင့်မဟုတ်မမှန် ဖွင့်ဟဖေါ်ပြလျှင်၊ သို့တည်းမဟုတ်

(င) မဟုတ်မမှန်သည်လည်းဖြစ်သည့်ပြင်၊ မဟုတ်မမှန်ကြောင်း မိမိသိသည်လည်းဖြစ်သော၊ သို့တည်း မဟုတ် ယုံကြည်သည်လည်းဖြစ်သော၊ သို့တည်းမဟုတ် ဟုတ်မှန်သည်ဟုမိမိယုံကြည်ခြင်း မရှိသည် လည်းဖြစ်သော ထွက်ဆိုချက်တခုဖြင့်သော်၎င်း၊ စာအုပ်၊ သို့တည်းမဟုတ် မှတ်တမ်းတခုခုတွင် မဟုတ် မမှန်သောရေးသွင်းချက်တရပ်ကို ပြုလုပ်ခြင်းဖြင့်သော်၎င်း၊ ယင်းသို့ မဟုတ်မမှန်ရေးသွင်းချက်တရပ်ကို အသုံးပြုခြင်းဖြင့်သော်၎င်း၊ မဟုတ်မမှန်သော ထွက်ဆိုချက်တခုပါရှိသည့် စာတမ်းအမှတ်အသား တခုခု ကို ပြုလုပ်ခြင်းဖြင့်သော်၎င်း၊ ဟုတ်မှန်သော ရေးသွင်းချက်တခု၊ သို့တည်းမဟုတ် ဟုတ်မှန်သောထွက်ဆို ချက်တခုပါရှိသော စာတမ်းအမှတ်အသားတခုပြုလုပ်ရန် ပျက်ကွက်ခြင်းဖြင့်သော်၎င်း၊ မိမိအတွက် ဖြစ်စေ၊ အခြားသူတဦးဦးအတွက်ဖြစ်စေ၊ အငြိမ်းစားလစာ၊ လစာ၊ စရိတ်၊ သို့တည်းမဟုတ် အကျိုးခံစား ခွင့်၊ သို့တည်းမဟုတ် ကျေးဇူးခံစားခွင့်တခုခုကို ရယူလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

ကွက်လပ်ချန်၍လက်မှတ်ထိုးမှုနှင့် အစီရင်ခံရန်ပျက်ကွက်မှု။

[edit]

၅၇။ ။ ဤအက်ဥပဒေကိုလိုက်နာသူတဦးဦးသည်-

(က) လစာ၊ လက်နက်များ၊ ခဲယမ်းမီးကျောက်၊ ပစ္စည်းကိရိယာ တန်ဆာပလာများ၊ အဝတ်အစား၊ ထောက်ပံ့ပစ္စည်းများ၊ သို့တည်းမဟုတ် ပစ္စည်းများ၊ သို့တည်းမဟုတ် ပြည်ထောင်စုနိုင်ငံအစိုးရ၏၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရ၏ ပစ္စည်းတခုခုနှင့်စပ်လျဉ်းသော စာတမ်းအမှတ်အသားတခုခုကို လက်မှတ်ရေးထိုးရာတွင် အရေးပါသောအစိတ်အပိုင်းတခုခုအတွက် မှန်ကန်ကြောင်း မိမိ၏လက်မှတ် သည်၊ ထောက်ခံချက်ဖြစ်ပါလျက်နှင့် လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့် ထိုအရေးပါသော အစိတ် အပိုင်းတခုခုကို မဖြည့်စွက်ဘဲချန်လှပ်၍ထားလျှင်၊

(ခ) ပြုလုပ်ရန်သော်၎င်း၊ ပေးပို့ရန်သော်၎င်း၊ မိမိ၌တာဝန်ဝတ်တရားရှိသော အစီရင်ခံစာ၊ သို့တည်း မဟုတ် ပြန်တမ်းတခုခုကိုပြုလုပ်ရန်ဖြစ်စေ၊ ပေးပို့ရန်ဖြစ်စေ၊ ငြင်းပယ်လျှင်၊ သို့တည်းမဟုတ် ပြစ်ဒဏ် ခံထိုက်သော ပေါ့လျော့မှုဖြင့်ပျက်ကွက်လျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

စစ်တရားရုံးများနှင့်စပ်လျဉ်းသော ပြစ်မှုများ။

[edit]

၅၈။ ။ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) စစ်တရားရုံးတရုံးသို့ သက်သေတဦးအဖြစ်ဖြင့် တက်ရောက်ရန် သမ္မာန်စာဖြစ်စေ၊ အမိန့်စာဖြစ်စေ၊ နည်းလမ်းတကျ ချအပ်ခြင်းခံရလျက်၊ တမင်သော်၎င်း၊ လုံလောက်သောအကြောင်းမရှိဘဲသော်၎င်း၊ တက်ရောက်ရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ခ) ကျမ်းသစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ်စေ၊ ပြုရန်စစ်တရားရုံးက တရားဥပဒေနှင့်အညီ ခိုင်းသည်ကို ငြင်းပယ် လျှင်၊ သို့တည်းမဟုတ်

(ဂ) မိမိ၏အာဏာ၊ သို့တည်းမဟုတ် ကြီးကြပ်အုပ်ချုပ်မှုအတွင်းရှိသော စာတမ်း အမှတ်အသားတခုကို တင်ပြရန်သော်၎င်း၊ ပေးအပ်ရန်သော်၎င်း၊ စစ်တရားရုံးတရုံးက တရားဥပဒေနှင့်အညီ ခိုင်းသည်ကို ငြင်းပယ် လျှင်၊ သို့တည်းမဟုတ်

(ဃ) သက်သေတဦးအဖြစ်ဖြင့် တရားဥပဒေအရ ဖြေဆိုရန်တာဝန်ရှိသော မေးခွန်းတခုခုကိုဖြေဆိုရန် ငြင်းပယ်လျှင်၊ သို့တည်းမဟုတ်

(င) စော်ကားသော၊ သို့တည်းမဟုတ် ခြိမ်းချောက်သောစကားကို အသုံးပြုခြင်းအားဖြင့်သော်၎င်း၊ စစ်တရားရုံးတရုံး၏ မှုခင်းကိစ္စများတွင် ဝင်ရောက်နှောင့်ရှက်ခြင်း၊ သို့တည်းမဟုတ် နှောင့်ရှက်ခြင်း တခုခုကို ဖြစ်စေခြင်းအားဖြင့်သော်၎င်း၊ ထိုစစ်တရားရုံးကိုမထီလေးစားပြုလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ သုံးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

မဟုတ်မမှန်သက်သေခံမှု။

[edit]

၅၉။ ။ ဤအက်ဥပဒေကိုလိုက်နာရသူတဦးဦးသည်၊ စစ်တရားရုံးတရုံးရှေ့တွင်၊ သို့တည်းမဟုတ် အဖွဲ့ တခုခုရှေ့တွင်၊ သို့တည်းမဟုတ် ဤအက်ဥပဒေအရ ကျမ်းသစ္စာတိုက်ရန် အာဏာရရှိထားသော အရာရှိ ရှေ့တွင်ရောက်ရှိနေသောမှုခင်းကိစ္စများ၌ မိမိသည်၊ သက်သေတဦးအဖြစ်ဖြင့်သော်၎င်း၊ စကားပြန်တဦး အဖြစ်ဖြင့် သော်၎င်း၊ တရားဥပဒေအရ ကျမ်းသစ္စာကျိန်ဆိုပြီးပါလျက်နှင့် မဟုတ်မမှန်ဟုမိမိသိသော၊ သို့တည်းမဟုတ် ဟုတ်မှန်သည်ဟု မိမိယုံကြည်ခြင်းမရှိသော၊ မှုခင်းကိစ္စများတွင် အရေးပါသော ထွက်ဆိုချက်တခုကိုပြုလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ ခုနစ်နှစ်ထိထောင်ဒဏ် ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

တရားဥပဒေနှင့် ဆန့်ကျင်၍ လစာကိုဆိုင်းထားမှု။

[edit]

၆၀။ ။ အရာရှိ၊ အရာခံဗိုလ်၊ သို့တည်းမဟုတ် အကြပ်တဦးဦးသည်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦး ၏လစာကို လက်ခံထားပြီးသည့်နောက်၊ ထိုလစာကို အချိန်ကျရောက်သည့်အခါ၊ တရားဥပဒေနှင့် ဆန့်ကျင်၍မပေးဘဲ၊ ဆိုင်းထားလျှင်၊ သို့တည်းမဟုတ် ပေးရန်ငြင်းပယ်လျှင်၊ စစ်တရားရုံးက ပြစ်မှု ထင်ရှားစီရင်သောအခါ၊ ဆယ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့ သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

ပျံသန်းရေးနှင့် လေယာဉ်ဆိုင်ရာပြစ်မှုများ။

[edit]

၆၁။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) ပြည်ထောင်စုနိုင်ငံအစိုးရပိုင် လေယာဉ်၊ သို့တည်းမဟုတ် လေယာဉ်ပစ္စည်းကို၊ တမင်သော်၎င်း၊ လုံလောက်သောအကြောင်းမရှိဘဲသော်၎င်း၊ ပျက်စီးနစ်နာစေလျှင်၊ ဖျက်ဆီးလျှင်၊ သို့တည်းမဟုတ် ဆုံးရှုံးစေလျှင်၊ သို့တည်းမဟုတ်

(ခ) အဆိုပါပျက်စီးနစ်နာမှု၊ ဖျက်ဆီးမှု၊ သို့တည်းမဟုတ် ဆုံးရှုံးမှုဖြစ်စေတန်ရာသောပြုလုပ်မှု၊ သို့တည်း မဟုတ် ပေါ့လျော့မှုတခုခုကြောင့် ပျက်စီးနစ်နာမှု၊ ဖျက်ဆီးမှု၊ သို့တည်းမဟုတ် ဆုံးရှုံးမှုဖြစ်စေလျှင်၊ သို့တည်းမဟုတ်

(ဂ) ပြည်ထောင်စုနိုင်ငံအစိုးရပိုင်လေယာဉ်၊ သို့တည်းမဟုတ် လေယာဉ်ပစ္စည်းကို တရားဥပဒေနှင့် ညီသော အခွင့်အာဏာမရှိဘဲထုခွဲလျှင်၊ သို့တည်းမဟုတ်

(ဃ) အသက်ဆုံးရှုံးမှု၊ သို့တည်းမဟုတ် ကိုယ်အင်္ဂါနာကျင်မှုဖြစ်စေသော၊ သို့တည်းမဟုတ် ဖြစ်စေတန် ရာသောပြုလုပ်မှု၊ သို့တည်းမဟုတ် ပေါ့လျော့မှုတခုခုကြောင့် ပျံသန်းရာတွင်သော်၎င်း၊ လေယာဉ်ကို အသုံးပြုရာတွင်သော်၎င်း၊ လေယာဉ်၊ သို့တည်းမဟုတ် လေယာဉ်ပစ္စည်းနှင့်စပ်လျဉ်း၍သော်၎င်း၊ သူတဦးဦးအား အသက်ဆုံးရှုံးမှု၊ သို့တည်းမဟုတ် ကိုယ်အင်္ဂါနာကျင်စေမှုဖြစ်စေလျှင်၊ သို့တည်းမဟုတ်

(င) စစ်ဖြစ်နေစဉ်တွင် ပြည်ထောင်စုနိုင်ငံအစိုးရပိုင် လေယာဉ်ကို တမင်ဖြစ်စေ၊ သင့်လျော်သော အကြောင်းမရှိဘဲဖြစ်စေ၊ ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ ကြားနေတိုင်းပြည်တပြည်ကသော်၎င်း၊ ကြားနေ တိုင်းပြည်တပြည်၏ အမိန့်အရသော်၎င်း၊ သိမ်းယူခြင်းခံရစေလျှင်၊ သို့တည်းမဟုတ် ကြားနေတိုင်းပြည် တပြည်တွင် ဖျက်ဆီးခြင်းခံရစေလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တမင်ပြုသော ပြုမှုဖြစ်ပါက တဆယ့်လေးနှစ်ထိထောင် ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့်လျော့သော ပြစ်ဒဏ်ဖြစ်စေ၊ တမင်ပြုသောပြုမှုမဟုတ် ပါက၊ ငါးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

ပျံသန်းရေးနှင့် လေယာဉ်ဆိုင်ရာ အခြားပြစ်မှုများ။

[edit]

၆၂။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) ပြည်ထောင်စုနိုင်ငံအစိုးရပိုင် လေယာဉ်၊ သို့တည်းမဟုတ် လေယာဉ်ပစ္စည်းနှင့်စပ်လျဉ်းသော သက်သေခံလက်မှတ်တခုခုကို တိကျမှန်ကန်ကြောင်း သေချာစွာမစီစစ်ဘဲ လက်မှတ်ရေးထိုးလျှင်၊ သို့တည်းမဟုတ်

(ခ) ပြည်ထောင်စုနိုင်ငံအစိုးရပိုင်လေယာဉ်တစီး၏ လေသူရဲဖြစ်သည်တွင်၊ မြေပြင်မှ လေယာဉ်ထွက်ခွါ နေစဉ်၊ သို့တည်းမဟုတ် မြေပြင်သို့လေယာဉ်သက်ဆင်းနေစဉ်၊ သို့တည်းမဟုတ် ကာကွယ်ရေးဦးစီးချုပ် က သီးခြားဖေါ်ပြထားသော အခြားအကြောင်းအချက်များတွင်မှအပ၊ လေယာဉ်ကိုကာကွယ်ရေးဦးစီး ချုပ်က သီးခြားဖေါ်ပြထားသည့် အမြင့်အောက်နိမ့်၍ပျံသန်းလျှင်၊ သို့တည်းမဟုတ်

(ဂ) ပြည်ထောင်စုနိုင်ငံအစိုးရပိုင်လေယာဉ်တစီး၏ လေသူရဲဖြစ်သည်တွင်၊ သူတဦးဦးအား မလိုလား အပ်သော စိတ်ငြိုငြင်ခြင်းဖြစ်စေသော၊ သို့တည်းမဟုတ် စိတ်ငြိုငြင်ခြင်းဖြစ်စေတန်ရာသော ပျံသန်းခြင်း မျိုးဖြင့် ထိုလေယာဉ်ကိုပျံသန်းလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ နှစ်နှစ်ထိထောင် ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြ ထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

လေယာဉ်မှူး၏ တရားဥပဒေနှင့်ညီသော အမိန့်ကိုဖီဆန်မှု။

[edit]

၆၃။ ။ မည်သည့်အဆင့်မဆိုရှိသည့် ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) လေယာဉ်တစီးအတွင်းရှိစဉ်၊ ထိုလေယာဉ်၏ လေယာဉ်မှူးမှာ၊ ဤအက်ဥပဒေကို လိုက်နာရသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ လေယာဉ်ပျံသန်းရေးနှင့်သော်၎င်း၊ ထိန်းသိမ်းရေးနှင့်သော်၎င်း၊ လုံခြုံမှုနှင့်သော်၎င်း၊ သက်ဆိုင်သည့်ကိစ္စအားလုံးနှင့်စပ်လျဉ်း၍ ထိုလေယာဉ်မှူးကပေးသော တရား ဥပဒေနှင့်ညီသည့် အမိန့်တခုခုကိုဖီဆန်လျှင်၊ သို့တည်းမဟုတ်

(ခ) အခြားလေယာဉ်တစီးက ဆွဲသွားရသော စက်မဲ့လေယာဉ်တစီး၏ လေယာဉ်မှူးဖြစ်သည်တွင်၊ ဆွဲသည့်လေယာဉ်မှူးမှာ၊ ဤအက်ဥပဒေကို လိုက်နာရသူဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အထက်ဆိုခဲ့ပြီးသော ကိစ္စအားလုံးနှင့်စပ်လျဉ်း၍ ထိုလေယာဉ်မှူးကပေးသော တရားဥပဒေနှင့်ညီသည့် အမိန့်တခုခုကိုဖီဆန်လျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တဆယ့်လေးနှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေ တွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

သင်္ဘောများနှင့်စပ်လျဉ်းသော ပြစ်မှုများ။

[edit]

၆၄။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ တပ်မတော်ပိုင်၊ သို့တည်းမဟုတ် တပ်မတော် ကအသုံးပြုသောရေယာဉ်ကို၊ ဘေးအန္တရာယ်မကင်းအောင်ပြုလုပ်သဖြင့်၊ သို့တည်းမဟုတ် ဘေး အန္တရာယ်မကင်းအောင်ဖြစ်စေသဖြင့်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ တမင်ပြုသောပြစ်မှု ဖြစ်ပါက တဆယ့်လေးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့်လျော့သောပြစ် ဒဏ်ဖြစ်စေ၊ တမင်ပြုသောပြစ်မှုမဟုတ်ပါက၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

(၂) သင်္ဘောများ၊ သို့တည်းမဟုတ် ရေယာဉ်များကိုခြံရံစောင့်ကြပ်ခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း တို့အတွက် တာဝန်ပေးအပ်ခြင်းခံရသော သင်္ဘောတစင်း၏ အရာရှိတဦးဖြစ်သည့်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) တာဝန်ဝတ်တရားကို ဆောင်ရွက်ရန်ကိစ္စအလို့ငှါ ရရှိသောညွှန်ကြားချက်များနှင့်အညီ မိမိ၏ တာဝန်ဝတ်တရားကို ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်ရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ခ) အခြားမည်သည့်ကိစ္စကိုမျှ လွှဲပြောင်းဆောင်ရွက်ခြင်းမပြုဘဲ၊ မိမိခြံရံစောင့်ကြပ်သော သင်္ဘောများ နှင့်ကုန်စည်များကို ကာကွယ်ခုခံရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ဂ) တိုက်ခိုက်ခြင်းခံရပါက၊ အဆိုပါသင်္ဘောများနှင့် ကုန်စည်များကို ကာကွယ်ခုခံပြီး တိုက်ခိုက်ရန် ငြင်းပယ်လျှင်၊ သို့တည်းမဟုတ်

(ဃ) မိမိခြံရံစောင့်ကြပ်လာသော အဆိုပါသင်္ဘောများကို၊ ဘေးအန္တရာယ်မကင်းအောင် သူရဲဘောနည်း စွာစွန့်ခွါသွားလျှင်၊ သို့တည်းမဟုတ် အကာအကွယ်မရှိဘဲထားလျှင်၊ သို့တည်းမဟုတ်

(င) စောင့်ရှောက်ရန် မိမိအားအပ်နှံထားသော သင်္ဘောများ၊ သို့တည်းမဟုတ် ရေယာဉ်များကို ခြံရံ စောင့်ကြပ်ခြင်းအတွက် ကုန်သည်၊ သို့တည်းမဟုတ် ရေယာဉ်မှူးတဦးဦးထံမှငွေ၊ သို့တည်းမဟုတ် အခြားဆုလာဘ်တခုခုကိုတောင်းဆိုလျှင်၊ သို့တည်းမဟုတ် အတင်းအကြပ်တောင်းယူလျှင်၊ သို့တည်း မဟုတ်

(စ) အဆိုပါသင်္ဘောများ၊ သို့တည်းမဟုတ် ရေယာဉ်များမှရေယာဉ်မှူးများ သို့တည်းမဟုတ် သင်္ဘော သားများကို အလွဲအသုံးပြုလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ သေဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည့်ပြင်၊ တရားလွှတ်တော်က ရေကြောင်းစီရင်ပိုင်ခွင့်အာဏာ သုံးစွဲလျက်၊ စီရင်ဆုံးဖြတ်သည့် လျော်ကြေးကိုလည်း၊ ကုန်သည်များ၊ ပိုင်ရှင်များနှင့်အခြားသူများအား ပေးရမည်။

(၃) ဤအက်ဥပဒေကိုလိုက်နာရသူ ရေယာဉ်မှူးတဦးဦးသည်၊ မိမိသင်္ဘောသုံးရန်သာဖြစ်သော ကုန်စည် များ၊ အရောင်းအဝယ်ကုန်စည်များမှအပ၊ သို့တည်းမဟုတ် ဆိုင်ရာပိုင်ရှင်များအတွက်မပျက်စီးရန် ထိန်းသိမ်းထားရမည့် ကုန်သည်တဦးဦးပိုင်ကုန်စည်များ၊ အရောင်းအဝယ်ကုန်စည်များမှအပ၊ သို့တည်း မဟုတ် ဆိုင်ရာပိုင်ရှင်များအတွက် မပျက်စီးရန်ထိန်းသိမ်းထားရမည့် ပင်လယ်ပြင်တွင်ဖြစ်စေ၊ သင်္ဘော ဆိပ်တွင်ဖြစ်စေ၊ ချောင်းတွင်းတွင်ဖြစ်စေ၊ ဆိပ်ကမ်းတွင်ဖြစ်စေ၊ ပျက်စီးသွားသည့် သင်္ဘောပေါ်တွင် သော်၎င်း၊ ဘေးအန္တရာယ်ရောက် မည့်ဆဲဆဲဖြစ်သော သင်္ဘောပေါ်တွင်သော်၎င်း၊ ရှိသည့်ကုန်စည်များ၊ အရောင်းအဝယ်ကုန်စည်များမှအပ၊ သို့တည်းမဟုတ် မည်သည့်အချိန်တွင်မဆို နိုင်ငံတော်သမတက ဖြစ်စေ၊ မိမိအထက်အရာရှိကဖြစ်စေ၊ သင်္ဘောပေါ်တွင် ယူဆောင်ရန်သော်၎င်း၊ လက်ခံရန်သော်၎င်း၊ မိမိအားအမိန့်ပေးသည့်ကုန်စည်များ၊ အရောင်းအဝယ်ကုန်စည်များမှအပ၊ မိမိသင်္ဘောပေါ်တွင် အခြား မည်သည့်ကုန်စည်များ၊ အရောင်းအဝယ်ကုန်စည်များကိုမဆိုလက်ခံလျှင်၊ သို့တည်းမဟုတ် လက်ခံရန် ခွင့်ပြုလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ အမြဲတမ်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ ဤအက် ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။
(၄) ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်-

(က) သိမ်းရပစ္စည်းအဖြစ်ဖြင့် ဘမ်းဆီးထားသော သင်္ဘောတစင်းပေါ်တွင်တွေ့ရှိသော စာရွက်စာတမ်း များ၊ သင်္ဘောငှါးစာချုပ်များ၊ သင်္ဘောကုန်တင်တန်ဆာများ၊ နိုင်ငံကူးလက်မှတ်များနှင့်အခြားမည်သည့် စာတမ်းအမှတ်အသားကိုမဆို ထိန်းသိမ်းထားရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ခ) သိမ်းရပစ္စည်းဖြစ်သည့် အဆိုပါသင်္ဘောကို ယူဆောင်သွားရမည့် ရေယာဉ်၏ရေယာဉ်မှူးဖြစ်သည် တွင်၊ ရေကြောင်းစီရင်ပိုင်ခွင့်အာဏာရှိ တရားလွှတ်တော်သို့သော်၎င်း၊ အဆိုပါသိမ်းရပစ္စည်းများကို တရားဥပဒေနှင့်အညီ ဘမ်းဆီးခြင်းဟုတ်၊ မဟုတ် ဆုံးဖြတ်ရန် အာဏာလွှဲအပ်ထားသည့်တရားရုံး၊ သို့တည်းမဟုတ် အမှုအရေးလွှဲအပ်ခံရသူအရာရှိများထံသို့သော်၎င်း၊ ထိုရုံးများ၊ သို့တည်းမဟုတ် အရာရှိ များက ကြည့်ရှုစစ်ဆေးရန်၊ အသုံးချရန်နှင့် တရားဥပဒေအရဆက်လက်ဆောင်ရွက်ရန် ထိုစာရွက် စာတမ်းများ၊ သင်္ဘောငှါးစာချုပ်များ၊ သင်္ဘောကုန်တင်တန်ဆာများ၊ နိုင်ငံကူးလက်မှတ်များနှင့် အခြား စာတမ်းအမှတ်အသား မူရင်းအလုံးစုံကို လိမ်လည်လှည့်ဖြားမှုမရှိဘဲ ရေတပ်သက်ဆိုင်ရာတို့မှ တဆင့်ပို့ ရန်ပျက်ကွက်ခဲ့လျှင်၊

စစ်ရုံးကပြစ်မှုထင်ရှားစီရင်သောအခါ၊ အမြဲတမ်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည့်ပြင်၊ ဘမ်းဆီးရမိသည့်ပစ္စည်းထဲမှ မိမိ၏ဝေစုကို သိမ်းယူခြင်းနှင့် ဆုံးရှုံးခြင်းလည်း ခံထိုက်စေရမည်။

(၅) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) ရေကြောင်းစီရင်ပိုင်ခွင့် အာဏာသုံးစွဲလျက်၊ တရားလွှတ်တော်က တရားဥပဒေနှင့်အညီ သိမ်းရ ပစ္စည်းဟုတ်ကြောင်း စီရင်ဆုံးဖြတ်ခြင်းမပြုမီ၊ မည်သည့်ငွေ၊ သို့တည်းမဟုတ် ကုန်စည်ကိုမဆို၊ ၎င်းတို့ ၏ ပိုမိုလုံခြုံမှုအတွက် လိုအပ်သည်မဟုတ်ဘဲနှင့်၊ သို့တည်းမဟုတ် ပြည်ထောင်စုနိုင်ငံအစိုးရ အသုံးပြုနေသော သင်္ဘောတစင်းအတွက် အသုံးပြုရန်လိုအပ်သည်မဟုတ်ဘဲနှင့် သိမ်းရပစ္စည်းထဲမှ၊ သို့တည်းမဟုတ် သိမ်းရပစ္စည်းအဖြစ် ဘမ်းဆီးထားသောသင်္ဘောထဲမှ ထုတ်ယူလျှင်၊ သို့တည်းမဟုတ်

(ခ) ရေကြောင်းစီရင်ပိုင်ခွင့်အာဏာသုံးစွဲလျက်၊ တရားလွှတ်တော်က တရားဥပဒေနှင့်အညီ သိမ်းရ ပစ္စည်းဖြစ်ကြောင်း စီရင်ဆုံးဖြတ်ပေးရန်အတွက် ဘမ်းဆီးရမိခြင်း၏ အကြောင်းအရာအပြည့်အစုံကို ယူဆောင်၍ မလာဘဲနေလျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှား စီရင်သောအခါ၊ ခုနစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည့်ပြင်၊ ဘမ်းဆီးရမိသည့်ပစ္စည်းထဲမှ၊ မိမိ၏ဝေစုကို သိမ်းယူခြင်းနှင့် ဆုံးရှုံးခြင်းလည်း ခံထိုက်စေရမည်။

(၆) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ သိမ်းရပစ္စည်းအဖြစ် ဘမ်းဆီးထားသော သင်္ဘော၊ သို့တည်းမဟုတ် ရေယာဉ်ပေါ်ရှိ အရာရှိ၊ သင်္ဘောသား၊ သို့တည်းမဟုတ် အခြားသူတဦးဦးကို လုယက် လျှင်၊ ရိုက်နှက်လျှင်၊ နှိပ်စက်ညှဉ်းဆဲလျှင်၊ သို့တည်းမဟုတ် ထိုအရာရှိ၊ သင်္ဘောသား၊ သို့တည်းမဟုတ် အခြားသူ၏ အဝတ်အစားကို ဆွဲချွတ်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။
(၇) ပြည်ထောင်စုနိုင်ငံ အစိုးရအသုံးပြုသောသင်္ဘောတစင်းကို ကွပ်ကဲသောအရာရှိဖြစ်သည့်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်-

(က) ရန်သူနှင့်အတူပူးပေါင်းကြံစည်ပြီး ရေယာဉ်၊ ကုန်စည်များ၊ သို့တည်းမဟုတ် အရာဝတ္ထုတခုခု ကို သိမ်းရပစ္စည်းအဖြစ်ယူလျှင်၊ သို့တည်းမဟုတ်

(ခ) သိမ်းရပစ္စည်းအဖြစ်ဖြင့် ဘမ်းဆီးထားသော ရေယာဉ်၊ ကုန်စည်များ၊ သို့တည်းမဟုတ် အရာဝတ္ထု တခုခုကို ရွေးယူစေရန်၊ သူတဦးဦးနှင့် တရားဥပဒေနှင့်ဆန့်ကျင်လျက် သဘောတူလျှင်၊ သို့တည်းမဟုတ်

(ဂ) သိမ်းရပစ္စည်းအဖြစ်ဖြင့် ဘမ်းဆီးထားသော ရေယာဉ်၊ ကုန်စည်များ၊ သို့တည်းမဟုတ် အရာ ဝတ္ထုတခုခုကို ရွေးယူရန်အတွက် တရားဥပဒေနှင့်ဆန့်ကျင်လျက် သဘောတူညီထားချက်နှင့်အညီ၊ သို့တည်းမဟုတ် အခြားနည်းဖြင့် ပူးပေါင်းကြံစည်ပြုလုပ်ထားခြင်းနှင့်အညီ၊ လက်လွှတ်လိုက်လျှင်၊ သို့တည်းမဟုတ် ပြန်အပ်လိုက်လျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

(၈) ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်၊ သိမ်းရပစ္စည်းအဖြစ် ဘမ်းဆီးထားသည့်၊ သို့တည်း မဟုတ် စစ်မက်ဘက်ပြိုင်ခြင်း၏ အခွင့်အရေးတခုခုကိုသုံးစွဲ၍ဖြစ်စေ၊ ရေကြောင်းဓါးပြတိုက်ခြင်း ဆိုင်ရာ၊ သို့တည်းမဟုတ်ကျွန်ကုန်ကူးခြင်းဆိုင်ရာ၊ သို့တည်းမဟုတ်အကောက်တော်ဆိုင်ရာ အက်ဥပဒေ တခုခုအရဖြစ်စေ၊ တားဆီးထားသည့် ရေယာဉ်တစင်းပေါ်ရှိ၊ သို့တည်းမဟုတ် ရေယာဉ်ပိုင် မည်သည့် အရာဝတ္ထုကိုမဆို၊ အလွဲသုံးစားပြုလုပ်ရန်အကြံဖြင့် အချို့အဝက်ကို ဖေါက်၍နုတ်ယူလျှင်၊ စစ်တရားရုံး က ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည့်ပြင်၊ ဘမ်းဆီးရမိသည့်ပစ္စည်းထဲမှ မိမိ၏ဝေစုကို သိမ်းယူ ခြင်းနှင့်ဆုံးရှုံးခြင်းလည်း ခံထိုက်စေရမည်။

စည်းကမ်းဖေါက်ဖျက်မှု။

[edit]

၆၅။ ။ ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်၊ ဤအက်ဥပဒေတွင် သီးခြားဖေါ်ပြမထား သော်လည်း စံနစ်တကျရှိခြင်းနှင့် စစ်စည်းကမ်းကိုထိခိုက်သော ပြုလုပ်မှုကိုပြုလျှင်၊ သို့တည်းမဟုတ် စံနစ်တကျရှိခြင်းနှင့် စစ်စည်းကမ်းထိခိုက်အောင်ပျက်ကွက်လျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင် သောအခါ၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ် ဖြစ်စေ၊ ထိုက်သင့်စေရမည်။

အထွေထွေပြစ်မှုများ။

[edit]

၆၆။ ။ ဤအက်ဥပဒေကိုလိုက်နာရသူတဦးဦးသည်-

(က) တာဝန်ကျနေရာတခုကို ကွပ်ကဲနေရစဉ်ဖြစ်စေ၊ စစ်ချီနေစဉ်ဖြစ်စေ၊ မိမိလက်အောက်ရှိ တဦး တယောက်သောသူက အခြားသူတဦးဦးအားရိုက်နှက်သည်၊ သို့တည်းမဟုတ် အခြားနည်းဖြင့်ညှဉ်းပန်း သည်၊ သို့တည်းမဟုတ် ဘိနှိပ်ချုတ်ချယ်သည်၊ သို့တည်းမဟုတ် ပွဲဈေးတခုခုကိုသော်၎င်း၊ ဈေးတခုခုကို သော်၎င်း၊ နှောင့်ရှက်သည်၊ သို့တည်းမဟုတ် ရုန်းရင်းဆန်ခတ်မှုကိုသော်၎င်း၊ ကျော်နင်းမှုကိုသော်၎င်း ကျူးလွန်သည်ဟု တိုင်ကြားချက်တရပ်ကိုရရှိလျက်နှင့် နစ်နာသူကို ထိုက်သင့်သောကြေနပ်မှုရရှိအောင် ပြုလုပ်ရန်ပျက်ကွက်လျှင်၊ သို့တည်းမဟုတ် ဆိုင်ရာအာဏာပိုင်ထံ အမှုကို အစီရင်ခံရန် ပျက်ကွက်လျှင်၊ သို့တည်းမဟုတ်

(ခ) ကိုးကွယ်ဝတ်ပြုသောနေရာတခုခုကို ယုတ်ညံ့စေခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ သူတဦး ဦး၏ ဘာသာသာသနာကိုတမင်စော်ကားလျှင်၊ သို့တည်းမဟုတ် သူတဦးဦး၏ဘာသာရေးစိတ်ကို တမင် နာကြည်းစေလျှင်၊ သို့တည်းမဟုတ်

(ဂ) မိမိကိုယ်ကို မိမိသတ်ရန်အားထုတ်၍ ထိုသို့အားထုတ်ရာတွင် ထိုပြစ်မှုကျူးလွန်ရန် ရှေ့ရှုသော ပြုလုပ်မှုတခုခုကိုပြုလျှင်၊ သို့တည်းမဟုတ်

(ဃ) အရာခံဗိုလ်အောက် အဆင့်ရှိသူဖြစ်လျက်၊ တာဝန်ဝတ်တရားမထမ်းဆောင်သည့်အခါ၊ ဆိုင်ရာ အခွင့်အာဏာမပါရှိဘဲ၊ တပ်၊ သို့တည်းမဟုတ် စစ်စခန်း၊ သို့တည်းမဟုတ် သင်္ဘောအတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ၊ ရိုင်ဖယ်၊ စစ်ဓါးလွယ်၊ သို့တည်းမဟုတ် ရန်မူနိုင်သောအခြားလက်နက်ကို ကိုင်ဆောင် လျှင်၊ သို့တည်းမဟုတ်

(င) သူတဦးဦး၏စစ်မှုထမ်းအဖြစ် စာရင်းသွင်းရေးကိုဆောင်ရွက်ပေးရန်၊ သို့တည်းမဟုတ် စစ်မှုထမ်း နေသူတဦးဦးအတွက် ခွင့်ရက်ရရေးကိုသော်၎င်း၊ ရာထူးတိုးမြှင့်ရေးကိုသော်၎င်း၊ အခြားကျေးဇူးတခုခု ကိုသော်၎င်း၊ အခြားလိုက်လျောမှုတခုခုကိုသော်၎င်း၊ ဆောင်ရွက်ပေးရန်အတွက် ရည်ရွယ်ချက်အဖြစ်ဖြင့် ဖြစ်စေ၊ ဆုလာဘ်အဖြစ်ဖြင့်ဖြစ်စေ၊ တံစိုးတခုခုကို မိမိအတွက်သော်၎င်း၊ သူတပါးအတွက်သော်၎င်း၊ တိုက်ရိုက်၊ သို့တည်းမဟုတ် သွယ်ဝိုက်၍လက်ခံလျှင်၊ သို့တည်းမဟုတ် ရယူလျှင်၊ သို့တည်းမဟုတ် လက်ခံရန်သဘောတူလျှင်၊ သို့တည်းမဟုတ် ရယူရန်အားထုတ်လျှင်၊ သို့တည်းမဟုတ်

(စ) မိမိစစ်မှုထမ်းနေသော တိုင်းပြည်တွင် ယာယီ၊ သို့တည်းမဟုတ် အမြဲနေထိုင်သူတဦးဦး၏ ပစ္စည်းကို သော်၎င်း၊ ကိုယ်ကိုသော်၎င်း၊ ထိခိုက်စေသော ပြစ်မှုတခုခုကိုကျူးလွန်လျှင်၊

စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ခုနစ်နှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

အားထုတ်မှု။

[edit]

၆၇။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ ပုဒ်မ ၃၂ မှ ၆၆ ထိ၊ ထိုပုဒ်မ နှစ်ခုလုံး အပါအဝင် ဖြစ်သော ပုဒ်မများတွင်သီးခြားဖေါ်ပြထားသော ပြစ်မှုများအနက် ပြစ်မှုတခုခုကို ကျူးလွန်ရန် အားထုတ်၍ ထိုသို့အားထုတ်ရာတွင် ပြစ်မှုကျူးလွန်ခြင်းသို့ရှေ့ရှုသော ပြုလုပ်မှုတခုခုကိုပြုလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ အဆိုပါအားထုတ်မှုအတွက် ပြစ်ဒဏ်ချမှတ်ရန် ဤ အက်ဥပဒေက အတိအလင်းပြဋ္ဌာန်းခြင်းမပြုသည့်အခါ၊

ကျူးလွန်ရန်အားထုတ်သည့် ပြစ်မှုသည်၊ သေဒဏ်စီရင်ထိုက်သည့် ပြစ်မှုဖြစ်ပါက၊ တဆယ့်လေးနှစ်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရ မည်။

ကျူးလွန်ရန် အားထုတ်သည့် ပြစ်မှုသည်၊ ထောင်ဒဏ်စီရင်ထိုက်သည့် ပြစ်မှုဖြစ်ပါက ထိုပြစ်မှုအတွက် သတ်မှတ်သည့် အများဆုံး ထောင်ဒဏ်ကာလ၏တဝက်ထိ ထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင်ဖေါ် ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

ကျူးလွန်ပြီးဖြစ်သောပြစ်မှုကို အားပေးကူညီမှု။

[edit]

၆၈။ ။ ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်၊ ပုဒ်မ ၃၂ မှ ၆၆ ထိ၊ ထိုပုဒ်မနှစ်ခုလုံး အပါအဝင် ဖြစ်သော ပုဒ်မများတွင် သီးခြားဖေါ်ပြထားသောပြစ်မှုများအနက် ပြစ်မှုတခုခုကျူးလွန်ခြင်းကို အားပေး ကူညီလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ထိုအားပေးကူညီခြင်းခံရသော ပြုလုပ်မှုအထ မြောက်ခဲ့ရာတွင်၊ အားပေးကူညီခြင်းအတွက် ပြစ်ဒဏ်ကို၊ ဤအက်ဥပဒေက အတိအလင်း ပြဋ္ဌာန်းထား ခြင်းမရှိပါက၊ ကျူးလွန်ခဲ့သော ပြစ်မှုရင်းအတွက် ပြဋ္ဌာန်းထားသည့်ပြစ်ဒဏ် ထိုက်သင့်စေရမည်။

သေဒဏ်ထိုက်သင့်သော်လည်း ကျူးလွန်ခြင်းအထမမြောက်သည့်ပြစ်မှုကို အားပေးကူညီမှု။

၆၉။ ။ ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်၊ ပုဒ်မ ၃၂၊ ၃၃၊ ၃၆၊ ၃၇ (၁) နှင့် ၆၄ (၂) အရ၊ သေဒဏ် ထိုက်သင့်သော ပြစ်မှုတခုခုကိုကျူးလွန်ရန် အားပေးကူညီလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှား စီရင်သောအခါ၊ထိုပြစ်မှုကျူးလွန်ခြင်းအထမမြောက်ခဲ့ရာတွင်၊ ထိုအားပေးကူညီမှုအတွက် ဤအက် ဥပဒေက ပြစ်ဒဏ်အတိအလင်းပြဋ္ဌာန်းထားခြင်းမရှိပါက တဆယ့်လေးနှစ်ထိထောင်ဒဏ်ဖြစ်စေ၊ ဤ အက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

ထောင်ဒဏ် ထိုက်သင့်သော်လည်း ကျူးလွန်ခြင်း အထမမြောက်သည့် ပြစ်မှုကို အားပေးကူညီမှု။

[edit]

၇၀။ ။ ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်၊ ပုဒ်မ ၃၂ မှ ၆၆ ထိ၊ ထိုပုဒ်မ နှစ်ခုလုံး အပါအဝင် ဖြစ်သော ပုဒ်မများတွင် သီးခြားဖေါ်ပြထား၍၊ ထောင်ဒဏ် ထိုက်သင့်သောပြစ်မှုတခုခုကို ကျူးလွန်ရန် အားပေးကူညီလျှင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ၊ ထိုပြစ်မှုကျူးလွန်ခြင်းအထမမြောက် ခဲ့ရာတွင်၊ ထိုအားပေးကူညီမှုအတွက် ဤအက်ဥပဒေက ပြစ်ဒဏ်အတိအလင်းပြဋ္ဌာန်းထားခြင်းမရှိပါ က၊ ထိုပြစ်မှုအတွက် ပြဋ္ဌာန်းထားသည့် အများဆုံးထောင်ဒဏ်၏ တဝက်ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက် ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရမည်။

နယ်ဘက်ပြစ်မှုများ။

[edit]

၇၁။ ။ ပုဒ်မ ၇၂ ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၊ သို့တည်းမဟုတ် ပြင်ပရှိ မည်သည့်နေရာတွင်မဆို၊ နယ်ဘက်ပြစ်မှု တခုခုကိုကျူးလွန်လျှင်၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုကိုကျူးလွန်သည်ဟု မှတ်ယူရမည်။ ထို့ပြင် ဤပုဒ်မအရ၊ ထိုပြစ်မှုအတွက်၊ စွဲချက်တင်ခြင်းခံရပါက၊ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်း ခံရ မည့်ပြင်၊ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သောအခါ-

(က) ထိုပြစ်မှုသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၊ တည်ဆဲတရားဥပဒေတခုခုအရ သေဒဏ်၊ သို့တည်းမဟုတ် တကျွန်းပို့ဒဏ်ချမှတ်နိုင်သောပြစ်မှုတခုဖြစ်ပါက၊ ကြိမ်ဒဏ်မှအပ၊ အဆိုပါတရားဥပဒေ က ထိုပြစ်မှုအတွက် ပြဋ္ဌာန်းထားသော ပြစ်ဒဏ်အပြင် ဤအက်ဥပဒေတွင်ဖေါ်ပြထားသည့် လျော့သော ပြစ်ဒဏ်လည်း ထိုက်သင့်စေရမည်။ ထို့ပြင်

(ခ) အခြားပြစ်ဒဏ်ထိုက်သင့်သည့် ပြစ်မှုတခုခုအတွက်ဖြစ်ပါက၊ ကြိမ်ဒဏ်မှအပ၊ ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်း တည်ဆဲတရားဥပဒေက ထိုပြစ်မှုအတွက်ပြဋ္ဌာန်းထားသောပြစ်ဒဏ်တခုခုဖြစ်စေ၊ ခုနစ်နှစ် ထိထောင်ဒဏ်ဖြစ်စေ၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်ဖြစ်စေ၊ ထိုက်သင့်စေရ မည်။

စစ်တရားရုံးဖြင့်မစစ်ဆေးနိုင်သော နယ်ဘက်ပြစ်မှုများ။

[edit]

၇၂။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးသည်၊ စစ်ဘက်ဥပဒေကို မလိုက်နာသူတဦးအား၊ သေစေသည့်လူသတ်မှုကိုသော်၎င်း၊ ထိုသို့မလိုက်နာရသူတဦးအား၊ သေစေသည့် လူသတ်မှုမမြောက် သော ရာဇဝတ်ပြစ်ဒဏ်ထိုက်သည့် လူသေမှုကိုသော်၎င်း၊ ထိုသို့မလိုက်နာရသူတဦးအား၊ မုဒိမ်းမှုကိုသော် ၎င်း၊ ကျူးလွန်ခြင်းမှာ-

(က) တန်းပြည့်စစ်မှုထမ်းချိန်တွင်၊ သို့တည်းမဟုတ်

(ခ) ပြည်ထောင်စု မြန်မာနိုင်ငံပြင်ပရှိ နေရာတခုခုတွင်၊ သို့တည်းမဟုတ်

(ဂ) နိုင်ငံတော်သမတက အမိန့်ကြော်ငြာစာဖြင့်၊ ဤကိစ္စအလို့ငှါ၊ သီးခြားဖေါ်ပြထားသော နယ်စပ် စစ်စခန်းတွင်၊ ကျူးလွန်ခြင်းမဟုတ်လျှင်၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုခုကိုကျူးလွန်သည်ဟု မမှတ်ယူရ။ ထို့ပြင် ထိုပြစ်မှုကျူးလွန်သူအား စစ်တရားရုံးက စစ်ဆေးစီရင်ခြင်းလည်းမပြုရ။

အခဏ်း ၇။ ပြစ်ဒဏ်များ။

[edit]

စစ်တရားရုံးများကချမှတ်နိုင်သော ပြစ်ဒဏ်များ။

[edit]

၇၃။ ။ ဤအက်ဥပဒေကို လိုက်နာရသူများသည်၊ မိမိတို့ကျူးလွန်သည့် ပြစ်မှုများအတွက်၊ စစ်တရားရုံး များက ပြစ်မှုထင်ရှားစီရင်သောအခါ၊ အောက်ပါအချိုးအစားအတိုင်း ပြစ်ဒဏ်ထိုက်သင့်စေရမည်။

(က) သေဒဏ်။

(ခ) တသက်တကျွန်းဒဏ်၊ သို့တည်းမဟုတ် ခုနစ်နှစ်အောက်မလျော့သော တကျွန်းပို့ဒဏ်။

(ဂ) တဆယ့်လေးနှစ်ထက်မပိုသော အလုပ်ကြမ်းနှင့်၊ သို့တည်းမဟုတ် အလုပ်မဲ့ထောင်ဒဏ်။

(ဃ) အရာရှိများအတွက်ဖြစ်ပါက ရှုတ်ချ၍ အမြဲတန်းထုတ်ပစ်ဒဏ်။

(င) စစ်မှုထမ်းခြင်းမှ အမြဲတန်းထုတ်ပစ်ဒဏ်။

(စ) အရာခံဗိုလ်များအတွက်ဖြစ်ပါက၊ ပို၍နိမ့်သောအဆင့်၊ ပို၍နိမ့်သောအတန်း၊ ၎င်းတို့၏အဆင့် စာရင်းတွင် ပို၍နိမ့်သောနေရာ၊ သို့တည်းမဟုတ် တပ်သားအဆင့်သို့လျော့ချဒဏ်။ ထို့ပြင် အကြပ်များ အတွက်ဖြစ်ပါက၊ ပို၍နိမ့်သောအဆင့်၊ သို့တည်းမဟုတ် တပ်သားအဆင့်သို့လျော့ချဒဏ်။ သို့ရာတွင် တပ်သားအဆင့်သို့ လျော့ချထားသော အရာခံဗိုလ်တဦးအား၊ ၎င်း၏ဆန္ဒနှင့်ဆန့်ကျင်လျက် တပ်သား အဖြစ်ဖြင့် စစ်မှုမထမ်းစေရ။

(ဆ) အရာရှိများ၊ အရာခံဗိုလ်များနှင့် အကြပ်များအတွက်ဖြစ်ပါက၊ အဆင့်သက်တမ်းလျှော့ဒဏ်၊ ထို့ပြင် အဆင့်တိုးမြှင့်ရေးသည်၊ စစ်မှုထမ်းသက်တမ်းပေါ်တွင် အမှီပြုရသူများဖြစ်ပါက၊ အဆင့်တိုးမြှင့် ရေးကိစ္စအတွက်၊ ၎င်းတို့၏စစ်မှုထမ်းသက်အားလုံး၊ သို့တည်းမဟုတ် တစိတ်တဒေသကို ဆုံးရှုံးစေသည့် ဒဏ်။

(ဇ) လစာတိုးမှုကိစ္စအတွက်သော်၎င်း၊ အငြိမ်းစားလစာအတွက်သော်၎င်း၊ အခြားသတ်မှတ်ထား သော ကိစ္စတရပ်ရပ်အတွက်သော်၎င်း၊ စစ်မှုထမ်းသက်လျှော့ဒဏ်။

(ဈ) အရာရှိများ၊ အရာခံဗိုလ်များနှင့် အကြပ်များအတွက်ဖြစ်ပါက၊ ပြင်းထန်စွာပြစ်တင်ရှုတ်ချဒဏ်၊ သို့တည်းမဟုတ် ပြစ်တင်ရှုတ်ချဒဏ်။

(ည) တန်းပြည့်စစ်မှုထမ်းချိန်တွင် ကျူးလွန်သောပြစ်မှုတခုအတွက်ဖြစ်ပါက၊ သုံးလထက်မပိုသော လစာနှင့် စရိတ်များကို ဖြတ်တောက်ဒဏ်။

(ဋ) ရှုတ်ချ၍ အမြဲတန်းထုတ်ပစ်ဒဏ်၊ သို့တည်းမဟုတ် စစ်မှုထမ်းခြင်းမှ အမြဲတန်းထုတ်ပစ်ဒဏ် ချမှတ်ခံရသူ တဦးအတွက်ဖြစ်ပါက၊ ယင်းသို့ရှုတ်ချ၍ အမြဲတန်းထုတ်ပစ်ဒဏ်၊ သို့တည်းမဟုတ် စစ်မှု ထမ်းခြင်းမှ အမြဲတန်းထုတ်ပစ်ဒဏ်ခံရချိန်တွင်၊ ထိုသူအားပေးရန်ကျန်ရှိနေသော လစာနှင့်စရိတ်များ အပြင်၊ အစိုးရထံမှ ထိုသူရထိုက်သော အခြားငွေအားလုံးသိမ်းယူရန်။

(ဌ) ထိုသူအား ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့် ပြစ်မှုကြောင့် ဆုံးရှုံးကြောင်း၊ သို့တည်းမဟုတ် ပျက်စီး နစ်နာကြောင်း ထင်ရှားသက်သေခံချက်ရှိသော ဆုံးရှုံးခြင်း၊ သို့တည်းမဟုတ် ပျက်စီးနစ်နာခြင်းတခုခု အတွက် လျော်ပေးပြီးသည်အထိ လစာနှင့်စရိတ်များ ရပ်စဲဒဏ်။

စစ်တရားရုံးက လွှဲပြောင်းချမှတ်နိုင်သော ပြစ်ဒဏ်များ။

[edit]

၇၄။ ။ ပုဒ်မ ၃၂ မှ ၇၀ ထိ၊ ထိုပုဒ်မနှစ်ခုလုံး အပါအဝင်ဖြစ်သော ပုဒ်မများတွင် သီးခြားဖေါ်ပြထားသော ပြစ်မှုများအနက်၊ ပြစ်မှုတခုခုကျူးလွန်သည့် ဤအက်ဥပဒေကို လိုက်နာရသူတဦးအား၊ ပြစ်မှုထင်ရှား စီရင်ရာတွင်၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ ပြစ်မှုအမျိုးအစားနှင့် အကြီး အငယ်ကိုထောက်ထားပြီး၊ ထိုပြစ်မှုအတွက်စီရင်နိုင်သည်ဟု အဆိုပါပုဒ်မများတွင် ဖေါ်ပြထားသော သီးခြားပြစ်ဒဏ်ကိုဖြစ်စေ၊ ထိုပြစ်ဒဏ်အစား ပုဒ်မ ၇၃ တွင်ဖေါ်ပြထားသော အချိုးအစားအောက်ပို၍ လျော့သောပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုခုကိုဖြစ်စေ၊ စစ်တရားရုံးက ချမှတ်နိုင်သည်။

စုပေါင်းချမှတ်နိုင်သော ပြစ်ဒဏ်များ။

[edit]

၇၅။ ။ စစ်တရားရုံးတရုံးသည်၊ ချမှတ်လိုက်သည့် ပြစ်ဒဏ်တခုအပြင်၊ ပုဒ်မ ၇၃ ၏ အပိုဒ်(ဃ)၊ သို့တည်းမဟုတ် အပိုဒ် (င) တွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်နှင့် ထိုပုဒ်မ၏ အပိုဒ်(စ)မှ (ဌ) အထိ ဖြစ်သော အပိုဒ်များတွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုဖြစ်စေ၊ တခုထက် ပို၍ဖြစ်စေ၊ ပူးပေါင်းပြီးချမှတ်နိုင်သည်။ ထို့ပြင် စစ်တရားရုံးတရုံးသည်၊ အခြားပြစ်ဒဏ်တခုမချမှတ် စေကာမူ၊ ပုဒ်မ ၇၃ ၏ အပိုဒ်(ဃ)၊ သို့တည်းမဟုတ် အပိုဒ် (င) တွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်နှင့် ထိုပုဒ်မ၏ အပိုဒ် (စ) မှ (ဌ) အထိဖြစ်သော အပိုဒ်များတွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုဖြစ်စေ၊ တခုထက်ပို၍ဖြစ်စေ၊ ပူးပေါင်းပြီးချမှတ်နိုင်သည်။

အရာရှိများအတွက် ရှုတ်ချ၍ အမြဲတန်းထုတ်ပစ်ဒဏ်။

[edit]

၇၆။ ။ အရာရှိတဦးအား၊ ပုဒ်မ ၇၃ ၏ အပိုဒ်(က)မှ (ဂ) အထိဖြစ်သော အပိုဒ်များတွင် သီးခြားဖေါ်ပြ ထားသောပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုခုမချမှတ်မီ၊ ရှုတ်ချ၍ အမြဲတန်း ထုတ်ပစ်ဒဏ်ချမှတ်ရ မည်။

စစ်မြေပြင် ပြစ်ဒဏ်။

[edit]

၇၇။ ။ စစ်တရားရုံးသည်၊ အရာခံဗိုလ်အဆင့်အောက်နိမ့်သော၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦး အား၊ တန်းပြည့်စစ်မှုထမ်းချိန်တွင် ပြစ်မှုတခုခုကိုကျူးလွန်သည့်အတွက်၊ စစ်မြေပြင်ပြစ်ဒဏ်ဟု၊ သတ်မှတ်ထားသည့်၊ ပြစ်ဒဏ်တခုခုချမှတ်နိုင်သည်။ စစ်မြေပြင်ပြစ်ဒဏ်သည်၊ လူကိုချုတ်ချယ်ခြင်းမျိုး၊ သို့တည်းမဟုတ် အလုပ်ကြမ်းမျိုးဖြစ်သော ပြစ်ဒဏ်ဖြစ်စေရမည်။ သို့သော်လည်း အသက်ကိုသော်၎င်း၊ ကိုယ်အင်္ဂါကိုသော်၎င်း၊ ထိခိုက်စေသည့်ပြစ်ဒဏ်မျိုးမဖြစ်စေရ။ ထို့ပြင် အဆိုပါ စစ်မြေပြင်ပြစ်ဒဏ်တွင်၊ ရိုက်နှက်ဆုံးမခြင်း မပါဝင်စေရ။

ပြစ်ဒဏ်များ အချိုးအစားတွင် စစ်မြေပြင်ပြစ်ဒဏ်၏ နေရာ။

[edit]

၇၈။ ။ ပြစ်ဒဏ်လျော့ပေါ့ပြောင်းလွှဲခြင်းကိစ္စအတွက် စစ်မြေပြင်ပြစ်ဒဏ်သည်၊ ပုဒ်မ ၇၃ ရှိ သီးခြား ဖေါ်ပြထားသော ပြစ်ဒဏ်များအချိုးအစားတွင် အမြဲတန်းထုတ်ပစ်ဒဏ်အောက် ကပ်လျက်ရှိသည်ဟု မှတ်ယူရမည်။

အရာခံဗိုလ်၊ သို့တည်းမဟုတ် အကြပ်တဦးအားချမှတ်သော အချို့ပြစ်ဒဏ်များ၏ အကျိုးသက်ရောက်ခြင်း။

[edit]

၇၉။ ။ စစ်တရားရုံးတရုံးက တကျွန်းပို့ဒဏ်၊ ထောင်ဒဏ်၊ စစ်မြေပြင်ပြစ်ဒဏ်၊ သို့တည်းမဟုတ် စစ်မှု ထမ်းခြင်းမှ အမြဲတန်းထုတ်ပစ်ဒဏ် ချမှတ်ခြင်းခံရသော အရာခံဗိုလ်၊ သို့တည်းမဟုတ် အကြပ်တဦး သည်၊ တပ်သားအဆင့်သို့လည်း လျော့ချခြင်းခံရသည်ဟု မှတ်ယူရမည်။

တန်းပြည့်စစ်မှုထမ်းချိန်တွင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူတဦးကို တပ်သားအဆင့်တွင် ဆက်လက်ထားရှိခြင်း။

[edit]

၈၀။ ။ စစ်မှုထမ်းအဖြစ် စာရင်းသွင်းပြီးသူတဦးဦးအား၊ တန်းပြည့်စစ်မှုထမ်းချိန်တွင် စစ်တရားရုံးက အမြဲတန်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ တကျွန်းပို့ဒဏ်ကို၊ သို့တည်းမဟုတ် ထောင်ဒဏ်ကို အမြဲတန်းထုတ်ပစ် ဒဏ်နှင့် ပူးပေါင်းလျက်ဖြစ်စေ၊ မပူးပေါင်းဘဲဖြစ်စေ၊ ချမှတ်သည့်အခါ၊ သတ်မှတ်ထားသော အရာရှိက၊ ထိုသူကို တပ်သားအဆင့်တွင် ဆက်လက်စစ်မှုထမ်းရန် ညွှန်ကြားနိုင်သည်။ ထို့ပြင် တကျွန်းပို့ဒဏ်ကို ဖြစ်စေ၊ ထောင်ဒဏ်ကိုဖြစ်စေ၊ ချမှတ်ခဲ့လျှင်၊ ယင်းသို့တပ်သားအဖြစ်နှင့် စစ်မှုထမ်းသည့်ကာလကို ထိုသူ ကျခံရသော တကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ထောင်ဒဏ်၏တစိတ်တဒေသအဖြစ်ဖြင့် ရေတွက်ရမည်။

စစ်တရားရုံးဖြင့်မဟုတ်ဘဲ၊ အခြားနည်းဖြင့် ချမှတ်သောပြစ်ဒဏ်များ။

[edit]

၈၁။ ။ ဤအက်ဥပဒေကို လိုက်နာရသူများက ကျူးလွန်သောပြစ်မှုများနှင့်စပ်လျဉ်း၍၊ စစ်တရားရုံးဖြင့် စစ်ဆေး စီရင်ခြင်းမပြုဘဲ၊ ပုဒ်မ ၈၂၊ ၈၅၊ ၈၆ နှင့် ၈၇ တို့တွင် ဖေါ်ပြထားသည့် နည်းလမ်းအတိုင်း ပြစ်ဒဏ်များကို ချမှတ်နိုင်သည်။

အရာရှိနှင့် အရာခံဗိုလ်မဟုတ်သူများအား ချမှတ်နိုင်သော ပြစ်ဒဏ်များ။

[edit]

၈၂။ ။ ပုဒ်မ ၈၃ ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ တပ်မှူးတဦးသည်၊ သို့တည်းမဟုတ် နိုင်ငံတော်သမတ၏ သဘောတူညီချက်ဖြင့်၊ ကာကွယ်ရေးဦးစီးချုပ်က သီးခြားဖေါ်ပြသော အခြား အရာရှိတဦးသည်၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသည်လည်း ဖြစ်၍၊ အရာရှိ၊ သို့တည်းမဟုတ် အရာခံဗိုလ်လည်းမဟုတ်သော ဤအက်ဥပဒေကို လိုက်နာရသူတဦး အား၊ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း စစ်ဆေးစီရင်၍၊ အောက်ပါပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ် တခုခုကိုသော်၎င်း၊ တခုထက်ပို၍သော်၎င်း၊ သတ်မှတ်ထားသည့်အထိ ချမှတ်နိုင်သည်။

(က) စစ်ဘက်အချုပ်တွင် နှစ်ဆယ့်ရှစ်ရက်ထိ ထောင်ဒဏ်။

(ခ) စစ်တန်းလျားများတွင်၊ သို့တည်းမဟုတ် သင်္ဘောတွင် နှစ်ဆယ့်ရှစ်ရက်ထိ လိုင်းချုပ်။

(ဂ) (၁) အပိုကင်းတာဝန်များ၊ သို့တည်းမဟုတ် အပိုတာဝန်များ။

(၂) အပိုအလုပ်၊ သို့တည်းမဟုတ် အပိုစစ်ရေးပြခြင်းများ။

သို့ရာတွင် အဆိုပါတာဝန်များ၊ သို့တည်းမဟုတ် စစ်ရေးပြခြင်းများသည်၊ အရေအတွက်အားဖြင့် တဆယ့်လေးကြိမ်ထက် မပိုစေရ။

(ဃ) နှစ်ဆယ့်ရှစ်ရက်အတွက်ထက်မပိုသော အရည်အချင်းလစာကို ဖြတ်တောက်ခြင်း၊ ထို့ပြင်၊ အကြပ်များအတွက်ဖြစ်ပါက၊ ခေတ္တအဆင့်ကို ဖြုတ်ပစ်ခြင်း။

(င) မည်သည့် လတလတွင်မဆို၊ တဆယ့်လေးရက်အတွက်ထိ လစာနှင့်ညီမျှသော ငွေဒဏ်။

(စ) ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခြင်း၊ သို့တည်းမဟုတ် ပြစ်တင်ရှုတ်ချခြင်း။

(ဆ) ပုဒ်မ ၉၃ ၏ အပိုဒ်(ဆ)အရ၊ ဒဏ်အဖြစ်လစာနှင့် စရိတ်များဖြတ်တောက်ခြင်း။

(ဇ) တန်းပြည့်စစ်မှုထမ်းနေသူတဦးအတွက်ဖြစ်ပါက၊ သတ်မှတ်ထားသော စစ်မြေပြင်ပြစ်ဒဏ်တမျိုး မျိုးကို နှစ်ဆယ့်ရှစ်ရက်ထိ။

ပုဒ်မ ၈၂ အရ ချမှတ်နိုင်သောပြစ်ဒဏ်များကို ကန့်သတ်ခြင်း။

[edit]

၈၃။ ။ (၁) ပုဒ်မ ၈၂ ပါ ပြစ်ဒဏ်ချမှတ်ရာတွင် စစ်မြေပြင်ပြစ်ဒဏ်ကို ထိုပုဒ်မ၏ (က) နှင့် (ခ)တွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုခုနှင့်သော်၎င်း၊ နှစ်ခုစလုံးနှင့်သော်၎င်း၊ ပူးပေါင်းချမှတ်ခြင်းမပြုရ။

(၂) အဆိုပါ ပုဒ်မ၏ အပိုဒ်(က)၊ (ခ) နှင့် (ဂ)တို့တွင် သီးခြားဖေါ်ပြထားသည့် ပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်နှစ်ခုသော်၎င်း၊ နှစ်ခုထက်ပို၍သော်၎င်း၊ ချမှတ်ခဲ့ပါက၊ အပိုဒ်(က) တွင် သီးခြားဖေါ်ပြထား သည့် ပြစ်ဒဏ်ကျခံပြီးမှသာလျှင်၊ အပိုဒ်(ခ)၊ သို့တည်းမဟုတ် အပိုဒ်(ဂ) တွင် သီးခြားဖေါ်ပြထားသည့် ပြစ်ဒဏ်ကို စတင်ကျခံစေရမည်။

(၃) သူတဦးအား၊ အဆိုပါ အပိုဒ်(က) နှင့် (ခ) များတွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များကို ပေါင်း စပ်၍ချမှတ်သည့်အခါ၊ သို့တည်းမဟုတ် အဆိုပါပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုကျခံနေရသည့်အခါ၊ စုစုပေါင်းပြစ်ဒဏ်သည်၊ နှစ်ဆယ့်ရှစ်ရက်ထက်မပိုစေရ။

(၄) အကြပ်အဆင့်ရှိသူတဦးဦး၊ သို့တည်းမဟုတ် အပြစ်ပေးခံရသောပြစ်မှုကို ကျူးလွန်ချိန်တွင် အကြပ် အဆင့်ရှိသူတဦးဦးအား၊ အဆိုပါပုဒ်မ၏ အပိုဒ် (က)၊ (ခ)၊ (ဂ) (၂) နှင့် (ဇ) တို့တွင် သီးခြားဖေါ်ပြထား သော ပြစ်ဒဏ်များကို မချမှတ်ရ။

(၅) အကြပ်အဆင့်အောက် နိမ့်သောအဆင့်ရှိသူ တဦးဦးအား၊ အဆိုပါ ပုဒ်မ၏ အပိုဒ် (စ) တွင် သီးခြား ဖေါ်ပြထားသော ပြစ်ဒဏ်ကိုမချမှတ်ရ။

ပုဒ်မ ၈၂ တွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များအပြင် ချမှတ်နိုင်သောပြစ်ဒဏ်များ။

[edit]

၈၄။ ။ ပုဒ်မ ၈၂ တွင် သီးခြားဖေါ်ပြထားသော ပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုခုနှင့် ပူးပေါင်း၍ သော်၎င်း၊ ပြစ်ဒဏ်တခုခုမပါဘဲသော်၎င်း၊ ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်သမတ၏ သဘောတူညီ ချက်ဖြင့်၊ ပုဒ်မ ၈၂ အရ ချမှတ်နိုင်သော အခြားပြစ်ဒဏ်များနှင့် ထိုအခြားပြစ်ဒဏ်များကို မည်ရွေ့ မည်မျှအထိ ချမှတ်နိုင်သည်ကို သီးခြားဖေါ်ပြနိုင်သည်။

တပ်မဟာမှူးများနှင့် အခြားအရာရှိများက အရာရှိများနှင့်အရာခံဗိုလ်များအား ချမှတ်နိုင်သော ပြစ်ဒဏ်များ။

[edit]

၈၅။ ။ ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်မဟာအောက်မငယ်သော အဖွဲ့အစည်းကို၊ ရေတပ်၊ သို့တည်း မဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ (ကြည်းတပ်) နှင့် တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့ အစည်းအောက်မငယ်သော အဖွဲ့အစည်းကို ကွပ်ကဲသည့်အရာရှိတဦး၊ သို့တည်းမဟုတ် သတ်မှတ်ထား သော အခြားအရာရှိတဦးဦးက၊ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသည့် ဗိုလ်မှူးအဆင့်အောက်နိမ့်သည့် အရာရှိတဦးအား၊ သို့တည်းမဟုတ် အရာခံဗိုလ်တဦးအားစစ်ဆေးစီရင်၍၊ အောက်ပါပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုကို သော်၎င်း၊ တခုထက်ပို၍သော်၎င်း၊ ချမှတ်နိုင်သည်။

(က) ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခြင်း၊ သို့တည်းမဟုတ် ပြစ်တင်ရှုတ်ချခြင်း။

(ခ) ထိုသူအား ပြစ်မှုထင်ရှားစီရင်ခြင်းခံရသည့်ပြစ်မှုကြောင့် ဆုံးရှုံးကြောင်း၊ သို့တည်းမဟုတ် ပျက်စီး နစ်နာကြောင်း ထင်ရှားသက်သေခံချက် ရှိသောဆုံးရှုံးခြင်း၊ သို့တည်းမဟုတ်ပျက်စီးနစ်နာခြင်း တခုခု အတွက် လျော်ပေးပြီးသည်အထိ လစာနှင့်စရိတ်များ ရပ်စဲဒဏ်။

တပ်မမှူးနှင့်အခြားအရာရှိများက အရာရှိများနှင့် အရာခံဗိုလ်များအား ချမှတ်နိုင်သောပြစ်ဒဏ်များ။

[edit]

၈၆။ ။ ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်မအောက်မငယ်သော အဖွဲ့အစည်းကို ကွပ်ကဲသည့်အရာရှိ တဦး၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက်ဖြစ်ပါက၊ စစ်တရားရုံးချုပ် ဖွဲ့စည်းနိုင်ခွင့် အာဏာ အပ်နှင်းခြင်းခံရသော အရာရှိတဦး၊ သို့တည်းမဟုတ် နိုင်ငံတော်သမတ၏ သဘောတူညီချက်ဖြင့်၊ ကာကွယ်ရေးဦးစီးချုပ်က သီးခြားဖေါ်ပြသည့် အခြားအရာရှိသည်၊ ဤအက်ဥပဒေအရ ဖြစ်သော ပြစ်မှုတခု ကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသည့် ဒုတိယဗိုလ်မှူးကြီးအဆင့်အောက်နိမ့်သော အရာရှိ တဦးအား၊ သို့တည်းမဟုတ် အရာခံဗိုလ်တဦးအား၊ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း စစ်ဆေး စီရင်၍ အောက်ပါပြစ်ဒဏ်များအနက်၊ ပြစ်ဒဏ်တခုကိုသော်၎င်း၊ တခုထက်ပို၍သော်၎င်း၊ ချမှတ်နိုင် သည်။

(က) အဆင့်သက်တမ်းလျှော့ဒဏ်၊ သို့တည်းမဟုတ် မိမိ၏အဆင့် တိုးမြှင့်ရေးသည်၊ စစ်မှုထမ်းသက် ပေါ်တွင်အမှီပြုရသောသူဖြစ်ပါက၊ တဆယ့်နှစ်လထက်မပိုသော စစ်မှုထမ်းသက်ကို အဆင့်တိုးမြှင့်ရေး ကိစ္စအတွက်လျှော့ဒဏ်။

သို့ရာတွင် ပြစ်ဒဏ်မချမှတ်မီ တရားခံသည်၊ စစ်တရားရုံးဖြင့် စစ်ဆေးစီရင် ခြင်းကို ရွေးချယ်နိုင်သည်။

(ခ) မည်သည့်လ တလတွင်မဆို၊ တဆယ့်လေးရက်အတွက်ထိ လစာနှင့်ညီမျှသော ငွေဒဏ်။

(ဂ) ပြင်းထန်စွာ ပြစ်တင်ရှုတ်ချဒဏ်၊ သို့တည်းမဟုတ် ပြစ်တင်ရှုတ်ချဒဏ်။

(ဃ) ထိုသူအားပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့်ပြစ်မှုကြောင့် ဆုံးရှုံးကြောင်း၊ သို့တည်းမဟုတ် ပျက်စီး နစ်နာကြောင်းထင်ရှား သက်သေခံချက်ရှိသောဆုံးရှုံးခြင်း၊ သို့တည်းမဟုတ် ပျက်စီးနစ်နာခြင်း တခုခု အတွက် လျော်ပေးပြီးသည်အထိ လစာနှင့်စရိတ်များ ရပ်စဲဒဏ်။

တပ်မှူးများက အရာခံဗိုလ်များအား ချမှတ်နိုင်သောပြစ်ဒဏ်များ။

[edit]

၈၇။ ။ တပ်မှူးတဦး၊ သို့တည်းမဟုတ် နိုင်ငံတော်သမတ၏ သဘောတူညီချက်ဖြင့်၊ ကာကွယ်ရေးဦးစီး ချုပ်က သီးခြားဖေါ်ပြသည့် အခြားအရာရှိသည်၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုကျူးလွန်သည် ဟု စွပ်စွဲခြင်းခံရသည့် အရာခံဗိုလ်တဦးအား၊ သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း စစ်ဆေးစီရင်၍ ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့် ပြစ်မှုကြောင့် ဆုံးရှုံးကြောင်း၊ သို့တည်းမဟုတ် ပျက်စီးနစ်နာကြောင်း၊ ထင်ရှားသက်သေခံချက်ရှိသော ဆုံးရှုံးခြင်း၊ သို့တည်းမဟုတ် ပျက်စီးနစ်နာခြင်း တခုခုအတွက် လျော်ပေးပြီး သည်အထိ လစာနှင့်စရိတ်များ ရပ်စဲဒဏ်ချမှတ်နိုင်သည်။

အမှုတွဲများ ပို့ပေးခြင်း။

[edit]

၈၈။ ။ ပုဒ်မ ၈၅၊ ၈၆ နှင့် ၈၇ တို့အနက်၊ ပုဒ်မ တခုခုအရ ပြစ်ဒဏ်ချမှတ်လိုက်သည့်အမှုတိုင်းတွင်၊ ပြစ်ဒဏ်ချမှတ်သောအရာရှိသည်၊ အမှုတွဲ၏ တာဝန်ခံမိတ္တူမှန်များကို၊ ပုဒ်မ ၉၀ တွင် အဓိပ္ပါယ်ဖေါ်ပြ ထားသော စစ်ဘက်အထက်အာဏာပိုင်ထံ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်းပေးပို့ရမည်။

အမှုတွဲများကို ပြန်လည်သုံးသပ်ခြင်း။

[edit]

၈၉။ ။ ပုဒ်မ ၈၅၊ ၈၆ နှင့် ၈၇ တို့အနက်၊ ပုဒ်မတခုခုအရ ချမှတ်လိုက်သည့် ပြစ်ဒဏ်တခုခုသည်၊ တရားဥပဒေနှင့်မညီ၊ တရားမမျှတ၊ သို့တည်းမဟုတ် များလွန်းသည်ဟု ပုဒ်မ ၉၀ တွင် အဓိပ္ပါယ်ဖေါ်ပြ ထားသော စစ်ဘက်အထက်အာဏာပိုင် တဦးကယူဆလျှင်၊ အဆိုပါအာဏာပိုင်သည် ထိုပြစ်ဒဏ်ကို ဖျက်သိမ်း၊ ပြောင်းလဲ၊ သို့တည်းမဟုတ် လျှော့ပစ်နိုင်သည့်ပြင်၊ ထိုအမှု၏ အဖြစ်အပျက် အကြောင်း ခြင်းရာများနှင့် သင့်လျော်မည့် အခြားညွှန်ကြားချက်တရပ်ကိုလည်း ပြုလုပ်နိုင်သည်။

စစ်ဘက် အထက်အာဏာပိုင်။

[edit]

၉၀။ ။ ပုဒ်မ ၈၈ နှင့် ၈၉ တို့၏ ကိစ္စအလို့ငှါ၊ “စစ်ဘက်အထက်အာဏာပိုင်”ဆိုသည်မှာ-

(က) တပ်မှူးတဦးက ချမှတ်သော ပြစ်ဒဏ်များအတွက်ဖြစ်ပါက၊ ထိုတပ်မှူး၏ အထက်အရာရှိ တဦးဦးကို ဆိုလိုသည်။

(ခ) အခြားအာဏာပိုင်တဦးဦးက ချမှတ်သော ပြစ်ဒဏ်များအတွက်ဖြစ်ပါက၊ နိုင်ငံတော်သမတ၊ ကာကွယ်ရေးဦးစီးချုပ်၊ သို့တည်းမဟုတ် ကာကွယ်ရေးဦးစီးချုပ်က သီးခြားဖေါ်ပြသည့် အခြားအရာရှိ ကို ဆိုလိုသည်။

စုပေါင်းငွေဒဏ်များ။

[edit]

၉၁။ ။ (၁) တပ်၊ တပ်ခွဲ၊ သို့တည်းမဟုတ် အလားတူတပ်တခု၏ ပစ္စည်းကိရိယာတန်ဆာပလာတွင် ပါဝင်သည့် လက်နက်တခုခုသော်၎င်း၊ လက်နက်တခု၏ အစိတ်အပိုင်းတခုခုသော်၎င်း၊ ပျောက်ဆုံးသည့် အခါဖြစ်စေ၊ ခိုးယူခြင်းခံရသည့်အခါဖြစ်စေ၊ ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်မဟာအောက် မငယ်သော အဖွဲ့အစည်းကို၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ (ကြည်းတပ်) နှင့် တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းအောက် မငယ်သောအဖွဲ့အစည်းကို ကွပ်ကဲသည့်အရာ ရှိ၊ သို့တည်းမဟုတ် သတ်မှတ်ထားသော အခြားအရာရှိတဦးဦးသည်၊ စုံစမ်းရေးခုံရုံးတခု၏ အစီရင် ခံချက်ကိုရယူပြီးနောက်၊ အဆိုပါတပ်ရှိအရာခံဗိုလ်များ၊ အကြပ်များနှင့်တပ်သားများအား၊ သို့တည်း မဟုတ် အဆိုပါပျောက်ဆုံးမှုအတွက်သော်၎င်း၊ ခိုးမှုအတွက်သော်၎င်း၊ တာဝန်ရှိသည်ဟု၊ မိမိထင်မြင် ယူဆသောသူဟူသမျှအား စုပေါင်းငွေဒဏ် ချမှတ်နိုင်သည်။

(၂) အဆိုပါဒဏ်ငွေကို၊ ပေးဆောင်ရမည့်သူတဦးချင်း၏ လစာပေါ်မူတည်သည့် ရာခိုင်နှုန်းအဖြစ်ဖြင့်၊ ပေးစေရမည်။

အခဏ်း ၈။ ဒဏ်အဖြစ်ဖြင့်ငွေနုတ်ယူခြင်းများ။

[edit]

အရာရှိများ၏ လစာနှင့်စရိတ်ထဲမှ ငွေနုတ်ယူခြင်းများ။

[edit]

၉၂။ ။ အရာရှိများ၏ လစာနှင့်စရိတ်များထဲမှ ဒဏ်အဖြစ်ဖြင့် အောက်ပါငွေများ နုတ်ယူနိုင်သည်။

(က) အရာရှိတဦးသည်၊ ခွင့်မဲ့ပျက်ကွက်သဖြင့်၊ ကျေနပ်ဘွယ်ကောင်းသော ထုချေချက်တရပ်ကို၊ မိမိ၏ တပ်မှူးအားပေးပြီးသည့်ပြင်၊ နိုင်ငံတော်သမတကလည်း ထိုထုချေချက်ကို လက်ခံသည့် ကိစ္စမျိုးမှတပါး ထိုအရာရှိ ခွင့်မဲ့ပျက်ကွက်သည့် ရက်အသီးသီးအတွက် ရသင့်သောလစာနှင့် စရိတ်အားလုံး။

(ခ) အရာရှိတဦးသည်၊ ပြစ်မှုတခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရပြီးသည့်နောက်၊ ရာဇဝတ်တရားရုံးက၊ သို့တည်းမဟုတ် စစ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၅ အရဖြစ်စေ၊ ပုဒ်မ ၈၆ အရဖြစ်စေ၊ အာဏာ သုံးစွဲနိုင်သောအရာရှိတဦးက၊ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်၊ ထိုပြစ်မှုအတွက် ထိုအရာရှိအချုပ်ခံနေရ သည့်၊ သို့တည်းမဟုတ် ရာထူးမှခေတ္တချထားခြင်းခံနေရသည့် ရက်အသီးသီးအတွက် ကျန်ရှိနေသေး သည့် လစာနှင့် စရိတ်အားလုံး။

(ဂ) တရားဥပဒေနှင့်ဆန့်ကျင်လျက် လက်ရှိထားသော၊ သို့တည်းမဟုတ် တရားဥပဒေနှင့် ဆန့်ကျင် လျက် ပေးရန်ငြင်းပယ်ခဲ့သော၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦး၏လစာအတွက် လျော်ပေးရန် လိုအပ်သည့်ငွေ။

(ဃ) ပြစ်မှုတခုကျူးလွန်သဖြင့်၊ အရာရှိတဦးအား ပြစ်မှုထင်ရှားသည်ဟုစီရင်သော စစ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၅ အရ ဖြစ်စေ၊ ပုဒ်မ ၈၆ အရဖြစ်စေ၊ အာဏာသုံးစွဲနိုင်သော အရာရှိတဦးက၊ ထိုပြစ်မှုကျူးလွန်ခြင်းကြောင့် ဖြစ်ပေါ်ရသည့် စရိတ်စကများ၊ ဆုံးရှုံးခြင်း၊ ပျက်စီးနစ်နာခြင်း၊ သို့တည်း မဟုတ် ဖျက်ဆီးခြင်းအတွက် ဆုံးဖြတ်သည့်လျော်ကြေးကို ပေးရန်လိုအပ်သည့်ငွေ။

(င) စစ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၇ အရ အာဏာသုံးစွဲနိုင်သည့် အရာရှိတဦးက သိမ်းယူ စေရန်၊ သို့တည်းမဟုတ် ရပ်စဲစေရန် အမိန့်ချမှတ်သောလစာနှင့် စရိတ်အားလုံး။

(စ) ရာဇဝတ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၇၁ အရ စီရင်ပိုင်ခွင့် အာဏာသုံးစွဲနိုင်သည့် စစ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၆ အရ အာဏာသုံးစွဲနိုင်သော အရာရှိတဦးက ချမှတ်သည့် ဒဏ်ငွေကို ပေးဆောင်ရန်လိုအပ်သည့်ငွေ။

(ဆ) လုပ်သင့်လုပ်ထိုက်သော စုံစမ်းစစ်ဆေးခြင်းပြုလုပ်ပြီးသည့်နောက်၊ အရာရှိမှ မတရားပြုလုပ်မှု ကြောင့်ဖြစ်စေ၊ ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ ဖြစ်ပေါ်ရသည်ဟု၊ နိုင်ငံတော်သမတက ယူဆသောပြည်သူပိုင် ပစ္စည်း၊ သို့တည်းမဟုတ် တပ်ရင်းပိုင်ပစ္စည်း ဆုံးရှုံးခြင်း၊ ပျက်စီးနစ်နာခြင်း၊ သို့တည်းမဟုတ် ဖျက်ဆီး ခြင်းအတွက် လျော်ပေးရန်လိုအပ်သည့်ငွေ။

(ဇ) အရာရှိတဦးသည်၊ တပ်မှရန်သူ့ထံသို့ ထွက်ပြေးသည်ဟု၊ သို့တည်းမဟုတ် ရန်သူ၏ လက်တွင်းသို့ ကျရောက်နေစဉ် ရန်သူနှင့်အတူအမှုထမ်းရွက်သည်၊ သို့တည်းမဟုတ် ရန်သူ၏အမိန့်များကို ခံယူသည် ဟု၊ သို့တည်းမဟုတ် ရှိသင့်သောကြိုတင်စီမံမှု မရှိခြင်းကြောင့်သော်၎င်း၊ ထင်ရှားသက်သေခံချက်ရှိသော အမိန့်ဖီဆန်မှုကြောင့်သော်၎င်း၊ တာဝန်ဝတ်တရားဆောင်ရွက်ရန် တမင်ပျက်ကွက်မှုကြောင့်သော်၎င်း၊ သုံ့ပန်း၊ သို့တည်းမဟုတ် အကျဉ်းသားဖြစ်သွားသည်ဟု၊ သို့တည်းမဟုတ် အကျဉ်းသားဖြစ်သွားပြီး နောက်၊ မိမိစစ်မှုထမ်းရွက်ရေးအတွက် ပြန်၍လာနိုင်သည့်အခါတွင် ပြန်လာရန်ပျက်ကွက်သည်ဟု ကာကွယ်ရေးဦးစီးချုပ်၊ သို့တည်းမဟုတ် ဤကိစ္စအလို့ငှါ သတ်မှတ်ထားသော အရာရှိတဦးဦးက ဖွဲ့စည်းသော စုံစမ်းစစ်ဆေးရေးခုံရုံး တခုကယူဆလျှင်၊ နိုင်ငံတော်သမတ၏အမိန့်အရ သိမ်းယူရမည့် ထိုအရာရှိ၏ လစာနှင့်စရိတ်အားလုံး။

(ဈ) အရာရှိတဦး၏ မယားစရိတ်၊ သို့တည်းမဟုတ် အရာရှိတဦး၏ တရားဝင်ကလေး၊ သို့တည်းမဟုတ် တရားမဝင်သောကလေး၏ စရိတ်အတွက်၊ သို့တည်းမဟုတ် အဆိုပါမယားကိုဖြစ်စေ၊ ကလေးကိုဖြစ်စေ၊ ပြည်ထောင်စုနိုင်ငံအစိုးရကပေးသော ကူညီထောက်ပံ့မှုတခုခု၏ ကုန်ကျစရိတ်အတွက်၊ နိုင်ငံတော် သမတ၏၊ သို့တည်းမဟုတ် ဤကိစ္စအလို့ငှါ၊ နိုင်ငံတော်သမတက ဆောင်ရွက်ရန်လွှဲအပ်ထားသော အရာရှိတဦးဦး၏အမိန့်အရ ပေးရမည့်လိုအပ်သည့်ငွေ။

အရာရှိမဟုတ်သူများ၏ လစာနှင့်စရိတ်များထဲမှ ငွေနုတ်ယူခြင်းများ။

[edit]

၉၃။ ။ ပုဒ်မ ၉၆ ပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ အရာရှိတဦးမှတပါး ဤအက်ဥပဒေကို လိုက်နာရသော အခြားသူတဦး၏ လစာနှင့်စရိတ်များထဲမှ ဒဏ်အဖြစ်ဖြင့် အောက်ပါငွေများကို နုတ်ယူနိုင်သည်။

(က) တပ်မှထွက်ပြေးခြင်းကြောင့်သော်၎င်း၊ ခွင့်မဲ့ပျက်ကွက်ခြင်းကြောင့်သော်၎င်း၊ သုံ့ပန်းတဦး အဖြစ် ဖြင့်သော်၎င်း၊ ပျက်ကွက်သည့်ရက်အသီးသီးအတွက်၊ ထို့ပြင်ရာဇဝတ်တရားရုံးကဖြစ်စေ၊ စစ်တရားရုံး ကဖြစ်စေ၊ ပုဒ်မ ၈၂ အရ အာဏာသုံးစွဲနိုင်သည့် အရာရှိတဦးကဖြစ်စေ၊ ချမှတ်သောတကျွန်းပို့ဒဏ်၊ ထောင်ဒဏ်၊ သို့တည်းမဟုတ် ထိုအရာရှိကဖြစ်စေ၊ စစ်တရားရုံးကဖြစ်စေ၊ ချမှတ်သောစစ်မြေပြင် ပြစ်ဒဏ်ခံရသည့် ရက်အသီးသီးအတွက် လစာနှင့်စရိတ်အားလုံး။

(ခ) အရာရှိမဟုတ်သူတဦးသည်၊ ပြစ်မှုတခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရပြီးသည့်နောက်၊ ရာဇဝတ် တရားရုံးက၊ သို့တည်းမဟုတ် စစ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၂ အရ၊ အာဏာသုံးစွဲနိုင်သော အရာရှိတဦးက ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်၊ ထိုပြစ်မှုအတွက် ထိုအရာရှိမဟုတ်သူ အချုပ်ခံနေရ သည့် ရက်အသီးသီးအတွက် ကျန်ရှိနေသေးသည့်လစာနှင့် စရိတ်အားလုံး။

(ဂ) အရာရှိမဟုတ်သူတဦး၏ ဖျားနာမှုသည်၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုခုကို ထိုသူကျူး လွန်ခြင်းကြောင့်ဖြစ်ပေါ်သည်ဟု၊ ထိုသူအား ဆေးကုပေးသောဆေးဘက်အရာရှိက သက်သေခံလျှင်၊ ထိုသူဆေးရုံတက်နေရသည့် ရက်အသီးသီးအတွက် လစာနှင့်စရိတ်အားလုံး။

(ဃ) အရာရှိမဟုတ်သူတဦး၏ ဖျားနာမှုသည်၊ ထိုသူ၏အကျင့်ပျက်ပြားမှု၊ သို့တည်းမဟုတ် ဆင်ခြင် ခြင်းကင်းမဲ့မှုကြောင့်ဖြစ်ပေါ်သည်ဟု၊ ထိုသူအားဆေးကုပေးသော ဆေးဘက်အရာရှိက သက်သေခံလျှင်၊ ထိုသူဆေးရုံတက်နေရသည့် ရက်အသီးသီးအတွက် ကာကွယ်ရေးဦးစီးချုပ်၊ သို့တည်းမဟုတ် ကာကွယ် ရေးဦးစီးချုပ်က သီးခြားဖေါ်ပြသည့် အရာရှိကချမှတ်သောအမိန့်အရ သီးခြားဖေါ်ပြသည့်ငွေ။

(င) စစ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၂၊ ၈၅၊ ၈၆ နှင့် ၈၇ တို့အနက် ပုဒ်မ တခုခုအရ၊ အာဏာ သုံးစွဲနိုင်သည့် အရာရှိတဦးက သိမ်းယူစေရန်၊ သို့တည်းမဟုတ် ရပ်စဲစေရန် အမိန့်ချမှတ်သော လစာနှင့် စရိတ်အားလုံး။

(စ) အရာရှိမဟုတ်သူတဦးကို ရန်သူ့ထံမှ ပြန်လည်ရရှိသည့်နေ့ရက်နှင့် ရန်သူက အကျဉ်းသားအဖြစ် ဘမ်းဆီးထားစဉ်၊ သို့တည်းမဟုတ် ထိုသူရန်သူ့လက်တွင်းရှိနေစဉ်၊ ၎င်း၏အပြုအမူကြောင့် စစ်မှုထမ်း ခြင်းမှ ၎င်းအား အမြဲတန်းထုတ်ပစ်ခြင်းခံရသည့် နေ့ရက်အကြားရှိ ရက်အသီးသီးအတွက် လစာနှင့် စရိတ်အားလုံး။

(ဆ) ပြည်ထောင်စုနိုင်ငံအစိုးရ၊ သို့တည်းမဟုတ် ပြည်နယ်အစိုးရအား စရိတ်စကများ ကုန်ကျအောင် ဖြစ်စေ၊ ဆုံးရှုံးအောင်ဖြစ်စေ၊ ပြုလုပ်သည့်အတွက်၊ သို့တည်းမဟုတ် အဆောက်အအုံတခုခုကို၊ သို့တည်း မဟုတ် ပစ္စည်းတခုခုကို ပျက်စီးနစ်နာအောင်ဖြစ်စေ၊ ပျက်ပြုန်းအောင်ဖြစ်စေ၊ ပြုလုပ်သည့်အတွက် တပ်မှူးကချမှတ်သည့် လျော်ကြေးကိုပေးရန် လိုအပ်သည့်ငွေ။

(ဇ) ရာဇဝတ်တရားရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၇၁ အရ၊ စီရင်ပိုင်ခွင့် အာဏာသုံးစွဲနိုင်သော စစ်တရား ရုံးက၊ သို့တည်းမဟုတ် ပုဒ်မ ၈၂ အရဖြစ်စေ၊ ပုဒ်မ ၉၁ အရဖြစ်စေ၊ အခွင့်အာဏာသုံးစွဲနိုင်သည့် အရာရှိတဦးက ချမှတ်သည့်ဒဏ်ငွေကို ပေးဆောင်ရန် လိုအပ်သည့်ငွေ။

(ဈ) အရာရှိမဟုတ်သူတဦး၏ မယားစရိတ်၊ သို့တည်းမဟုတ် အရာရှိမဟုတ်သူတဦး၏ တရားဝင်သော ကလေး၊ သို့တည်းမဟုတ် တရားမဝင်သော ကလေး၏စရိတ်အတွက်၊ သို့တည်းမဟုတ် အဆိုပါမယားကို ဖြစ်စေ၊ ကလေးကိုဖြစ်စေ၊ ပြည်ထောင်စုနိုင်ငံ အစိုးရကပေးသော ကူညီထောက်ပံ့မှုတခုခု၏ ကုန်ကျ စရိတ်အတွက် ကာကွယ်ရေးဦးစီးချုပ်၏၊ သို့တည်းမဟုတ် သတ်မှတ်ထားသော အရာရှိတဦးဦး၏ အမိန့် အရ ပေးရမည့်လိုအပ်သည့်ငွေ။

ခွင့်မဲ့ပျက်ကွက်ခြင်း၏၊ သို့တည်းမဟုတ် အချုပ်နှင့်နေရခြင်း၏ အချိန်ကာလတွက်စစ်နည်း။

[edit]

၉၄။ ။ ပုဒ်မ ၉၃၊ အပိုဒ်(က)နှင့် (ခ)တို့၏ ကိစ္စများအလို့ငှါ-

(က) ခွင့်မဲ့ပျက်ကွက်ခြင်း၊ သို့တည်းမဟုတ် အချုပ်နှင့်နေရခြင်းသည် လုံးဝအားဖြင့် တရက်အတွင်း တွင်ဖြစ်စေ၊ တစိတ်တဒေသအားဖြင့် တရက်အတွင်းနှင့် တစိတ်တဒေသအားဖြင့် အခြားတရက်အတွင်း တွင်ဖြစ်စေ၊ တဆက်တည်း ခြောက်နာရီသော်၎င်း၊ ခြောက်နာရီထက်ပို၍သော်၎င်း၊ မကြာမြင့်ဘဲ မည်သူ့ ကိုမျှ တရက်အတွက် ခွင့်မဲ့ပျက်ကွက်သည်၊ သို့တည်းမဟုတ် အချုပ်နှင့်နေရသည်ဟု မယူဆရ။

(ခ) တဦးတယောက်သောသူသည်၊ တရက်အောက်လျော့၍ ခွင့်မဲ့ပျက်ကွက်သဖြင့်၊ သို့တည်းမဟုတ် အချုပ်နှင့်နေရသဖြင့် စစ်ဘက်တာဝန်ဝတ်တရားတခုခုကို ပြီးမြောက်အောင်မဆောင်ရွက်နိုင်ရာ၊ ထိုတာဝန်ဝတ်တရားကို အခြားသူတဦးကဆောင်ရွက်ရလျှင်၊ အဆိုပါခွင့်မဲ့ပျက်ကွက်ခြင်းကိုဖြစ်စေ၊ အချုပ်နှင့်နေရခြင်းကိုဖြစ်စေ၊ တရက်ခွင့်မဲ့ပျက်ကွက်ခြင်း၊ သို့တည်းမဟုတ် အချုပ်နှင့်နေရခြင်းဟု ရေတွက်နိုင်သည်။

(ဂ) တဆက်တည်း တဆယ့်နှစ်နာရီဖြစ်စေ၊ တဆယ့်နှစ်နာရီထက် ပို၍ဖြစ်စေ၊ ခွင့်မဲ့ပျက်ကွက်ခြင်း၊ သို့တည်းမဟုတ် အချုပ်နှင့်နေရခြင်း၏ တစိတ်တဒေသကျရောက်သည့် ရက်တိုင်းကို တရက်လုံး အတွက် ခွင့်မဲ့ပျက်ကွက် ခြင်း၊ သို့တည်းမဟုတ် အချုပ်နှင့်နေရခြင်းဟု ရေတွက်နိုင်သည်။

(ဃ) ည ၁၂ နာရီအချိန်မတိုင်မီ အစပြု၍၊ ည ၁၂ နာရီကျော်လွန်ပြီးသည့် နောက်တွင် အဆုံးသတ်သော ခွင့်မဲ့ပျက်ကွက်ခြင်း ကာလအပိုင်းအခြားကို၊ သို့တည်းမဟုတ် ထောင်ဒဏ်ကို တရက်အဖြစ် ရေတွက်နိုင် သည်။

စစ်ဆေးစီရင်နေစဉ် လစာနှင့်စရိတ်များ။

[edit]

၉၅။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးသည်၊ ပြစ်မှုတခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသဖြင့်၊ အချုပ်ခံနေရသည့်၊ သို့တည်းမဟုတ် ရာထူးမှခေတ္တချထားခြင်းခံရသည့်အခါ၊ ထိုစွပ်စွဲခြင်းနှင့် စပ်လျဉ်း ၍ စစ်ဆေးစီရင်ခြင်း မပြီးပြတ်ဘဲရှိနေဆဲတွင်၊ ထိုသူ၏ လစာနှင့်စရိတ်များအနက် သုံးပုံနှစ်ပုံထက် မပိုသောငွေကို မပေးသေးဘဲဆိုင်းထားရန်၊ သတ်မှတ်ထားသောအရာရှိက ညွှန်ကြားနိုင်သည်။

ငွေနုတ်ယူခြင်းအချို့ကို ကန့်သတ်ခြင်း။

[edit]

၉၆။ ။ပုဒ်မ ၉၃ ၏ အပိုဒ် (င) နှင့် (ဆ) မှ (ဈ) အထိ အပိုဒ်များအရ၊ တဦးတယောက်သောသူ၏ လစာ နှင့်စရိတ်များထဲမှ နုတ်ယူသည့်စုစုပေါင်းငွေသည်၊ ထိုသူအား အမြဲတန်းထုတ်ပစ်ဒဏ် ချမှတ်သည့် အခါမှတပါး၊ မည်သည့်လတွင်မဆို၊ ထိုလအတွက် လစာနှင့်စရိတ်များ၏ တဝက်မပိုစေရ။

တဦးတယောက်သောသူရသင့်သည့် အစိုးရငွေမှနုတ်ယူခြင်း။

[edit]

၉၇။ ။ သူတဦးဦး၏လစာနှင့် စရိတ်များထဲမှ၊ ဤအက်ဥပဒေအရ နုတ်ယူခွင့်ပြုသောငွေကို၊ ထိုငွေ ပြန်လည်ရယူတောင်းခံနိုင်သည့် အခြားနည်းတခုခုကို မထိခိုက်စေဘဲ၊ အငြိမ်းစားလစာထဲမှတပါး၊ ထိုသူရထိုက်သည့် အစိုးရငွေတခုခုထဲမှ နုတ်ယူနိုင်သည်။

သုံ့ပန်းတဦး၏အပြုအမူကို စုံစမ်းစစ်ဆေးနေစဉ် ထိုသူ၏လစာနှင့် စရိတ်များ။

[edit]

၉၈။ ။ဤအက်ဥပဒေကို လိုက်နာရသူတဦးသည်၊ ရန်သူ၏ဘမ်းဆီးခြင်းကိုခံရစဉ်၊ သို့တည်းမဟုတ် ရန်သူ၏လက်တွင်းကျရောက်နေစဉ်၊ မိမိ၏အပြုအမူကို၊ ဤအက်ဥပဒေအရဖြစ်စေ၊ အခြားတရားဥပဒေ တခုခုအရဖြစ်စေ၊ စုံစမ်းစစ်ဆေးရမည့်အခါ၊ ကာကွယ်ရေးဦးစီးချုပ်ကသော်၎င်း၊ ကာကွယ်ရေးဦးစီးချုပ် က အာဏာလွှဲအပ်သော အရာရှိတဦးဦးကသော်၎င်း၊ အဆိုပါ စုံစမ်းစစ်ဆေးခြင်းမပြီးပြတ်မီ၊ ထိုသူ၏ လစာနှင့်စရိတ်များ၏ သုံးပုံနှစ်ပုံထက်မပိုသောငွေကို မပေးသေးဘဲ ဆိုင်းထားရန် အမိန့်ချမှတ်နိုင်သည်။

နုတ်ယူငွေများလျှော့ခြင်း။

[edit]

၉၉။ ။ ဤအက်ဥပဒေ၏ ခွင့်ပြုချက်အရ၊ လစာနှင့်စရိတ်များထဲမှ နုတ်ယူခြင်းတခုခုကို၊ အခါအားလျော် စွာ၊ သတ်မှတ်ထားသည့်အာဏာပိုင်က၊ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း၊ သတ်မှတ်ထားသရွေ့ လျှော့နိုင်သည်။

နုတ်ယူငွေအနက် လျှော့ငွေထဲမှ သုံ့ပန်းအားမှီခိုနေသူများအတွက် စရိတ်ထောက်ခြင်း။

[edit]

၁၀၀။ ။ ပုဒ်မ ၉၂၊ အပိုဒ် (ဇ) အရဖြစ်စေ၊ ပုဒ်မ ၉၃၊ အပိုဒ် (က) အရဖြစ်စေ၊ လစာနှင့်စရိတ်များ သိမ်းယူခြင်းခံရသည်ဖြစ်၍၊ ပုဒ်မ ၉၉ အရ လျှော့ခွင့်ရသည်လည်းဖြစ်သော၊ သုံ့ပန်းများဖြစ်ကြရသည့်၊ ဤအက်ဥပဒေကို လိုက်နာရသူအားလုံးနှင့်စပ်လျဉ်း၍၊ သတ်မှတ်ထားသောအာဏာပိုင်များသည်၊ ထို လစာနှင့်စရိတ်များထဲမှ၊ ထိုသူများအပေါ် မှီခိုနေသူများအတွက်၊ သင့်လျော်သော ထောက်ပံ့ကြေးငွေကို ပေးနိုင်စေရမည်။ ထို့ပြင် ထိုသို့ထောက်ပံ့ကြေးငွေပေးလျှင်၊ ဆိုခဲ့သည့်လျှော့ခြင်းသည်၊ ထောက်ပံ့ကြေး ငွေနုတ်ပြီး ကျန်ရှိနေသောလစာ၊ စရိတ်များနှင့်သာ သက်ဆိုင်သည်ဟု မှတ်ယူရမည်။

သုံ့ပန်းအား မှီခိုနေသူများအတွက် ထိုသုံ့ပန်း၏လစာနှင့် စရိတ်များထဲမှ စရိတ်ထောက်ခြင်း။

[edit]

၁၀၁။ ။ သုံ့ပန်းတဦးဖြစ်သော၊ သို့တည်းမဟုတ် ပျောက်နေသော၊ ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးအပေါ် မှီခိုနေရသူများအတွက်၊ သတ်မှတ်ထားသော အာဏာပိုင်များက၊ ထိုသုံ့ပန်း၏ လစာနှင့် စရိတ်များထဲမှ တဝက်အောက် မလျော့သောငွေကို၊ ထောက်ပံ့ကြေးငွေအဖြစ် ပေးနိုင်စေရမည်။

တဦးတယောက်သောသူအား သုံ့ပန်းတဦးဖြစ်သည်ဟု မှတ်ယူရမည့်ကာလအပိုင်းအခြား။

[edit]

၁၀၂။ ။ ပုဒ်မ ၁၀၀ နှင့် ၁၀၁ တို့၏ကိစ္စများအလို့ငှါ၊ တဦးတယောက်သောသူအား ပုဒ်မ ၉၈ တွင် ရည်ညွှန်းထားသည့်အတိုင်း၊ ထိုသူ၏အပြုအမူကို စုံစမ်းစစ်ဆေးခြင်းပြီးဆုံးသည်အထိ၊ သုံ့ပန်းတဦး ဆက်လက်ဖြစ်နေသည်ဟု မှတ်ယူရမည့်ပြင်၊ အဆိုပါအပြုအမူကြောင့် စစ်မှုထမ်းခြင်းမှ ထိုသူအား ရှုတ်ချ၍ အမြဲတန်းထုတ်ပစ်လျှင်ဖြစ်စေ၊ အမြဲတန်းထုတ်ပစ်လျှင်ဖြစ်စေ၊ ထိုသို့ရှုတ်ချ၍ အမြဲတန်း ထုတ်ပစ်သည့်၊ သို့တည်းမဟုတ် အမြဲတန်းထုတ်ပစ်သည့်အချိန်အထိ၊ ထိုသူသည်၊ သုံ့ပန်းတဦးဆက်လက် ဖြစ်နေသည်ဟုလည်း မှတ်ယူရမည်။

အခဏ်း ၉။ ဘမ်းဆီးခြင်းနှင့် စစ်ဆေးစီရင်ခြင်းမပြုမီ မှုခင်းကိစ္စဆောင်ရွက်ခြင်း။

[edit]

ပြစ်မှုကျူးလွန်သူများကို ချုပ်ထားခြင်း။

[edit]

၁၀၃။ ။ (၁) ပြစ်မှုတခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသော၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးကို၊ စစ်ဘက်အချုပ်နှင့် ထားနိုင်သည်။

(၂) အဆိုပါသူတဦးဦးကို စစ်ဘက်အချုပ်နှင့်ထားရန် အထက်အရာရှိတဦးဦးက အမိန့်ပေးနိုင်သည်။

(၃) အရာရှိတဦးသည်၊ ခိုက်ရန်ဖြစ်မှု၊ သတ်ပုတ်နှောင့်ရှက်မှု၊ သို့တည်းမဟုတ် ဗရုန်းသုံးကားဖြစ်မှုတွင် ပါဝင်သောအရာရှိတဦးဦးကို အဆင့်အားဖြင့် မိမိထက်ပို၍မြင့်သူဖြစ်စေကာမူ၊ စစ်ဘက်အချုပ်နှင့်ထား ရန် အမိန့်ပေးနိုင်သည်။

ချုပ်ထားခြင်းနှင့်စပ်လျဉ်း၍ တပ်မှူး၏တာဝန်ဝတ်တရား။

[edit]

၁၀၄။ ။ (၁) တပ်မှူးတိုင်းသည်၊ ပြစ်မှုတခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသော မိမိကွပ်ကဲရသူ တဦးတယောက်ကို အချုပ်နှင့်ထားကြောင်း မိမိအားသတင်းပို့ပြီးသည့်နောက်၊ ပြည်သူ့အကျိုးကို ထောက်ထားရခြင်းကြောင့်၊ လေးဆယ့်ရှစ်နာရီအတွင်း စုံစမ်းစစ်ဆေးခြင်းပြုလုပ်ရန် မဖြစ်နိုင်ဟု မိမိယူ ဆသည့်အခါမှတပါး၊ ထိုစွပ်စွဲချက်ကို မစုံစမ်းမစစ်ဆေးဘဲ၊ လေးဆယ့်ရှစ်နာရီထက်ပို၍၊ ထိုသူကိုအချုပ် နှင့် မထားရန်ဂရုစိုက်ရမည်။

(၂) တပ်မှူးသည်၊ လေးဆယ့်ရှစ်နာရီထက် ကျော်လွန်ပြီးချုပ်ထားခြင်းခံရသူတိုင်း၏ ကိစ္စကို၎င်း၊ ထိုသို့ လေးဆယ်ရှစ်နာရီထက်ပို၍ ချုပ်ထားရခြင်း၏အကြောင်းပြချက်ကို၎င်း၊ စွပ်စွဲခြင်းခံရသူအား စစ်ဆေး စီရင်ရေးအတွက်၊ တိုင်းစစ်တရားရုံးတခုဖွဲ့စည်းပေးရန် လျှောက်ထားခြင်းခံရမည့် အရာရှိထံ အစီရင်ခံရမည်။

(၃) ပုဒ်မခွဲ(၁)တွင် သီးခြားဖေါ်ပြထားသော လေးဆယ့်ရှစ်နာရီကို ရေတွက်ရာ၌၊ တနင်္ဂနွေနေ့များနှင့် အစိုးရ၏ အခြားရုံးပိတ်ရက်များကို ချန်လှပ်ထားရမည်။

(၄) နိုင်ငံတော်သမတသည်၊ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးအား ထိုသူကျူးလွန်ခဲ့သော ပြစ်မှုတခုခုနှင့် စပ်လျဉ်း၍၊ အခွင့်ရအာဏာပိုင် တဦးဦး က စစ်ဆေးစီရင်ခြင်း မပြီးပြတ်မီ၊ ဘမ်းဆီးခြင်း၊ စစ်ဘက်အချုပ်တွင် ချုပ်ထားခြင်းဆိုင်ရာ စည်းကမ်း နည်းလမ်းနှင့် ချုပ်ထားနိုင်သည့် ကာလအပိုင်းအခြားကို ပြဋ္ဌာန်းရန်နည်းဥပဒေများပြုနိုင်သည်။

အချုပ်နှင့်ထားခြင်းနှင့်စစ်တရားရုံးဖွဲ့စည်းခြင်း စပ်ကြားရှိအချိန်ကာလ။

[edit]

၁၀၅။ ။ ပုဒ်မ ၁၀၃တွင် ဖေါ်ပြထားသည့်အတိုင်း ချုပ်ထားခြင်းခံနေရသူဖြစ်သည့်ပြင်၊ တန်းပြည့်စစ်မှု ထမ်းနေရသူလည်းမဟုတ်သော သူတဦးဦးအား စစ်ဆေးစီရင်ရန်အတွက် စစ်တရားရုံး တရုံးဖွဲ့စည်းစေ ရန် အမိန့်မပေးသေးဘဲ ရှစ်ရက်ထက်ပို၍ အချုပ်ခံနေရသည့်အမှုတိုင်းတွင်၊ ထိုသူ၏တပ်မှူးက၊ ကြန့် ကြာရသည့်အကြောင်းများပါရှိသည့် အထူးအစီရင်ခံချက်တခုကို သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း ပေးပို့ရမည့်ပြင်၊ စစ်တရားရုံးအဖွဲ့ဝင်များ ရုံးထိုင်ရန် စုဝေးရောက်ရှိသည့်အထိ၊ သို့တည်းမဟုတ်ထိုသူကို အချုပ်မှ လွှတ်သည်အထိ၊ အလားတူ အစီရင်ခံချက်တခုကိုလည်း ရှစ်ရက်တကြိမ်ပေးပို့ရမည်။

နယ်ဘက်အာဏာပိုင်များက ဘမ်းဆီးခြင်း။

[edit]

၁၀၆။ ။ မည်သည့်အခါမဆို၊ ရာဇဝတ်တရားသူကြီး၊ သို့တည်းမဟုတ် ရဲအရာရှိတဦးဦး၏ အာဏာ ပိုင်နက်အတွင်း၊ ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုခုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသည့် ဤ အက်ဥပဒေကို လိုက်နာရသူတဦးဦးရှိနေလျှင်၊ ထိုရာဇဝတ်တရားသူကြီး၊ သို့တည်းမဟုတ် ရဲအရာရှိ သည်၊ ထိုသူအားဘမ်းဆီးရေးနှင့် စစ်ဘက်အချုပ်သို့ လက်ရောက်အပ်ရေးအတွက် ထိုသူ၏ တပ်မှူး လက်မှတ်ရေးထိုးသော တောင်းဆိုစာတစောင်ကို ရရှိသောအခါ၌၊ ထိုအရေးများတွင်ကူညီရမည်။

စစ်ပြေးများကို ဘမ်းဆီးခြင်း။

[edit]

၁၀၇။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ တပ်မှထွက်ပြေးလျှင်၊ ထိုသူပါဝင်သည့် တပ်အဖွဲ့၊ ဌာန၊ တပ်၊ သင်္ဘော၊ သို့တည်းမဟုတ် ခွဲထုတ်တပ်၏တပ်မှူးက၊ ထိုစစ်ပြေးကိုဘမ်းဆီးရန် အကူအညီပေးနိုင်မည်ဟုယူဆသည့်၊ နယ်ဘက်အာဏာပိုင်များထံ၊ ထိုတပ်မှထွက်ပြေးကြောင်း စာရေး အကြောင်းကြားရမည်။ အဆိုပါအာဏာပိုင်များသည်၊ ထိုအကြောင်းကြားစာရသည့်အခါ၊ အဆိုပါ စစ်ပြေးအား ဘမ်းဆီးရန်အတွက် ရာဇဝတ်တရားသူကြီးက ဘမ်းဆီးရန်ဝရမ်းထုတ်ထားသူ တဦးဖြစ်ဘိ သကဲ့သို့ အရေးယူရမည့်ပြင်၊ ဘမ်းဆီးရမိသောအခါ၊ ထိုသူကို စစ်ဘက်အချုပ်သို့လက်ရောက်အပ်ရမည်။

(၂) ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဖြစ်သည်ဟု ယုံကြည်ရန်အကြောင်းရှိပြီး၊ စစ်ပြေးတဦး၊ သို့တည်းမဟုတ် အခွင့်အာဏာမပါဘဲ ခရီးသွားနေသူတဦးဖြစ်သည်ဟုလည်း ယုံကြည်ရန်အကြောင်းရှိ သော သူတဦးဦးကို၊ ရဲအရာရှိတဦးဦးက ဝရမ်းမရှိဘဲဘမ်းဆီးနိုင်သည့်ပြင်၊ တရားဥပဒေနှင့်အညီ အရေး ယူရန် အနီးဆုံးရာဇဝတ် တရားသူကြီးရှေ့မှောက်သို့ ကြန့်ကြာမှုမရှိဘဲ၊ ထိုသူကိုခေါ်လာရမည်။

ခွင့်မဲ့ပျက်ကွက်ခြင်းကို စုံစမ်းစစ်ဆေးခြင်း။

[edit]

၁၀၈။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ ရရှိသင့်သောအခွင့်အာဏာမရရှိဘဲ၊ နှစ်ဆယ့် တရက်မျှ၊ မိမိ၏တာဝန်ဝတ်တရားဆောင်ရွက်ရန် ပျက်ကွက်သည့်အခါ၊ စုံစမ်းစစ်ဆေးရေး ခုံရုံးတခုကို ဆောလျင်နိုင်သမျှဆောလျင်စွာ ဖွဲ့စည်းစေရမည်။ ထို့ပြင် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း၊ ထိုခုံရုံးက သက်သေများကို ကျမ်းသစ္စာသော်၎င်း၊ ကတိသစ္စာသော်၎င်း၊ ပြုစေပြီးနောက်၊ ထိုသူ၏ ခွင့်မဲ့ ပျက်ကွက်မှုနှင့် ထိုသူအားအပ်နှံထားသော အစိုးရပိုင်ပစ္စည်းများ၊ သို့တည်းမဟုတ် လက်နက်များ၊ ခဲယမ်းမီးကျောက်များ၊ ပစ္စည်းကိရိယာတန်ဆာပလာများ၊ အဝတ်အစား၊ သို့တည်းမဟုတ် လိုအပ်သော ပစ္စည်းများလျော့၍နေခြင်း တခုခုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရမည်။ ထို့နောက် အဆိုပါခွင့်မဲ့ပျက် ကွက်ခြင်းသည်၊ ရရှိသင့်သောအခွင့်အာဏာမရှိဘဲ၊ သို့တည်းမဟုတ် အခြားလုံလောက်သောအကြောင်း မရှိဘဲ၊ ပျက်ကွက်ခြင်းဖြစ်သည်ဟုကျေနပ်ပါက၊ ထိုခုံရုံးသည်၊ အဆိုပါခွင့်မဲ့ပျက်ကွက်ခြင်းနှင့် ခွင့်မဲ့ပျက် ကွက်ခြင်း၏ ကာလအပိုင်းအခြားအပြင်၊ ပစ္စည်းလျော့နေခြင်းရှိလျှင်၊ အဆိုပါပစ္စည်းလျော့နေခြင်းကိုပါ ကျေညာရမည်။ ထို့နောက် ထိုသူပါဝင်သော တပ်အဖွဲ့၊ တပ်၊ သို့တည်းမဟုတ် သင်္ဘောကို ကွပ်ကဲသည့် အရာရှိက၊ ထိုတပ်အဖွဲ့၊ တပ်၊ သို့တည်းမဟုတ် သင်္ဘော၏ စစ်တရားရုံး မှတ်တမ်းစာအုပ်တွင် ထိုကျေညာချက်ကို ရေးသွင်းရမည်။

(၂) ခွင့်မဲ့ပျက်ကွက်သည်ဟု ကျေညာခြင်းခံရသူသည်၊ ယင်းသို့ကျေညာပြီးသည့်နောက် လာ၍ဘမ်းဆီး ခြင်းမခံလျှင်၊ သို့တည်းမဟုတ် ထိုသူအားဘမ်း၍မရလျှင်၊ ဤအက်ဥပဒေ၏ ကိစ္စများအလို့ငှါ၊ စစ်ပြေး တယောက်ဖြစ်သည်ဟု မှတ်ယူရမည်။

တပ်ထိန်းချုပ်များ။

[edit]

၁၀၉။ ။ (၁) တပ်ထိန်းချုပ်များကို၊ ကာကွယ်ရေးဦးစီးချုပ်ကသော်၎င်း၊ သတ်မှတ်ထားသော အရာရှိတဦးဦးကသော်၎င်း၊ ခန့်အပ်နိုင်သည်။

(၂) တပ်ထိန်းချုပ်တဦး၏ တာဝန်ဝတ်တရားများသည်၊ ပြစ်မှုတခုခုအတွက် အချုပ်နှင့်ထားသူများကို စောင့်ထိန်းရန်၎င်း၊ စည်းကမ်းနှင့်စံနစ်တကျရှိမှုကို ထိန်းသိမ်းရန်၎င်း၊ တပ်မတော်တွင် ပါဝင်အမှုထမ်း ရွက်နေကြသော၊ သို့တည်းမဟုတ် တွဲဘက်ထားသောသူများက အဆိုပါစည်းကမ်းနှင့် စံနစ်တကျရှိမှု ဖေါက်ဖျက်ခြင်းကို တားမြစ်ရန်၎င်း၊ ဖြစ်သည်။

(၃) တပ်ထိန်းချုပ်တဦးသည်၊ ပြစ်မှုတခုကိုကျူးလွန်သော၊ သို့တည်းမဟုတ် ပြစ်မှုတခုနှင့်စွပ်စွဲခြင်း ခံရသော၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးကို မည်သည့်အခါမဆိုဘမ်းဆီးပြီးနောက်၊ စစ်ဆေး စီရင်ရန်အတွက် ချုပ်ထားနိုင်သည့်အပြင်၊ စစ်တရားရုံးကသော်၎င်း၊ ပုဒ်မ ၈၂ အရ အခွင့်အာဏာသုံးစွဲ နိုင်သည့် အရာရှိတဦးကသော်၎င်း၊ ချမှတ်သည့်ပြစ်ဒဏ်စီရင်ခြင်းနှင့်အညီ ကျခံရမည့်ပြစ်ဒဏ်တခုခု အကျိုးသက်ရောက်အောင်ဆောင်ရွက်နိုင်သည်။ သို့သော်လည်း တပ်ထိန်းချုပ်တဦးသည်၊ မိမိ၏အခွင့် အာဏာကိုသုံးစွဲပြီး မည်သည့်ပြစ်ဒဏ်ကိုမျှမပေးရ။

သို့ရာတွင်အရာရှိမဟုတ်သူတပ်ထိန်းချုပ်တဦးသည်၊ အရာရှိတဦးကို အခြားအရာရှိတဦး၏ အမိန့်အရမှ တပါး၊ မဘမ်းဆီးရ၊ သို့တည်းမဟုတ် ချုပ်မထားရ။

အခဏ်း ၁၀။ စစ်တရားရုံးများ။

[edit]

စစ်တရားရုံး အမျိုးအစားများ။

[edit]

၁၁၀။ ။ ဤအက်ဥပဒေ၏ ကိစ္စများအလို့ငှါ၊ အောက်ပါအတိုင်း၊ စစ်တရားရုံး လေးမျိုးရှိရမည်။

(က) စစ်တရားရုံးချုပ်၊
(ခ) တိုင်းစစ်တရားရုံး၊
(ဂ) အကျဉ်းစစ်တရားရုံးချုပ်နှင့်
(ဃ) တပ်တွင်းစစ်တရားရုံး။

စစ်တရားရုံးချုပ်ဖွဲ့စည်းရန်အာဏာ။

[edit]

၁၁၁။ ။ နိုင်ငံတော်သမတကဖြစ်စေ၊ ကာကွယ်ရေးဦးစီးချုပ်ကဖြစ်စေ၊ နိုင်ငံတော်သမတ၊ သို့တည်းမ ဟုတ် ကာကွယ်ရေးဦးစီးချုပ်က၊ ဤကိစ္စအလို့ငှါ၊ အမိန့်စာဖြင့် အာဏာအပ်နှင်းထားသော အရာရှိတဦး ဦးကဖြစ်စေ၊ စစ်တရားရုံးချုပ်တခုကို ဖွဲ့စည်းနိုင်သည်။

တိုင်းစစ်တရားရုံး ဖွဲ့စည်းရန်အာဏာ။

[edit]

၁၁၂။ ။ စစ်တရားရုံးချုပ်တခုဖွဲ့စည်းရန် အာဏာရရှိထားသော အရာရှိတဦးကဖြစ်စေ၊ ထိုအရာရှိ တဦးဦးက၊ ဤကိစ္စအလို့ငှါ၊ အမိန့်စာဖြင့် အာဏာအပ်နှင်းထားသော အရာရှိတဦးဦးကဖြစ်စေ၊ တိုင်းစစ်တရားရုံးတရုံးကို ဖွဲ့စည်းနိုင်သည်။

ပုဒ်မ ၁၁၁ နှင့် ၁၁၂ အရ၊ ထုတ်ပေးသော အမိန့်စာတွင်ပါဝင်သည့် အကြောင်းအရာများ။

[edit]

၁၁၃။ ။ ပုဒ်မ ၁၁၁၊ သို့တည်းမဟုတ် ပုဒ်မ ၁၁၂ အရ၊ ထုတ်ပေးသော အမိန့်စာတွင် ထိုအမိန့်စာကို ထုတ်ပေးသောအရာရှိက သင့်တော်မည်ဟုထင်သည့် ကန့်သတ်ချက်များ၊ ခြွင်းချက်များ၊ သို့တည်း မဟုတ် စည်းကမ်းချက်များ ပါဝင်နိုင်သည်။

၁၁၄။ ။ အောက်ပါအာဏာပိုင်များမှာ အကျဉ်းစစ်တရားရုံးချုပ်တခုကို ဖွဲ့စည်းရန်အာဏာရှိရမည်။

အကျဉ်းစစ်တရားရုံးချုပ် ဖွဲ့စည်းရန်အာဏာ။

[edit]

(က) နိုင်ငံတော်သမတကဖြစ်စေ၊ ကာကွယ်ရေးဦးစီးချုပ်ကဖြစ်စေ၊ ဤကိစ္စအလို့ငှါ၊ အမိန့်တရပ်ဖြင့် အာဏာအပ်နှင်းထားသော အရာရှိတဦး၊

(ခ) တန်းပြည့်စစ်မှုထမ်းချိန်တွင်၊ စစ်မြေပြင်၌ တပ်ဖွဲ့များကိုကွပ်ကဲနေသည့် အရာရှိ၊ သို့တည်းမဟုတ် ထိုအရာရှိက ဤကိစ္စအလို့ငှါ၊ အာဏာအပ်နှင်းထားသည့် အရာရှိတဦး၊

(ဂ) စစ်စည်းကမ်းနှင့် စစ်ဘက်လတ်တလော လိုအပ်ခြင်းများကို ထိုက်သင့်သလို ထောက်ထား၍၊ ပြစ်မှု တမှုကို စစ်တရားရုံးချုပ်တခုဖြင့် စစ်ဆေးစီရင်ရန်မဖြစ်နိုင်ဟု ထင်မြင်ယူဆသည့်အခါ၊ တန်းပြည့်စစ်မှု ထမ်းချိန်တွင် တပ်မတော်၏ ခွဲထုတ်ထားသော အစိတ်အပိုင်းတခုခုကို ကွပ်ကဲနေသည့်အရာရှိတဦး။

စစ်တရားရုံးချုပ်တွင် ပါဝင်သူများ။

[edit]

၁၁၅။ ။ စစ်တရားရုံးချုပ်တခုတွင် ငါးဦးအောက်မနည်းသော အရာရှိများပါဝင်ရမည်။ ထိုအရာရှိ အသီးသီးသည်၊ ပြန်တမ်းဝင်အရာရှိအဖြစ်ဖြင့် အနည်းဆုံးသုံးနှစ်အမှုထမ်းရွက်ပြီးသူ ဖြစ်ရမည့်ပြင်၊ ထိုအရာရှိများအနက်၊ အနည်းဆုံး လေးဦးသည်၊ ဗိုလ်ကြီးအဆင့်ရှိသူများဖြစ်ရမည်။

သို့ရာတွင် သုံးနှစ်အောက်လျော့သော စစ်မှုထမ်းသက်ရှိသည့် အရာရှိတဦးသည်၊ စက်ရှင်တရားသူကြီး အဖြစ်ဖြင့်၎င်း၊ ရာဘက်စက်ရှင်တရားသူကြီးအဖြစ်ဖြင့်၎င်း၊ အနည်းဆုံး နှစ်နှစ်အမှုထမ်းရွက်ခဲ့ဘူးသူ ဖြစ်လျှင်၊ သို့တည်းမဟုတ် တရားလွှတ်တော် ရှေ့နေတဦးအဖြစ်ဖြင့် အနည်းဆုံးဆယ်နှစ် အမှုလိုက်လဲ ဆောင်ရွက်ခဲ့ဘူးသူဖြစ်လျှင်၊ ထိုသူအား စစ်တရားရုံးချုပ်တွင် ခန့်အပ်နိုင်သည်။

တိုင်းစစ်တရားရုံးတွင် ပါဝင်သူများ။

[edit]

၁၁၆။ ။ တိုင်းစစ်တရားရုံးတရုံးတွင် သုံးဦးအောက်မနည်းသောအရာရှိများပါဝင်ရမည်။ ထိုအရာရှိအသီး သီးသည်၊ ပြန်တမ်းဝင်အရာရှိအဖြစ်ဖြင့် အနည်းဆုံးနှစ်နှစ်အမှုထမ်းရွက်ပြီးသူဖြစ်ရမည်။

အကျဉ်းစစ်တရားရုံးချုပ်တွင် ပါဝင်သူများ။

[edit]

၁၁၇။ ။ အကျဉ်းစစ်တရားရုံးချုပ်တခုတွင်၊ သုံးဦးအောက်မနည်းသော အရာရှိများပါဝင်ရမည်။

စစ်တရားရုံးများတွင် ပါဝင်သူများ။

[edit]

၁၁၈။ ။ စစ်တရားရုံးချုပ်၊ တိုင်းစစ်တရားရုံး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်အသီးသီးတွင်၊ တရားခံသည် ကြည်းတပ်မှဖြစ်လျှင်၊ အဖွဲ့ဝင်အများသည် ကြည်းတပ်မှဖြစ်ရမည်။ တရားခံသည် ရေတပ် မှဖြစ်လျှင်၊ အဖွဲ့ဝင်များသည် ရေတပ်မှဖြစ်ရမည်။ တရားခံသည် လေတပ်မှဖြစ်လျှင်၊ အဖွဲ့ဝင်များသည် လေတပ်မှဖြစ်ရမည်။

တပ်တွင်းစစ်တရားရုံး။

[edit]

၁၁၉။ ။ (၁) တပ်တွင်း စစ်တရားရုံးတရုံးတွင်၊ အောက်ပါအရာရှိများရုံးထိုင်နိုင်သည်။

(က) ကြည်းတပ်အတွက်ဖြစ်လျှင် တပ်အဖွဲ့၊ တပ်၊ ဌာန၊ သို့တည်းမဟုတ် ခွဲထုတ်တပ်တခုခု၏တပ်မှူး။
(ခ) ရေတပ်အတွက်ဖြစ်လျှင် သင်္ဘော၊ တပ်၊ ရေတပ်စခန်း၊ သို့တည်းမဟုတ် ရေတပ်စခန်းခွဲတခုခု၏ တပ်မှူး။
(ဂ) လေတပ်အတွက်ဖြစ်လျှင် လေတပ်စခန်း၊ လေတပ်ရင်း၊ တပ်၊ သို့တည်းမဟုတ်ခွဲထုတ်တပ်တခုခု ၏တပ်မှူး။
(ဃ) တွဲဘက်ထား၍ အမှုထမ်းရွက်နေကြသည့်၊ ဤအက်ဥပဒေကိုလိုက်နာရသော အကြပ်နှင့် တပ်သားများကို ကွပ်ကဲနေသော၊ သို့တည်းမဟုတ် အမိန့်ပေးနိုင်သော အပိုဒ်(က)၊ (ခ)၊ သို့တည်းမဟုတ် အပိုဒ် (ဂ) တွင် ဖေါ်ပြထားသည့် တပ်မှူးတဦးဦး။

(၂) တပ်တွင်း စစ်တရားရုံးအသီးသီးတွင် စစ်ဆေးစီရင်ခြင်းပြုလုပ်သည့် အရာရှိတဦးတည်းသာ ပါဝင်ရမည်။ သို့သော်လည်း အခြားအရာရှိနှစ်ဦးသည်၊ မှုခင်းကိစ္စ ဆောင်ရွက်ချက်များတလျှောက်လုံး တွင် တက်ရောက်ရမည်။ ထိုသို့တက်ရောက်သော အရာရှိနှစ်ဦးအား၊ ကျမ်းသစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ် စေ၊ မပြုစေရ။

စစ်တရားရုံးများဖျက်သိမ်းခြင်း။

[edit]

၁၂၀။ ။ (၁) စစ်ဆေးစီရင်ခြင်း စတင်ပြီးသည့်နောက်၊ စစ်တရားရုံးတရုံးတွင်ပါဝင်သည့် အဖွဲ့ဝင်ဦးရေ သည်၊ အနည်းဆုံးတရားဝင်ဦးရေအောက်လျော့သွားလျှင်၊ ထိုစစ်တရားရုံးကို ဖျက်သိမ်းရမည်။

သို့ရာတွင် စစ်တရားရုံးချုပ်ဖွဲ့စည်းသည့်အရာရှိက အနည်းဆုံးတရားဝင်ဦးရေပြည့်ရန် အဖွဲ့ဝင်အသစ် များကို ခန့်အပ်သည့်ပြင် စစ်တရားရုံး၏ မူလအဖွဲ့ဝင်သုံးဦးလည်း စစ်ဆေးစီရင်ခြင်းတလျှောက်လုံးတွင် ကျန်ရှိနေသမျှကာလပတ်လုံး ဤပုဒ်မခွဲပါပြဋ္ဌာန်းချက်များသည် စစ်တရားရုံးချုပ်တခုနှင့် မသက်ဆိုင် စေရ။ ထို့ပြင် အဖွဲ့ဝင်သစ်တဦးဦးသည်၊ ကျမ်းသစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ်စေ၊ ပြုပြီးသောအခါ၊ တရားခံ၊ တရားလို ဘက်မှလိုက်ပါသူများ၊ တရားခံဘက်မှလိုက်ပါသူများနှင့် စစ်ဥပဒေအရာရှိ၏ရှေ့တွင် ယခင်က စစ်ဆေးမေးမြန်းပြီးသည့် သက်သေတဦးစီ၏ ရေးမှတ်ထားပြီးသက်သေခံချက်ကို စစ်တရားရုံး အား ဘတ်ပြပြီးနောက်၊ စစ်ဆေးစီရင်ခြင်းကို ဆက်လက်ပြုလုပ်နိုင်သည်။

(၂) ဆုံးဖြတ်ချက်မချမှတ်မီ၊ တရားခံဖျားနာသောကြောင့် ဆက်လက်စစ်ဆေးစီရင်ရန် မဖြစ်နိုင်လျှင်၊ စစ်တရားရုံးကို ဖျက်သိမ်းရမည်။

(၃) စစ်တရားရုံး ဖွဲ့စည်းသည့်အရာရှိသည်၊ စစ်ဘက်လတ်တလော လိုအပ်ခြင်းများ၊ သို့တည်းမဟုတ် စစ်စည်းကမ်းအရ လိုအပ်ခြင်းများကြောင့်၊ ထိုစစ်တရားရုံးဆက်လက် ရုံးထိုင်ရန်မဖြစ်နိုင်၊ သို့တည်း မဟုတ် မသင့်လျော် ဟု ထင်မြင်လျှင်၊ အဆိုပါစစ်တရားရုံးကို ဖျက်သိမ်းနိုင်သည်။

(၄) ဤပုဒ်မအရ စစ်တရားရုံးကို ဖျက်သိမ်းသည့်အခါ၊ တရားခံကို ထပ်မံစစ်ဆေးစီရင်နိုင်သည်။

စစ်တရားရုံးချုပ်နှင့် အကျဉ်းစစ်တရားရုံးချုပ်တို့၏ အာဏာများ။

[edit]

၁၂၁။ ။ စစ်တရားရုံးချုပ်၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်မှာ ဤအက်ဥပဒေအရ ပြစ်ဒဏ် ချမှတ်ထိုက်သည့် ပြစ်မှုတခုခုအတွက် ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား စစ်ဆေးစီရင်ရန်နှင့် ဤအက်ဥပဒေကခွင့်ပြုသည့် ပြစ်ဒဏ်တခုခုချမှတ်ရန် အာဏာရှိရမည်။

တိုင်းစစ်တရားရုံးများ၏ အာဏာများ။

[edit]

၁၂၂။ ။ တိုင်းစစ်တရားရုံးမှာ ဤအက်ဥပဒေအရ ပြစ်ဒဏ်ချမှတ်ထိုက်သည့် ပြစ်မှုတခုခုအတွက် အရာရှိမှတပါး၊ ဤအက်ဥပဒေကို လိုက်နာရသော အခြားသူတဦးဦးအား စစ်ဆေးစီရင်ရန်နှင့် သေဒဏ်၊ တကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် နှစ်နှစ်ထက်ပိုသော ထောင်ဒဏ်မှတပါး ဤအက်ဥပဒေက ခွင့်ပြုသည့် အခြားပြစ်ဒဏ်တခုခုကိုချမှတ်ရန် အာဏာရှိရမည်။

သို့ရာတွင် တိုင်းစစ်တရားရုံးတရုံးသည်၊ အရာခံဗိုလ်တဦးအား ထောင်ဒဏ်မချမှတ်ရ။

တပ်တွင်းစစ်တရားရုံးများ၏ အာဏာများ။

[edit]

၁၂၃။ ။ (၁) တပ်တွင်းစစ်တရားရုံးသည်၊ ပုဒ်မခွဲ (၂) ပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ ဤအက်ဥပဒေအရ ပြစ်ဒဏ်ချမှတ်ထိုက်သော မည်သည့် ပြစ်မှုကိုမဆို စစ်ဆေးစီရင်နိုင်သည်။

(၂) တပ်တွင်းစစ်တရားရုံးသည်၊ အမြန်အရေးယူရန်အရေးကြီးသော အကြောင်းလည်းမရှိသည့်ပြင်၊ စစ် စည်းကမ်းကိုထိခိုက်နစ်နာမှုလည်းမရှိလျှင်၊ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသောသူအား စစ်ဆေး စီရင်ရန်အတွက် တိုင်းစစ်တရားရုံး၊ သို့တည်းမဟုတ် တန်းပြည့်စစ်မှုထမ်းချိန်တွင် အကျဉ်းစစ်တရား ရုံးချုပ် ဖွဲ့စည်းနိုင်သည့် အခွင့်အာဏာရအရာရှိထံ အမှုကိုတင်ပြနိုင်သည့်အခါ၊ ထိုသို့တင်ပြခြင်းမပြုဘဲ၊ ပုဒ်မ ၃၂၊ ၃၃၊ ၃၆၊ ၆၄(၂) နှင့် ၇၁ တို့အနက် ပုဒ်မ တခုခုအရ ပြစ်ဒဏ်ချမှတ်ထိုက်သည့် ပြစ်မှုတခုခု၊ သို့တည်းမဟုတ် တပ်တွင်းစစ်တရားရုံး၊ ရုံးထိုင်နေသည့် အရာရှိအပေါ် ကျူးလွန်သောပြစ်မှုတခုခုကို စစ်ဆေးစီရင်ခြင်းမပြုရ။

(၃) တပ်တွင်းစစ်တရားရုံးသည်၊ အရာရှိ၊ သို့တည်းမဟုတ် အရာခံဗိုလ်မှတပါး ထိုတပ်တွင်း စစ်တရား ရုံး၊ ရုံးထိုင်နေသည့်အရာရှိ၏ ကွပ်ကဲခြင်းခံနေရသော ဤအက်ဥပဒေကို လိုက်နာရသော အခြားသူတဦး ဦးအား စစ်ဆေးစီရင်နိုင်သည်။

(၄) တပ်တွင်းစစ်တရားရုံးသည်၊ သေဒဏ်၊ သို့တည်းမဟုတ် တကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၅)တွင် သီးခြားဖေါ်ပြထားသော ကန့်သတ်ချက်ထက်ပိုသည့် ထောင်ဒဏ်မှတပါး၊ ဤအက်ဥပဒေအရ၊ ချမှတ်နိုင်သည့် အခြားပြစ်ဒဏ်တခုခုကို ချမှတ်နိုင်သည်။

(၅) တပ်တွင်းစစ်တရားရုံး၊ ရုံးထိုင်သည့်အရာရှိသည်၊ ဗိုလ်မှူးအဆင့်အောက်မနိမ့်သော အဆင့်ရှိသူ ဖြစ်လျှင်၊ ပုဒ်မခွဲ (၄) တွင် ရည်ညွှန်းသည့်ကန့်သတ်ချက်သည် ထောင်ဒဏ်တနှစ်၊ ထို့ပြင် အဆိုပါအရာရှိ သည်၊ ဗိုလ်မှူးအဆင့်အောက်နိမ့်သော အဆင့်ရှိသူဖြစ်လျှင်၊ ပုဒ်မခွဲ (၄) တွင် ရည်ညွှန်းသည့်ကန့်သတ် ချက်သည် ထောင်ဒဏ်သုံးလဖြစ်ရမည်။

ဒုတိယအကြိမ် စစ်ဆေးစီရင်ခြင်းကို တားမြစ်ပိတ်ပင်ခြင်း။

[edit]

၁၂၄။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား၊ စစ်တရားရုံးကဖြစ်စေ၊ ရာဇဝတ်တရားရုံးက ဖြစ်စေ၊ ပြစ်မှုတခုအတွက် တရားသေလွှတ်လိုက်သည့်အခါ၊ သို့တည်းမဟုတ် ပြစ်မှုထင်ရှားစီရင်လိုက် သည့်အခါ၊ သို့တည်းမဟုတ် ပုဒ်မ ၈၂၊ ၈၅၊ ၈၆ နှင့် ၈၇ တို့အနက်၊ ပုဒ်မတခုခုအရ အရေးယူပြီးသည့် အခါ၊ ထိုသူကို ထိုပြစ်မှုအတွက် စစ်တရားရုံးဖြင့် ထပ်မံ၍စစ်ဆေးစီရင်ခြင်းမပြုရ၊ သို့တည်းမဟုတ် အဆိုပါပုဒ်မများအရ အရေးယူခြင်းမပြုရ။

ရှင်းလင်းချက်။ ။ စစ်တရားရုံးချုပ်၊ တိုင်းစစ်တရားရုံး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကိုအတည်မပြုသေးသမျှ၊ ထိုဆုံးဖြတ်ချက်သည်ခိုင်လုံခြင်းမရှိ၊ ထိုသို့ ခိုင်လုံခြင်းမရှိသော ကြောင့် တရားခံအား တရားသေလွှတ်သည်၊ သို့တည်းမဟုတ် ပြစ်မှုထင်ရှားစီရင်သည်ဟုမဆိုရ။

စစ်ဆေးစီရင်ခြင်းဆိုင်ရာ ကာလစည်းကမ်းသတ်။

[edit]

၁၂၅။ ။ (၁) ပုဒ်မခွဲ(၂)တွင် ပြဋ္ဌာန်းသည့်အတိုင်းမှတပါး၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား ပြစ်မှုကျူးလွန်သည့်နေ့ရက်မှ သုံးနှစ်ကုန်ဆုံးသည့်အခါ၊ ထိုပြစ်မှုအတွက် စစ်တရားရုံးဖြင့် စစ်ဆေး စီရင်ခြင်းကို စတင်မပြုလုပ်ရ။

(၂) ပုဒ်မခွဲ (၁) ပါ ပြဋ္ဌာန်းချက်များသည်၊ စစ်ပြေးမှု၊ သို့တည်းမဟုတ် လိမ်လည်လှည့်ဖျား၍ စစ်မှုထမ်း အဖြစ် စာရင်းသွင်းမှု၊ သို့တည်းမဟုတ် ပုဒ်မ ၃၆ တွင် ဖေါ်ပြထားသည့်ပြစ်မှုများအနက် ပြစ်မှုတခုခုကို စစ်ဆေးစီရင်ခြင်းနှင့် မသက်ဆိုင်စေရ။

(၃) ပုဒ်မခွဲ (၁) တွင် ဖေါ်ပြထားသည့် ကာလအပိုင်းအခြားကို တွက်စစ်ရာတွင် ထိုသူပြစ်မှုကျူးလွန်ပြီး သည့်နောက် သုံ့ပန်းတယောက်ဖြစ်နေသည့်၊ သို့တည်းမဟုတ် ရန်သူ၏နယ်မြေတွင် ရောက်ရှိနေသည့်၊ သို့တည်းမဟုတ် ဘမ်းဆီးခြင်းကိုရှောင်တိမ်းနေသည့်၊ သို့တည်းမဟုတ် ဘမ်းဆီးထားခြင်းကိုဖြစ်စေ၊ ရာထူးမှ ခေတ္တချထားခြင်းကိုဖြစ်စေ၊ ခံနေရစဉ် ဆေးရုံတက်ရသည့်၊ ကာလကို ထည့်သွင်းတွက်စစ်ခြင်း မပြုရ။

(၄) လိမ်လည်လှည့်ဖျား၍ စစ်မှုထမ်းအဖြစ် စာရင်းသွင်းသည့်ပြစ်မှု၊ သို့တည်းမဟုတ် တန်းပြည့်စစ်မှု ထမ်းချိန်မဟုတ်သည့်အခါတွင် စစ်ပြေးမှုကျူးလွန်သူတဦးသည်၊ အရာရှိမဟုတ်သည့်ပြင်၊ ထိုပြစ်မှု ကျူးလွန်ပြီးသည့်နောက်၊ တပ်မတော်၏အစိတ်အပိုင်းတခုခုတွင်၊ သုံးနှစ်အောက်မနည်း၊ စံနမူနာပြု လောက်အောင်လည်း တဆက်တည်းအမှုထမ်းရွက်ခဲ့လျှင်၊ ထိုသူအား၊ ထိုပြစ်မှုအတွက် စစ်ဆေးစီရင် ခြင်းကို စတင်မပြုလုပ်ရ။

ပြစ်မှုကျူးလွန်ပြီးနောက် ဤအက်ဥပဒေကို လိုက်နာရသူအဖြစ်မှ ရပ်စဲသွားသူ၏တာဝန်။

[edit]

၁၂၆။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ ဤအက်ဥပဒေပါပြစ်မှုတခုကို ကျူးလွန်ပြီး နောက်၊ ဤအက်ဥပဒေကို လိုက်နာရသူအဖြစ်မှ ရပ်စဲပြီးဖြစ်သော်လည်း၊ ထိုသူကို ထိုပြစ်မှုအတွက် စစ်ဘက်အချုပ် နှင့်ထားနိုင်သည့်ပြင်၊ ဤအက်ဥပဒေကို ဆက်လက်လိုက်နာနေရဘိသကဲ့သို့၊ ထိုသူအား စစ်ဆေးစီရင်၍ ပြစ်ဒဏ်ချမှတ်နိုင်သည်။

(၂) ဤအက်ဥပဒေကို လိုက်နာရသူအဖြစ်မှ ရပ်စဲပြီးသည့်နောက် ခြောက်လအတွင်း၊ ထိုသူအား စစ်ဆေးစီရင်ခြင်းစတင်မပြုလုပ်လျှင်၊ ထိုသူအား ပြစ်မှုတခုအတွက် စစ်ဆေးစီရင်ခြင်းမပြုလုပ်ရ။

သို့ရာတွင် ဤပုဒ်မခွဲပါ ပြဋ္ဌာန်းချက်များသည်၊ စစ်ပြေးမှုကိုဖြစ်စေ၊ လိမ်လည်လှည့်ဖျား၍ စစ်မှုထမ်း အဖြစ် စာရင်းသွင်းသည့်ပြစ်မှုကိုဖြစ်စေ၊ ပုဒ်မ ၃၆ တွင် ဖေါ်ပြထားသော ပြစ်မှုများအနက်၊ ပြစ်မှုတခုခု ကိုဖြစ်စေ၊ ကျူးလွန်သောထိုသူတဦးအား စစ်ဆေးစီရင်ခြင်းနှင့်မသက်ဆိုင်စေရ၊ သို့တည်းမဟုတ် ရာဇဝတ်တရားရုံးအပြင်၊ စစ်တရားရုံးကလည်း စစ်ဆေးစီရင်နိုင်သောပြစ်မှုတခုကို စစ်ဆေးစီရင်ရန် ရာဇဝတ်တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို မထိခိုက်စေရ။

(၃) ဤအက်ဥပဒေကို လိုက်နာရသူတဦးအား၊ စစ်တရားရုံးက တကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ထောင် ဒဏ်ချမှတ်သောအခါ၊ ထိုသူသည် ရှုတ်ချ၍အမြဲတန်းထုတ်ပစ်ဒဏ်ဖြစ်စေ၊ စစ်မှုထမ်းခြင်းမှ အမြဲတန်း ထုတ်ပစ်ဒဏ်ဖြစ်စေ၊ ကျခံရစေကာမူ၊ သို့တည်းမဟုတ် အခြားတနည်းနည်းဖြင့်၊ ဤအက်ဥပဒေကို လိုက်နာရသူအဖြစ်မှ ရပ်စဲသွားပြီဖြစ်စေကာမူ ထိုသူတကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ထောင်ဒဏ်ကျခံ ရသည့်ကာလအတွင်း ဤအက်ဥပဒေသည်၊ ထိုသူနှင့်သက်ဆိုင်စေရမည့်ပြင်၊ ထိုသူသည်၊ ဤအက်ဥပဒေ ကို လိုက်နာရသူ ဆက်လက်ဖြစ်နေဘိသကဲ့သို့၊ ထိုသူအားအချုပ်နှင့် ထားနိုင်သည်၊ ရွှေ့ပြောင်းနိုင်သည်၊ ထောင်ချနိုင်သည်၊ ထို့ပြင် ပြစ်ဒဏ်ချမှတ်နိုင်သည်။

(၄) ဤအက်ဥပဒေကို လိုက်နာရသူတဦးအား၊ စစ်တရားရုံးက သေဒဏ်ချမှတ်သောအခါ၊ ထိုပြစ်ဒဏ် ကို ဆောင်ရွက်ပြီးသည်အထိ၊ ဤအက်ဥပဒေသည်၊ ထိုသူနှင့်သက်ဆိုင်စေရမည်။

စစ်ဆေးစီရင်သည့်နေရာ။

[edit]

၁၂၇။ ။ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုခုကိုကျူးလွန်သည့်၊ ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးအား၊ မည်သည့်နေရာတွင်မဆို၊ အဆိုပါပြစ်မှုအတွက် စစ်ဆေးစီရင်၍ ပြစ်ဒဏ်ချမှတ်နိုင်သည်။

ရာဇဝတ်တရားရုံးကိုဖြစ်စေ၊ စစ်တရားရုံးကိုဖြစ်စေ၊ ရွေးချယ်ခြင်း။

[edit]

၁၂၈။ ။ ရာဇဝတ်တရားရုံးနှင့် စစ်တရားရုံးမှာ၊ ပြစ်မှုတခုနှင့်စပ်လျဉ်း၍ စီရင်ပိုင်ခွင့်အာဏာ အသီးသီး ရှိနေသောအခါ၊ ထိုမှုခင်းကိစ္စကို မည်သည့်တရားရုံးကစစ်ဆေးစီရင်ရမည်ဟု၊ တရားခံအား၊ စစ်ဆေး ရန်အတွက်၊ စစ်တရားရုံးချုပ်ဖွဲ့စည်းနိုင်သည့် အခွင့်အာဏာရအရာရှိ၊ သို့တည်းမဟုတ် သတ်မှတ်ထား သည့် အခြားအရာရှိက မိမိ၏သဘောအတိုင်းဆုံးဖြတ်ပေးနိုင်သည်။ ထို့ပြင် ထိုအရာရှိသည် ထိုမှုခင်း ကိစ္စကို၊ စစ်တရားရုံးက စစ်ဆေးစီရင်ရမည်ဟု ဆုံးဖြတ်လျှင်၊ တရားခံအား စစ်ဘက်အချုပ်နှင့်ထားရ မည်ဟု၊ မိမိ၏သဘောအတိုင်းညွှန်ကြားနိုင်သည်။

ပြစ်မှုကျူးလွန်သူကို လက်ရောက်ပေးအပ်ရန် ရာဇဝတ်တရားရုံးက တောင်းဆိုနိုင်သည့်အာဏာ။

[edit]

၁၂၉။ ။ (၁) စီရင်ပိုင်ခွင့်အာဏာရရှိထားသော ရာဇဝတ်တရားရုံးသည်၊ စွပ်စွဲထားသော ပြစ်မှုတခုခုနှင့် စပ်လျဉ်းသည့် မှုခင်းကိစ္စကို၊ မိမိရုံးတွင်ပင်စွဲဆိုရမည်ဟု ထင်မြင်ယူဆသည့်အခါ၊ ပြစ်မှုကျူးလွန်သူကို၊ အနီးဆုံးရာဇဝတ်တရားသူကြီးထံ တရားဥပဒေနှင့်အညီ ဆက်လက်အရေးယူရန် လက်ရောက်ပေးအပ် ခြင်းကိုဖြစ်စေ၊ နိုင်ငံတော်သမတထံ တင်ပြခြင်းကိစ္စမပြီးပြတ်မီ၊ မှုခင်းကိစ္စဆောင်ရွက်ချက်များ ရွှေ့ဆိုင်းထားခြင်းကိုဖြစ်စေ၊ ပုဒ်မ ၁၂၈ တွင်ရည်ညွှန်းထားသည့် အရာရှိအား၊ ၎င်း၏ သဘောအတိုင်း ဆောင်ရွက်ရန်၊ ထိုရာဇဝတ်တရားရုံးက နို့တစ်စာဖြင့်တောင်းဆိုနိုင်သည်။

(၂) အဆိုပါကိစ္စတိုင်းတွင်၊ ထိုအရာရှိသည်၊ တောင်းဆိုချက်အရ၊ လိုက်နာဆောင်ရွက်လျက် ပြစ်မှု ကျူးလွန်သူကို လက်ရောက်ပေးအပ်ရမည်၊ သို့တည်းမဟုတ် မှုခင်းကိစ္စ စွဲဆိုရမည့်ရုံး ရွေးချယ်ရေး ပြဿနာကိုဆုံးဖြတ်ရန်၊ နိုင်ငံတော်သမတထံချက်ခြင်းတင်ပြရမည်။ ထိုသို့တင်ပြသည့် ကိစ္စနှင့် စပ်လျဉ်း၍၊ နိုင်ငံတော်သမတ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

(၃) ဤအက်ဥပဒေကို လိုက်နာရသည့် တရားခံတဦးသည်၊ ရာဇဝတ်တရားရုံးတွင် စစ်ဆေးစီရင်ခြင်းကို ခံနေရသောအခါ၊ သို့တည်းမဟုတ် ထိုတရားခံအား စစ်ဆေးစီရင်ရမည့်ရုံး အမျိုးအစားနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမတက ဆုံးဖြတ်ချက်မချရသေးမီ၊ ထိုတရားခံကို စစ်ဘက်အချုပ်နှင့်ထားနိုင်သည်။ စစ်ဆေးသည့်တရားရုံးက၊ ထိုတရားခံကိုခေါ်လာရမည်ဟု တောင်းဆိုသည့်အခါ၊ ထိုတရားရုံးရှေ့မှောက် သို့ပို့ရမည်။

စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီးသော အမှုများကို ရာဇဝတ်တရားရုံးက ထပ်မံစစ်ဆေးစီရင်ခြင်း။

[edit]

၁၃၀။ ။ (၁) တည်ဆဲအခြားတရားဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင် ခြင်း၊ သို့တည်းမဟုတ် တရားသေလွှတ်ခြင်း ခံရသူတဦးအား၊ ထပ်တူဖြစ်သည့်ပြစ်မှု၊ သို့တည်းမဟုတ် ထပ်တူဖြစ်သည့်အကြောင်းခြင်းရာများအတွက်၊ ရာဇဝတ်တရားရုံးက၊ နိုင်ငံတော်သမတ၏ ကြိုတင်ခွင့် ပြုချက်ဖြင့် ထပ်မံစစ်ဆေးစီရင်နိုင်သည်။

(၂) ဤအက်ဥပဒေအရ စစ်တရားရုံးက ပြစ်ဒဏ်စီရင်ချက်ချမှတ်ခြင်းခံရသူတဦးကိုဖြစ်စေ၊ ပုဒ်မ ၈၂၊ ၈၅၊ ၈၆၊ သို့တည်းမဟုတ် ပုဒ်မ ၈၇ တို့အနက်၊ ပုဒ်မတခုခုအရ ပြစ်ဒဏ်ချမှတ်ခြင်း ခံရသူတဦးကိုဖြစ် စေ၊ ထပ်တူဖြစ်သည့် ပြစ်မှုအတွက်သော်၎င်း၊ ထပ်တူဖြစ်သည့် အကြောင်းခြင်းရာများအတွက်သော်၎င်း၊ ရာဇဝတ်တရားရုံးက စစ်ဆေး၍၊ ပြစ်မှုထင်ရှားစီရင်လျှင်၊ ထိုတရားရုံးသည်၊ ပြစ်ဒဏ်ချမှတ်ရာတွင်၊ အဆိုပါပြစ်မှုအတွက် ထိုသူခံရပြီးဖြစ်သည့် ပြစ်ဒဏ်ကိုထောက်ရှု၍ ချမှတ်ရမည်။

အခဏ်း ၁၁။ စစ်တရားရုံးများလိုက်နာရမည့်ကျင့်ထုံး။

[edit]

ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော အရာရှိ။

[edit]

၁၃၁။ ။ စစ်တရားရုံးချုပ်၊ တိုင်းစစ်တရားရုံး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်တွင် ပါဝင်သည့် အဖွဲ့ဝင် များအနက်၊ ဝါအရင့် ဆုံးအဖွဲ့ဝင်သည် ထိုစစ်တရားရုံး၏ ဥက္ကဋ္ဌဖြစ်ရမည်။

စစ်ဥပဒေအရာရှိ။

[edit]

၁၃၂။ ။ စစ်တရားရုံးချုပ် အသီးသီးတွင်၊ စစ်ဥပဒေအရာရှိတဦးပါဝင်ရမည့်ပြင်၊ တိုင်းစစ်တရားရုံး အသီးသီး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်အသီးသီးတွင်လည်း စစ်ဥပဒေအရာရှိ တဦးပါဝင် နိုင်သည်။ ထိုစစ်ဥပဒေအရာရှိသည်၊ စစ်ဥပဒေချုပ်ဌာနမှ အရာရှိတဦးသော်၎င်း၊ အဆိုပါအရာရှိတဦးကို မရနိုင်လျှင်၊ စစ်ဥပဒေချုပ်ကဖြစ်စေ၊ ဒုတိယစစ်ဥပဒေချုပ်တဦးဦးကဖြစ်စေ၊ သဘောတူသည့် သင့်တော် သူတဦးဦးသော်၎င်း၊ ဖြစ်ရမည်။

ကန့်ကွက်ခြင်း။

[edit]

၁၃၃။ ။ (၁) စစ်တရားရုံးချုပ်၊ တိုင်းစစ်တရားရုံး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်ဖြင့် စစ်ဆေးစီရင်သည့်အခါတိုင်း၊ စစ်တရားရုံး၊ ရုံးထိုင်လျှင်ထိုင်ခြင်း၊ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သောအရာရှိ နှင့် အဖွဲ့ဝင်များ၏အမည်များကို တရားခံအားဘတ်ပြရမည်။ ထိုသို့ဘတ်ပြပြီးသောအခါ၊ ထိုစစ်တရား ရုံးတွင် ပါဝင်ရုံးထိုင်နေသော အရာရှိတဦးဦး၏ စစ်ဆေးစီရင်ချက်ကို ကန့်ကွက်လို၊ မလို တရားခံအား မေးမြန်းရမည်။ ထို့ပြင် ပုဒ်မ ၁၂၀ ၏ ပုဒ်မခွဲ(၁)အရ၊ အဖွဲ့ဝင်အသစ် တဦးဦးခန့်အပ်လျှင်၊ ထိုသို့ခန့်အပ် ပြီးနောက် စစ်တရားရုံးချုပ်ရုံးထိုင်လျှင်ထိုင်ခြင်း ထိုအဖွဲ့ဝင်အသစ်တဦးနှင့်စပ်လျဉ်း၍လည်း ဤနည်း လမ်းအတိုင်း လိုက်နာဆောင်ရွက်ရမည်။

(၂) အဆိုပါအဖွဲ့ဝင်အရာရှိတဦးဦးအား တရားခံကကန့်ကွက်လျှင်၊ တရားခံ၏ကန့်ကွက်ချက်နှင့် ကန့် ကွက်ခံရသောအရာရှိ၏ ချေပချက်တို့ကိုကြားနာ၍၊ ရေးမှတ်ရမည်။ ထို့ပြင်ကန့်ကွက်ခံရသော အရာရှိ ၏မျက်ကွယ်တွင်၊ ကျန်ရှိနေသောအဖွဲ့ဝင် အရာရှိများက ကန့်ကွက်ချက်နှင့်စပ်လျဉ်း၍ ဆုံးဖြတ် ရမည်။

(၃) မဲပေးပိုင်ခွင့်ရှိသော အဖွဲ့ဝင်အရာရှိများ၏ ဦးရေတဝက်ကဖြစ်စေ၊ တဝက်ထက်ပိုသော အဖွဲ့ဝင် အရာရှိများကဖြစ်စေ၊ ကန့်ကွက်ချက်ကိုထောက်ခံမဲပေးလျှင်၊ ကန့်ကွက်ချက်ကိုလက်ခံရမည်။ ထိုအခါ၊ ကန့်ကွက်ခံရသောအဖွဲ့ဝင်သည် နုတ်ထွက်ရမည်။ ထို့နောက်တရားခံ၏ ကန့်ကွက်နိုင်သည့် အခွင့်အရေး ကို မထိခိုက်စေဘဲ၊ လစ်လပ်သည့်နေရာတွင် အခြားအရာရှိတဦးအား၊ သတ်မှတ်ထားသည့် နည်းလမ်း အတိုင်း ခန့်အပ်နိုင်သည်။

(၄) ကန့်ကွက်ခြင်းမပြုလုပ်သည့်အခါတွင်ဖြစ်စေ၊ ကန့်ကွက်ခြင်းပြုလုပ်ပြီးကန့်ကွက်ခြင်းကို ပယ် လိုက်သည့် အခါတွင်ဖြစ်စေ၊ ကန့်ကွက်ချက်ကိုလက်ခံသဖြင့်၊ နုတ်ထွက်သွားသောအရာရှိတဦး၏ နေရာတွင်၊ အခြားအရာရှိတဦးကိုခန့်အပ်ပြီး၊ ထိုအရာရှိအားကန့်ကွက်ခြင်းမပြုလုပ်သည့်အခါ၊ သို့တည်း မဟုတ် ပြုလုပ်သည့်ကန့်ကွက်ချက်ကို လက်မခံသည့်အခါတွင်ဖြစ်စေ၊ စစ်တရားရုံးသည်၊ စစ်ဆေးစီရင် ခြင်းကို ဆက်လက်ဆောင်ရွက်ရမည်။

အဖွဲ့ဝင်၊ စစ်ဥပဒေအရာရှိနှင့်သက်သေတို့ ကျမ်းသစ္စာပြုခြင်း။

[edit]

၁၃၄။ ။ (၁) ပုဒ်မ ၁၂၀ နှင့် ပုဒ်မ ၁၃၃ တို့တွင် ပြဋ္ဌာန်းထားသည့်အတိုင်းမှတပါး၊ စစ်တရားရုံးတရုံး၏ အဖွဲ့ဝင်အသီးသီးနှင့် စစ်ဥပဒေအရာရှိသည်၊ စစ်ဆေးစီရင်ခြင်းကိုမစမီ၊ ကျမ်းသစ္စာကိုဖြစ်စေ၊ ကတိ သစ္စာကိုဖြစ်စေ၊ ပြုရမည်။

(၂) စစ်တရားရုံးတွင် သက်သေခံသူအသီးသီးအား၊ သတ်မှတ်ထားသည့်အတိုင်း ကျမ်းသစ္စာကိုဖြစ်စေ၊ ကတိသစ္စာကိုဖြစ်စေ၊ နည်းလမ်းတကျ ပြုစေပြီးမှ စစ်မေးရမည်။

(၃) သက်သေသည်၊ အသက်တဆယ့်နှစ်နှစ်အောက် ကလေးတယောက်ဖြစ်သည့်ပြင်၊ အမှန်ထွက်ဆိုရ မည့် တာဝန်ဝတ်တရားကိုနားလည်စေကာမူ၊ ကျမ်းသစ္စာ၏သဘောကိုသော်၎င်း၊ ကတိသစ္စာ၏သဘော ကိုသော်၎င်း၊ နားမလည်ဟု စစ်တရားရုံးက ထင်မြင်ယူဆသောအခါ၊ ပုဒ်မခွဲ(၂)ပါ ပြဋ္ဌာန်းချက်များ ကို လိုက်နာဆောင်ရွက်ခြင်းမပြုရ။

အဖွဲ့ဝင်များကမဲပေးခြင်း။

[edit]

၁၃၅။ ။ (၁) ပုဒ်မခွဲ (၂) နှင့် (၃) တို့၏ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ စစ်တရားရုံးသည်၊ ဆုံးဖြတ်ချက်တခုကို တဝက်ထက်ပိုသည့် မဲများအရချမှတ်ရမည်။ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်ချက်နှင့်စပ်လျဉ်း၍ဖြစ်စေ၊ မဲအရေအတွက် တူညီနေသည့်အခါ၊ စစ်တရားရုံး၏ ဆုံးဖြတ် ချက်သည်၊ တရားခံကို သက်သာခွင့်ပေးသည့် ဆုံးဖြတ်ချက်ဖြစ်စေရမည်။

(၂) စစ်တရားရုံးချုပ်သည်၊ အဖွဲ့ဝင်အနည်းဆုံးသုံးပုံနှစ်ပုံ၏ သဘောတူညီချက်ကို မရရှိဘဲ၊ သေဒဏ် မချမှတ်ရ။

(၃) အကျဉ်းစစ်တရားရုံးချုပ်သည်၊ အဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်ကို မရရှိဘဲ၊ သေဒဏ်မချ မှတ်ရ။

(၄) ကန့်ကွက်ချက်၊ သို့တည်းမဟုတ် ဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ပြစ်ဒဏ်ချမှတ်ချက်နှင့် စပ်လျဉ်း သည့်ကိစ္စမှအပ၊ အခြားကိစ္စများတွင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့်အရာရှိ၌၊ အနိုင်မဲပေးပိုင်ခွင့်ရှိရမည်။

သက်သေခံနှင့်စပ်လျဉ်းသည့် ယေဘုယျနည်းဥပဒေ။

[edit]

၁၃၆။ ။ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ သက်သေခံအက်ဥပဒေ (The Evidence Act) သည်၊ စစ်တရားရုံး တရုံးတွင် စစ်ဆေးစီရင်သည့် မှုခင်းကိစ္စအားလုံးနှင့် သက်ဆိုင်စေ ရမည်။

တရားခံ၏ သက်သေခံချက်။

[edit]

၁၃၇။ ။ ပြစ်မှုတခုဖြင့် စွဲဆိုခြင်းခံရသူသည်၊ တဦးတည်းစွဲဆိုခြင်းခံရသည်ဖြစ်စေ၊ အခြားသူတဦးနှင့်၊ သို့တည်းမဟုတ် အခြားသူများနှင့် ပူးတွဲ၍စွဲဆိုခြင်းခံရသည်ဖြစ်စေ၊ ထိုပြစ်မှုဆိုင်ရာ စစ်ဆေးစီရင် မှုတွင် မိမိအတွက် ကိုယ်တိုင်သက်သေခံရန် အရည်အချင်းရှိသူဖြစ်ရမည်။ ထိုသူ၏ သက်သေခံချက်ကို၊ ထိုသူနှင့်ပူးတွဲ၍ စစ်ဆေးစီရင်ခြင်းခံရသူတဦးအပေါ်တွင်ဖြစ်စေ၊ အများအပေါ်တွင်ဖြစ်စေ၊ အသုံးပြုနိုင် သည်။

သို့ရာတွင်-

(က) တရားခံက မိမိသဘောအတိုင်း သက်သေခံလိုသောအခါမှတပါး၊ အခြားအခါများတွင် တရားခံကို သက်သေအဖြစ် စစ်မေးခြင်းမပြုရ။

(ခ) တရားခံကသက်သေမခံမီ၊ စစ်တရားရုံးသည်၊ တရားခံ၌သက်သေခံရန် တာဝန်ဟူ၍မရှိဟု၎င်း၊ တရားခံကသက်သေခံလျှင်၊ တရားခံနှင့်ပူးတွဲ၍ စစ်ဆေးစီရင်ခြင်းခံရသူတဦးအပေါ်တွင်ဖြစ်စေ၊ အများ အပေါ်တွင်ဖြစ်စေ၊ တရားခံ၏သက်သေခံချက်ကို အသုံးပြုနိုင်သည်ဟု၎င်း၊ တရားခံအားသတိပေးရ မည်။

(ဂ) တရားခံက သက်သေမခံ၊ ပျက်ကွက်ခြင်းကြောင့် ထိုသို့ပျက်ကွက်ခြင်းကို အကြောင်းပြုလျက်၊ တရားလိုဘက်က အာတော်ကိုမပြောရ၊ အဆိုပါပျက်ကွက်ခြင်းကို အကြောင်းပြုလျက် တရားခံအား နစ်နာစေမည့် ယူဆချက်ကို မည်သည့်စစ်တရားရုံးကမျှ မယူဆရ။

ဤအက်ဥပဒေအရ၊ တရားခံရရှိသည့် မိမိအတွက် ကိုယ်ပိုင်သက်သေခံနိုင်ခွင့်သည်၊ ကျမ်းသစ္စာမပြုဘဲ ထွက်ဆိုချက်ပြုနိုင်ခွင့်အစားဖြစ်ရမည်။ ထိုအခွင့်အရေးနှစ်ရပ်အနက်၊ မိမိကြိုက်နှစ်သက်ရာအခွင့်အရေး ကို သုံးစွဲနိုင်သည်။

တရားစီရင်ရာတွင် ကိစ္စအချို့ကို သက်သေခံချက်မယူဘဲ လက်ခံခြင်း။

[edit]

၁၃၈။ ။ စစ်တရားရုံးသည်၊ တရားစီရင်ရာတွင် မည်သည့်အကြောင်းကိစ္စနှင့်မဆို စပ်လျဉ်း၍ အဖွဲ့ဝင် များ၏ စစ်ဘက်ဗဟုသုတကို သက်သေခံချက်မယူဘဲ လက်ခံနိုင်သည်။

သက်သေများအား သမ္မာန်စာချအပ်ခြင်း။

[edit]

၁၃၉။ ။ (၁) စစ်တရားရုံးဖွဲ့စည်းသည့်အရာရှိ၊ စစ်တရားရုံး၏ ဥက္ကဋ္ဌ၊ စစ်ဥပဒေအရာရှိ၊ သို့တည်းမဟုတ် တရားခံ၏တပ်မှူးသည်၊ မိမိလက်မှတ်ရေးထိုးသော သမ္မာန်စာဖြင့် သူတဦးဦးအား၊ သက်သေခံရန် ဖြစ်စေ၊ စာတမ်းအမှတ်အသားတခုခုကိုသော်၎င်း၊ အခြားအရာတခုခုကိုသော်၎င်း၊ တင်ပြရန်ဖြစ်စေ၊ သမ္မာန်စာတွင်ဖေါ်ပြထားသည့် နေ့ရက်နှင့်အချိန်တွင် ဖေါ်ပြထားသည့်နေရာသို့ လာရောက်ရန်ဆင့်ခေါ် နိုင်သည်။

(၂) စစ်ဘက်အမိန့်အာဏာကို လိုက်နာရသူတဦးအတွက်ဖြစ်ပါက ထိုသူ၏ တပ်မှူးထံသို့ သမ္မာန်စာကို ပို့ရမည်။ ထိုတပ်မှူးက ထိုသူအပေါ်သမ္မာန်စာချအပ်ရမည်။

(၃) အခြားသက်သေတဦးဦးအတွက်ဖြစ်ပါက ထိုသက်သေရှိနိုင်သော၊ သို့တည်းမဟုတ် နေထိုင်သော ဒေသအတွင်း စီရင်ပိုင်ခွင့်အာဏာရှိသည့် ရာဇဝတ်တရားသူကြီးထံ သမ္မာန်စာပို့ရမည်။ ထို့ပြင် အဆိုပါ ရာဇဝတ်တရားသူကြီးသည်၊ ထိုသက်သေအပေါ်မိမိ၏ တရားရုံးတွင် အလိုရှိသည့်သက်သေဖြစ်ဘိသကဲ့ သို့ သမ္မာန်စာချအပ်ရမည်။

(၄) သက်သေတဦး၏ လက်ရှိဖြစ်သော၊ သို့တည်းမဟုတ် စီမံခန့်ခွဲနိုင်ခွင့်ရှိသော သီးခြားစာတမ်း အမှတ်အသားတခုခုကိုသော်၎င်း၊ အခြားအရာတခုခုကိုသော်၎င်း၊ ထိုသက်သေအားတင်ပြခိုင်းသော အခါ၊ သမ္မာန်စာတွင် ထိုစာတမ်းအမှတ်အသား၊ သို့တည်းမဟုတ် အရာတခုခုကို တိကျမှန်ကန်နိုင်သမျှ မှန်ကန်အောင်ဖေါ်ပြရမည်။

တင်ပြခြင်းမှ ကင်းလွတ်ခွင့်ရသည့် စာတမ်းအမှတ်အသားများ။

[edit]

၁၄၀။ ။ (၁) ပုဒ်မ ၁၃၉ ပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ သက်သေခံအက်ဥပဒေရှိပုဒ်မ ၁၂၃ နှင့် ပုဒ်မ ၁၂၄ တို့၏ အကျိုးသက်ရောက်ခြင်းကို မထိခိုက်ဟု၊ သို့တည်းမဟုတ် စာတိုက်နှင့်ကြေးနန်းဆိုင်ရာ အာဏာပိုင်များက ထိန်းသိမ်းထားရသော ချောစာနှင့်ဖြစ်စေ၊ စာပို့ကဒ်နှင့်ဖြစ်စေ၊ ကြေးနန်းစာနှင့်ဖြစ် စေ၊ အခြားစာတမ်းအမှတ်အသားနှင့်ဖြစ်စေ မသက်ဆိုင်ဟုမှတ်ယူရမည်။

(၂) ထိုသို့ ထိန်းသိမ်းထားသော စာတမ်းအမှတ်အသားတခုခုကို စစ်တရားရုံး၏ ကိစ္စအတွက် အလိုရှိသည်ဟု ခရိုင်ရာဇဝတ်တရားသူကြီး၊ စက်ရှင်တရားရုံး၊ သို့တည်းမဟုတ် တရားလွှတ်တော်က ထင်မြင်ယူဆလျှင်၊ ထိုရာဇဝတ်တရားသူကြီးကဖြစ်စေ၊ စက်ရှင်တရားရုံးကဖြစ်စေ၊ တရားလွှတ်တော်က ဖြစ်စေ၊ ညွှန်ကြားသူထံသို့ ထိုစာတမ်းအမှတ်အသားကို လက်ရောက်ပေးအပ်ရန်၊ ထိုရာဇဝတ် တရား သူကြီး၊ သို့တည်းမဟုတ် စက်ရှင်တရားရုံး၊ သို့တည်းမဟုတ် တရားလွှတ်တော်၊ သက်ဆိုင်ရာရာက စာတိုက် ဆိုင်ရာ အာဏာပိုင်များကိုသော်၎င်း၊ ကြေးနန်းဆိုင်ရာ အာဏာပိုင်များကိုသော်၎င်း၊ ဆင့်ဆိုနိုင်သည်။

(၃) အဆိုပါစာတမ်းအမှတ်အသားတခုခုကို ထိုကိစ္စတခုခုအတွက်အလိုရှိသည်ဟု အခြားရာဇဝတ် တရားသူကြီးတဦးဦးကသော်၎င်း၊ ရဲမင်းကြီးတဦးဦးကသော်၎င်း၊ ခရိုင်ရဲဝန်တဦးဦးကသော်၎င်း၊ ထင်မြင်ယူဆလျှင်၊ ထိုခရိုင်ရာဇဝတ်တရားသူကြီး၊ စက်ရှင်တရားရုံး၊ သို့တည်းမဟုတ် တရားလွှတ်တော် ကအမိန့်မချမှတ်မီ၊ အဆိုပါစာတမ်းအမှတ်အသားကိုရှာဖွေစေပြီးနောက် သိမ်းဆည်းထားရန် ထိုရာဇ ဝတ်တရားသူကြီး၊ သို့တည်းမဟုတ် ရဲမင်းကြီး၊ သို့တည်းမဟုတ် ခရိုင်ရဲဝန်၊ သက်ဆိုင်ရာရာက စာတိုက် ဆိုင်ရာ အာဏာပိုင်များကိုဖြစ်စေ၊ ကြေးနန်းဆိုင်ရာအာဏာပိုင်များကိုဖြစ်စေ ဆင့်ဆိုနိုင်သည်။

သက်သေများကို စစ်ဆေးမေးမြန်းရန်အတွက် ကော်မရှင်များ။

[edit]

၁၄၁။ ။ (၁) စစ်တရားရုံးဖြင့် စစ်ဆေးစီရင်နေစဉ် တရားမျှတမှုရရှိရေးအတွက် သက်သေကို စစ်မေးရန် လိုအပ်သည်ဟု ထိုစစ်တရားရုံးက ထင်မြင်ယူဆသည့်ပြင်၊ အမှု၏အခြေအနေအရ မသင့်တော်သော နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ၊ စရိတ်စကကုန်ကျခြင်းမရှိဘဲ၊ သို့တည်းမဟုတ် ကသိကအောက် ဖြစ်ခြင်း မရှိဘဲ၊ ထိုစစ်တရားရုံးရှေ့သို့ ထိုသက်သေတက် ရောက်ခြင်းကိုမရရှိနိုင်ဟုလည်း ယူဆသောအခါ၊ ထိုစစ် တရားရုံးသည်၊ ထိုသက်သေ၏ သက်သေခံချက် ကိုရယူရန် ကော်မရှင်ထုတ်ပေးစေခြင်းငှါ၊ စစ်ဥပဒေ ချုပ်အား တိုက်ရိုက်အကြောင်းကြားနိုင်သည်။

(၂) ထိုအခါ၊ စစ်ဥပဒေချုပ်သည်၊ လိုအပ်သည်ဟုမိမိယူဆလျှင်၊ ထိုသက်သေနေထိုင်သော ဒေသန္တရ နယ်နိမိတ်အတွင်း စီရင်ပိုင်ခွင့်အာဏာရှိသော ခရိုင်ရာဇဝတ်တရားသူကြီး၊ ပဌမတန်း ရာဇဝတ်တရား သူကြီး၊ သို့တည်းမဟုတ် ပုဒ်မခွဲ(၄) တွင် ဖေါ်ပြထားသည့် အရာရှိတဦးဦးထံသို့ ထိုသက်သေ၏ သက် သေခံချက်ကို ရယူရန်ကော်မရှင် ထုတ်ပေးနိုင်သည်။

(၃) ကော်မရှင်ထုတ်ပေးခြင်းခံရသော ရာဇဝတ်တရားသူကြီးသည်၊ သို့တည်းမဟုတ် အရာရှိ၊ သို့တည်းမဟုတ် ထိုရာဇဝတ်တရားသူကြီးမှာ၊ ခရိုင်ရာဇဝတ်တရားသူကြီးဖြစ်လျှင်၊ ထိုခရိုင်ရာဇဝတ် တရားသူကြီးသည်၊ သို့တည်းမဟုတ် ဤကိစ္စအလို့ငှါ ထိုခရိုင်ရာဇဝတ်တရားသူကြီးကခန့်အပ်သော ပဌမတန်း ရာဇဝတ်တရားသူကြီးသည်၊ ထိုသက်သေရှိရာနေရာသို့ သွားရောက်၍ဖြစ်စေ၊ ထိုသက်သေကို မိမိရှေ့သို့ သမ္မာန်စာဖြင့်ဆင့်ခေါ်၍ဖြစ်စေ၊ သက်သေခံချက်ကိုရေးမှတ်ယူရမည့်ပြင်၊ ရာဇဝတ်ကျင့်ထုံး ဥပဒေအရ ဝရမ်းမှုများစစ်ဆေးစီရင်ရာတွင် သက်သေခံချက်ကို ရယူသည့်နည်းလမ်းအတိုင်း ထိုသူ၏ သက်သေခံချက်ကို ရယူမည်ဖြစ်၍၊ ထိုသို့စစ်ဆေးစီရင်ရာတွင် သုံးစွဲသည့်အာဏာများကို ဤကိစ္စ အလို့ငှါ သုံးစွဲနိုင်သည်။

(၄) သက်သေသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံပြင်ပတွင်နေထိုင်သောအခါ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်စစ်ဝန်တဦးဦးထံသို့ဖြစ်စေ၊ ထိုသက်သေနေထိုင်သည့်နေရာတွင် ကျမ်းသစ္စာကိုသော်၎င်း၊ ကတိ သစ္စာကိုသော်၎င်း၊ ပြုခိုင်းရန်အခွင့်အာဏာရှိသော ပြည်ထောင်စုမြန်မာနိုင်ငံ၏ အခြားအရာရှိတဦးဦးထံ သို့ဖြစ်စေ၊ ထိုကော်မရှင်ကို ထုတ်ပေးနိုင်သည်။

(၅) ဤပုဒ်မနှင့် ပုဒ်မ ၁၄၂ ရှိ “စစ်ဥပဒေချုပ်”ဆိုသည့် စကားရပ်တွင် ဒုတိယစစ်ဥပဒေချုပ် ပါဝင်သည်။

ကော်မရှင်အရ သက်သေတဦးအား စစ်ဆေးမေးမြန်းခြင်း။

[edit]

၁၄၂။ ။ (၁) ပုဒ်မ ၁၄၁ အရကော်မရှင်ထုတ်ပေးရသော အမှုတခုခုတွင် တရားလိုဘက် အမှုလိုက်အရာရှိ နှင့် တရားခံအသီးသီးတို့သည်၊ အမှုနှင့်သက်ဆိုင်သည်ဟု စစ်တရားရုံးကထင်မြင်သော မေးမြန်းချက် စာတမ်းများကို ရေးသားပေးပို့နိုင်သည်။ ထို့နောက် ကော်မရှင်အရ ဆောင်ရွက်ရမည့် ရာဇဝတ်တရား သူကြီးကဖြစ်စေ၊ အရာရှိကဖြစ်စေ၊ ထိုမေးမြန်းချက်စာတမ်းများအရ၊ သက်သေကိုစစ်မေးရမည်။

(၂) ထိုတရားလိုဘက်အမှုလိုက်အရာရှိနှင့် ထိုတရားခံသည်၊ ထိုရာဇဝတ်တရားသူကြီးရှေ့သို့၊ သို့တည်း မဟုတ် ထိုအရာရှိရှေ့သို့ မိမိတို့ကိုယ်စား ရှေ့နေများအား သွားရောက်စေနိုင်သည်၊ သို့တည်းမဟုတ် တရားခံသည်၊ အချုပ်နှင့်နေရသည့်အခါမှတပါး၊ ထိုရာဇဝတ်တရားသူကြီးရှေ့သို့၊ သို့တည်းမဟုတ် ထိုအရာရှိရှေ့သို့၊ ကိုယ်တိုင်လာရောက်နိုင်သည်။ ထို့ပြင် အဆိုပါသက်သေအားစစ်မေးခြင်း၊ ပြန်လှန် စစ်မေးခြင်း၊ ထပ်မံစစ်မေးခြင်းတို့ကို အကြောင်းအားလျော်စွာပြုလုပ်နိုင်သည်။

(၃) ပုဒ်မ ၁၄၁ အရ ထုတ်သောကော်မရှင်ကို နည်းလမ်းတကျ ဆောင်ရွက်ပြီးသည့်နောက်၊ ထိုကော်မရှင်အရ စစ်မေးပြီးသည့် သက်သေ၏အစစ်ခံချက်နှင့်အတူ ထိုကော်မရှင်ကို၊ စစ်ဥပဒေချုပ်ထံ သို့ ပြန်ပို့ရမည်။

(၄) ပုဒ်မခွဲ(၃)အရ ပြန်ပို့သည့်ကော်မရှင်နှင့် သက်သေအစစ်ခံချက်ကို ရသည့်အခါ၊ စစ်ဥပဒေချုပ်သည်၊ ထိုကော်မရှင်နှင့် သက်သေအစစ်ခံချက်ကို၊ ကော်မရှင်ထုတ်ပေးရန်တောင်းဆိုသည့် စစ်တရားရုံးသို့ ဖြစ်စေ၊ ထိုစစ်တရားရုံးဖျက်သိမ်းပြီးဖြစ်လျှင်၊ ထိုတရားခံအား စစ်ဆေးစီရင်ရန် ဖွဲ့စည်းသည့် အခြား စစ်တရားရုံးသို့ဖြစ်စေ၊ ပို့ရမည်။ ထို့ပြင် တရားလိုဘက် အမှုလိုက်အရာရှိနှင့် တရားခံအား ထိုကော်မရှင်၊ ထိုကော်မရှင်အတွက် အစီရင်ခံစာနှင့် ထိုသက်သေအစစ်ခံချက်တို့ကို ကြည့်ရှုစစ်ဆေးနိုင်ခွင့် ပေးရမည့် ပြင်၊ တရားမျှတသောကန့်ကွက်ချက်များကို ထောက်ထားလျက်၊ ထိုအမှုတွင် တရားလိုဘက်အမှု လိုက်အရာရှိကဖြစ်စေ၊ တရားခံကဖြစ်စေ၊ သက်သေခံအဖြစ်ဘတ်ပြနိုင်၍၊ ထိုကော်မရှင်အတွက် အစီရင် ခံစာနှင့် ထိုသက်သေအစစ်ခံချက်တို့သည်၊ ထိုအမှုတွဲ၏အစိတ်အပိုင်းဖြစ်စေရမည်။

(၅) ပုဒ်မ ၁၄၁ အရ ကော်မရှင်ထုတ်ပေးရသည့် အမှုတိုင်းတွင်၊ ထိုကော်မရှင်အတိုင်း ဆောင်ရွက်ရန်နှင့် ထိုကော်မရှင်ကို ပြန်ပို့ရန်အတွက် သင့်တော်လုံလောက်အောင် သီးခြားဖေါ်ပြသည့်အချိန်ထိ၊ စစ်ဆေး စီရင်ခြင်းကို ရွှေ့ဆိုင်းထားနိုင်သည်။

စွပ်စွဲခြင်းမရှိသည့်ပြစ်မှုအရ ပြစ်မှုထင်ရှားစီရင်ခြင်း။

[edit]

၁၄၃။ ။ (၁) စစ်တရားရုံးတွင်၊ စစ်ပြေးမှုဖြင့်စွပ်စွဲခြင်းခံရသူတဦးသည်၊ စစ်ပြေးမှုကျူးလွန်ရန် အားထုတ်မှု၊ သို့တည်းမဟုတ် ခွင့်မဲ့ပျက်ကွက်မှုအတွက် အပြစ်ရှိသည်ဟု ထိုစစ်တရားရုံးက ဆုံးဖြတ်နိုင် သည်။

(၂) စစ်တရားရုံးတွင်၊ စစ်ပြေးမှုကျူးလွန်ရန်အားထုတ်မှုဖြင့် စွပ်စွဲခြင်းခံရသူတဦးသည်၊ ခွင့်မဲ့ပျက် ကွက်မှုအတွက် အပြစ်ရှိသည်ဟု ထိုစစ်တရားရုံးက ဆုံးဖြတ်နိုင်သည်။

(၃) စစ်တရားရုံးတွင်၊ ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုဖြင့် စွပ်စွဲခြင်းခံရသူတဦးသည်၊ လက်ရောက်မှုအတွက် အပြစ်ရှိသည်ဟု ထိုစစ်တရားရုံးက ဆုံးဖြတ်နိုင်သည်။

(၄) စစ်တရားရုံးတွင်၊ ခြိမ်းချောက်သောစကားပြောဆိုမှုဖြင့် စွပ်စွဲခံရသူတဦးသည်၊ စည်းကမ်းဖီဆန် သော စကားပြောဆိုမှုအတွက် အပြစ်ရှိသည်ဟု ထိုစစ်တရားရုံးက ဆုံးဖြတ်နိုင်သည်။

(၅) ပုဒ်မ ၅၁ ၏ အပိုဒ်(က)၊ (ခ)၊ (ဂ) နှင့် (ဃ)တွင် သီးခြားဖေါ်ပြထားသော ပြစ်မှုများအနက်၊ ပြစ်မှု တခုခုဖြင့် စစ်တရားရုံးတွင်စွပ်စွဲခြင်းခံရသူတဦးသည်၊ သီးခြားဖေါ်ပြထားသည့် ထိုပြစ်မှုများအနက်၊ ထိုသူအား စွပ်စွဲနိုင်သော အခြားပြစ်မှုတခုခုအတွက် အပြစ်ရှိသည်ဟု ထိုစစ်တရားရုံးကဆုံးဖြတ်နိုင် သည်။

(၆) ပုဒ်မ ၇၁ အရ ပြစ်ဒဏ်ထိုက်သင့်သော ပြစ်မှုတခုဖြင့်၊ စစ်တရားရုံးတွင် စွပ်စွဲခြင်းခံရသူတဦးသည်၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပါပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ပါက၊ ထိုသူအပြစ်ရှိကြောင်းဆုံးဖြတ်နိုင်မည့် အခြားပြစ်မှုတခုခုအတွက်အပြစ်ရှိသည်ဟု ထိုစစ်တရားရုံးက ဆုံးဖြတ်နိုင်သည်။

(၇) ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုခုဖြင့်၊ စစ်တရားရုံးတွင် စွပ်စွဲခြင်းခံရသူတဦးသည်၊ ပို၍ကြီးလေးသည့် ပြစ်ဒဏ်ထိုက်သင့်နိုင်သောအခြေအနေတွင် ကျူးလွန်ခဲ့ကြောင်း သက်သေထင်ရှား မပြနိုင်သည့်အခါ၊ ပေါ့လျော့သည့်ပြစ်ဒဏ်ထိုက်သင့်နိုင်သော အခြေအနေတွင် ထိုပြစ်မှုကျူးလွန်ခဲ့သည့် အတွက် အပြစ်ရှိသည်ဟု ထိုစစ်တရားရုံးက ဆုံးဖြတ်နိုင်သည်။

(၈) ဤအက်ဥပဒေအရဖြစ်သော ပြစ်မှုတခုခုဖြင့်၊ စစ်တရားရုံးတွင် စွပ်စွဲခြင်းခံရသူတဦးသည်၊ ထိုပြစ်မှု ကျူးလွန်ရန် အားထုတ်မှုဖြင့်ဖြစ်စေ၊ ထိုပြစ်မှုကျူးလွန်ရန် အားပေးကူညီမှုဖြင့်ဖြစ်စေ၊ ခွဲခြား၍ စွပ်စွဲ ခြင်းမခံရသော်လည်း၊ ထိုအားထုတ်မှု၊ သို့တည်းမဟုတ် ထိုအားပေးကူညီမှုအတွက် အပြစ်ရှိသည်ဟု ထိုစစ်တရားရုံးက ဆုံးဖြတ်နိုင်သည်။

ထိုးမြဲလက်မှတ်များကို အမှန်ကဲ့သို့မှတ်ယူခြင်း။

[edit]

၁၄၄။ ။ ဤအက်ဥပဒေအရ မှုခင်းကိစ္စဆောင်ရွက်ခြင်းတခုခုတွင်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ၏၊ သို့တည်းမဟုတ် ပြည်နယ်တနယ်အစိုးရ၏ လက်အောက်တွင် အမှုထမ်းနေသော အရာရှိတဦးက လက်မှတ်ရေးထိုးသည်ဟု သဘောသက်ရောက်သောလျှောက်လွှာ၊ သက်သေခံလက်မှတ်၊ ဝရမ်း၊ ပြန် ကြားစာ၊ သို့တည်းမဟုတ် အခြားစာတမ်းအမှတ်အသားတခုခုကို တင်ပြရာတွင်၊ ဆန့်ကျင်ကွဲလွဲကြောင်း သက်သေထင်ရှား မပြနိုင်သမျှကာလပတ်လုံး၊ ထိုးမြဲလက်မှတ်ဟု သဘောသက်ရောက်သော လက်မှတ် ဖြင့် လက်မှတ်ထိုးရမည့်သူက၊ နည်းလမ်းတကျထိုးထားသည့် ထိုးမြဲလက်မှတ်အမှန်ကဲ့သို့၎င်း၊ ထိုးမြဲ လက်မှတ်ဟု သဘောသက်ရောက်သောလက်မှတ်ဖြင့် လက်မှတ်ထိုးရမည့်သူက ရာထူးအရ နည်းလမ်း တကျထိုးထားသည့် ထိုးမြဲလက်မှတ်အမှန်ကဲ့သို့၎င်း၊ မှတ်ယူရမည်။

စစ်မှုထမ်းအဖြစ် စာရင်းသွင်းလွှာ။

[edit]

၁၄၅။ ။ (၁) ဤအက်ဥပဒေအရ မှုခင်းကိစ္စဆောင်ရွက်ခြင်း တခုခုတွင်၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်း ရေးအရာရှိတဦးက လက်မှတ်ရေးထိုးထားသည်ဟု သဘောသက်ရောက်သော စစ်မှုထမ်းအဖြစ် စာရင်း သွင်းလွှာသည်၊ ထိုစာရင်းသွင်းလွှာပါမေးခွန်းများကို စစ်မှုထမ်းအဖြစ်စာရင်းသွင်းခြင်းခံရသူက ဖြေဆို သည့်အတိုင်း ဖေါ်ပြထားကြောင်းသက်သေခံချက်ဖြစ်စေရမည်။

(၂) ထိုသူ၏ စစ်မှုထမ်းအဖြစ် စာရင်းသွင်းလွှာမူရင်းကိုဖြစ်စေ၊ စစ်မှုထမ်းအဖြစ် စာရင်းသွင်းလွှာကို ထိန်းသိမ်းရသောအရာရှိက မိတ္တူမှန်ဟု သက်သေခံလက်မှတ်ရေးထိုးထားသည့် သဘောသက်ရောက် သော၊ ထိုသူ၏ စစ်မှုထမ်းအဖြစ် စာရင်းသွင်းလွှာမိတ္တူတခုကိုဖြစ်စေ၊ တင်ပြခြင်းဖြင့် ထိုသူ စစ်မှုထမ်း အဖြစ် စာရင်းသွင်းခြင်းကို သက်သေထင်ရှားပြနိုင်သည်။

စာတမ်းအမှတ်အသားအချို့ကို အမှန်ကဲ့သို့ မှတ်ယူခြင်း။

[edit]

၁၄၆။ ။ (၁) နိုင်ငံတော်သမတကဖြစ်စေ၊ ကာကွယ်ရေးဦးစီးချုပ်ကဖြစ်စေ၊ နိုင်ငံတော်သမတ၏ ကိုယ်စားဖြစ်စေ၊ ကာကွယ်ရေးဦးစီးချုပ်၏ကိုယ်စားဖြစ်စေ၊ သတ်မှတ်ထားသော အရာရှိတဦးဦးက ဖြစ်စေ၊ လက်မှတ်ရေးထိုးထားသည်ဟု သဘောသက်ရောက်သော၊ တပ်မတော်၏ အစိတ်အပိုင်းတခုခု တွင် သူတဦးဦး စစ်မှုထမ်းရွက်ခဲ့ကြောင်းနှင့်စပ်လျဉ်းသည့်၊ သို့တည်းမဟုတ် တပ်မတော်၏ အစိတ် အပိုင်းတခုခုမှ သူတဦးဦးအားရှုတ်ချ၍ အမြဲတန်းထုတ်ပစ်ခြင်းနှင့်ဖြစ်စေ၊ အမြဲတန်းထုတ်ပစ်ခြင်းနှင့် ဖြစ်စေ၊ ထွက်ခွင့်ပေးခြင်းနှင့်ဖြစ်စေ၊ စပ်လျဉ်းသည့်၊ သို့တည်းမဟုတ် တပ်မတော်၏အစိတ်အပိုင်းတခုခု တွင် သူတဦးဦးစစ်မှုမထမ်းရွက် ခဲ့ကြောင်းနှင့်ဖြစ်စေ၊ တပ်မတော်၏အစိတ်အပိုင်းတခုခုတွင် သူတဦးဦး မပါဝင်ခဲ့ကြောင်းနှင့်ဖြစ်စေ၊ စပ်လျဉ်းသည့်စာ၊ ပြန်တမ်း၊ သို့တည်းမဟုတ် အခြားစာတမ်း အမှတ် အသားသည်၊ ထိုစာ၊ ပြန်တမ်း၊ သို့တည်းမဟုတ် အခြားစာတမ်းအမှတ်အသားပေါ်တွင် ဖေါ်ပြထားသည့် အကြောင်းခြင်းရာများ၏ သက်သေခံဖြစ်စေရမည်။

(၂) အမိန့်အရထုတ်ပြန်သည်ဟု သဘောသက်ရောက်သော ကြည်းတပ်၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ် ဆိုင်ရာစာရင်း၊ သို့တည်းမဟုတ် ပြန်တမ်းတခုသည်၊ ၎င်းတွင်ဖေါ်ပြထားသည့် အရာရှိများ၏ အဆင့်အတန်း၊ အဆင့်၊ ထိုအရာရှိများ ရရှိထားသည့် ရာထူး၊ ထိုအရာရှိများ ပါဝင်သည့်တပ်အဖွဲ့၊ သင်္ဘော၊ တပ်၊ စစ်လက်ရုံး၊ သို့တည်းမဟုတ် ဌာနနှင့်၎င်း၊ ကြည်းတပ်၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်နှင့်၎င်း၊ စပ်လျဉ်းသည့် သက်သေခံဖြစ်စေရမည်။

(၃) ဤအက်ဥပဒေနှင့်အညီဖြစ်စေ၊ ဤအက်ဥပဒေအရ ပြုသည့်နည်းဥပဒေများနှင့်အညီဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ စစ်ဘက်တာဝန်ဝတ်တရားအရ လိုက်နာဆောင်ရွက်ရသည်နှင့်အညီဖြစ်စေ၊ တပ်ရင်းမှတ်တမ်းစာအုပ်တွင် အကြောင်းအရာတခုကို ရေးမှတ်ထားသည့်ပြင်၊ ထိုရေးမှတ်ချက်ကို တပ်မှူးကဖြစ်စေ၊ ထိုသို့ရေးမှတ်ရန် တာဝန်ရှိသည့်အရာရှိကဖြစ်စေ၊ လက်မှတ်ရေးထိုးသည်ဟုသဘော သက်ရောက်သော ထိုရေးမှတ်ချက်သည်၊ ၎င်းတွင်ဖေါ်ပြထားသည့် အကြောင်းခြင်းရာများ၏ သက်သေ ခံဖြစ်စေရမည်။

(၄) တပ်ရင်းမှတ်တမ်းစာအုပ်တခုခုကို ထိန်းသိမ်းရသောအရာရှိက၊ ထိုစာအုပ်တခုခုမှ မိတ္တူမှန်ဟု သက်သေခံလက်မှတ်ရေးထိုးထားသည့် သဘောသက်ရောက်သော မှတ်တမ်းတင်ချက်တခုခု၏ မိတ္တူ သည်၊ ထိုမှတ်တမ်းတင်ချက်၏ သက်သေခံဖြစ်စေရမည်။

(၅) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား စစ်ပြေးမှုအတွက်၊ သို့တည်းမဟုတ် ခွင့်မဲ့ပျက်ကွက်မှု အတွက် စစ်ဆေးစီရင်ရာတွင်၊ ထို့ပြင်ထိုသူက အရာရှိတဦးဦးထံသော်၎င်း၊ ဤအက်ဥပဒေကို လိုက်နာ ရသည့်အခြားသူ တဦးဦးထံသော်၎င်း၊ တပ်မတော်၏အစိတ်အပိုင်း တခုခုသို့သော်၎င်း၊ လာ၍ဘမ်းဆီး ခြင်းခံရာတွင်၊ သို့တည်းမဟုတ် ထိုအရာရှိကသော်၎င်း၊ ဤအက်ဥပဒေကို လိုက်နာရသည့် ထိုအခြားသူ ကသော်၎င်း၊ ထိုသူအားဘမ်းဆီးထားရာတွင်၊ ထိုအရာရှိ၊ သို့တည်းမဟုတ် ထိုသူလာ၍ ဘမ်းဆီးခြင်းခံရ သည့် တပ်မတော်အစိတ်အပိုင်းတခု၏ တပ်မှူး၊ သို့တည်းမဟုတ် ထိုသူပါရှိသည့် တပ်အဖွဲ့၊ ဌာန၊ ခွဲထုတ်တပ်၊ တပ်၊ သို့တည်းမဟုတ် သင်္ဘောကို ကွပ်ကဲသည့်အရာရှိ၊ သက်ဆိုင်ရာရာက လက်မှတ် ရေးထိုးထားသည်ဟု သဘောသက်ရောက်သည့်ပြင်၊ ထိုသို့ လာ၍ဘမ်းဆီးခြင်းခံသည့်၊ သို့တည်းမဟုတ် ဘမ်းဆီးထားသည့် အကြောင်းခြင်းရာ၊ နေ့ရက်၊ နေရာနှင့် ထိုသူဝတ်ဆင်ထားပုံတို့ကို ဖေါ်ပြသည့် သက်သေခံလက်မှတ်သည်၊ ထိုသို့ဖေါ်ပြထားသည့် အကြောင်းအရာများ၏ သက်သေခံဖြစ်စေရမည်။

(၆) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအား စစ်ပြေးမှုအတွက်၊ သို့တည်းမဟုတ် ခွင့်မဲ့ပျက်ကွက်မှု အတွက် စစ်ဆေးစီရင်ရာတွင်၊ ထို့ပြင် ထိုသူကရဲဌာနတခုကို အုပ်ချုပ်သည့်ရဲအရာရှိ အဆင့်အောက်မနိမ့် သည့် ရဲအရာရှိတဦးထံလာ၍ ဘမ်းဆီးခြင်းခံရာတွင်ဖြစ်စေ၊ ထိုရဲအရာရှိက ဘမ်းဆီးထားရာတွင်ဖြစ်စေ၊ ထိုရဲအရာရှိက လက်မှတ်ရေးထိုးထားသည်ဟု သဘောသက်ရောက်သည့်ပြင်၊ ထိုသို့လာ၍ ဘမ်းဆီးခြင်း ခံသည့်၊ သို့တည်းမဟုတ် ဘမ်းဆီးထားသည့်အကြောင်းခြင်းရာ၊ နေ့ရက်၊ နေရာနှင့် ထိုသူဝတ်ဆင်ထားပုံ တို့ကို ဖေါ်ပြသည့်သက်သေခံလက်မှတ်သည်၊ ထိုသို့ဖေါ်ပြထားသည့် အကြောင်းအရာများ၏ သက်သေခံ ဖြစ်ရမည်။

(၇) စမ်းသပ်ကြည့်ရှုရန်၊ သို့တည်းမဟုတ် ဓါတ်ခွဲ၍အစီရင်ခံရန်၊ အစိုးရဓါတုဗေဒဝန်ထံသို့ဖြစ်စေ၊ အစိုးရလက်ထောက် ဓါတုဗေဒဝန်ထံသို့ဖြစ်စေ၊ နည်းလမ်းတကျတင်ပို့သော ဝတ္ထုပစ္စည်းအပေါ်တွင် သော်၎င်း၊ အရာတခုခုအပေါ်တွင်သော်၎င်း၊ အဆိုပါသူတဦးဦးက ရေးသားလက်မှတ်ထိုးသော အစီရင်ခံ စာသဘောသက်ရောက်သည့် စာတမ်းအမှတ်အသားကို၊ ဤအက်ဥပဒေအရဆောင်ရွက်သော မှုခင်းကိစ္စ တွင် သက်သေခံအဖြစ် အသုံးပြုနိုင်သည်။

တရားခံကအစိုးရအရာရှိကို ကိုးကားခြင်း။

[edit]

၁၄၇။ ။ (၁) စစ်ပြေးမှုအတွက်၊ သို့တည်းမဟုတ် ခွင့်မဲ့ပျက်ကွက်မှုအတွက်ဖြစ်စေ၊ ပေးသည့်ခွင့်ရက်ထက် ပို၍နေမှုအတွက်ဖြစ်စေ၊ စစ်မှုထမ်းရန်သတိပေးသောအခါ ပြန်၍မလာမှုအတွက်ဖြစ်စေ၊ စစ်ဆေးစီရင်မှု တခုခုတွင်၊ စစ်ဆေးစီရင်ခြင်းခံရသူက မိမိ၏ခုခံချေပချက်တွင် အခွင့်မရရှိသော မိမိ၏ပျက်ကွက်မှု အတွက် လုံလောက်သည့်၊ သို့တည်းမဟုတ် ယုတ္တိရှိသည့်အကြောင်းကိုပြ၍ ထိုအကြောင်းပြချက်ကို ခိုင်လုံစေရန် ပြည်ထောင်စုနိုင်ငံအစိုးရ၏၊ သို့တည်းမဟုတ် ပြည်နယ်တနယ်အစိုးရ၏ အရာရှိတဦးဦး အားကိုးကားလျှင်၊ သို့တည်းမဟုတ် ထိုသို့ကိုးကားခြင်းခံရသည့်အရာရှိက၊ ထိုတရားခံ၏ အဆိုပါ အကြောင်းပြချက်မှန်၊ မမှန်သက်သေခံတန်ရာသည့် အကြောင်းပေါ်ပေါက်လျှင်၊ ထိုစစ်တရားရုံးသည်၊ ထိုအရာရှိထံ အကြောင်းကြားရမည့်ပြင်၊ ထိုအရာရှိ၏ပြန်ကြားစာကို လက်ခံရရှိသည့်အချိန်ထိလည်း ထိုမှုခင်းကိစ္စကို ရွှေ့ဆိုင်းထားရမည်။

(၂) ထိုသို့ကိုးကားခြင်းခံရသည့် အရာရှိ၏ပြန်ကြားစာသည်၊ ထိုအရာရှိက လက်မှတ်ရေးထိုးထားလျှင် သက်သေခံအဖြစ်နှင့် လက်ခံရမည့်ပြင်၊ စစ်တရားရုံးတွင် ကျမ်းသစ္စာပြုပြီး ထွက်ဆိုသည့်သက်သေခံ ချက် ဖြစ်ဘိသကဲ့သို့ အကျိုးသက်ရောက်စေရမည်။

(၃) အဆိုပါပြန်ကြားစာကို မရရှိမီ၊ ထိုစစ်တရားရုံးကို ဖျက်သိမ်းလျှင်၊ သို့တည်းမဟုတ် ဤပုဒ်မပါ ပြဋ္ဌာန်းချက်များကိုလိုက်နာရန် ထိုစစ်တရားရုံးက ပျက်ကွက်လျှင်၊ စစ်တရားရုံးဖွဲ့စည်းသည့်အရာရှိက၊ မိမိ၏သဘောအတိုင်း၊ ထိုမှုခင်းဆောင်ရွက်ချက်များကို ပယ်ဖျက်၍စစ်ဆေးစီရင်ခြင်း အသစ်တရပ်ကို ပြုလုပ်ရန် အမိန့်ပေးနိုင်သည်။

ယခင်ပြစ်မှုထင်ရှားစီရင်ခံရခြင်းများနှင့် အကျင့်စာရိတ္တသက်သေခံ။

[edit]

၁၄၈။ ။ (၁) စစ်တရားရုံးသည်၊ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးအားပြစ်မှုတခုခုအတွက် ပြစ်မှု ထင်ရှားစီရင်သည့်အခါ၊ ထိုသူအား စစ်တရားရုံး တရုံးကဖြစ်စေ၊ ရာဇဝတ်တရားရုံး တရုံးကဖြစ်စေ၊ ယခင်ပြစ်မှုထင်ရှားစီရင်ခံရခြင်းများကို၊ သို့တည်းမဟုတ် ပုဒ်မ ၈၂၊ ၈၅၊ ၈၆ နှင့် ၈၇ တို့အနက်၊ ပုဒ်မ တခုခုအရ ယခင်ပြစ်ဒဏ်ချမှတ်ခြင်းတခုခုကို ထိုစစ်တရားရုံးက စုံစမ်းနိုင်သည့်ပြင်၊ ၎င်းတို့နှင့် စပ်လျဉ်းသည့် သက်သေခံများကိုရယူ၍ရေးမှတ်နိုင်သည်။ ထို့ပြင် ဆက်လက်၍ ထိုသူ၏ အကျင့်စာရိတ္တ နှင့် သတ်မှတ်ထားသည့် အခြားအကြောင်းအရာများကို စုံစမ်း၍ရေးမှတ်နိုင်သည်။

(၂) ဤပုဒ်မအရ လက်ခံရရှိသည့်သက်သေခံသည်၊ နှုတ်သက်သေခံ၊ သို့တည်းမဟုတ် စစ်တရားရုံး စာအုပ်များတွင်ဖြစ်စေ၊ အစိုးရ၏ အခြားမှတ်တမ်းများတွင်ဖြစ်စေ၊ ရေးသွင်းချက်များ၊ သို့တည်းမဟုတ် စစ်တရားရုံးစာအုပ်များမှဖြစ်စေ၊ အစိုးရ၏အခြားမှတ်တမ်းများမှဖြစ်စေ၊ တာဝန်ခံကောက်နုတ်ချက် များဖြစ်နိုင်သည်။ ထို့ပြင် တရားခံအား ၎င်း၏ယခင်ပြစ်မှုထင်ရှား စီရင်ခံရခြင်းများနှင့်ဖြစ်စေ၊ အကျင့် စာရိတ္တနှင့်ဖြစ်စေ၊ စပ်လျဉ်းသည့်သက်သေခံကို ရယူမည်ဟု စစ်ဆေးစီရင်ခြင်းမပြုမီ အကြောင်းကြား ထားရန်မလိုချေ။

(၃) တပ်တွင်း စစ်တရားရုံးတွင် စစ်ဆေးစီရင်ခြင်းကို ပြုလုပ်နေသည့်အရာရှိသည်၊ သင့်တော်သည်ဟု မိမိထင်မြင်လျှင်၊ ပြစ်မှုကျူးလွန်သူခံခဲ့ရသော ယခင်ပြစ်မှုထင်ရှားစီရင်ခြင်းများ၊ ထိုသူ၏ အကျင့် စာရိတ္တ၊ ထို့ပြင်သတ်မှတ်ထားသည့် အခြားအကြောင်းအရာများကို ဤပုဒ်မပါပြဋ္ဌာန်းချက်များအရ သက်သေထင်ရှားပြစေမည့်အစား၊ မိမိကိုယ်တိုင်သိရှိသည့် ထိုသူ၏အကြောင်းအရာဟူသမျှကို ရေးမှတ် နိုင်သည်။

တရားခံရူးသွပ်ခြင်း။

[edit]

၁၄၉။ ။ (၁) စစ်တရားရုံးဖြင့်စစ်ဆေးစီရင်နေစဉ် တရားခံသည်၊ စိတ်ပေါ့သွပ်သူဖြစ်သောကြောင့် ခုခံချေပနိုင်စွမ်းမရှိဟု၊ သို့တည်းမဟုတ် ထိုတရားခံကျူးလွန်သည်ဟု စွပ်စွဲသောပြုလုပ်မှုကို ထိုတရားခံ ကျူးလွန်သော်လည်း စိတ်ပေါ့သွပ်နေသည့်အကြောင်းကြောင့် မိမိ၏ပြုလုပ်မှုသည်၊ မည်သို့သဘော ရှိသည်ကိုသော်၎င်း၊ မတော်မမှန်သည်ကိုသော်၎င်း၊ တရားဥပဒေနှင့်ဆန့်ကျင်သည်ကိုသော်၎င်း၊ မသိနိုင် ဟု စစ်တရားရုံးကထင်မြင်ယူဆသောအခါ၊ ထိုသို့ထင်မြင်ယူဆသည့်အတိုင်း၊ ဆုံးဖြတ်ချက်တရပ်ကို စစ်တရားရုံးက ရေးမှတ်ရမည်။

(၂) စစ်တရားရုံး၏ ဥက္ကဋ္ဌသည်၊ သို့တည်းမဟုတ် တပ်တွင်းစစ်တရားရုံးဖြစ်ပါက၊ စစ်ဆေးစီရင်ခြင်းကို ပြုလုပ်နေသည့်အရာရှိသည်၊ ထိုကိစ္စကိုအတည်ပြုအရာရှိ၊ သို့တည်းမဟုတ် ပုဒ်မ ၁၆၆ အရ စစ်တရားရုံး ၏ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ရန် အခွင့်အာဏာအပ်နှင်းထားသည့် အာဏာပိုင်၊ သက်ဆိုင်ရာရာသို့ ချက်ချင်းအကြောင်းကြားရမည်။

(၃) ပုဒ်မခွဲ(၂) အရ ထိုကိစ္စကို အကြောင်းကြားခြင်းခံရသည့် အတည်ပြုအရာရှိသည်၊ ဆုံးဖြတ်ချက်ကို အတည်မပြုလျှင်၊ အဆိုပါစစ်တရားရုံးဖြင့်ဖြစ်စေ၊ အခြားစစ်တရားရုံးဖြင့်ဖြစ်စေ၊ ထိုတရားခံအား မူလက စွပ်စွဲထားသည့်ပြစ်မှုအတွက် စစ်ဆေးစီရင်စေရန် ဆောင်ရွက်နိုင်သည်။

(၄) ပုဒ်မခွဲ(၂) အရ တပ်တွင်းစစ်တရားရုံး၏ ဆုံးဖြတ်ချက်ကို အကြောင်းကြားခြင်းခံရသည့် အာဏာပိုင်သည်၎င်း၊ ထိုသို့အကြောင်းကြားသည့် အမှုတခုခုတွင် ဆုံးဖြတ်ချက်တခုကို အတည်ပြုသည့် အတည်ပြုအရာရှိတဦးသည်၎င်း၊ သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း တရားခံကိုချုပ်ထားရန် အမိန့်ပေးရ မည့်ပြင်၊ နိုင်ငံတော်သမတ၏ အမိန့်ရယူရန်အလို့ငှါ၊ ထိုအမှုအကြောင်းကို အစီရင်ခံရမည်။

(၅) ပုဒ်မခွဲ (၄) အရ အစီရင်ခံချက်တရပ်ကိုရရှိသောအခါ၊ နိုင်ငံတော်သမတသည်၊ တရားခံအား စိတ္တဇဆေးရုံတွင်ဖြစ်စေ၊ လုံခြုံစွာချုပ်ထားနိုင်မည့် အခြားသင့်တော်သည့် နေရာတွင်ဖြစ်စေ၊ ချုပ်ထားရန် အမိန့်ချမှတ်နိုင်သည်။

ရူးသွပ်သောတရားခံ ပြန်၍ကျန်းမာလာသဖြင့် စစ်ဆေးစီရင်ခြင်း။

[edit]

၁၅၀။ ။ စိတ်ပေါ့သွပ်သည့်အကြောင်းကြောင့် ခုခံချေပနိုင်စွမ်းမရှိဟု ဆုံးဖြတ်ချက်ချမှတ်ခြင်းခံရသည့် တရားခံတဦးအား၊ ပုဒ်မ ၁၄၉ အရ ချုပ်ထားသည့်ကိစ္စတွင်၊ ထိုတရားခံအား ချုပ်ထားသည့်နယ်မြေကို ကွပ်ကဲရ၍၊ ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်မဟာအောက်မငယ်သော အဖွဲ့အစည်းကို၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ (ကြည်းတပ်) နှင့် တူညီသည်ဟု သတ်မှတ်ထား သည့် အဖွဲ့အစည်းအောက်မငယ်သော အဖွဲ့အစည်းကို၊ ကွပ်ကဲရသည်လည်းဖြစ်သော အရာရှိသည်၊ သို့တည်းမဟုတ် ဤကိစ္စအလို့ငှါ၊ သတ်မှတ်ထားသည့် အခြားအရာရှိတဦးသည်-

(က) ထိုတရားခံကို ပုဒ်မ ၁၄၉၊ ပုဒ်မခွဲ(၄) အရ ချုပ်ထားလျှင်၊ ထိုတရားခံ၌ ခုခံချေပနိုင်စွမ်းရှိပြီဟု ဆေးဘက်အရာရှိက အစီရင်ခံသောအခါ၊ သို့တည်းမဟုတ်

(ခ) ထိုတရားခံကို ပုဒ်မ ၁၄၉၊ ပုဒ်မခွဲ(၅)အရ ထောင်တွင်အချုပ်ထားလျှင်၊ အကျဉ်းထောင်မင်းကြီး ထံမှ၊ ထို့ပြင်ထိုတရားခံကို၊ အဆိုပါပုဒ်မခွဲအရ စိတ္တဇဆေးရုံတွင်ချုပ်ထားလျှင်၊ ထိုစိတ္တဇဆေးရုံကြည့်ရှု ရသော လူကြီးများအနက်၊ လူကြီးနှစ်ဦး၊ သို့တည်းမဟုတ် နှစ်ဦးထက်ပိုသော လူကြီးများထံမှ၊ ထိုတရား ခံ၌ ခုခံချေပနိုင်စွမ်းရှိပြီဟု သက်သေခံလက်မှတ် ရရှိသောအခါ၊

တရားခံအားမူလကစွပ်စွဲထားသည့် ပြစ်မှုအတွက်ဆိုခဲ့သည့် စစ်တရားရုံးဖြင့်ဖြစ်စေ၊ အခြားစစ်တရား ရုံးဖြင့်ဖြစ်စေ၊ စစ်ဆေးစီရင်ရန်၊ သို့တည်းမဟုတ် ပြစ်မှုသည် နယ်ဘက်ပြစ်မှုဖြစ်လျှင်၊ ရာဇဝတ်တရားရုံး ဖြင့်ဖြစ်စေ၊ စစ်ဆေးစီရင်ရန် ဆောင်ရွက်နိုင်သည်။

နိုင်ငံတော်သမတထံ ပုဒ်မ ၁၅၀ အရ အမိန့်ကိုပေးပို့ခြင်း။

[edit]

၁၅၁။ ။ ပုဒ်မ ၁၅၀ အရ၊ တရားခံကိုစစ်ဆေးရန်၊ အရာရှိတဦးဦးကထုတ်သည့်အမိန့်စာတိုင်း၏ မိတ္တူ ကို၊ နိုင်ငံတော်သမတထံ ချက်ခြင်းပေးပို့ရမည်။

ရူးသွပ်သည့် တရားခံအားလွှတ်ခြင်း။

[edit]

၁၅၂။ ။ ပုဒ်မ ၁၄၉ ၏ ပုဒ်မခွဲ (၄) အရဖြစ်စေ၊ ပုဒ်မခွဲ (၅) အရဖြစ်စေ၊ တရားခံတဦးအား ချုပ်ထားသည့် ကိစ္စတွင် နိုင်ငံတော်သမတသည်-

(က) ထိုတရားခံကို အဆိုပါပုဒ်မခွဲ (၄) အရ ချုပ်ထားလျှင်၊ ဆေးဘက်ဆိုင်ရာအရာရှိက အစီရင်ခံသော အခါ၊ သို့တည်းမဟုတ်

(ခ) ထိုတရားခံကို အဆိုပါ ပုဒ်မခွဲ(၅)အရ ချုပ်ထားလျှင်၊ ပုဒ်မ ၁၅၀ ၏ အပိုဒ် (ခ) တွင် ဖေါ်ပြထား သည့် အကျဉ်းထောင်မင်းကြီး၏၊ သို့တည်းမဟုတ် စိတ္တဇဆေးရုံကြည့်ရှုရသော လူကြီးများ၏ ထင်မြင် ယူဆချက်အရ၊ ထိုတရားခံသည်၊ မိမိကိုယ်ကိုဖြစ်စေ၊ အခြားသူတဦးဦးကိုဖြစ်စေ၊ နစ်နာစေမှုပြုမည်ဟု စိုးရိမ်ဘွယ်ရာမရှိသဖြင့် ထိုတရားခံအားလွှတ်နိုင်ကြောင်း၊ ထိုမင်းကြီးထံမှဖြစ်စေ၊ ထိုလူကြီးများ ထံမှဖြစ်စေ၊ သက်သေခံလက်မှတ်ရရှိသောအခါ၊

ထိုတရားခံအားလွှတ်ရမည်၊ သို့တည်းမဟုတ် အချုပ်နှင့်ထားရမည်၊ သို့တည်းမဟုတ် ထိုသူကို စိတ္တဇ ဆေးရုံသို့ မပို့ရသေးလျှင်၊ စိတ္တဇဆေးရုံသို့ ပို့ရမည်ဟု အမိန့်ချမှတ်နိုင်သည်။

ရူးသွပ်သည့်တရားခံကို ဆွေမျိုးများအား လက်ရောက်ပေးအပ်ခြင်း။

[edit]

၁၅၃။ ။ ပုဒ်မ ၁၄၉ ၏ပုဒ်မခွဲ(၄)၊ သို့တည်းမဟုတ် ပုဒ်မခွဲ (၅) အရ ချုပ်ထားခြင်းခံရသူ၏ ဆွေမျိုး ကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ၊ ထိုသူကိုစောင့်ရှောက်အုပ်ထိန်းထားရန်၊ မိမိအားပေးအပ်စေလို၍ ထိုသို့ ပေးအပ်စေလိုကြောင်းလျှောက်ထားလျှင်၊ ထိုသူကိုကောင်းမွန်စောင့်ရှောက်ပါမည်ဟု၎င်း၊ သူ့ကိုယ်ကိုဖြစ် စေ၊ အခြားသူတဦးတယောက်ကိုဖြစ်စေ၊ နစ်နာစေမှုမပြုအောင် တားဆီးပေးပါမည်ဟု၎င်း၊ နိုင်ငံတော် သမတ ညွှန်ကြားသောအရာရှိထံ၊ ထိုသူကို၊ ညွှန်ကြားသောအချိန်နှင့်နေရာများတွင်၊ ထိုအရာရှိက စစ်ဆေးရန် အလို့ငှါပို့ပေးပါမည်ဟု၎င်း၊ နိုင်ငံတော်သမတကြေနပ်အောင် ခံဝန်ချုပ်၊ ချုပ်ဆိုသောအခါ၊ ထိုသူကို အဆိုပါဆွေမျိုးထံသို့ဖြစ်စေ၊ အဆိုပါမိတ်ဆွေထံသို့ဖြစ်စေ၊ ပေးအပ်စေဟု နိုင်ငံတော်သမတက အမိန့်ချမှတ်နိုင်သည်။

စစ်ဆေးစီရင်ခြင်းမပြီးပြတ်သေးသောအမှုများတွင် ပစ္စည်းကိုထိန်းသိမ်းရေးအတွက်၊ သို့တည်းမဟုတ် စီမံခန့်ခွဲရေးအတွက်အမိန့်။

[edit]

၁၅၄။ ။ ကျူးလွန်ခဲ့ပုံပေါ်သည့် ပြစ်မှုနှင့်စပ်လျဉ်းသော၊ သို့တည်းမဟုတ် ပြစ်မှုကျူးလွန်ခြင်းအတွက် အသုံးပြုခဲ့ ပုံပေါ်သောပစ္စည်းကို၊ အမှုစစ်ဆေးစီရင်နေစဉ်အတွင်း၊ စစ်တရားရုံးရှေ့သို့ တင်ပြသောအခါ၊ ထိုစစ်တရားရုံးသည်၊ ထိုစစ်ဆေးစီရင်မှု မပြီးပြတ်သေးမီအတွင်းတွင်၊ ထိုပစ္စည်းကိုကောင်းမွန်စွာ ထိန်းသိမ်းရန်၊ မိမိသင့်တော်မည်ဟုထင်မြင်သော အမိန့်ကိုချမှတ်နိုင်သည်။ ထိုပစ္စည်းသည်၊ အလျင် အမြန်သော်၎င်း၊ ဓမ္မတာအတိုင်းသော်၎င်း၊ ပျက်စီးလွယ်သည့် ပစ္စည်းဖြစ်လျှင်၊ ထိုစစ်တရားရုံးသည်၊ လိုအပ်သည်ဟုထင်မြင်သော သက်သေခံကိုရေးမှတ်ပြီးနောက်၊ ထိုပစ္စည်းကို ရောင်းချရန်ဖြစ်စေ၊ အခြား နည်းဖြင့် စီမံခန့်ခွဲရန်ဖြစ်စေ၊ အမိန့်ချမှတ်နိုင်သည်။

ကျူးလွန်ပြီးပြစ်မှုနှင့်စပ်လျဉ်းသောပစ္စည်းကို စီမံခန့်ခွဲရန်အမိန့်။

[edit]

၁၅၅။ ။ (၁) စစ်တရားရုံးတွင် စစ်ဆေးစီရင်ခြင်းပြီးဆုံးသည့်အခါ၊ ထိုစစ်တရားရုံး၊ သို့တည်းမဟုတ် ထို စစ်တရားရုံး၏ဆုံးဖြတ်ချက်ကိုဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်ချက်ကိုဖြစ်စေ၊ အတည်ပြုသည့်အရာရှိ၊ သို့တည်း မဟုတ် ထိုအရာရှိ၏အထက်အာဏာပိုင်၊ သို့တည်းမဟုတ် ထိုစစ်တရားရုံးကို ဖွဲ့စည်းသည့်အရာရှိ၏ အထက်အာဏာပိုင်၊ သို့တည်းမဟုတ် ဆုံးဖြတ်ချက်ကိုဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်ချက်ကိုဖြစ်စေ၊ အတည် ပြုရန်မလိုသည့် စစ်တရားရုံးအတွက်ဆိုသော်၊ ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်မဟာအတွင်း စစ်ဆေး စီရင်သောအမှုတွင်၊ တပ်မဟာအောက်မငယ်သောအဖွဲ့အစည်းကို ကွပ်ကဲသည့်အရာရှိ၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ (ကြည်းတပ်) နှင့် တူညီသည်ဟု သတ်မှတ်ထား သည့် အဖွဲ့အစည်းအောက် မငယ်သော အဖွဲ့အစည်းအတွင်း စစ်ဆေးစီရင်သောအမှုတွင်၊ ထိုအဖွဲ့အစည်း ကို ကွပ်ကဲသောအရာရှိ၊ သို့တည်းမဟုတ် သတ်မှတ်ထားသော အခြားအရာရှိက၊ စစ်တရားရုံးတွင်တင်ပြ ထားသည့်၊ သို့တည်းမဟုတ် စစ်တရားရုံးက ထိန်းသိမ်းထားသည့်၊ သို့တည်းမဟုတ် ကျူးလွန်ခဲ့ပုံပေါ် သည့်ပြစ်မှုနှင့်စပ်လျဉ်းသော၊ သို့တည်းမဟုတ် ပြစ်မှုကျူးလွန်ခြင်းအတွက် အသုံးပြုခဲ့သောပစ္စည်း ကိုဖြစ်စေ၊ စာတမ်းအမှတ်အသားကိုဖြစ်စေ၊ ဖျက်ဆီးခြင်း ဖြင့်သော်၎င်း၊ ဘဏ္ဍာတော်အဖြစ်သိမ်းယူ ခြင်းဖြင့်သော်၎င်း၊ လက်ရှိထားခွင့်ရှိသည်ဟု တောင်းဆိုသူ အားပေးအပ်ခြင်းဖြင့်သော်၎င်း၊ အခြားနည်း ဖြင့်သော်၎င်း၊ စီမံခန့်ခွဲရန် သင့်တော်သည်ဟု ထင်မြင်သည့် အမိန့်ကို ချမှတ်နိုင်သည်။

(၂) ကျူးလွန်ခဲ့ပုံပေါ်သည့် ပြစ်မှုနှင့်စပ်လျဉ်းသည့် ပစ္စည်းနှင့်သက်ဆိုင်သော အမိန့်တခုခုကို ပုဒ်မခွဲ (၁) အရ ချမှတ်သည့်အခါ၊ စစ်ဆေးစီရင်ခြင်းကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ပြုလုပ်ခဲ့သည်ဖြစ်စေ၊ ပြည်ပတွင်ပြုလုပ်ခဲ့သည်ဖြစ်စေ၊ ထိုပစ္စည်း အခါအားလျော်စွာ တည်ရှိရာနယ်နိမိတ်အတွင်း စီရင်ပိုင်ခွင့် အာဏာရှိသည့် ရာဇဝတ်တရားသူကြီးတဦးထံ၊ အဆိုပါအမိန့်ကို ချမှတ်သည့်အာဏာပိုင်က၊ ထိုအမိန့်၏ တာဝန်ခံ မိတ္တူတစောင်ကို လက်မှတ်ရေးထိုးပြီးပို့နိုင်သည်။ ထိုရာဇဝတ်တရားသူကြီးသည်၊ ရာဇဝတ် ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များအရ၊ ထိုအမိန့်ကို မိမိကချမှတ်သည့်အမိန့်ဖြစ်ဘိသကဲ့သို့ ပြီးမြောက် အောင် ဆောင်ရွက်ရမည်။

ရှင်းလင်းချက်။ ။ ဤပုဒ်မတွင် “ပစ္စည်း”ဆိုသည့်စကားရပ်၌ ကျူးလွန်ခဲ့ပုံပေါ်သော ပြစ်မှုနှင့် စပ်လျဉ်းသည့်ပစ္စည်းဖြစ်လျှင်၊ တဦးတယောက်သောသူ မူလလက်ရှိဖြစ်သော၊ သို့တည်းမဟုတ် ကြီးကြပ်အုပ်ချုပ်သောပစ္စည်းသာမက၊ ထိုပစ္စည်းမှပြောင်းလဲလိုက်သည့်၊ သို့တည်းမဟုတ် ထိုပစ္စည်းနှင့် လဲလှယ်လိုက်သည့် ပစ္စည်းပါဝင်သည့်ပြင်၊ ထိုသို့ပြောင်းလဲခြင်းဖြင့်ဖြစ်စေ၊ လဲလှယ်ခြင်းဖြင့်ဖြစ်စေ၊ ချက်ခြင်းသော်၎င်း၊ အခြားနည်းဖြင့်သော်၎င်း၊ ရရှိသောပစ္စည်းလည်းပါဝင်သည်။

ဤအက်ဥပဒေအရ မှုခင်းကိစ္စဆောင်ရွက်ခြင်းများနှင့်စပ်လျဉ်းသည့် စစ်တရားရုံး၏ အာဏာများ။

[edit]

၁၅၆။ ။ ဤအက်ဥပဒေပါပြဋ္ဌာန်းချက်များအရ၊ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းကို၊ ရာဇသတ်ကြီး ပုဒ်မ ၁၉၃ နှင့် ၂၂၈ တို့၏ အဓိပ္ပါယ်အရ တရားစီရင်သော မှုခင်းကိစ္စတခုဖြစ်သည်ဟု မှတ်ယူရမည့်ပြင်၊ ထိုစစ်တရားရုံးကိုလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၈၀ နှင့် ၄၈၂ တို့၏ အဓိပ္ပါယ်အရ တရားရုံးဟု မှတ်ယူရမည်။

အခဏ်း ၁၂။ အတည်ပြုခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း။

[edit]

ဆုံးဖြတ်ခြင်းနှင့်ပြစ်ဒဏ်ချမှတ်ချက်တို့သည် အတည်မပြုမခြင်းမခိုင်လုံ။

[edit]

၁၅၇။ ။ စစ်တရားရုံးချုပ်၊ တိုင်းစစ်တရားရုံး၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်တခု၏ ဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ပြစ်ဒဏ်ချမှတ်ချက်သည်၊ ဤအက်ဥပဒေဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း အတည်မပြုမခြင်းမခိုင်လုံ။

စစ်တရားရုံးချုပ်၏ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်တို့ကို အတည်ပြုရန်အာဏာ။

[edit]

၁၅၈။ ။ နိုင်ငံတော်သမတက၊ သို့တည်းမဟုတ် ကာကွယ်ရေးဦးစီးချုပ်က၊ သို့တည်းမဟုတ် နိုင်ငံတော် သမတကဖြစ်စေ၊ ကာကွယ်ရေးဦးစီးချုပ်ကဖြစ်စေ၊ ဤကိစ္စအလို့ငှါ အမိန့်စာဖြင့် အာဏာအပ်နှင်းထား သည့် အရာရှိတဦးဦးက၊ စစ်တရားရုံးချုပ်များ၏ ဆုံးဖြတ်ချက်များနှင့် ပြစ်ဒဏ်ချမှတ်ချက်များကို အတည်ပြုနိုင်သည်။

တိုင်းစစ်တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်တို့ကို အတည်ပြုရန်အာဏာ။

[edit]

၁၅၉။ ။ စစ်တရားရုံးချုပ်တခုကိုဖွဲ့စည်းရန်အာဏာရ အရာရှိတဦးဦးက၊ သို့တည်းမဟုတ် ထိုအရာရှိက ဤကိစ္စအလို့ငှါ အမိန့်စာဖြင့် အာဏာအပ်နှင်းထားသည့် အရာရှိတဦးဦးက တိုင်းစစ်တရားရုံးများ၏ ဆုံးဖြတ်ချက်များနှင့် ပြစ်ဒဏ်ချမှတ်ချက်များကို အတည်ပြု နိုင်သည်။

အတည်ပြုအာဏာပိုင်၏ အာဏာများကို ကန့်သတ်ခြင်း။

[edit]

၁၆၀။ ။ ပုဒ်မ ၁၅၈၊ သို့တည်းမဟုတ် ပုဒ်မ ၁၅၉ အရ ထုတ်သည့်အမိန့်စာတွင် ထိုအမိန့်စာကိုထုတ်သည့် အာဏာပိုင်က သင့်တော်မည်ထင်သည့် ကန့်သတ်ချက်များ၊ ခြွင်းချက်များ၊ သို့တည်းမဟုတ် စည်းကမ်း ချက်များ ပါဝင်နိုင်သည်။

အကျဉ်းစစ်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်တို့ကို အတည်ပြုရန်အာဏာ။

[edit]

၁၆၁။ ။ အကျဉ်းစစ်တရားရုံးချုပ်ဖွဲ့စည်းသည့်အရာရှိက၊ အကျဉ်းစစ်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်များ နှင့် ပြစ်ဒဏ်ချမှတ်ချက်များကို အတည်ပြုနိုင်သည်၊ သို့တည်းမဟုတ် ထိုအရာရှိက မိမိအထက် အာဏာပိုင်တဦးက အတည်ပြုလိမ့်မည်ဟုဖေါ်ပြလျှင်၊ ထိုအထက်အာဏာပိုင်က အတည်ပြုနိုင်သည်။

ပြစ်ဒဏ်ချမှတ်ချက်များကို လျှော့ပေါ့ရန်၊ လွတ်ငြိမ်းသက်သာခွင့်ပြုရန်၊ သို့တည်းမဟုတ် လျှော့ပေါ့ပြောင်းလဲရန် အတည်ပြုအာဏာပိုင်၏ အာဏာ။

[edit]

၁၆၂။ ။ (၁) ပုဒ်မ ၁၅၈၊ သို့တည်းမဟုတ် ပုဒ်မ ၁၅၉ အရ ထုတ်သည့် အမိန့်စာတွင်ပါဝင်သည့် ကန့်သတ် ချက်များ၊ ခြွင်းချက်များ၊ သို့တည်းမဟုတ် စည်းကမ်းချက်များအပြင်၊ ပုဒ်မခွဲ(၂)ပါ ပြဋ္ဌာန်းချက်နှင့် မဆန့်ကျင်စေဘဲ၊ အတည်ပြုအာဏာပိုင်သည်၊ စစ်တရားရုံး၏ ပြစ်ဒဏ်ချမှတ်ချက်ကို အတည်ပြုသော အခါ၊ ထိုစစ်တရားရုံးက ချမှတ်သည့်ပြစ်ဒဏ်ကို လျော့နိုင်သည်၊ သို့တည်းမဟုတ် လွတ်ငြိမ်းသက်သာ ခွင့်ပြုနိုင်သည်၊ သို့တည်းမဟုတ် ပုဒ်မ ၇၃ တွင်ဖေါ်ပြထားသည့် အချိုးအစားရှိ ပို၍နိမ့်သော ပြစ်ဒဏ်တခုခုနှင့်ဖြစ်စေ၊ ပြစ်ဒဏ်များနှင့်ဖြစ်စေ၊ ထိုပြစ်ဒဏ်ကို လျော့ပေါ့ပြောင်းလဲနိုင်သည်။

(၂) စစ်တရားရုံးကချမှတ်သည့် တကျွန်းပို့ဒဏ်ကို၊ ၎င်း၏ကာလထက်ပိုသည့် ကာလအတွက် ထောင်ဒဏ်နှင့် လျော့ပေါ့ပြောင်းလဲခြင်း မပြုလုပ်ရ။

သင်္ဘောပေါ်တွင် ဆုံးဖြတ်ချက်များနှင့် ပြစ်ဒဏ်ချမှတ်ချက်များကို အတည်ပြုခြင်း။

[edit]

၁၆၃။ ။ ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးသည်၊ သင်္ဘောတစင်းပေါ်တွင်ရှိနေစဉ် စစ်တရား ရုံးဖြင့်စစ်ဆေးစီရင်၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်အခါ၊ ထိုဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်ကို၊ ထိုသင်္ဘောပေါ်တွင်အတည်ပြုခြင်း၊ ဆောင်ရွက်ခြင်းမပြုရသေးပါက၊ ထိုသူအား ထိုသင်္ဘောဆိုက်သည့် ဆိပ်ကမ်းမြို့တွင် စစ်ဆေးစီရင်ဘိသကဲ့သို့ အတည်ပြု၍၊ ထိုသို့အတည်ပြုသည့်အတိုင်းဆောင်ရွက်ရမည်။

ဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ပြစ်ဒဏ်ချမှတ်ချက်ကို ပြန်လည်ပြင်ဆင်ခြင်း။

[edit]

၁၆၄။ ။ (၁) အတည်ပြုချက်လိုသေးသည့် စစ်တရားရုံး၏ဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ပြစ်ဒဏ် ချမှတ်ချက်ကို၊ အတည်ပြုအာဏာပိုင်၏အမိန့်ဖြင့် ပြန်လည်ပြင်ဆင်ခြင်း တကြိမ်ပြုလုပ်နိုင် သည့်ပြင်၊ ထိုသို့ပြန်လည်ပြင်ဆင်ရာတွင် အတည်ပြုအာဏာပိုင်က ညွှန်ကြားလျှင်၊ ထိုစစ်တရားရုံးသည်၊ ညွှန်ကြား သည့်အတိုင်း နောက်ထပ်သက်သေခံချက် ယူနိုင်သည်။

(၂) မူလဆုံးဖြတ်ချက်ချမှတ်စဉ်က ရှိကြသည့်အရာရှိများအနက်၊ တဦးဦးမလွှဲမရှောင်သာ၍ ပျက်ကွက် သည်မှအပ၊ ပြန်လည်ပြင်ဆင်ခြင်းပြုလုပ်ရာ၌၊ ထိုစစ်တရားရုံးတွင် ထိုအရာရှိများပါဝင်ရမည်။

(၃) ထိုသို့မလွှဲမရှောင်သာသည့် ပျက်ကွက်ခြင်းမျိုးတွင်၊ ထိုသို့ပျက်ကွက်ရခြင်း၏ အကြောင်းပြချက်ကို၊ အမှုတွဲ၌ နည်းလမ်းတကျရေးသားလက်မှတ်ထိုးပြီးနောက်၊ ထိုစစ်တရားရုံးသည်၊ ပြန်လည်ပြင်ဆင်ခြင်း ကို ဆက်လက်ဆောင်ရွက်ရမည်။ သို့ရာတွင် စစ်တရားရုံးချုပ်တခုဖြစ်နေလျှင်၊ ထိုရုံးတွင် အရာရှိငါးဦး ပါဝင်လျက်ပင် ရှိနေရမည်၊ သို့တည်းမဟုတ် အကျဉ်းစစ်တရားရုံးချုပ်တခုသော်၎င်း၊ တိုင်းစစ်တရားရုံး သော်၎င်း၊ ဖြစ်နေလျှင်၊ ထိုရုံးတွင်အရာရှိသုံးဦး ပါဝင်လျက်ပင် ရှိနေရမည်။

တပ်တွင်းစစ်တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်။

[edit]

၁၆၅။ ။ (၁) ပုဒ်မခွဲ (၂) တွင် အတိအလင်းအခြားနည်း ပြဋ္ဌာန်းထားသည်မှတပါး၊ တပ်တွင်း စစ်တရားရုံး၏ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်ကို အတည်ပြုရန်မလိုသည့်ပြင်၊ ထိုဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်တို့ကို ချက်ခြင်းဆောင်ရွက်နိုင်သည်။

(၂) စစ်ဆေးစီရင်ခြင်းကိုပြုလုပ်သည့် အရာရှိသည်၊ ပြန်တမ်းဝင်အရာရှိအဖြစ် စစ်မှုထမ်းသက် ငါးနှစ် အောက်လျော့သူဖြစ်လျှင်၊ တန်းပြည့်စစ်မှုထမ်းချိန်မှတပါး၊ ကြည်းတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ အောက်မငယ်သော အဖွဲ့အစည်းကို၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ (ကြည်းတပ်) နှင့် တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းအောက်မငယ်သော အဖွဲ့အစည်းကို ကွပ်ကဲသည့်အရာရှိ၏၊ သို့တည်းမဟုတ် အခြားသတ်မှတ်ထားသည့် အရာရှိ၏သဘောတူညီချက်ကို မရမခြင်း၊ ထိုအရာရှိသည်၊ ပြစ်ဒဏ်ချမှတ်ချက်ကို ပြီးမြောက်အောင်မဆောင်ရွက်ရ။

တပ်တွင်းစစ်တရားရုံး၏ အမှုတွဲများကိုပေးပို့ခြင်း။

[edit]

၁၆၆။ ။ ကြည်းတပ်အတွက်ဆိုလျှင်၊ တပ်မဟာအတွင်းစစ်ဆေးစီရင်သောအမှုဖြစ်ပါက၊ တပ်မဟာ အောက်မငယ်သော အဖွဲ့အစည်းကိုကွပ်ကဲသည့်အရာရှိထံ၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက် ဆိုလျှင်၊ တပ်မဟာ (ကြည်းတပ်) နှင့် တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းအောက် မငယ်သော အဖွဲ့အစည်းအတွင်း စစ်ဆေးစီရင်သောအမှုဖြစ်ပါက၊ ထိုအဖွဲ့အစည်းကို ကွပ်ကဲသော အရာရှိထံ၊ သို့တည်းမဟုတ် သတ်မှတ်ထားသောအရာရှိထံ၊ တပ်တွင်းစစ်တရားရုံးအသီးသီး၏ အမှုတွဲကို ကြန့်ကြာခြင်းမရှိဘဲပို့ရမည်။ ထို့ပြင် ထိုအရာရှိက၊ သို့တည်းမဟုတ် ကာကွယ်ရေးဦးစီး ချုပ်က၊ ဤကိစ္စအလို့ငှါ အာဏာအပ်နှင်းထားသည့်အရာရှိက၊ အမှု၏အရည်အသွားကို မထိခိုက်သည့်အ ကြောင်းများသက်သက်ကိုအခြေမပြုဘဲ၊ အမှု၏အရည်အသွားကိုသာ အခြေပြု၍၊ မှုခင်းကိစ္စ ဆောင်ရွက်ချက်များကို ပယ်ဖျက်နိုင်သည်၊ သို့တည်းမဟုတ် ထိုစစ်တရားရုံးက ချမှတ်နိုင်မည့် အခြား ပြစ်ဒဏ်တခုခုသို့ ထိုပြစ်ဒဏ်ကို လျှော့ချနိုင်သည်။

အချို့အမှုများတွင်ဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ပြစ်ဒဏ်ချမှတ်ချက်ကို ပြောင်းလဲခြင်း။

[edit]

၁၆၇။ ။ (၁) အတည်ပြုပြီးသော၊ သို့တည်းမဟုတ် အတည်ပြုရန်မလိုသော စစ်တရားရုံး၏ အပြစ်ရှိ သည်ဆိုသည့် ဆုံးဖြတ်ချက်တရပ်မှာ၊ အကြောင်းတခုခုကြောင့် မခိုင်လုံဟုတွေ့ရှိသည့်အခါ၊ သို့တည်း မဟုတ် သက်သေခံအထောက်အထားမရှိသည့်အခါ၊ ထိုဆုံးဖြတ်ချက်ခိုင်လုံသည်ဖြစ်ခဲ့လျှင် ထိုက်သင့်စေ သည့်ပြစ်ဒဏ်ကို ပုဒ်မ ၁၈၂ အရ၊ လျှော့ပေါ့ပြောင်းလဲရန် အာဏာရှိမည့်အာဏာပိုင်က ထိုဆုံးဖြတ်ချက် အစား ဆုံးဖြတ်ချက်အသစ်တခုကို ချမှတ်နိုင်သည့်ပြင်၊ ထိုဆုံးဖြတ်ချက်အသစ်တွင် သီးခြားဖေါ်ပြသည့် ပြစ်မှုအတွက်သော်၎င်း၊ ထိုဆုံးဖြတ်ချက်အသစ်တွင် ပေါ်လွင်သည့်ပြစ်မှုအတွက်သော်၎င်း၊ ပြစ်ဒဏ် ချမှတ်နိုင်သည်။

သို့ရာတွင် စွဲချက်အရ ထိုစစ်တရားရုံးက ခိုင်လုံစွာချမှတ်နိုင်မည့် ဆုံးဖြတ်ချက်မျိုးမဟုတ်သည့်ပြင်၊ အဆိုပါပြစ်မှုကို ထင်ရှားစေသည့်အကြောင်းခြင်းရာများရှိကြောင်း ထိုစစ်တရားရုံးက ကြေနပ်နိုင် ဘွယ်ရှိပုံလည်းမပေါ်လျှင်၊ ယင်းသို့အစားထိုးခြင်းကို မပြုလုပ်ရ။

(၂) ပုဒ်မခွဲ (၁) အရ အစားထိုးသည့် ဆုံးဖြတ်ချက်အသစ်နှင့်အညီ ချမှတ်သည့်ပြစ်ဒဏ်မဟုတ်ဘဲ၊ အတည်ပြုပြီးဖြစ်သော၊ သို့တည်းမဟုတ် အတည်ပြုရန်မလိုသော စစ်တရားရုံးက ချမှတ်သည့်ပြစ်ဒဏ် မှာ အကြောင်းတခုခုကြောင့် မခိုင်လုံဟုတွေ့ရှိသည့်အခါ၊ ပုဒ်မခွဲ (၁) တွင် ရည်ညွှန်းထားသည့် အာဏာ ပိုင်သည်၊ ခိုင်လုံသည့်ပြစ်ဒဏ်ကို ချမှတ်နိုင်သည်။

(၃) ပုဒ်မခွဲ(၁)၊ သို့တည်းမဟုတ် ပုဒ်မခွဲ(၂) အရ ချမှတ်သည့်ပြစ်ဒဏ်သည်၊ ဤပုဒ်မအရ ပြစ်ဒဏ် ချမှတ်ချက်အသစ်တခုဖြင့် အစားထိုးခြင်းခံရသော ပြစ်ဒဏ်ထက်မပိုစေရ၊ သို့တည်းမဟုတ် ပြစ်ဒဏ်များ အချိုးအစားတွင် ထိုအစားထိုးခြင်းခံရသော ပြစ်ဒဏ်ထက်မမြင့်စေရ။

(၄) ဤပုဒ်မအရ အစားထိုးသည့် ဆုံးဖြတ်ချက်တခုခု၊ သို့တည်းမဟုတ် ချမှတ်သည့် ပြစ်ဒဏ်တခုခု သည်၊ ဤအက်ဥပဒေနှင့် ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများ၏ကိစ္စများအလို့ငှာ၊ စစ်တရားရုံး ၏ဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ပြစ်ဒဏ်ချမှတ်ချက် ဖြစ်ဘိသကဲ့သို့ အကျိုးသက်ရောက်စေရမည်။

စစ်တရားရုံး၏အမိန့်၊ ဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ပြစ်ဒဏ်ချမှတ်ချက်နှင့်စပ်လျဉ်း၍ ကာကွယ်ခွင့်၊ ရယူခွင့်။

[edit]

၁၆၈။ ။ (၁) ဤအက်ဥပဒေကို လိုက်နာရသူ တဦးဦးသည်၊ မိမိအား စစ်တရားရုံးချမှတ်သောအမိန့်က နစ်နာစေ သည်ဟုယူဆလျှင်၊ ထိုစစ်တရားရုံး၏ ဆုံးဖြတ်ချက်ကိုဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်ချက်ကိုဖြစ်စေ၊ အတည်ပြုရန် အာဏာအပ်နှင်းခြင်းခံရသည့်အရာရှိ၊ သို့တည်းမဟုတ် အာဏာပိုင်ထံ လျှောက်လွှာတင် နိုင်သည့်ပြင်၊ ချမှတ်သည့်ထိုအမိန့် မှန် မမှန်တရားဥပဒေနှင့် ညီမညီ၊ သင့်လျော်အပ်စပ်ခြင်းရှိ မရှိနှင့် စပ်လျဉ်း၍၊ သို့တည်းမဟုတ် ထိုအမိန့်နှင့်စပ်ဆိုင်သည့် မှုခင်းကိစ္စဆောင်ရွက်ခြင်းတွင် နည်းလမ်းကျ မကျနှင့်စပ်လျဉ်း၍ ကြေနပ်အောင်၊ လိုအပ်သည်တို့ကို ထိုအတည်ပြုအာဏာပိုင်က ဆောင်ရွက်နိုင်သည်။

(၂) ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ မိမိအားစစ်တရားရုံး၏ ဆုံးဖြတ်ချက်ကဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်ချက်ကဖြစ်စေ၊ နစ်နာစေသည်ဟုယူဆလျှင်၊ အတည်ပြုအရာရှိထံသော်၎င်း၊ တပ်တွင်း စစ်တရားရုံးတရုံးအတွက်ဖြစ်ပါက ပြန်လည်သုံးသပ်ရေး အာဏာပိုင်ထံသော်၎င်း၊ လိုက်နာရမည့် လမ်းစဉ် အတိုင်းလျှောက်လွှာတင်နိုင်သည့်ပြင်၊ နိုင်ငံတော်သမတသည်၊ သို့တည်းမဟုတ် ကာကွယ်ရေး ဦးစီးချုပ်သည်၊ သို့တည်းမဟုတ် မှုခင်းကိစ္စကို အတည်ပြုသည့်အရာရှိထက် ကွပ်ကဲမှုတွင် တဆင့်မြင့် သောအရာရှိသည်၊ သို့တည်းမဟုတ် တပ်တွင်းစစ်တရားရုံးအတွက်ဖြစ်ပါက ပုဒ်မ ၁၆၆ အရ၊ ထိုမှုခင်း ကိစ္စကို ပြန်လည်သုံးသပ်သည့်အရာရှိသည်၊ ထိုမှုခင်းကိစ္စတွင် မိမိသင့်တော်မည်ထင်သည့်အမိန့်ကို ချမှတ်နိုင်သည်။

မှုခင်းကိစ္စဆောင်ရွက်ခြင်းများကို ပယ်ဖျက်ခြင်း။

[edit]

၁၆၉။ ။ နိုင်ငံတော်သမတ၊ သို့တည်းမဟုတ် ကာကွယ်ရေးဦးစီးချုပ်၊ သို့တည်းမဟုတ် သတ်မှတ်ထား သည့်အရာရှိသည်၊ တရားဥပဒေနှင့်မညီဆိုသည့် အကြောင်းပြချက်ဖြင့်ဖြစ်စေ၊ တရားမျှတမှုမရှိဆိုသည့် အကြောင်း ပြချက်ဖြင့်ဖြစ်စေ၊ မှုခင်းကိစ္စဆောင်ရွက်ခြင်းများကို ပယ်ဖျက်နိုင်သည်၊ သို့တည်းမဟုတ် စစ်တရားရုံး၏ ပြစ်မှုထင်ရှားစီရင်ခြင်းကိုပယ်ဖျက်နိုင်သည်။

အခဏ်း ၁၃။ ပြစ်ဒဏ်ချမှတ်ချက်များကို ဆောင်ရွက်ခြင်း။

[edit]

သေဒဏ်ချမှတ်နည်း။

[edit]

၁၇၀။ ။ စစ်တရားရုံးတရုံးသည်၊ သေဒဏ်ချမှတ်သည့်အခါ၊ ပြစ်မှုကျူးလွန်သူအား၊ လည်ပင်းကြိုးတပ် ၍ မသေမခြင်းကြိုးဆွဲချ သတ်ရမည်ဟု၊ သို့တည်းမဟုတ် သေနတ်ဖြင့် မသေမခြင်းပစ်သတ်ရမည်ဟု၊ ထိုစစ်တရားရုံး၏ သဘောအတိုင်း ညွှန်ကြားရမည်။

တကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ထောင်ဒဏ်စတင်ခြင်း။

[edit]

၁၇၁။ ။ ဤအက်ဥပဒေအရ၊ သူတဦးအား စစ်တရားရုံးက တကျွန်းပို့ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ချမှတ်သောအခါ ထိုပြစ်ဒဏ်ချမှတ်ချက်ကို ပြန်လည်ပြင်ဆင်သည်ဖြစ်စေ၊ ပြန်လည်မပြင်ဆင်သည် ဖြစ်စေ၊ ထိုတကျွန်းပို့ဒဏ် သို့တည်းမဟုတ် ထောင်ဒဏ်သည်၊ စစ်တရားရုံး ဥက္ကဋ္ဌက သို့တည်းမဟုတ် တပ်တွင်းစစ်တရားရုံးတရုံးအတွက်ဖြစ်ပါက၊ ထိုစစ်တရားရုံးက၊ မူရင်းအမှုတွဲတွင် လက်မှတ်ရေးထိုး သည့်နေ့ရက်မှ စတင်သည်ဟုရေတွက်ရမည်။

တကျွန်းပို့ဒဏ်ချမှတ်ချက်ကို ဆောင်ရွက်ခြင်း။

၁၇၂။ ။ ဤအက်ဥပဒေအရ၊ တကျွန်းပို့ဒဏ်ကိုချမှတ်သည့်အခါ၊ သို့တည်းမဟုတ် သေဒဏ်ကို တကျွန်းပို့ဒဏ်သို့ လျှော့ပေါ့ပြောင်းလဲသည့်အခါ၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူ၏တပ်မှူးက၊ သို့တည်းမ ဟုတ် သတ်မှတ်ထားသည့်အခြားအရာရှိက၊ ထိုသူကိုချုပ်ထားရမည်ဖြစ်သော နယ်ဘက်အကျဉ်းထောင် အုပ်ချုပ်သည့်အရာရှိထံ သတ်မှတ်ထားသည့်ပုံစံအတိုင်း ဝရမ်းတစောင်ပေးပို့ရမည့်ပြင်၊ ထိုသူကို ဝရမ်း နှင့်အတူတကွ ထိုနယ်ဘက် အကျဉ်းထောင်သို့ပို့ရန် စီစဉ်ရမည်။

ထောင်ဒဏ်ချမှတ်ချက်ကို ဆောင်ရွက်ခြင်း။

[edit]

၁၇၃။ ။ (၁) ဤအက်ဥပဒေအရ စစ်တရားရုံးက ထောင်ဒဏ်ချမှတ်သည့်အခါ၊ သို့တည်းမဟုတ် သေဒဏ်ကိုဖြစ်စေ၊ တကျွန်းပို့ဒဏ်ကိုဖြစ်စေ၊ ထောင်ဒဏ်သို့လျှော့ပေါ့ပြောင်းလဲချမှတ်သည့်အခါ၊ ပုဒ်မခွဲ (၃) နှင့် (၄) တွင် အခြားနည်း ပြဋ္ဌာန်းထားသည်မှ တပါး၊ စစ်ဘက်အကျဉ်းထောင်တွင် ချုပ်ထား ခြင်းဖြင့်ဖြစ်စေ၊ နယ်ဘက်အကျဉ်းထောင်တွင် ချုပ်ထား ခြင်းဖြင့်ဖြစ်စေ၊ ထိုထောင်ဒဏ်ချမှတ်ချက်ကို ကျခံစေရမည်ဟုအတည်ပြုအရာရှိက၊ သို့တည်းမဟုတ် တပ်တွင်းစစ်တရားရုံးအတွက်ဖြစ်ပါက ထိုစစ် တရားရုံး၊ ရုံးထိုင်သည့်အရာရှိက၊ သို့တည်းမဟုတ် သတ်မှတ်ထားသည့် အခြားအရာရှိက ညွှန်ကြား ရမည်။

(၂) ပုဒ်မခွဲ(၁) အရ ညွှန်ကြားချက်ပေးပြီးသည့်အခါ၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူကို ကွပ်ကဲသည့်အရာရှိ၊ သို့တည်းမဟုတ် သတ်မှတ်ထားသည့်အခြားအရာရှိက၊ ထိုသူကိုချုပ်ထားရမည်ဖြစ်သော အကျဉ်းထောင် အုပ်ချုပ်သည့်အရာရှိထံ သတ်မှတ်ထားသည့်ပုံစံအတိုင်း ဝရမ်းတစောင်ပေးပို့ရမည့်ပြင်၊ ထိုသူကို၊ ဝရမ်း နှင့်အတူတကွ၊ ထိုအကျဉ်းထောင်သို့ပို့ရန် စီစဉ်ရမည်။

(၃) စစ်တရားရုံးက ဤအက်ဥပဒေအရ၊ ချမှတ်သည့် သုံးလထက်မပိုသော ထောင်ဒဏ်အတွက်ဖြစ် ပါက၊ နယ်ဘက်အကျဉ်းထောင်၊ သို့တည်းမဟုတ် စစ်ဘက်အကျဉ်းထောင်အစား၊ စစ်ဘက်အချုပ်တွင် ချုပ်ထားခြင်းဖြင့်၊ ထိုထောင်ဒဏ်ချမှတ်ချက်ကိုကျခံစေရမည်ဟု ပုဒ်မခွဲ (၁) တွင် ဖေါ်ပြသည့် သက်ဆိုင် ရာအရာရှိက ညွှန်ကြားနိုင်သည်။

(၄) တန်းပြည့်စစ်မှုထမ်းချိန်တွင် စစ်မြေပြင်ရှိတပ်ဖွဲ့များကို ကွပ်ကဲသည့်အရာရှိက၊ အခါအားလျော်စွာ သီးခြားဖေါ်ပြသည့်နေရာ၌ ချုပ်ထားခြင်းဖြင့်၊ ချမှတ်သောထောင်ဒဏ်ကိုကျခံစေနိုင်သည်။

ပြစ်မှုကျူးလွန်သူကို ယာယီချုပ်ထားခြင်း။

[edit]

၁၇၄။ ။ တကျွန်းဒဏ်ကို၊ သို့တည်းမဟုတ် ထောင်ဒဏ်ကို၊ နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရမည် ဟု ညွှန်ကြားသည့်အခါ၊ နယ်ဘက်အကျဉ်းထောင်သို့မပို့နိုင်သေးမီ၊ စစ်ဘက်အကျဉ်းထောင်တွင်ဖြစ်စေ၊ စစ်ဘက်အချုပ်တွင်ဖြစ်စေ၊ သင့်တော်သည့်အခြားနေရာတွင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်သူကိုထားနိုင်သည်။

အထူးကိစ္စများတွင် ထောင်ဒဏ်ချမှတ်ချက်ကို ဆောင်ရွက်ခြင်း။

[edit]

၁၇၅။ ။ ထောင်ဒဏ်ကိုဖြစ်စေ၊ ထောင်ဒဏ်၏တစိတ်တဒေသကိုဖြစ်စေ၊ ပုဒ်မ ၁၇၃ ပါပြဋ္ဌာန်းချက်များ နှင့်အညီ၊ စစ်ဘက်အကျဉ်းထောင်တွင်သော်၎င်း၊ စစ်ဘက်အချုပ်တွင်သော်၎င်းအကြောင်းထူးများ ကြောင့်၊ လွယ်ကူစွာကျခံစေနိုင်မည်မဟုတ်ဟု ကြည်းတပ်အတွက်ဖြစ်ပါက တပ်မဟာအောက်မငယ် သောအဖွဲ့အစည်းကို၊ ရေတပ်၊ သို့တည်းမဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ (ကြည်းတပ်) နှင့်တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့အစည်းအောက်မငယ်သော အဖွဲ့အစည်းကို ကွပ်ကဲသော အရာရှိ၊ သို့တည်းမဟုတ် သတ်မှတ်ထားသော အခြားအရာရှိက ထင်မြင်ယူဆသောအခါ၊ နယ်ဘက် အကျဉ်းထောင်တွင်ဖြစ်စေ၊ သင့်တော်သည့်အခြားနေရာတွင်ဖြစ်စေ၊ ချုပ်ထားခြင်းအားဖြင့်၊ ထိုထောင် ဒဏ်ကိုသော်၎င်း၊ ထိုထောင်ဒဏ်၏ တစိတ်တဒေသကိုသော်၎င်း၊ ကျခံစေရမည်ဟု ထိုအရာရှိက၊ ညွှန် ကြားနိုင်သည်။

တကျွန်းပို့ဒဏ်ချမှတ်ခြင်းခံရသည့် ပြစ်မှုကျူးလွန်သူများနှင့်ပတ်သက်၍ ကျွန်းသို့မပို့သေးမီ ဆောင်ရွက်နည်း။

[edit]

၁၇၆။ ။ ဤအက်ဥပဒေအရ တကျွန်းပို့ဒဏ်ချမှတ်သည့်အမှုတိုင်းတွင် ပြစ်မှုကျူးလွန်သူကို၊ ကျွန်းသို့မပို့ ရသေးမီ၊ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ချမှတ်ခြင်းခံရဘိသကဲ့သို့၊ ထိုသူအား၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ကျခံစေရမည်။ ထို့ပြင် အဆိုပါအလုပ်ကြမ်းနှင့် ထောင်ဒဏ်ကျခံနေရသည့် ကာလကိုလည်း တကျွန်းပို့ ဒဏ်ခံနေရသည့် ကာလကဲ့သို့မှတ်ယူရမည်။

အကျဉ်းသားကို တနေရာမှ တနေရာသို့ယူဆောင်ခြင်း။

[edit]

၁၇၇။ ။ တကျွန်းပို့ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ချမှတ်ခြင်းခံရသူကို၊ တနေရာမှတနေရာသို့ယူ ဆောင်သွားနေစဉ်၊ ထိုသူအား လုံခြုံစွာယူဆောင်ရေးနှင့် ရွှေ့ပြောင်းရေးအတွက် လိုအပ်သည့်ချုတ်ချယ် မှုမျိုးပြုနိုင်သည်။

အချို့အမိန့်များနှင့်စပ်လျဉ်း၍ အကျဉ်းထောင်အရာရှိများထံ အကြောင်းကြားခြင်း။

[edit]

၁၇၈။ ။ တဦးတယောက်သောသူအား၊ နယ်ဘက်အကျဉ်းထောင်၊ သို့တည်းမဟုတ် စစ်ဘက်အကျဉ်း ထောင်တွင်ကျခံစေသည့်ပြစ်ဒဏ်ချမှတ်ချက်ကိုဖြစ်စေ၊ အမိန့်ကိုဖြစ်စေ၊ ဝရမ်းကိုဖြစ်စေ၊ ပယ်ဖျက်သည့်၊ သို့တည်းမဟုတ် ပြောင်းလဲသည့်အမိန့်ကို၊ ဤအက်ဥပဒေအရ နည်းလမ်းတကျထုတ်သည့်အခါ၊ ထိုအ မိန့် ထုတ်သည့်အရာရှိကသော်၎င်း၊ ထိုအရာရှိ၏ ဦးစီးအရာရှိကသော်၎င်း၊ သတ်မှတ်ထားသော အခြား အရာရှိကသော်၎င်း၊ ထုတ်သည့်အမိန့်နှင့်အညီ ဝရမ်းတစောင်ကို၊ ထိုသူအားချုပ်ထားသည့် အကျဉ်း ထောင် အုပ်ချုပ်သောအရာရှိထံပို့ရမည်။

ငွေဒဏ်ချမှတ်ချက်ကို ဆောင်ရွက်ခြင်း။

[edit]

၁၇၉။ ။ စစ်တရားရုံးက၊ ပုဒ်မ ၇၁ အရငွေဒဏ်ချမှတ်သောအခါ၊ စစ်ဆေးစီရင်ခြင်းကို၊ ပြည်ထောင် စုမြန်မာနိုင်ငံအတွင်းတွင် ပြုလုပ်ခဲ့သည်ဖြစ်စေ၊ ပြင်ပတွင်ပြုလုပ်ခဲ့သည်ဖြစ်စေ၊ အတည်ပြု အရာရှိက၊ သို့တည်းမဟုတ် အတည်ပြုရန်မလိုသည့်အခါ၊ စစ်ဆေးစီရင်ခြင်းကို ပြုလုပ်သည့် အရာရှိကလက်မှတ် ရေးထိုးသော ထိုပြစ်ဒဏ်ချမှတ်ချက်၏ တာဝန်ခံမိတ္တူတစောင်ကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ ရာဇဝတ်တရားသူကြီးတဦးထံပို့နိုင်သည့်ပြင်၊ ထိုပြစ်ဒဏ်ချမှတ်ချက်၏ တာဝန်ခံ မိတ္တူကိုရရှိသည့်အခါ၊ ထိုရာဇဝတ်တရားသူကြီးသည်၊ ထိုငွေဒဏ်မှာ၊ မိမိချမှတ်သော ငွေဒဏ်ဖြစ်ဘိ သကဲ့သို့၊ ရာဇဝတ် ကျင့်ထုံးဥပဒေပါ ဒဏ်ငွေကောက်ခံခြင်းနှင့်သက်ဆိုင်သော ပြဋ္ဌာန်းချက်များနှင့်အညီ၊ ထိုဒဏ်ငွေကို ကောက်ခံစေရမည်။

စစ်ဘက်အကျဉ်းထောင်များထားရှိခြင်း။

[edit]

၁၈၀။ ။ နိုင်ငံတော်သမတသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ အဆောက်အအုံတခုခုကိုဖြစ်စေ၊ အဆောက်အအုံ၏ အစိတ်အပိုင်းတခုခုကိုဖြစ်စေ၊ နေရာတခုခုကိုဖြစ်စေ၊ ဤအက်ဥပဒေအရ ထောင် ဒဏ်ချမှတ်ခြင်းခံရသူများ ချုပ်ထားရန်အတွက်၊ စစ်ဘက်အကျဉ်း ထောင်အဖြစ် သီးသန့်ထားရှိနိုင် သည်။

အမိန့်၊ သို့တည်းမဟုတ် ဝရမ်းတွင်စည်းကမ်းမကျခြင်း၊ မှားယွင်းခြင်း။

[edit]

၁၈၁။ ။ ဤအက်ဥပဒေအရ၊ တဦးတယောက်သောသူအား၊ တကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ထောင် ဒဏ်ချမှတ်သည့်ပြင်၊ ဤအက်ဥပဒေနှင့်အညီ ထုတ်သည့်အမိန့်အရဖြစ်စေ၊ ဝရမ်းအရဖြစ်စေ၊ ထိုသူအား ချုပ်ထားရမည့်နေရာတွင်၊ သို့တည်းမဟုတ် ထိုသူအား ချုပ်ထားရမည့် နည်းလမ်းအတိုင်း ထိုသူပြစ်ဒဏ် ခံနေရသည့်အခါ၊ အမိန့်၊ ဝရမ်း၊ သို့တည်းမဟုတ် အခြားစာတမ်းအမှတ်အသားဖြင့် ပေးအပ်သည့်အာ ဏာအရဖြစ်စေ၊ အမိန့်၊ ဝရမ်း၊ သို့တည်းမဟုတ် အခြားစာတမ်းအမှတ်အသားဖြင့် ပေးအပ်သည့်အာဏာ အရ ဆောင်ရွက်ရာ၌ဖြစ်စေ၊ ထိုသူအား ထိုနေရာတခုခုသို့ ယူဆောင် စေခဲ့ခြင်းသည်၊ သို့တည်းမဟုတ် ထိုနေရာတခုခုတွင်ချုပ်ထားစေခဲ့ခြင်းသည်၊ အဆိုပါအမိန့်၊ ဝရမ်း၊ သို့တည်းမဟုတ် အခြားစာတမ်း အမှတ်အသား စည်းကမ်းမကျသည့် အကြောင်း ကြောင့်သာဖြစ်စေ၊ အဆိုပါ အမိန့်၊ ဝရမ်း၊ သို့တည်း မဟုတ် အခြားစာတမ်းအမှတ်အသားတွင် မှားယွင်းချက်ပါရှိသည့် အကြောင်းကြောင့်သာဖြစ်စေ၊ တရား ဥပဒေနှင့်မညီဟုမမှတ်ယူရ။ ထို့ပြင် အဆိုပါအမိန့်၊ ဝရမ်း၊ သို့တည်းမဟုတ် အခြားစာတမ်းအမှတ် အသားကို လိုအပ်သည့်အတိုင်း ပြင်ဆင်နိုင်သည်။

အခဏ်း ၁၄။ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်များ၊ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်များနှင့် ပြစ်ဒဏ်ဆိုင်းငံ့ထားခြင်းများ။

[edit]

ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်။

[edit]

၁၈၂။ ။ ဤအက်ဥပဒေကို လိုက်နာရသူတဦးဦးသည်၊ ပြစ်မှုတခုခုအတွက် စစ်တရားရုံးက ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့်အခါ၊ နိုင်ငံတော်သမတကဖြစ်စေ၊ ကာကွယ်ရေးဦးစီးချုပ်ကဖြစ်စေ၊ ထိုသူသည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့်အချိန်၌၊ ကြည်းတပ်အတွက်ဖြစ်ပါက တပ်မဟာအောက်မငယ်သော အဖွဲ့အစည်းတခုတွင် အမှုထမ်းရွက်နေသော်၊ ထိုအဖွဲ့အစည်းကို ကွပ်ကဲသောအရာရှိ၊ ရေတပ်၊ သို့တည်း မဟုတ် လေတပ်အတွက်ဖြစ်ပါက၊ တပ်မဟာ(ကြည်းတပ်)နှင့်တူညီသည်ဟု သတ်မှတ်ထားသည့် အဖွဲ့ အစည်းအောက်မငယ်သော အဖွဲ့အစည်းတွင် အမှုထမ်းရွက်နေသော်၊ ထိုအဖွဲ့အစည်းကိုကွပ်ကဲသော အရာရှိအတည်ပြုနိုင်သည့် ပြစ်ဒဏ်ချမှတ်ချက်၊ သို့တည်းမဟုတ် အတည်ပြုရန်မလိုသည့် ပြစ်ဒဏ် ချမှတ်ချက်အတွက်ဆိုလျှင်၊ ထိုအရာရှိကဖြစ်စေ၊ သတ်မှတ်ထားသော အရာရှိကဖြစ်စေ-

(က) ပြစ်ဒဏ်ချမှတ်ခြင်းခံရသူက လက်ခံသော စည်းကမ်းချက်များနှင့်ဖြစ်စေ၊ ထိုစည်းကမ်းချက်များ မပါရှိဘဲဖြစ်စေ၊ ထိုသူအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သည်၊ သို့တည်းမဟုတ် ချမှတ်သည့် ပြစ်ဒဏ်တခုလုံးကိုဖြစ်စေ၊ ထိုပြစ်ဒဏ်၏ တစိတ်တဒေသကိုဖြစ်စေ၊ လွတ်ငြိမ်းသက်သာခွင့်ပေးနိုင် သည်၊ သို့တည်းမဟုတ်

(ခ) ချမှတ်သောပြစ်ဒဏ်ကို ပေါ့လျော့စေနိုင်သည်၊ သို့တည်းမဟုတ်

(ဂ) ချမှတ်သော ပြစ်ဒဏ်ကို၊ ဤအက်ဥပဒေတွင် ဖေါ်ပြထားသည့် လျော့သောပြစ်ဒဏ်တခုခုနှင့်၊ သို့တည်းမဟုတ် လျော့သောပြစ်ဒဏ်များနှင့် လျော့ပေါ့ပြောင်းလဲနိုင်သည်။

သို့ရာတွင် စစ်တရားရုံးက ချမှတ်သည့်တကျွန်းပို့ဒဏ်ကို၊ ၎င်း၏ကာလထက်ပိုသည့်ကာလအတွက် ထောင်ဒဏ်နှင့် လျော့ပေါ့ ပြောင်းလဲခြင်းမပြုလုပ်ရ၊ သို့တည်းမဟုတ်

(ဃ) ပြစ်ဒဏ်ချမှတ်ခြင်းခံရသူက လက်ခံသောစည်းကမ်းချက်များနှင့်ဖြစ်စေ၊ ထိုစည်းကမ်းချက်များ မပါရှိဘဲဖြစ်စေ၊ ထိုသူအား ကတိထားစေ၍ လွှတ်နိုင်သည်။

စည်းကမ်းချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ကတိထားစေ၍ စည်းကမ်းချက်ခြင်းလွှတ်ခြင်း၊ သို့တည်းမဟုတ် စည်းကမ်းချက်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ကို ဖျက်သိမ်းခြင်း။

[edit]

၁၈၃။ ။ (၁) တဦးတယောက်သောသူအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ သို့တည်းမဟုတ် ကတိထားစေ၍လွှတ်ခြင်း၊ သို့တည်းမဟုတ် ပြစ်ဒဏ်ကိုလွတ်ငြိမ်းသက်သာခွင့်ပေးခြင်းနှင့် သက်ဆိုင် သည့် စည်းကမ်းချက်တခုခုကို လိုက်နာဆောင်ရွက်ရန်ပျက်ကွက်သည်ဟု၊ လွတ်ငြိမ်းချမ်းသာခွင့်ပေး သည့်၊ ကတိထားစေ၍လွှတ်သည့်၊ သို့တည်းမဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးသည့် အာဏာပိုင်က ထင်မြင်ယူဆလျှင်၊ ထိုအာဏာပိုင်သည်၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ကတိထားစေ၍လွှတ်ခြင်း၊ သို့တည်းမဟုတ် လွတ်ငြိမ်းသက်သာခွင့်ပေးခြင်းကိုဖျက်သိမ်းနိုင်သည်။ ထို့ပြင် ထိုသို့ဖျက်သိမ်းသည့် အခါ၊ ထိုသူအားလွတ်ငြိမ်းချမ်းသာခွင့်၊ ကတိထားစေ၍လွှတ်ခွင့်၊ သို့တည်းမဟုတ် လွတ်ငြိမ်းသက်သာ ခွင့်ကို မပေးဘိသကဲ့သို့၊ ထိုစစ်တရားရုံး၏ ပြစ်ဒဏ်ချမှတ်ချက်ကို ကျခံစေရမည်။

(၂) တကျွန်းပို့ဒဏ်ဖြစ်စေ၊ ထောင်ဒဏ်ဖြစ်စေ၊ ကျခံရသူတဦးဖြစ်လျှင်၊ ပုဒ်မခွဲ (၁) ပါ ပြဋ္ဌာန်းချက်များအရ စစ်တရားရုံး၏ ပြစ်ဒဏ်ချမှတ်ချက်ကို ကျခံစေသည့်အခါ၊ ထိုတကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ထောင်ဒဏ်၏ ကျန်ရှိနေသေးသည့် အစိတ်အပိုင်းကိုသာ ကျခံစေရမည်။

အရာခံဗိုလ်၊ သို့တည်းမဟုတ် အကြပ်ကိုလျှော့ချခြင်း။

[edit]

၁၈၄။ ။ ပုဒ်မ ၇၉ ပါပြဋ္ဌာန်းချက်များအရ၊ အရာခံဗိုလ်တဦးကို၊ သို့တည်းမဟုတ် အကြပ်တဦးကို တပ်သားအဆင့်သို့ လျှော့ချလိုက်သည်ဟု မှတ်ယူရသည့်အခါ၊ ပုဒ်မ ၁၈၂ ၏ ကိစ္စအလို့ငှါ ယင်းသို့ လျှော့ချခြင်းကို၊ စစ်တရားရုံး၏ ပြစ်ဒဏ်ချမှတ်ချက်အရ ကျခံစေ သည့် ပြစ်ဒဏ်ကဲ့သို့ မှတ်ယူရမည်။

တကျွန်းပို့ဒဏ်၊ သို့တည်းမဟုတ် ထောင်ဒဏ်ကိုဆိုင်းငံ့ထားခြင်း။

[edit]

၁၈၅။ ။ (၁) ဤအက်ဥပဒေကိုလိုက်နာရသူတဦးအား၊ စစ်တရားရုံးတရုံးက တကျွန်းပို့ဒဏ်ကိုသော်၎င်း၊ ထောင်ဒဏ်ကိုသော်၎င်း၊ ချမှတ်သည့်အခါ၊ ထိုပြစ်မှုကျူးလွန်သူကို အကျဉ်းထောင်၊ သို့တည်းမဟုတ် စစ်ဘက်အချုပ်သို့ပို့ပြီးသည်ဖြစ်စေ၊ မပို့ရသေးသည်ဖြစ်စေ၊ နိုင်ငံတော်သမတက၊ သို့တည်းမဟုတ် ကာကွယ်ရေးဦးစီးချုပ်က၊ သို့တည်းမဟုတ် စစ်တရားရုံးချုပ်ကိုဖြစ်စေ၊ အကျဉ်းစစ် တရားရုံးချုပ်ကို ဖြစ်စေ၊ ဖွဲ့စည်းရန် အာဏာအပ်နှင်းထားသည့် အရာရှိက ပြစ်ဒဏ်ချမှတ်ချက်ကို ဆိုင်းငံ့ထားနိုင်သည်။

(၂) ထိုသို့ပြစ်ဒဏ်ချမှတ်ချက်ကိုဆိုင်းငံ့ထားရန် အမိန့်ချမှတ်ခြင်းခံရသည့် ပြစ်မှုကျူးလွန်သူတဦးအ တွက်ဖြစ်ပါက၊ ပုဒ်မခွဲ (၁) တွင် သီးခြားဖေါ်ပြထားသည့် အာဏာပိုင်သည်၊ သို့တည်းမဟုတ် အရာရှိ သည်၊ မိမိ၏အမိန့်များကိုမရမခြင်း ထိုပြစ်မှုကျူးလွန်သူကို အကျဉ်းထောင်သို့ဖြစ်စေ၊ စစ်ဘက်အချုပ်သို့ ဖြစ်စေ၊ မပို့ရဟု ညွှန်ကြားနိုင်သည်။

(၃) အတည်ပြုပြီးသော၊ လျှော့ချပြီးသော၊ သို့တည်းမဟုတ် လျှော့ပေါ့ပြောင်းလဲပြီးသော၊ ထိုပြစ်ဒဏ် ချမှတ်ချက် မျိုးနှင့်စပ်လျဉ်းသည့်ကိစ္စတွင်၊ ပုဒ်မခွဲ (၁) နှင့် (၂) ဖြင့် အပ်နှင်းထားသည့် အာဏာများကို သုံးစွဲနိုင်သည်။

ပြစ်ဒဏ်ဆိုင်းငံ့ထားခြင်း မပြုလုပ်ရသေးမီ ချမှတ်သည့်အမိန့်များ။

[edit]

၁၈၆။ ။ (၁) ပုဒ်မ ၁၈၅ တွင်ရည်ညွှန်းသည့် ပြစ်ဒဏ်ချမှတ်ချက်ကို တပ်တွင်းစစ်တရားရုံးမှတပါး၊ အခြားစစ်တရားရုံးက ချမှတ်သည့်ကိစ္စတွင်၊ အတည်ပြုအရာရှိသည်၊ ထိုပြစ်ဒဏ်ချမှတ်ချက်ကို အတည် ပြုသောအခါ၊ အဆိုပါပုဒ်မတွင်သီးခြားဖေါ်ပြထားသည့် အာဏာပိုင်၊ သို့တည်းမဟုတ် အရာရှိ၏ အမိန့်များကိုမရမခြင်း ထိုပြစ်မှုကျူးလွန်သူကို အကျဉ်းထောင်သို့ဖြစ်စေ၊ စစ်ဘက်အချုပ်သို့ဖြစ်စေ၊ မပို့ရဟု ညွှန်ကြားနိုင်သည်။

(၂) တပ်တွင်းစစ်တရားရုံးက ထောင်ဒဏ်ချမှတ်သည့်ကိစ္စတွင်၊ စစ်ဆေးစီရင်ခြင်းကိုပြုလုပ်သည့် အရာရှိကသော်၎င်း၊ ပုဒ်မ ၁၆၅ ၏ ပုဒ်မခွဲ (၂) အရ ပြစ်ဒဏ်ချမှတ်ချက်ကို သဘောတူညီရန် အာဏာ အပ်နှင်းခြင်းခံရသောအရာရှိကသော်၎င်း၊ ပုဒ်မခွဲ (၁) တွင် ရည်ညွှန်းသည့် ညွှန်ကြားချက်ကို ထုတ်နိုင် သည်။

ပြစ်ဒဏ်ချမှတ်ချက် ဆိုင်းငံ့ထားသောအခါလွှတ်ခြင်း။

[edit]

၁၈၇။ ။ ပုဒ်မ ၁၈၅ အရ၊ ပြစ်ဒဏ်ချမှတ်ချက်ကို ဆိုင်းငံ့ထားသောအခါ၊ ပြစ်မှုကျူးလွန်သူကို အချုပ်မှ ချက်ခြင်း လွှတ်ရမည်။

ပြစ်ဒဏ်ဆိုင်းငံ့ထားခြင်း၏ ကာလအပိုင်းအခြားတွက်စစ်နည်း။

[edit]

၁၈၈။ ။ ပြစ်ဒဏ်ဆိုင်းငံ့ထားသည့် ကာလအပိုင်းအခြားကို ထိုပြစ်ဒဏ်ချမှတ်ချက်ပါကာလ၏ တစိတ် တဒေသအဖြစ် ရေတွက်ရမည်။

ပြစ်ဒဏ်ဆိုင်းငံ့ထားပြီးသည့်နောက် ထုတ်သည့်အမိန့်။

[edit]

၁၈၉။ ။ ပုဒ်မ ၁၈၅ တွင်သီးခြားဖေါ်ပြထားသော အာဏာပိုင်ကသော်၎င်း၊ အရာရှိကသော်၎င်း၊ ပြစ်ဒဏ်ချမှတ်ချက်၊ ဆိုင်းငံ့ထားစဉ်၊ မည်သည့်အချိန်တွင်မဆို-

(က) ပြစ်မှုကျူးလွန်သူအား၊ ပြစ်ဒဏ်၏ ကျန်ရှိနေသေးသည့်အစိတ်အပိုင်းကို ကျခံရန်ပို့ရမည်ဟု အမိန့် ထုတ်နိုင်သည်၊ သို့တည်းမဟုတ်

(ခ) ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပေးသည်ဟု အမိန့်ထုတ်နိုင်သည်။

ပြစ်ဒဏ်ဆိုင်းငံ့ထားပြီးသည့်နောက် အမှုကိုပြန်လည်စဉ်းစားခြင်း။

၁၉၀။ ။ (၁) ပြစ်ဒဏ်ချမှတ်ချက် ဆိုင်းငံ့ထားရာတွင် ပုဒ်မ ၁၈၅ ပါသီးခြားဖေါ်ပြထားသော အာဏာပိုင် ကဖြစ်စေ၊ အရာရှိကဖြစ်စေ၊ သို့တည်းမဟုတ် ပုဒ်မ ၁၈၅ ပါသီးခြားဖေါ်ပြထားသည့် အာဏာပိုင်ကသော် ၎င်း၊ အရာရှိကသော်၎င်း၊ နည်းလမ်းတကျအာဏာပေးအပ်ထားသည့် ဗိုလ်ချုပ်တဦးဦးကဖြစ်စေ၊ ဗိုလ်မှူးအဆင့်အောက်မနိမ့်သော အခြားအရာရှိတဦးဦးကဖြစ်စေ၊ မည်သည့်အချိန်မဆို အမှုကိုပြန် လည်စဉ်းစားနိုင်သည့်ပြင်၊ လေးလထက်မပိုသည့် ကြားကာလ များတွင် အမှုကိုပြန်လည်စဉ်းစားရမည်။

(၂) အဆိုပါ အာဏာပေးခြင်း ခံရသည့်အရာရှိက၊ ထိုသို့ ပြန်လည် စဉ်းစားရာတွင်၊ ပြစ်မှုထင်ရှား စီရင်ပြီးသည့်အချိန်မှစ၍ ပြစ်မှုကျူးလွန်သူ၏ အပြုအမူသည်၊ ပြစ်ဒဏ်ချမှတ်ချက်ကို လွတ်ငြိမ်းသက် သာခွင့် ပြုထိုက်လောက်အောင် ကောင်းမွန်လာသည်ဟု ယူဆလျှင်၊ ထိုအရာရှိက၊ ပုဒ်မ ၁၈၅ တွင် သီးခြားဖေါ်ပြထားသည့် အာဏာပိုင်၊ သို့တည်းမဟုတ် အရာရှိအား ထိုအကြောင်းကို တင်ပြရမည်။

၁၉၁။ ။ ပြစ်မှုကျူးလွန်သူ တဦးအပေါ်ချမှတ်ခဲ့သည့် ပြစ်ဒဏ်တခုကို၊ ဤအက်ဥပဒေအရ ဆိုင်းငံ့ထား စဉ်၊ အခြားပြစ်မှုတခုခုအတွက်၊ ထိုသူပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်အခါ-

ပြစ်ဒဏ်ဆိုင်းငံ့ထားပြီးသည့်နောက်၊ ချမှတ်သည့်ပြစ်ဒဏ်အသစ်။

[edit]

(က) ထပ်မံချမှတ်သည့်ပြစ်ဒဏ်ကိုပါ၊ ဤအက်ဥပဒေအရဆိုင်းငံ့ထားလျှင်၊ ပြစ်ဒဏ်နှစ်ရပ်လုံးကို တပြိုင်တည်းကျခံစေရမည်။

(ခ) ထပ်မံချမှတ်သည့်ပြစ်ဒဏ်သည်၊ ကာလအပိုင်းအခြားအားဖြင့်သုံးလ၊ သို့တည်းမဟုတ် သုံးလထက် ပိုသည့်ပြင်၊ ဤအက်ဥပဒေအရလည်း ဆိုင်းငံ့၍မထားလျှင်၊ ပြစ်မှုကျူးလွန်သူအား၊ အကျဉ်းထောင် သို့ဖြစ်စေ၊ စစ်ဘက်အချုပ်သို့ဖြစ်စေ၊ ယခင်ကျန်ရှိနေသေးသည့် ပြစ်ဒဏ်အစိတ်အပိုင်းအတွက်ပါပို့ရ မည်။ သို့သော်လည်း ပြစ်ဒဏ်နှစ်ရပ်လုံးကို တပြိုင်တည်းကျခံစေရမည်။ ထို့ပြင်

(ဂ) ထပ်မံချမှတ်သည့်ပြစ်ဒဏ်သည်၊ ကာလအပိုင်းအခြားအားဖြင့် သုံးလအောက်လျော့သည့်ပြင်၊ ဤအက်ဥပဒေအရလည်း ဆိုင်းငံ့၍မထားလျှင်၊ ပြစ်မှုကျူးလွန်သူကို ထိုပြစ်ဒဏ်အတွက်သာလျှင် အကျဉ်းထောင်သို့ဖြစ်စေ၊ စစ်ဘက်အချုပ်သို့ဖြစ်စေပို့ရမည်။ ထို့ပြင် ယခင်ပြစ်ဒဏ်ချမှတ်ချက်ကို၊ ပုဒ်မ ၁၈၉ အရဖြစ်စေ၊ ပုဒ်မ ၁၉၀ အရဖြစ်စေ၊ ချမှတ်နိုင်သည့် အမိန့်တခုခုနှင့်မဆန့်ကျင်စေဘဲ၊ ဆက်လက် ဆိုင်းငံ့ထားရမည်။

ပြစ်ဒဏ်ဆိုင်းငံ့ထားခြင်း၏ အာဏာသက်ရောက်ခြင်း။

[edit]

၁၉၂။ ။ ပုဒ်မ ၁၈၅ နှင့် ၁၈၉ အရ အပ်နှင်းထားသည့်အာဏာများသည်၊ ပြစ်ဒဏ်လျှော့သော၊ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုသော၊ ပြစ်ဒဏ်လျှော့ပေါ့ပြောင်းလဲသောအာဏာများကို ဖြည့်စွက် ခြင်းများသာဖြစ်စေရမည်၊ ယုတ်လျော့စေခြင်းများမဖြစ်စေရ။

အမြဲတန်းထုတ်ပစ်ခြင်း၊ သို့တည်းမဟုတ် ရှုတ်ချ၍အမြဲတန်းထုတ်ပစ်ခြင်းတွင် ပြစ်ဒဏ်ဆိုင်းငံ့ထားခြင်းနှင့်ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းတို့အတည်ဖြစ်ခြင်း။

[edit]

၁၉၃။ ။ (၁) စစ်တရားရုံးက၊ အခြားပြစ်ဒဏ်တခုခုအပြင်၊ အမြဲတန်းထုတ်ပစ်ဒဏ်ကိုပါဖြစ်စေ၊ ရှုတ်ချ၍ အမြဲတန်းထုတ်ပစ်ဒဏ်ကိုပါဖြစ်စေ၊ ချမှတ်ပြီး၊ ပုဒ်မ ၁၈၅ အရ ထိုအခြားပြစ်ဒဏ်ကို ဆိုင်းငံ့ထားပါက၊ ထိုအမြဲတန်းထုတ်ပစ်ဒဏ်သည်၊ သို့တည်းမဟုတ် ရှုတ်ချ၍အမြဲတန်း ထုတ်ပစ်ဒဏ်သည်၊ အဆိုပါပုဒ်မ တွင် သီးခြားဖေါ်ပြထားသည့် အာဏာပိုင်ကသော်၎င်း၊ အရာရှိကသော်၎င်း၊ အတည်ဖြစ်စေဟု အမိန့် မချမခြင်း၊ အတည်မဖြစ်စေရ။

(၂) ပုဒ်မ ၁၈၉ အရ ထိုအခြားပြစ်ဒဏ်ကို လွတ်ငြိမ်းသက်သာခွင့်ပြုလျှင်၊ အမြဲတန်းထုတ်ပစ်ဒဏ်၊ သို့တည်းမဟုတ် ရှုတ်ချ၍အမြဲတန်းထုတ်ပစ်ဒဏ်ကိုပါ လွတ်ငြိမ်းသက်သာခွင့်ပြုရမည်။

အခဏ်း ၁၅။ သင်္ဘောများနှင့်စပ်လျဉ်းသည့် အထူးပြဋ္ဌာန်းချက်များ။

[edit]

ကုန်သည်ရေယာဉ်၏ ရေယာဉ်မှူးသည် ခြံရံစောင့်ကြပ်သည့်အရာရှိ၏ အမိန့်များကိုနာခံရန်။

[edit]

၁၉၄။ ။ တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုနိုင်ငံ အစိုးရသင်္ဘော (Ship of the Union Government in commission) တစင်း၏ ခြံရံစောင့်ကြပ်မှုကိုခံယူသော ကုန်သည်ရေယာဉ်တစင်း ကိုဖြစ်စေ၊ အခြားရေယာဉ်တစင်းကိုဖြစ်စေ၊ ကွပ်ကဲသောရေယာဉ်မှူး၊ သို့တည်းမဟုတ် အခြားအရာရှိ တိုင်းသည်၊ ခြံရံစောင့်ကြပ်ထားသည့်ရေယာဉ်စု၏သွားလာမှု၊ သို့တည်းမဟုတ် လုံခြုံမှုနှင့်စပ်လျဉ်းသည့် ကိစ္စအားလုံးတွင်၊ ခြံရံစောင့်ကြပ်သော တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုနိုင်ငံ အစိုးရသင်္ဘော ကို ကွပ်ကဲသောအရာရှိ၏ အမိန့်များကိုနာခံရမည့်ပြင်၊ ထိုကွပ်ကဲသည့်အရာရှိက ညွှန်ကြားသည့်အ တိုင်း၊ ရန်သူကိုရှောင်ရှားရေးအတွက် ကြိုတင်စီမံမှုများကိုပြုလုပ်ရမည်။ ထို့ပြင်အဆိုပါ ညွှန်ကြားချက် များကို၊ ထိုသူလိုက်နာရန်ပျက်ကွက်လျှင်၊ ထိုကွပ်ကဲသည့်အရာရှိသည်၊ လက်နက်ဖြင့်အတင်းအကြပ် လိုက်နာစေနိုင်သည်။ အဆိုပါအရာရှိက ထိုသို့လက်နက်အသုံးပြုရခြင်းမှ ပေါ်ပေါက်နိုင်သည့် အသက် ဆုံးရှုံးခြင်း၊ သို့တည်းမဟုတ် ပစ္စည်းဆုံးရှုံးခြင်းတခုခုအတွက်၊ ထိုအရာရှိအပေါ် တာဝန်မရှိစေရ။

ခရီးသည်များအဖြစ် လိုက်ပါသည့်အခြားသူများ။

[edit]

၁၉၅။ ။ တာဝန်ထမ်းဆောင်နေသည့်ပြည်ထောင်စုနိုင်ငံအစိုးရ၏ မည်သည့်သင်္ဘောပေါ်တွင်မဆို၊ အမိန့် အရလက်ခံထားသော၊ သို့တည်းမဟုတ် ခရီးသည်များဖြစ်ကြသော အခြားသူအားလုံးသည်၊ နိုင်ငံတော် သမတက၊ စည်းမျဉ်းဥပဒေများအရ၊ အခါအားလျော်စွာ၊ ညွှန်ကြားသည့်အတိုင်း၊ ဤအက်ဥပဒေကို လိုက်နာရသူများဖြစ်သည်ဟု မှတ်ယူရမည်။

စစ်ဖြစ်သောအခါ၊ ရေတပ်တွင်၊ အသုံးပြုသည့် သင်္ဘောများတွင် စည်းကမ်းနှင့်စပ်လျဉ်းသော ပြဋ္ဌာန်းချက်များ။

[edit]

၁၉၆။ ။ ပြည်ထောင်စုနိုင်ငံအစိုးရပိုင်သည်ဖြစ်စေ၊ မပိုင်သည်ဖြစ်စေ၊ ရေတပ်သားစင်းလုံးပြည့် မပါရှိ သော်လည်း၊ လက်နက်တပ်ဆင်ထားသော၊ သို့တည်းမဟုတ် ရေတပ်တွင် အမှုထမ်းသည့်အရာရှိက ကွပ်ကဲသော၊ စစ်ဖြစ်သောအခါ ရေတပ်တွင်အသုံးပြုသည့် ရေယာဉ်များနှင့်စပ်လျဉ်း၍၊ နိုင်ငံတော် သမတက ညွှန်ကြားသင့်သည်ဟု ထင်မြင်ယူဆသည့်အတိုင်းညွှန်ကြားလျှင်၊ အောက်ပါပြဋ္ဌာန်းချက်များ သည် အတည်ဖြစ်စေရမည့်ပြင်၊ အဆိုပါညွှန်ကြားချက်ကို ထုတ်သောအခါ၊ ထိုညွှန်ကြားချက်ကို၊ ထိုသင်္ဘော၏ စည်းမျဉ်းများတွင် သီးခြားဖေါ်ပြထားရမည်။

(က) အဆိုပါရေယာဉ်တစင်း၏ သင်္ဘောသားစာရင်းတွင်ပါရှိသူတိုင်းသည်၊ ဤအက်ဥပဒေကို လိုက်နာ ရမည်။

(ခ) ထိုသူတဦးဦးက ကျူးလွန်သည့်ပြစ်မှုကို၊ ဤအက်ဥပဒေကိုလိုက်နာရသူ တဦးဦးက အလားတူ ပြစ်မှုကို ကျူးလွန်လျှင်၊ စစ်ဆေးစီရင်၍ ပြစ်ဒဏ်ချမှတ်သည့်နည်းတူ၊ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်ဒဏ်ချမှတ် ရမည်။

(ဂ) စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ရမည်ဖြစ်သော အဆိုပါပြစ်မှုကျူးလွန်သူတိုင်းကို၊ စစ်တရားရုံးဖြင့် မစစ်ဆေးနိုင်သေးမီ၊ လိုအပ်သောချုတ်ချယ်မှုများဖြင့် ထားရှိရမည်။

(ဃ) တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုနိုင်ငံအစိုးရ၏ မည်သည့်သင်္ဘောကိုမဆို၊ ကွပ်ကဲသည့် အရာရှိသည်၊ ထိုသင်္ဘောပေါ်ရှိအရာရှိများ၊ သင်္ဘောသားများနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ထိုသင်္ဘောပေါ်ရှိ အခြားသူများနှင့်စပ်လျဉ်း၍ဖြစ်စေ၊ အခိုက်အတန့်အားဖြင့် အာဏာများရရှိသကဲ့သို့၊ ထိုရေယာဉ်တိုင်းကို ကွပ်ကဲသည့် အရာရှိသည်လည်း၊ ထိုရေယာဉ်၏ သင်္ဘောသားစာရင်းတွင်ပါရှိသည့်၊ သို့တည်းမဟုတ် ထိုရေယာဉ်ပေါ်တွင်၊ အခိုက်အတန့်အားဖြင့်၊ ရှိကြသည့် အခြားသူများအားလုံးနှင့်စပ်လျဉ်း၍ ထပ်တူ အာဏာများရရှိရမည်။

သို့ရာတွင် ထိုရေယာဉ်များကို ကွပ်ကဲသည့်အရာရှိမရှိသည့်အခါ၊ အခိုက်အတန့်အားဖြင့် အဆိုပါ သူအား အချုပ်နှင့်ထားနိုင်ရာဖြစ်သည့် သင်္ဘောကိုဖြစ်စေ၊ ရေယာဉ်ကိုဖြစ်စေ၊ စခန်းကိုဖြစ်စေ၊ ကွပ်ကဲသည့် အရာရှိ သည်၊ အထက်တွင်ဆိုခဲ့သည့်အာဏာကို ရရှိရမည်။

(င) ကာကွယ်ရေးဦးစီးချုပ်နှင့် ရေတပ်တိုင်းမှူးသည်၊ ပြည်ထောင်စုနိုင်ငံအစိုးရအသုံးပြုနေသော သင်္ဘောတစင်း၏ အရာရှိများနှင့် သင်္ဘောသားများအပေါ် အခိုက်အတန့်အားဖြင့် အာဏာများရှိသကဲ့သို့၊ ထိုရေယာဉ်တိုင်း၏ အရာရှိများနှင့် ရေတပ်သားများအပေါ်တွင် ထပ်တူအာဏာများရရှိရမည်။

သင်္ဘောများပျက်ခြင်း၊ ဆုံးရှုံးခြင်း၊ ဖျက်ဆီးခံရခြင်း၊ သို့တည်းမဟုတ် ဘမ်းဆီးခံရခြင်းနှင့် စပ်လျဉ်းသည့်ပြဋ္ဌာန်းချက်များ။

[edit]

၁၉၇။ ။ (၁) တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုနိုင်ငံအစိုးရ၏ မည်သည့်သင်္ဘောမဆို ပျက်သည့် အခါ၊ ဆုံးရှုံးသည့်အခါ၊ ဖျက်ဆီးခြင်းခံရသည့်အခါ၊ သို့တည်းမဟုတ် ရန်သူ၏ဘမ်းဆီးခြင်းကို ခံရ သည့်အခါ၊ ပြည်ထောင်စုနိုင်ငံအစိုးရ၏ အခြားစစ်သင်္ဘောအချို့သို့၊ ထိုသင်္ဘောသားများကို နည်းလမ်း တကျရွှေ့ပြောင်းမပေးရသေးမီ၊ သို့တည်းမဟုတ် ထိုကိစ္စများတွင် ရေတပ်ဓလေ့ထုံးစံနှင့်အညီ အဆိုပါ သင်္ဘောပျက်ခြင်း၊ ဆုံးရှုံးခြင်း၊ ဖျက်ဆီးခံရခြင်း၊ သို့တည်းမဟုတ် ဘမ်းဆီးခံရခြင်း၏ အကြောင်းရင်း ကို စုံစမ်းစစ်ဆေးရန်ခုံရုံး၊ ရုံးမထိုင်နိုင်သေးမီ၊ ဤအက်ဥပဒေ၏ကိစ္စများအလို့ငှါ၊ အဆိုပါသင်္ဘောများ ကို ပြည်ထောင်စုနိုင်ငံအစိုးရက အသုံးပြုနေသေးသည်ဟု မှတ်ယူရမည်။

(၂) အဆိုပါသင်္ဘောပျက်ခြင်း၊ ဆုံးရှုံးခြင်း၊ ဖျက်ဆီးခံရခြင်း၊ သို့တည်းမဟုတ် ဘမ်းဆီးခံရခြင်းအတွက် သော်၎င်း၊ အဆိုပါသင်္ဘောပျက်ခြင်း၊ ဆုံးရှုံးခြင်း၊ ဖျက်ဆီးခံရခြင်း၊ သို့တည်းမဟုတ် ဘမ်းဆီးခံရခြင်း နှင့် စပ်လျဉ်း၍သော်၎င်း၊ အဆိုပါသင်္ဘောပျက်ခြင်း၊ ဆုံးရှုံးခြင်း၊ ဖျက်ဆီးခံရခြင်း၊ သို့တည်းမဟုတ် ဘမ်းဆီးခြင်းခံရခြင်းကြောင့်သော်၎င်း၊ ထိုရေတပ်မတော်၏အရာရှိတဦးဦးကိုဖြစ်စေ၊ သင်္ဘောသားတဦး ဦးကိုဖြစ်စေ၊ အခြားသူတဦးဦးကိုဖြစ်စေ၊ သီးခြားစွပ်စွဲခြင်းမပြုသည့်အခါ၊ အဆိုပါသင်္ဘော၏ အရာရှိ များနှင့် သင်္ဘောသားအားလုံးကို၊ သို့တည်းမဟုတ် မသေဘဲကျန်ရှိနေသည့် အရာရှိများနှင့်သင်္ဘောသား အားလုံးကို စစ်တရားရုံးတရုံးတည်းဖြင့်အတူတကွ စစ်ဆေးစီရင်နိုင်သည့်ပြင်၊ ထိုသူ အားလုံးကိုသော် ၎င်း၊ ထိုသူတို့အနက်တဦးဦးကိုသော်၎င်း၊ စုံစမ်းစစ်ဆေးဆဲအကြောင်းအရာများအနက် အကြောင်းအရာ တခုခုနှင့်စပ်လျဉ်း၍လည်း၊ ထိုစစ်တရားရုံးတွင် ကျမ်းသစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ်စေ၊ ပြုပြီးသက်သေ ခံစေနိုင်သည်။ သို့သော်လည်း အရာရှိ၊ သင်္ဘောသား၊ သို့တည်းမဟုတ် အခြားသူမှာ မိမိအပေါ် ပြစ်မှု ထင်ရှားစေသည့် သဘောသက်ရောက်နိုင်သော သက်သေခံချက်ပေးရန် တာဝန်မရှိစေရ။

(၃) နိုင်ငံတော်သမတက၊ သို့တည်းမဟုတ် စစ်တရားရုံးများဖွဲ့စည်းရန် အာဏာအပ်ထားခြင်းခံရသည့် အရာရှိတဦးဦးက လိုအပ်သည်ဟုမှတ်ယူသည့်အခါ၊ အဆိုပါသင်္ဘောပျက်ခြင်း၊ ဆုံးရှုံးခြင်း၊ ဖျက်ဆီး ခံရခြင်း၊ သို့တည်းမဟုတ် ဘမ်းဆီးခံရခြင်းအတွက်ဖြစ်စေ၊ အဆိုပါသင်္ဘောပျက်ခြင်း၊ ဆုံးရှုံးခြင်း၊ ဖျက်ဆီးခံရခြင်း၊ သို့တည်းမဟုတ် ဘမ်းဆီးခံရခြင်းနှင့် စပ်လျဉ်း၍ဖြစ်စေ၊ အဆိုပါသင်္ဘောပျက်ခြင်း၊ ဆုံးရှုံးခြင်း၊ ဖျက်ဆီးခံရခြင်း၊ သို့တည်းမဟုတ် ဘမ်းဆီးခံရခြင်းကြောင့်ဖြစ်စေ၊ အဆိုပါအရာရှိများနှင့် သင်္ဘောသားများအနက်တယောက်၊ သို့တည်းမဟုတ် တယောက်ထက်ပိုသောသူများကို စစ်ဆေးစီရင် ခြင်းအတွက် သီးခြားစစ်တရားရုံးများ ရုံးထိုင်စေရမည်။

(၄) အဆိုပါ သင်္ဘောပျက်စီးပြီးနောက်၊ ဆုံးရှုံးပြီးနောက်၊ ဖျက်ဆီးခံရပြီးနောက်၊ သို့တည်းမဟုတ် ဘမ်းဆီးခံရပြီးနောက်၊ အရာရှိတဦးဦးကဖြစ်စေ၊ ရေတပ်သားတဦးဦးကဖြစ်စေ၊ ကျူးလွန်သည့်ပြစ်မှု တခုခုအတွက် ထိုပြစ်မှုကျူးလွန်သူကို စစ်ဆေးစီရင်ရန် သီးခြားစစ်တရားရုံးတရုံး ရုံးထိုင်စေရမည်။

(၅) တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုနိုင်ငံအစိုးရသင်္ဘောများအနက်၊ သင်္ဘောနှစ်စင်းကိုဖြစ် စေ၊ နှစ်စင်းထက်ပိုသော သင်္ဘောများကိုဖြစ်စေ၊ ကွပ်ကဲရန်အမိန့်ရရှိသည့် အရာရှိတဦးဦး၏ သင်္ဘော ပျက်လျှင်၊ ဆုံးရှုံးလျှင်၊ သို့တည်းမဟုတ် အခြားနည်းဖြင့်ဖျက်ဆီးခံရလျှင်၊ ထိုအရာရှိသည်၊ မိမိ၏ သင်္ဘောပျက်ချိန်၌ဖြစ်စေ၊ ဆုံးရှုံးချိန်၌ဖြစ်စေ၊ ဖျက်ဆီးခံရချိန်၌ဖြစ်စေ၊ မိမိ၏ကွပ်ကဲမှုအောက်တွင်ရှိ သော အခြားသင်္ဘောတစင်းကိုသော်၎င်း၊ အများကိုသော်၎င်း၊ ဆက်လက်ကွပ်ကဲလျက်ရှိရမည့်ပြင်၊ ယင်း သို့ပျက်သည့်၊ ဆုံးရှုံးသည့်၊ သို့တည်းမဟုတ် ဖျက်ဆီးခံရသည့်သင်္ဘောများမှ မသေဘဲကျန်ရှိနေကြသော အရာရှိများနှင့် သင်္ဘောသားများအား၊ မိမိ၏ကွပ်ကဲမှုအောက်ရှိ အခြားသင်္ဘောတစင်းတွင် လိုက်ပါ ကြရမည်ဟု အမိန့်ပေးနိုင်သည်။ သို့တည်းမဟုတ် မိမိ၏ကွပ်ကဲမှုအောက်တွင် သင်္ဘောတစင်းထက်ပိုနေ လျှင်၊ ထိုသင်္ဘောများသို့ ထိုသူများကိုခွဲဝေပို့နိုင်သည်။ ထို့ပြင်၊ ထိုအရာရှိသည်၊ မိမိထက် အဆင့်မြင့်သည့် အခြားအရာရှိတဦးဦးနှင့်မတွေ့မခြင်း မိမိ၏သင်္ဘောမှာ မပျက်စီး၊ မဆုံးရှုံး၊ သို့တည်းမဟုတ် ဖျက်ဆီး မခံရဘိသကဲ့သို့ကိစ္စ အရပ်ရပ်နှင့်စပ်လျဉ်း၍ ထပ်တူအာဏာနှင့်အခွင့်အာဏာကိုရရှိရမည်။

အခဏ်း ၁၆။ သေဆုံးသူများ၊ စစ်ပြေးများနှင့် ရူးသွပ်သူများ၏ပစ္စည်း။

[edit]

သေဆုံးသော၊ သို့တည်းမဟုတ် တပ်မှထွက်ပြေးသော အရာရှိမဟုတ်သူများ၏ပစ္စည်း။

[edit]

၁၉၈။ ။ (၁) ဤအက်ဥပဒေကိုလိုက်နာရသော အရာရှိမဟုတ်သူ တဦးဦးသေဆုံးသောအခါ၊ သို့တည်း မဟုတ် တပ်မှထွက်ပြေးသောအခါ၊ သေဆုံးသူ၊ သို့တည်းမဟုတ် စစ်ပြေးပါဝင်သည့် တပ်အဖွဲ့၊ ဌာန၊ ခွဲထုတ်တပ်၊ သင်္ဘော၊ သို့တည်းမဟုတ် တပ်၏တပ်မှူးသည်၊ ဤကိစ္စအလို့ငှါပြုထားသည့် နည်းဥပဒေ များနှင့်မဆန့်ကျင်စေဘဲ၊ ဆောလျင်နိုင်သမျှဆောလျင်စွာ-

(က) သေဆုံးသူ၊ သို့တည်းမဟုတ် စစ်ပြေးပိုင်ဆိုင်သည့်၊ စခန်း၌ဖြစ်စေ၊ နေထိုင်ရာနေရာ၌ဖြစ်စေ၊ ရှိသော ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းအားလုံးကို ရယူထားရမည့်ပြင်၊ ထိုပစ္စည်းများ၏စာရင်းတခုကိုလည်း ပြုလုပ်စေရမည်။
(ခ) ထိုသူရထိုက်သော လစာနှင့် စရိတ်ကိုထုတ်ယူရမည်။
(ဂ) ထိုသူ၏၊ စခန်း၌ဖြစ်စေ၊ နေထိုင်ရာနေရာ၌ဖြစ်စေ၊ တပ်ကြွေးမြီများနှင့် အခြားကြွေးမြီများရှိခဲ့ လျှင်၊ ထိုကြွေးမြီများကိုပေးဆပ်ရန်အတွက် ထိုက်သင့်သောငွေထားရှိရမည်။

(၂) သေဆုံးသူတဦးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်လျှင်၊ တပ်မှူးသည်-

(က) ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေများတွင် အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိလျှင်၊ စခန်း၌ ဖြစ်စေ၊ နေထိုင်ရာနေရာဖြစ်စေ၊ ရှိသည့်တပ်ကြွေးမြီများနှင့် အခြားကြွေးမြီများကို ပေးဆပ်ရန်သာမက၊ သေဆုံးသူ၏ မသာစရိတ်စကများအပြင်၊ သေဆုံးသူ၏ ပစ္စည်းဥစ္စာနှင့်စပ်လျဉ်း၍ တပ်မှူးက ကုန်ကျရ သည့် စရိတ်စကများရှိခဲ့လျှင်၊ ထိုစရိတ်စကများကိုပါ ပေးရန်လိုအပ်သည်ဟု မိမိထင်မြင်ယူဆပါက၊ ဘဏ်တွင် (စာတိုက်၊ ငွေစုဘဏ်တခုခု၊ သို့တည်းမဟုတ် သမဝါယမဘဏ်တခုခု၊ သို့တည်းမဟုတ် အဖွဲ့တခုခု၊ သို့တည်းမဟုတ် မည်သည့်အမည်ဖြင့်မဆို ခေါ်ထားစေကာမူ၊ အပ်ငွေများလက်ခံသည့် အခြား အဖွဲ့အစည်းတခုခုပါဝင်သည်)၊ သေဆုံးသူ ထားခဲ့သည့်ငွေအားလုံးကိုတောင်းယူရမည်။ ထို့ပြင်
(ခ) အခြားကိစ္စတခုခုအတွက်လည်း ထိုငွေများအားလုံးကိုတောင်းယူနိုင်သည်။

ထို့ပြင် အထက်တွင်ဆိုခဲ့သည့် ကိစ္စများအတွက်၊ ထိုဘဏ်၊ အဖွဲ့၊ သို့တည်းမဟုတ် အခြားအဖွဲ့အစည်း၏ နည်းဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူ၊ ထိုငွေများကိုတပ်မှူးအားချက်ခြင်းပေးရန် ထိုဘဏ်၊ အဖွဲ့၊ သို့တည်းမဟုတ် အခြားအဖွဲ့အစည်း၏ကိုယ်စားလှယ်၊ မန်နေဂျာ၊ သို့တည်းမဟုတ် အခြားဆိုင်ရာ အရာရှိအားတောင်းဆိုနိုင်သည်။ ထိုသို့တောင်းဆိုသည့်အခါ၊ ထိုကိုယ်စားလှယ်၊ မန်နေဂျာ၊ သို့တည်းမဟုတ် အခြားဆိုင်ရာ အရာရှိသည်၊ ထိုသို့တောင်းဆိုသည့်အတိုင်း လိုက်နာဆောင်ရွက်ရမည်။

(၃) ပုဒ်မခွဲ(၂) အရ တောင်းဆိုသည့်အတိုင်း လိုက်နာဆောင်ရွက်၍၊ ထိုဘဏ်၊ အဖွဲ့၊ သို့တည်းမဟုတ် အခြားအဖွဲ့အစည်းကငွေကို ထုတ်ပေးပြီးသောအခါ၊ ထိုဘဏ်၊ အဖွဲ့၊ သို့တည်းမဟုတ် အခြားအဖွဲ့အစည်း အား ထိုငွေနှင့်စပ်လျဉ်း၍ မည်သူ့မှာမျှ တောင်းဆိုပိုင်ခွင့်မရှိစေရ။

(၄) သေဆုံးသူမှာ၊ စခန်း၌ဖြစ်စေ၊ နေထိုင်ရာနေရာ၌ဖြစ်စေ၊ တပ်ကြွေးမြီများနှင့် အခြားကြွေးမြီများ ရှိခဲ့လျှင်၊ ထိုကြွေးမြီများကိုပေးဆပ်ရန်၊ ထို့ပြင် သေဆုံးသူ၏မသာစရိတ်စကများပေးရန် အခြားနည်း စီမံရာထားခြင်းမရှိလျှင်၊ ထိုစရိတ်စကများကိုပေးရန်၊ ထို့ပြင် သေဆုံးသူ၏ပစ္စည်းဥစ္စာနှင့်စပ်လျဉ်း၍ တပ်မှူးက ကုန်ကျရသည့်စရိတ်စကများရှိခဲ့လျှင်၊ ထိုစရိတ်စကများကိုပေးရန်၊ သေဆုံးသူ ၏ကိုယ်စား ဆောင်ရွက်သူက တပ်မှူးကြေနပ်လောက်အောင်ခံဝန်ပေးသောအခါ၊ တပ်မှူးသည်၊ ပုဒ်မခွဲ(၁) နှင့် (၂) အရ လက်ခံရရှိသောပစ္စည်းကို၊ ထိုကိုယ်စားဆောင်ရွက်သူအား လက်ရောက်ပေးအပ်ရမည်။ ထိုသို့ လက်ရောက်ပေးအပ်လိုက်သောအခါ၊ သေဆုံးသူ၏ပစ္စည်းဥစ္စာကို စီမံခန့်ခွဲရေးအတွက် တပ်မှူး၏ တာဝန်သည် ရပ်စဲရမည်။

(၅) ပုဒ်မခွဲ(၄) အရ၊ သို့တည်းမဟုတ် ပုဒ်မ ၂၀၅ အရ၊ ပစ္စည်းဥစ္စာကို စီမံခန့်ခွဲခြင်းမခံရသည့် သေဆုံးသူ တဦး၏ ကိစ္စတွင်၎င်း၊ စစ်ပြေးတဦး၏ကိစ္စတွင်၎င်း၊ တပ်မှူးသည်-

(က) သေဆုံးသူ၏၊ သို့တည်းမဟုတ် စစ်ပြေး၏စခန်း၌ဖြစ်စေ၊ နေထိုင်ရာနေရာ၌ဖြစ်စေ၊ ရှိသည့်တပ် ကြွေးမြီများနှင့် အခြားကြွေးမြီများ၊ သေဆုံးသူ၏မသာစရိတ်စကများရှိခဲ့လျှင်၊ ထိုမသာစရိတ်စကများ၊ ထို့ပြင် သေဆုံးသူ သို့တည်းမဟုတ် စစ်ပြေး၏ပစ္စည်းဥစ္စာနှင့်စပ်လျဉ်း၍ တပ်မှူးကကုန်ကျရသည့် စရိတ်စကများရှိခဲ့လျှင်၊ ထိုစရိတ်စကများ မပျက်မကွက်ပေးဆပ်နိုင်စေခြင်းငှာ၊ သေဆုံးသူ၊ သို့တည်း မဟုတ်စစ်ပြေး၊ သက်ဆိုင်ရာရာ၏ ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းကို ရောင်းရန်သော်၎င်း၊ ငွေအဖြစ်သို့ ပြောင်းလဲရန်၎င်း၊ လိုအပ်သည်ဟုမိမိထင်မြင်ယူဆလျှင်၊ ထိုရွှေ့ပြောင်းနိုင်သည့်ပစ္စည်းကို ရောင်းစေရ မည်၊ သို့တည်းမဟုတ် ငွေအဖြစ်သို့ပြောင်းလဲစေရမည်။ ထို့ပြင်
(ခ) အခြားကိစ္စတခုခုအတွက်လည်း၊ ထိုရွှေ့ပြောင်းနိုင်သည့်ပစ္စည်းကို ရောင်းစေနိုင်သည်၊ သို့တည်း မဟုတ် ငွေအဖြစ်သို့ ပြောင်းလဲစေနိုင်သည်။

(၆) ပုဒ်မခွဲ (၁)၊ (၂) နှင့် (၅) အရ လက်ခံရရှိသည့်၊ တောင်းယူရရှိသည့်၊ သို့တည်းမဟုတ် ထုခွဲ၍ ရယူသည့် ငွေများထဲမှ၊ သေဆုံးသူ၊ သို့တည်းမဟုတ် စစ်ပြေး၊ သက်ဆိုင်ရာရာ၏၊ စခန်း၌ဖြစ်စေ၊ နေထိုင် ရာနေရာ၌ဖြစ်စေ၊ တပ်ကြွေးမြီများနှင့် အခြားကြွေးမြီများရှိခဲ့လျှင်၊ ထိုကြွေးမြီများကို သေဆုံး သူ၊ သို့တည်းမဟုတ် စစ်ပြေး၏ ပစ္စည်းဥစ္စာနှင့်စပ်လျဉ်း၍ တပ်မှူးကကုန်ကျရသည့် စရိတ်စကများရှိခဲ့ လျှင်၊ ထိုစရိတ်စကများကို၊ ထို့ပြင်၊ သေဆုံးသူတဦး၏ကိစ္စတွင်၊ သူ၏မသာစရိတ်စကများပေးရန်၊ အခြားနည်း စီမံရာထားခြင်းမရှိလျှင်၊ အဆိုပါမသာစရိတ်စကများကို တပ်မှူးကပေးရမည်။

(၇) ပုဒ်မခွဲ (၆) တွင် သီးခြားဖေါ်ပြထားသည့် ကြွေးမြီများနှင့် စရိတ်စကများကို ပေးပြီးသည့်နောက် ငွေပိုရှိခဲ့လျှင်၊ ထိုပိုငွေကို-

(က) သေဆုံးသူတဦး၏ကိစ္စတွင်၊ သေဆုံးသူ၏ ကိုယ်စားဆောင်ရွက်သူရှိခဲ့လျှင်၊ ထိုကိုယ်စား ဆောင်ရွက်သူအား၊ သို့တည်းမဟုတ် သေဆုံးပြီးနောက် တဆယ့်နှစ်လအတွင်း ထိုပိုငွေရထိုက်ကြောင်း ခိုင်လုံသော အထောက်အထားပြ၍ မတောင်းဆိုလျှင်၊ သတ်မှတ်ထားသူအားပေးရမည်၊ ထို့ပြင်
(ခ) စစ်ပြေးတဦး၏ကိစ္စတွင်၊ သတ်မှတ်ထားသူအား ချက်ခြင်းပေးရမည်။ ထို့ပြင်ထိုသူတပ်မှထွက် ပြေးသည့်နေ့ရက်မှအစပြု၍၊ သုံးနှစ်မကုန်ဆုံးမီ၊ ထိုစစ်ပြေးလာ၍ ဘမ်းဆီးခြင်းမခံလျှင်၊ သို့တည်း မဟုတ် ထိုစစ်ပြေးအား ဘမ်းဆီးရမိခြင်းမရှိလျှင်၊ ထိုသုံးနှစ်ကုန်ဆုံးသောအခါ၊ ထိုပိုငွေကို အစိုးရဘဏ္ဍာ တော်အဖြစ်သိမ်းယူရမည်။

သို့ရာတွင် ထိုသုံးနှစ်မကုန်ဆုံးမီ၊ ထိုစစ်ပြေးလာ၍ဘမ်းဆီးခြင်းမခံလျှင်၊ သို့တည်းမဟုတ် ထိုစစ်ပြေး အား ဘမ်းဆီးရမိခြင်းမရှိလျှင်၊ သတ်မှတ်ထားသူသည်၊ အပိုဒ် (ခ) အရ မိမိလက်ခံရရှိသော ပိုငွေအား လုံးကိုဖြစ်စေ၊ တစိတ်တဒေသကိုဖြစ်စေ၊ ထိုစစ်ပြေး၏မယားအားသော်၎င်း၊ သားသမီးများအားသော် ၎င်း၊ အခြားမှီခိုသူ တဦးဦးအားသော်၎င်း၊ ထိုသုံးနှစ်ကာလ အပိုင်းအခြားအတွင်း၊ မည်သည့်အချိန် အခါ၌မဆို ပေးနိုင်သည်။

သေဆုံးသော၊ သို့တည်းမဟုတ် တပ်မှထွက်ပြေးသော အရာရှိများ၏ပစ္စည်း။

[edit]

၁၉၉။ ။ ပုဒ်မ ၁၉၈ ပါပြဋ္ဌာန်းချက်များသည်၊ အောက်ပါပြောင်းလဲပြင်ဆင်ခြင်းများနှင့် မဆန့်ကျင်စေဘဲ သေဆုံးသော၊ သို့တည်းမဟုတ် တပ်မှထွက်ပြေးသော အရာရှိတဦးဦး၏ပစ္စည်းကို စီမံခန့်ခွဲရေးနှင့်လည်း သက်ဆိုင်စေရမည်။

(က) ပုဒ်မ ၁၉၈ အရ၊ တပ်မှူးကဆောင်ရွက်ရမည့် အလုပ်ဝတ်တရားများကို၊ ဤကိစ္စအလို့ငှါ သတ်မှတ် ထား သည့်နည်းလမ်းအတိုင်း ဖွဲ့စည်းသည့်စီမံခန့်ခွဲရေးကော်မီတီက ဆောင်ရွက်ရမည်။

(ခ) သေဆုံးသော အရာရှိတဦး၏ကိစ္စတွင်၊ ပုဒ်မ ၁၉၈ ၏ ပုဒ်မခွဲ(၆)၌ သီးခြားဖေါ်ပြထားသော ကြွေး မြီများနှင့်စရိတ်စကများကို ပေးပြီးသည့်နောက်ငွေပိုရှိခဲ့လျှင်၊ ထိုပိုငွေကို သတ်မှတ်ထားသူအားပေးရ မည်။

စစ်စခန်း၌ဖြစ်စေ၊ နေထိုင်ရာနေရာ၌ဖြစ်စေ၊ ရှိသည့်တပ်ကြွေးမြီများ၊ အခြားကြွေးမြီများနှင့် စပ်လျဉ်းသည့် ပြဿနာများ ဆုံးဖြတ်ခြင်း။

[edit]

၂၀၀။ ။ သေဆုံးသောအရာရှိတဦး၏၊ သို့တည်းမဟုတ် စစ်ပြေးတဦး၏၊ စခန်း၌ဖြစ်စေ၊ နေထိုင်ရာ နေရာ ၌ဖြစ်စေ၊ ရှိသည့်တပ်ကြွေးမြီများနှင့် အခြားကြွေးမြီများသည်၊ မည်သည်တို့ဖြစ်ကြသည်ဆိုသည့် အချက်နှင့်စပ်လျဉ်း၍၊ သို့တည်းမဟုတ် ထိုပေးဆပ်ရမည့် ကြွေးမြီမည်ရွေ့မည်မျှရှိသည်ဆိုသည့် အချက် နှင့် စပ်လျဉ်း၍ သံသယသော်၎င်း၊ ကွဲလွဲမှုသော်၎င်းရှိလျှင်၊ သတ်မှတ်ထားသောသူ၏ ဆုံးဖြတ်ချက် သည်၊ အပြီးအပြတ်ဖြစ်စေရမည့်ပြင်၊ ကိစ္စအရပ်ရပ်အတွက် အားလုံးသောသူများအပေါ် အတည်ဖြစ်စေ ရမည်။

တပ်မှူး၊ သို့တည်းမဟုတ် ကော်မီတီက ကိုယ်စားဆောင်ရွက်နိုင်သည့်အာဏာများ။

[edit]

၂၀၁။ ။ တပ်မှူး၊ သို့တည်းမဟုတ် စီမံခန့်ခွဲရေးကော်မီတီ၊ သက်ဆိုင်ရာရာက၊ ပုဒ်မ ၁၉၈ အရဖြစ်စေ၊ ပုဒ်မ ၁၉၉ အရဖြစ်စေ၊ မိမိ၏တာဝန်ဝတ်တရားများကို ဆောင်ရွက်ရာတွင်၊ အခြားအာဏာပိုင် အားလုံး နှင့်အခြားသူအားလုံးက မည်သို့မျှစွက်ဖက်ခွင့်မရှိစေဘဲ၊ သေဆုံးသူနှင့်သက်ဆိုင်သည့် ကိုယ်စားဆောင် ရွက်နိုင်ခွင့် လက်မှတ်ကိုတပ်မှူး၊ သို့တည်းမဟုတ် စီမံခန့်ခွဲရေးကော်မီတီက ရယူထားဘိသကဲ့သို့ ထပ်တူအခွင့်အရေးနှင့် အာဏာများကို ရရှိရမည့်ပြင်၊ ထိုတပ်မှူး၊ သို့တည်းမဟုတ် ထိုကော်မီတီ၊ သက်ဆိုင်ရာရာက ပေးသောပြေစာသည်လည်း၊ ထိုအခွင့်အရေးနှင့် အာဏာများအရ ပေးသောပြေစာ ကဲ့သို့ အကျိုးသက်ရောက်စေရမည်။

သေဆုံးသူ၏ပစ္စည်းဥစ္စာကို အမွေထိန်းမင်းကြီးထံလွှဲအပ်ရန် နိုင်ငံတော်သမတ၏အာဏာ။

[edit]

၂၀၂။ ။ (၁) အမွေထိန်းမင်းကြီးအက်ဥပဒေ (The Administrator-General’s Act) တွင် မည်သို့ပင် ပါရှိစေကာမူ၊ အမွေထိန်းမင်းကြီးသည်၊ ဤအက်ဥပဒေပါပြဋ္ဌာန်းချက်များက၊ သို့တည်းမဟုတ် ထိုပြဋ္ဌာန်း ချက်များအရ၊ မိမိအား အတိအလင်းဆောင်ရွက်စေသည့်အတိုင်း၊ သို့တည်းမဟုတ် ဆောင်ရွက်ခွင့်ပြုသည့် အတိုင်း ဆောင်ရွက်ရန်ရှိသည်မှတပါး၊ ပုဒ်မ ၁၉၈၊ သို့တည်းမဟုတ် ပုဒ်မ ၁၉၉ ပါ ပြဋ္ဌာန်းချက်များအရ စီမံခန့်ခွဲထားသော သေဆုံးသူတဦး၏ ပစ္စည်းတခုခုနှင့်စပ်လျဉ်း၍၊ တနည်း နည်းဖြင့် ကြားဝင်ဆောင် ရွက်ခြင်းမပြုရ။

(၂) နိုင်ငံတော်သမတသည်၊ မည်သည့်အခါမဆို၊ အခြေအနေအရ သင့်တော်မည်ထင်လျှင် တပ်မှူး၊ သို့တည်းမဟုတ် စီမံခန့်ခွဲရေးကော်မီတီအား၊ သေဆုံးသူတဦး၏ပစ္စည်းဥစ္စာကို စီမံခန့်ခွဲရေးအတွက် အမွေထိန်းမင်းကြီးထံ လွှဲအပ်ရမည်ဟု ညွှန်ကြားနိုင်သည်။ ထို့ပြင် ထိုသို့ ညွှန်ကြားသည့်အခါ၊ ထိုတပ်မှူး၊ သို့တည်းမဟုတ် ထိုကော်မီတီသည်၊ အဆိုပါပစ္စည်းဥစ္စာကို အမွေထိန်းမင်းကြီးထံ လွှဲအပ်ရမည်။

(၃) ဤပုဒ်မအရ ပစ္စည်းဥစ္စာကို အမွေထိန်းမင်းကြီးထံလွှဲအပ်သောအခါ၊ အမွေထိန်းမင်းကြီးသည်၊ အမွေထိန်းမင်းကြီးအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထိုပစ္စည်းဥစ္စာကိုစီမံခန့်ခွဲရမည်။

သို့ရာတွင် သေဆုံးသူ၏စခန်း၌ဖြစ်စေ၊ နေထိုင်ရာနေရာ၌ဖြစ်စေ၊ တပ်ကြွေးမြီများနှင့် အခြားကြွေးမြီ များရှိခဲ့လျှင်၊ ထိုကြွေးမြီများကို၊ ထိုသူပေးဆပ်ရမည့် အခြားကြွေးမြီတခုခုထက် ဦးစားပေး၍ ပေးဆပ်ရ မည်။

(၄) အမွေထိန်းမင်းကြီးသည်၊ ကြွေးမြီများနှင့် စရိတ်များကိုပေးပြီးသည့်နောက်၊ မိမိလက်ဝယ်ငွေပိုကျန် နေလျှင်၊ ထိုပိုငွေကို၊ သေဆုံးသူ၏ အမွေစားအမွေခံများအားပေးရမည်။ ထို့ပြင် အမွေစားအမွေခံကိုရှာ ဖွေ၍မရလျှင်၊ သတ်မှတ်ထားသောသူထံ၊ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ထိုပိုငွေကို ပေးအပ်ရ မည်။

(၅) အမွေထိန်းမင်းကြီးသည်၊ မိမိ၏လက်ဝယ်ရောက်ရှိသည့် စုစုပေါင်းငွေ၏၊ သို့တည်းမဟုတ် စခန်း၌ ဖြစ်စေ၊ နေထိုင်ရာနေရာ၌ဖြစ်စေ၊ ရှိသည့်တပ်ကြွေးမြီများနှင့် အခြားကြွေးမြီများပေးဆပ်ပြီးသည့် နောက်၊ မိမိ၏လက်ဝယ် ကျန်ရှိသည့်ငွေ၏ သုံးရာခိုင်နှုန်းထက်ပို၍၊ မိမိ၏တာဝန်ဝတ်တရားများနှင့် စပ်လျဉ်းပြီး အခကြေးငွေမယူရ။

သတ်မှတ်ထားသောသူများက ပိုငွေကိုစီမံခန့်ခွဲခြင်း။

[edit]

၂၀၃။ ။ သတ်မှတ်ထားသောသူသည်၊ ပုဒ်မ ၁၉၈ ၏ ပုဒ်မခွဲ (၇) တွင်သော်၎င်း၊ ပုဒ်မ ၁၉၉ ၏ အပိုဒ်(ခ) တွင်သော်၎င်း၊ ပုဒ်မ ၂၀၂ ၏ ပုဒ်မခွဲ(၄)တွင်သော်၎င်း၊ ရည်ညွှန်းထားသည့် ပိုငွေကို လက်ခံရရှိသော အခါ-

(က) သေဆုံးသူနှင့်စပ်လျဉ်း၍ ကိုယ်စားဆောင်ရွက်သူရှိကြောင်း မိမိသိရှိလျှင်၊ ထိုပိုငွေကို ထိုကိုယ်စား ဆောင်ရွက်သူအားပေးရမည်။

(ခ) ထိုကိုယ်စားဆောင်ရွက်သူရှိကြောင်း မိမိမသိသည့်ပြင်၊ ပုဒ်မ ၂၀၅ အရ ပိုငွေကို စီမံခန့်ခွဲမှု မပြုရ သေးလျှင်လည်း၊ နို့တစ်စာတစောင်ကို၊ သတ်မှတ်ထားသည့်ပုံစံဖြင့်၊ သတ်မှတ်ထားသည့် နည်းလမ်း အတိုင်း၊ ခြောက်နှစ်ဆက်၍ နှစ်စဉ်နှစ်တိုင်းထုတ်ပြန်ကျေညာရမည်။ ထို့ပြင်အဆိုပါနို့တစ်စာများအနက်၊ နောက်ဆုံးနို့တစ်စာထုတ်ပြန် ကျေညာပြီးသည့်နောက် ခြောက်လအတွင်း၊ ထိုသေဆုံးသူနှင့် စပ်လျဉ်း သည့် ကိုယ်စားဆောင်ရွက်သူတဦးဦးက၊ ထိုပိုငွေကိုတောင်းဆိုခြင်းမပြုလျှင်၊ သတ်မှတ်ထားသောသူ သည်၊ ထိုပိုငွေကို ထိုငွေမှဖြစ်ထွန်းသည့် အမြတ်အစွန်းနှင့်ဖြစ်စေ၊ ထိုအမြတ်အစွန်းမှ တိုးပွါးလာသည့် အမြတ်အစွန်းများနှင့်ဖြစ်စေ၊ အတူတကွအစိုးရ၏ရငွေအဖြစ်အပ်နှံရမည်။

သို့ရာတွင် တဦးတယောက်သောသူမှာ ထိုပိုငွေကို အခြားနည်းဖြင့်ရထိုက်ခွင့်ရှိလျှင် ယင်းသို့ အစိုးရ ရငွေအဖြစ်အပ်နှံခြင်းသည်၊ ထိုပိုငွေ ကိုဖြစ်စေ၊ ထိုပိုငွေ၏ တစိတ်တဒေသကိုဖြစ်စေ၊ ထိုသူတောင်းဆို ပိုင်ခွင့်ကို တားမြစ်ခြင်းမဖြစ်စေရ။

ငွေမဟုတ်သည့် ပစ္စည်းအရပ်ရပ်ကို စီမံခန့်ခွဲ ခြင်း။

[edit]

၂၀၄။ ။ သေဆုံးသူတဦး၏ ပစ္စည်းဥစ္စာတစိတ်တဒေသတွင် ငွေအဖြစ်သို့မပြောင်းလဲရသေးသည့် ပစ္စည်းအရပ်ရပ်၊ ငွေချေးသက်သေခံလက်မှတ်များ၊ သို့တည်းမဟုတ် အခြားပစ္စည်းပါဝင်သည့်အခါ၊ ထို ပစ္စည်းအရပ်ရပ်၊ ငွေချေးသက်သေခံလက်မှတ်များ၊ သို့တည်းမဟုတ် အခြားပစ္စည်းများကို လက်ရောက် ပေးအပ်ခြင်း၊ ပို့ပေးခြင်း၊ သို့တည်းမဟုတ် လွှဲပြောင်းခြင်းအတွက်၊ သတ်မှတ်ထားခြင်း မရှိလျှင်၊ ပိုငွေပေးခြင်းနှင့်စပ်လျဉ်း၍၊ ပုဒ်မ ၁၉၈ ၏ ပုဒ်မခွဲ(၇)၊ ပုဒ်မ ၁၉၉ ၏ အပိုဒ် (ခ) နှင့် ပုဒ်မ ၂၀၃ ၏ အပိုဒ်(ခ) ပါ ပြဋ္ဌာန်းချက်များသည်၊ ၎င်းတို့နှင့်လည်းသက်ဆိုင်စေရမည်။ ထို့ပြင် သတ်မှတ်ထားသော သူသည်၊ သေဆုံးသူနှင့်စပ်လျဉ်းသည့် ကိုယ်စားဆောင်ရွက်သူတဦးကဲ့သို့၊ ထိုပစ္စည်းအရပ်ရပ်၊ ငွေချေး သက်သေခံလက်မှတ်များ၊ သို့တည်းမဟုတ် အခြားပစ္စည်းကို ငွေအဖြစ်သို့ပြောင်းလဲခြင်းအတွက်ထပ်တူ အာဏာရရှိရမည်။

သေတမ်းစာအတည်ပြုလက်မှတ် အစရှိသည်တို့ကိုမတင်ပြဘဲ ပစ္စည်းတခုခုကိုစီမံခန့်ခွဲခြင်း။

[edit]

၂၀၅။ ။ သေဆုံးသူနှင့်စပ်လျဉ်းသည့် ကိုယ်စားဆောင်ရွက်သူအား၊ ပုဒ်မ ၁၉၈ အရဖြစ်စေ၊ ပုဒ်မ ၁၉၉ အရဖြစ်စေ၊ ပုဒ်မ ၂၀၃ အရဖြစ်စေ၊ လက်ရောက်ပေးအပ်ရမည့်ပစ္စည်းနှင့် ပေးရမည့်ငွေကို၊ ထိုပစ္စည်း၏ တန်ဘိုးသည်၎င်း၊ ထိုငွေအရေအတွက်သည်၎င်း၊ ကျပ်ငါးထောင်ထက်မပိုလျှင်၊ ထို့ပြင် သတ်မှတ်ထား သောသူက သင့်တော်သည်ဟုယူဆလျှင်၊ သတ်မှတ်ထားသောသူသည်၊ ထိုပစ္စည်းကိုဖြစ်စေ၊ ထိုငွေကို ဖြစ်စေ၊ လက်ခံရယူပိုင်ခွင့်ရှိသည်ဟု မိမိထင်မြင်သော သူတဦးဦးအား၊ သို့တည်းမဟုတ် သေဆုံးသူ၏ ပစ္စည်းဥစ္စာကို စီမံခန့်ခွဲပိုင်ခွင့်ရှိသည်ဟု မိမိထင်မြင်သောသူတဦးဦးအား၊ သေတမ်းစာအတည်ပြု လက်မှတ်ကိုဖြစ်စေ၊ ​အမွေထိန်းလက်မှတ်ကိုဖြစ်စေ၊ အမွေဆက်ခံရန် သက်သေခံလက်မှတ်ကိုဖြစ်စေ၊ ထိုသို့ပိုင်ဆိုင်ခွင့်ရှိကြောင်း အခြားအပြီးသတ်သက်သေ အထောက်အထားကိုဖြစ်စေ၊ မတင်ပြစေဘဲလက် ရောက်ပေးအပ်နိုင်သည်၊ သို့တည်းမဟုတ် ပေးနိုင်သည်။

တပ်မှူး၊ ကော်မီတီ၊ သတ်မှတ်ထားသောသူ၊ ထို့ပြင်နိုင်ငံတော်သမတတွင် တာဝန်ကင်းလွတ်ခြင်း။

[edit]

၂၀၆။ ။ ပုဒ်မ ၁၉၈၊ ပုဒ်မ ၁၉၉၊ ပုဒ်မ ၂၀၃၊ ပုဒ်မ ၂၀၄၊ သို့တည်းမဟုတ် ပုဒ်မ ၂၀၅ နှင့်အညီ တပ်မှူးက ဖြစ်စေ၊ စီမံခန့်ခွဲရေးကော်မီတီကဖြစ်စေ၊ သတ်မှတ်ထားသောသူကဖြစ်စေ၊ သဘောရိုးဖြင့်ပြုလုပ်သည့်၊ သို့တည်းမဟုတ် ပြုလုပ်သည့်သဘော သက်ရောက်စေသောငွေပေးခြင်း၊ သို့တည်းမဟုတ် ငွေသုံးစွဲခြင်း သည်၊ သို့တည်းမဟုတ် ပစ္စည်းတခုခုကိုသုံးစွဲခြင်းသည်၊ လက်ရောက်ပေးအပ်ခြင်းသည်၊ ရောင်းခြင်း သည်၊ သို့တည်းမဟုတ် အခြားစီမံခန့်ခွဲခြင်းသည်၊ ခိုင်လုံရမည့်ပြင်၊ ထိုငွေနှင့်ဖြစ်စေ၊ ပစ္စည်းနှင့်ဖြစ်စေ၊ စပ်လျဉ်း၍ တပ်မှူး၊ သို့တည်းမဟုတ် စီမံခန့်ခွဲရေးကော်မီတီ၊ သို့တည်းမဟုတ် သတ်မှတ်ထားသောသူ၊ သို့တည်းမဟုတ် နိုင်ငံတော်သမတ၊ သက်ဆိုင်ရာရာသည်၊ ဆက်လက်တာဝန်ရှိခြင်းမှ ကင်းလွတ်စေရ မည်။ သို့သော်လည်း ဤပုဒ်မတွင်ပါရှိသော မည်သည့်အချက်ကမျှ၊ ထိုသို့ငွေပေးခြင်း၊ သို့တည်းမဟုတ် လက်ရောက်ပေးအပ်ခြင်းခံရသူတဦးဦးအား၊ သေတမ်းစာအတည်ပြုသူကဖြစ်စေ၊ အမွေထိန်းကဖြစ်စေ၊ အခြားကိုယ်စားဆောင်ရွက်သူကဖြစ်စေ၊ သေဆုံးသူ၏မြီရှင်ကဖြစ်စေ၊ တောင်းဆိုနိုင်သည့် အခွင့်အရေး ကို မထိခိုက်စေရ။

တပ်မှူး၊ ကော်မီတီ၊ သို့တည်းမဟုတ် သတ်မှတ်ထားသောသူ၏ လက်ဝယ်တွင်ရှိသည့် ပစ္စည်းသည်၊ ထိုတပ်မှူး၊ ကော်မီတီ၊ သို့တည်းမဟုတ် သတ်မှတ်ထားသောသူ၏ တာဝန်ထမ်းဆောင်ရာဖြစ်သည့် နေရာ အရပ်တွင် သေသူကျန်ရှိသည့် ပစ္စည်းဥစ္စာများ မဖြစ်စေရ။

၂၀၇။ ။ ပုဒ်မ ၁၉၈ အရသော်၎င်း၊ ပုဒ်မ ၁၉၉ အရသော်၎င်း၊ ပုဒ်မ ၂၀၂ ၏ ပုဒ်မခွဲ(၄) အရသော်၎င်း၊ တပ်မှူး၊ စီမံခန့်ခွဲရေးကော်မီတီ၊ သို့တည်းမဟုတ် သတ်မှတ်ထားသောသူ၏လက်ဝယ်သို့ ရောက်လာ သောပစ္စည်းသည်၊ ထိုသို့လက်ဝယ်ရောက်လာသည့် အကြောင်းကြောင့် ထိုတပ်မှူး၊ ထိုကော်မီတီ၊ သို့တည်းမဟုတ် ထိုသတ်မှတ်ထားသောသူ တာဝန်ထမ်းဆောင်ရာဖြစ်သည့် နေရာအရပ်တွင် သေသူ ကျန်ရှိသည့်ပစ္စည်းဥစ္စာများဖြစ်သည်ဟု မမှတ်ယူရ။ ထို့ပြင် ထိုသို့လက်ဝယ်ရောက်လာသည့် အကြောင်း ကြောင့်၊ ထိုနေရာအရပ်အတွက်၊ ထိုပစ္စည်းဥစ္စာများနှင့် စပ်လျဉ်း၍ ကိုယ်စားဆောင်ရွက်ခွင့် လက်မှတ် ကိုလည်း ထုတ်မယူစေရ။

ကိုယ်စားဆောင်ရွက်သူ၏ အခွင့်အရေးများနှင့် စပ်လျဉ်းသည့်ခြွင်းချက်။

[edit]

၂၀၈။ ။ တပ်မှူး၊ သို့တည်းမဟုတ် စီမံခန့်ခွဲရေးကော်မီတီသည်၊ ပုဒ်မ ၁၉၈ ၏ ပုဒ်မခွဲ (၇) အရဖြစ်စေ၊ ပုဒ်မ ၁၉၉ ၏အပိုဒ်(ခ) အရဖြစ်စေ၊ သတ်မှတ်ထားသောသူထံ၊ သေဆုံးသူ၏ပစ္စည်းအနက်ပိုနေသော ပစ္စည်းကိုအပ်ပြီးသည့်နောက်၊ သေဆုံးသူနှင့်စပ်လျဉ်းသည့်ကိုယ်စားဆောင်ရွက်သူ၊ သို့တည်းမဟုတ် အ မွေထိန်းမင်းကြီးသည်၊ ထိုတပ်မှူးကသော်၎င်း၊ ထိုကော်မီတီကသော်၎င်း၊ စုဆောင်းထိန်းသိမ်းမထား သည့်ပြင်၊ အထက်ဆိုခဲ့သည့် ပိုနေသောပစ္စည်းတစိတ်တဒေသအဖြစ်နှင့်လည်း မပါဝင်သည့်သေဆုံးသူ၏ ပစ္စည်းနှင့်စပ်လျဉ်း၍၊ ပုဒ်မ ၁၉၈ နှင့် ၁၉၉ တို့ကို ပြဋ္ဌာန်းခြင်းမပြုဘိသကဲ့သို့၊ စီမံခန့်ခွဲရန် အခွင့်အရေး များနှင့် တာဝန်ဝတ်တရားများရရှိစေရမည်။

ပုဒ်မ ၁၉၈ မှ ပုဒ်မ ၂၀၈ ထိဖြစ်သော ပုဒ်မများသည်၊ ရူးသွပ်သူများ၊ သို့တည်းမဟုတ် တန်းပြည့်စစ်မှုထမ်းချိန်တွင် ပျောက်ဆုံး နေပြီဟုအကြောင်းကြားခြင်း ခံရသူများနှင့်သက်ဆိုင်ခြင်း။

၂၀၉။ ။ ရူးသွပ်ခြင်းအက်ဥပဒေ (The Lunacy Act) တွင် မည်သို့ပင်ပါရှိစေကာမူ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်းအမှန်ရူးသွပ်သည်ဟု စုံစမ်းသိရှိရသော၊ ဤအက်ဥပဒေကို လိုက်နာရသူတဦး၏ ကိစ္စ တွင်၊ ထိုသူရူးသွပ်ခြင်းမှန်ကန်ကြောင်း စုံစမ်းသိရှိရသည့်နေ့ရက်၌၊ ထိုသူသေဆုံးဘိသကဲ့သို့၊ သို့တည်း မဟုတ် တန်းပြည့်စစ်မှုထမ်းချိန်တွင်ပျောက်ဆုံးနေပြီဟု အကြောင်းကြားခြင်းခံရသော၊ ဤအက်ဥပဒေ ကို လိုက်နာရသူတဦး၏ကိစ္စတွင်၊ ထိုသို့အကြောင်းကြားခြင်းခံရသည့်နေ့ရက်၌၊ ထိုသူသေဆုံးဘိသကဲ့ သို့၊ ပုဒ်မ ၁၉၈ မှ ပုဒ်မ ၂၀၈ ထိဖြစ်သော ပုဒ်မများပါပြဋ္ဌာန်းချက်များသည်၊ အဆိုပါသူများနှင့် သက်ဆိုင် နိုင်သမျှသက်ဆိုင်စေရမည်။

သို့ရာတွင် ပျောက်ဆုံးနေပြီဟု အကြောင်းကြားခြင်းခံရသူ၏ ကိစ္စတွင်၊ ထိုသူသေဆုံးပြီဟု ဆိုင်ရာ အာဏာပိုင်က မှတ်ယူခြင်းမပြုသေးသမျှ၊ ပုဒ်မ ၁၉၈ ၏ ပုဒ်မခွဲ (၂) မှ (၆) ထိဖြစ်သော ပုဒ်မခွဲများ အရဖြစ်စေ၊ ပုဒ်မ ၁၉၉ အရဖြစ်စေ၊ ပုဒ်မ ၂၀၂ အရဖြစ်စေ၊ အရေးမယူရ။

အချို့ကိစ္စများတွင် အမြဲတန်းစီမံခန့်ခွဲရေးကော်မီတီခန့်အပ်ခြင်း။

[edit]

၂၁၀။ ။ အရာရှိတဦးသေဆုံးသည့်အခါ၊ သို့တည်းမဟုတ် တပ်မှထွက်ပြေးသည့်အခါ သို့တည်းမဟုတ် အမှန်ရူးသွပ်သည်ဟု သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း စုံစမ်းသိရှိရသည့်အခါ၊ သို့တည်းမဟုတ် တန်းပြည့်စစ်မှုထမ်းချိန်တွင် ပျောက်ဆုံးနေပြီဟု အကြောင်းကြားခြင်းခံရသည့်အခါ၊ ဤအခဏ်းရှိ အထက်ဆိုခဲ့သည့် ပြဋ္ဌာန်းချက်များတွင် စီမံခန့်ခွဲရေးကော်မီတီကို ရည်ညွှန်းသောအခါ၊ ဤကိစ္စအလို့ငှါ သတ်မှတ်ထားသည့်နည်းလမ်းအတိုင်းခန့်အပ်သော အမြဲတမ်းစီမံခန့်ခွဲရေးကော်မီတီရှိခဲ့လျှင်၊ ထိုအမြဲ တမ်းစီမံခန့်ခွဲရေး ကော်မီတီကို ရည်ညွှန်းဘိသကဲ့သို့ အဓိပ္ပါယ်ကောက်ယူရမည်။ ထို့ပြင် ထိုအမြဲတမ်း စီမံခန့်ခွဲရေးကော်မီတီကသာ ဤအခဏ်းပါစီမံခန့်ခွဲရေး ကော်မီတီ၏ အလုပ်ဝတ်တရားများကို ဆောင် ရွက်ခွင့်ရရှိရမည်။

အခဏ်း ၁၇။ အယူခံခြင်းများ။

[edit]

စစ်ဘက်အယူခံတရားရုံး ဖွဲ့စည်းခြင်း။

[edit]

၂၁၁။ ။ (၁) စစ်ဘက်အယူခံ တရားရုံးတရုံးရှိရမည်။ ထိုစစ်ဘက်အယူခံတရားရုံး၏ တရားသူကြီးများ သည်၊ အောက်ပါအတိုင်းဖြစ်ရမည်။

(က) နိုင်ငံတော်တရားဝန်ကြီးချုပ်က၊ ဤကိစ္စအလို့ငှါ၊ တရားလွှတ်တော် တရားဝန်ကြီးများထဲမှ အခါအားလျော်စွာရွေးချယ်သော တရားလွှတ်တော်တရားဝန်ကြီးများ၊
(ခ) နိုင်ငံတော်တရားဝန်ကြီးချုပ်က၊ ဤကိစ္စအလို့ငှါ၊ တပ်မတော်ရှိ ဒုတိယဗိုလ်မှူးကြီးအဆင့်အောက် မနိမ့်သော အရာရှိများထဲမှ အခါအားလျော်စွာ ရွေးချယ်သောအရာရှိများ၊ ထို့ပြင်
(ဂ) အစိုးရအမှုထမ်းမဟုတ်သည့် ဥပဒေကျွမ်းကျင်သူများထဲမှ နိုင်ငံတော်တရားဝန်ကြီးချုပ်က ခန့်အပ် သူများ။

(၂) ပုဒ်မခွဲ(၁)၏ အပိုဒ် (ဂ) အရ၊ စစ်ဘက်အယူခံတရားရုံး၏ တရားသူကြီးများအဖြစ်ခန့်အပ်ခြင်း ခံရသူများအား၊ နိုင်ငံတော်သမတက ဆုံးဖြတ်သည့် အခကြေးငွေ၊ ခရီးစရိတ်နှင့် စားစရိတ်ပေးနိုင်သည်။

(၃) နိုင်ငံတော်သမတ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်တရားဝန်ကြီးချုပ်ကခန့်အပ်သော စစ်ဘက် အယူခံတရားရုံး၏ အတွင်းဝန်တဦးရှိရမည်။ ထို့ပြင်နိုင်ငံတော်တရားဝန်ကြီးချုပ်သည်၊ စစ်ဘက်အယူခံ တရားရုံး၏ အခြားအရာရှိများနှင့် အမှုထမ်းများကို မိမိဆုံးဖြတ်သည့်အတိုင်း နိုင်ငံတော်သမတက သဘောတူညီသော အရေအတွက်ထက်မပိုစေဘဲ ခန့်အပ်နိုင်သည်။

စစ်ဘက်အယူခံတရားရုံးနှင့် သက်ဆိုင်သော ဖြည့်စွက်ပြဋ္ဌာန်းချက်များ။

[edit]

၂၁၂။ ။ (၁) ဤအခဏ်းအရ အယူခံမှုများကိုဖြစ်စေ၊ အယူခံမှု၏ အစအဦးကိစ္စတခုခုကိုဖြစ်စေ၊ အယူခံမှု မှ ဖြစ်ပေါ်လာသောကိစ္စတခုခုကိုဖြစ်စေ၊ ကြားနာစစ်ဆေးဆုံးဖြတ်ရန်အလို့ငှါ နိုင်ငံတော်တရားဝန်ကြီး ချုပ်က ထုတ်သည့်ညွှန်ကြားချက်များနှင့်အညီ စစ်ဘက်အယူခံ တရားရုံးကိုဆင့်ခေါ်ရမည်။ ထို့ပြင် ထိုစစ်ဘက်အယူခံတရားရုံးတွင် အောက်ပါအတိုင်း တရားသူကြီးများပါဝင်လျှင်၊ ထိုစစ်ဘက်အယူခံ တရားရုံးသည်၊ နည်းလမ်းတကျဖွဲ့စည်းပြီးဖြစ်သော စစ်ဘက်အယူခံတရားရုံးဖြစ်သည်ဟုမှတ်ယူရမည်။

(က) သုံးဦးအောက် မလျော့သော၊ စုံမဟုတ်သည့် အရေအတွက်ရှိသော တရားသူကြီးများ၊ ထို့ပြင်
(ခ) (ဤအခဏ်း၌ နောက်တွင်ပါရှိသည့်ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ) ပုဒ်မ ၂၁၁၊ ပုဒ်မခွဲ (၁)၏ အပိုဒ် (က) တွင် ဖေါ်ပြထားသည့် တရားသူကြီးများအနက် အနည်းဆုံး တရားသူကြီးတဦးနှင့် အပိုဒ်(ခ) တွင် ဖေါ်ပြထားသည့် တရားသူကြီးများအနက် အနည်းဆုံးတဦး။

(၂) စစ်ဘက်အယူခံတရားရုံးသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းမှာဖြစ်စေ၊ ပြင်ပမှာဖြစ်စေ၊ နိုင်ငံတော် တရားဝန်ကြီးချုပ်က ညွှန်ကြားသည့်နေရာတွင် ရုံးထိုင်ရမည်။

(၃) စစ်ဘက်အယူခံတရားရုံးတွင် ပြဿနာတရပ်ရပ်ကို ဆုံးဖြတ်ခြင်းသည်၊ အမှုကိုကြားနာစစ်ဆေး သည့် တရားသူကြီးများအနက်၊ များရာတရားသူကြီးများ၏ ထင်မြင်ယူဆချက်အတိုင်းဖြစ်စေရမည်။

(၄) စစ်ဘက်အယူခံတရားရုံးသည်၊ အထက်မော်ကွန်းရုံးတရုံးဖြစ်ရမည်။ ထို့ပြင် စစ်ဘက်အယူခံ တရားရုံး၌ အမှုတခုခုတွင် တရားမျှတမှုရှိအောင်ဆောင်ရွက်ရန်အတွက် ဆုံးဖြတ်အပ်သည့်ပြဿနာ တရပ်တရပ်ကို ဤအခဏ်း၏ကိစ္စများအလို့ငှါ ဤအခဏ်းပါပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ဤအခဏ်းပါပြဋ္ဌာန်းချက်များ အတိုင်းဆုံးဖြတ်ရန် အာဏာကုန်ရှိစေရမည်။

(၅) နိုင်ငံတော်တရားဝန်ကြီးချုပ်၏ ရာထူးလစ်လပ်လျှင်ဖြစ်စေ၊ နိုင်ငံတော်တရားဝန်ကြီးချုပ် အလုပ် ခွင်၌မရှိခြင်းကြောင့်၊ သို့တည်းမဟုတ် အခြားအကြောင်းတခုခုကြောင့် နိုင်ငံတော်တရားဝန်ကြီးချုပ် သည် မိမိ၏ရာထူးဆိုင်ရာတာဝန်ဝတ်တရားများကို မဆောင်ရွက်နိုင်လျှင်ဖြစ်စေ၊ ဤပုဒ်မအရ နိုင်ငံတော်တရားဝန်ကြီးချုပ်က ထုတ်နိုင်သောညွှန်ကြားချက်များကို နိုင်ငံတော်တရားဝန်ကြီးချုပ်နောက် ဝါအရင့််ဆုံးဖြစ်သော တရားလွှတ်တော်ချုပ် တရားဝန်ကြီးက ထုတ်ရမည်။

စစ်တရားရုံး၏ ဆုံးဖြတ်ချက်ကို အယူခံနိုင်ခွင့်။

[edit]

၂၁၃။ ။ (၁) စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည်၊ မိမိအားပြစ်မှုထင်ရှားစီရင်ခြင်းကို ဤအခဏ်းရှိ အောက်ပါပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စေဘဲ၊ စစ်ဘက်အယူခံတရားရုံးတွင် အယူခံနိုင် သည်။

(၂) သေဒဏ်ပါဝင်သည့် ပြစ်မှုထင်ရှားစီရင်ခြင်းမှတပါး၊ စစ်တရားရုံးတရုံးက ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသူအား၊ ပုဒ်မခွဲ(၁) ဖြင့် ပေးအပ်ထားသော အခွင့်အရေးကို-

(က) ထိုသူက ဆိုင်ရာအာဏာပိုင်ထံ မိမိအား ပြစ်မှုထင်ရှားစီရင်ခြင်းပယ်ဖျက်ပေးရန် လျှောက်လွှာကို သတ်မှတ်ထားသည့် ကာလအပိုင်းအခြားအတွင်း ပုဒ်မ ၁၆၈ ၏ ပုဒ်မခွဲ(၂) နှင့် အညီမတင်လျှင် သုံးစွဲခြင်းမပြုရ၊ ထိုပြင်
(ခ) ထိုလျှောက်လွှာတင်သည့် နေ့ရက်မှအစပြုသော သတ်မှတ်ထားသည့်ကာလအပိုင်းအခြား မကုန် မခြင်း၊ သို့တည်းမဟုတ် ထိုလျှောက်လွှာနှင့်စပ်လျဉ်း၍ မိမိမကျေနပ်သည့် အမိန့်ချမှတ်ကြောင်းကို ထိုအာဏာပိုင်က မိမိအားအကြောင်းမကြားမခြင်း၊ ထိုကာလအပိုင်းအခြားကုန်ဆုံးခြင်းနှင့် ထိုသို့ အကြောင်းကြားခြင်းအနက်၊ ထိုကာလအပိုင်းအခြား ကုန်ဆုံးခြင်းမှာ ထိုသို့ အကြောင်းကြားခြင်းထက် ဦးစွာဖြစ်လျှင်၊ ထိုကာလအပိုင်းအခြားမကုန်မခြင်း သုံးစွဲခြင်းမပြုရ။ အကယ်၍ ထိုသို့အကြောင်းကြား ခြင်းမှာ ထိုကာလအပိုင်းအခြားကုန်ဆုံးခြင်းထက် ဦးစွာဖြစ်လျှင်၊ ထိုသို့အကြောင်း မကြားမခြင်း သုံးစွဲ ခြင်းမပြုရ။

(၃) စစ်ဘက်အယူခံတရားရုံး၏ နည်းဥပဒေများ၌ သီးခြားဖေါ်ပြထားသော အခြေအနေများတွင် ထိုနည်း ဥပဒေများ၌ သီးခြားဖေါ်ပြထားသောသူထံတင်သွင်းသည့် ပုဒ်မခွဲ (၂) တွင် ဖေါ်ပြထားသော လျှောက်လွှာသည်၊ ထိုပုဒ်မခွဲ၏ကိစ္စများအလို့ငှါ၊ ဆိုင်ရာအာဏာပိုင်ထံ တင်ပြီးသည့် လျှောက်လွှာဖြစ်ဘိ သကဲ့သို့ ယူဆရမည်ဟု ထိုနည်းဥပဒေများက ပြဋ္ဌာန်းနိုင်သည်။

အယူခံလွှာတင်သွင်းခြင်း။

[edit]

၂၁၄။ ။ (၁) စစ်ဘက်အယူခံတရားရုံးသို့တင်ရန် အယူခံလွှာကို အတွင်းဝန်ထံသတ်မှတ်ထားသော ကာလအပိုင်းအခြားအတွင်း တင်သွင်းရမည်။

(၂) စစ်ဘက်အယူခံတရားရုံး၏ နည်းဥပဒေများ၌ သီးခြားဖေါ်ပြထားသော အခြေအနေများတွင် ထိုနည်းဥပဒေများ၌ သီးခြားဖေါ်ပြထားသောသူ(အတွင်းဝန်မဟုတ်သူ) ထံ တင်သွင်းသည့် ပုဒ်မခွဲ (၁) တွင် ဖေါ်ပြထားသော အယူခံလွှာသည်၊ ထိုပုဒ်မခွဲ၏ ကိစ္စများအလို့ငှါ၊ အတွင်းဝန်ထံ တင်သွင်းပြီးသည့် အယူခံလွှာဖြစ်ဘိသကဲ့သို့ ယူဆရမည်ဟု ထိုနည်းဥပဒေများက ပြဋ္ဌာန်းနိုင်သည်။

(၃) ပုဒ်မခွဲ (၂) ကို အကြောင်းပြု၍ အကျိုးသက်ရောက်သည့် စစ်ဘက်အယူခံတရားရုံး၏ နည်းဥပဒေ များနှင့်အညီ၊ အတွင်းဝန်မဟုတ်သော အခြားသူတဦးထံ အယူခံလွှာတင်သွင်းသောအခါ ထိုအခြားသူ သည်၊ ထိုအယူခံလွှာကို ဆောလျင်နိုင်သမျှဆောလျင်စွာ အတွင်းဝန်ထံသို့ပို့ရမည်မှာ ထိုအခြားသူ၏ တာဝန်ဝတ်တရားဖြစ်ရမည်။

သာမန်အမှုများတွင် အယူခံမှုများကို ဆုံးဖြတ်ခြင်း။

[edit]

၂၁၅။ ။ (၁) ပုဒ်မ ၂၁၆ ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ ဤအခဏ်းအရအယူခံမှုနှင့်စပ်လျဉ်း ၍ စစ်တရားရုံး၏ဆုံးဖြတ်ချက်သည်၊ သက်သေခံအထောက်အထားမရှိသဖြင့်မဖြစ်နိုင်ဟု၊ သို့တည်း မဟုတ် ထိုဆုံးဖြတ်ချက်တွင် ဥပဒေကြောင်းဆိုင်ရာ ပြဿနာတရပ်ကို မှားယွင်းစွာဆုံးဖြတ်ထားခြင်း ပါဝင်သည်ဟု၊ သို့တည်းမဟုတ် ထိုဆုံးဖြတ်ချက်သည်၊ အကြောင်းတခုခုကြောင့် တရားစီရင်မှုလွဲမှား သည်ဟု စစ်ဘက်အယူခံတရားရုံးက ထင်မြင်ယူဆလျှင်၊ ထိုတရားရုံးသည်၊ အယူခံမှုကိုခွင့်ပြုရမည်။ အဆိုပါအကြောင်းတခုခုမရှိလျှင်၊ အယူခံမှုကိုပယ်ရမည်။

သို့ရာတွင် စစ်ဘက်အယူခံတရားရုံးသည်၊ အယူခံမှုတွင် ထုတ်ဖေါ်ပြသည့်အချက်ကို အယူခံတရားလို၏ အကျိုးအတွက် ဆုံးဖြတ်ပေးနိုင်သည်ဟု၊ မိမိထင်မြင်ယူဆစေကာမူ၊ အရေးယူလောက်သည့် တရားစီရင် မှုလွဲမှားခြင်း အမှန်စင်စစ်မပါရှိဟုယူဆလျှင်၊ အယူခံမှုကိုပယ်နိုင်သည်။

(၂) စစ်ဘက် အယူခံတရားရုံးသည်၊ ဤအခဏ်းအရ အယူခံမှုကို ခွင့်ပြုလျှင် ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက် ရမည်။

စစ်ဘက်အယူခံတရားရုံး၏ အာဏာများ။

[edit]

၂၁၆။ ။ (၁) အယူခံတရားလိုတဦးအား စစ်ဆေးစီရင်သည့် စစ်တရားရုံးက၊ ထိုသူကိုစွဲဆိုသည့် စွဲချက် အချို့အတွက် ပြစ်မှုထင်ရှားစီရင်ခြင်းသည် နည်းလမ်းတကျမရှိသော်လည်း၊ စွဲဆိုသည့် အခြားစွဲချက် အချို့အတွက် ပြစ်မှုထင်ရှားစီရင်ခြင်းသည် နည်းလမ်းတကျရှိသည်ဟု စစ်ဘက်အယူခံတရားရုံးက ထင်မြင်ယူဆလျှင်၊ ထို့နောက်အခြားစွဲချက်အတွက်၊ ထိုအယူခံတရားလိုအား ပြစ်မှုထင်ရှားစီရင်ခြင်းခံရ စေသည့် ပြစ်မှုနှင့်စပ်လျဉ်း၍၊ ထိုသူ့အပေါ်စစ်တရားရုံးက ချမှတ်သည့်ပြစ်ဒဏ်သည်၊ ဤအက်ဥပဒေက ခွင့်ပြုသော ပြစ်ဒဏ်မဟုတ်လျှင် စစ်ဘက်အယူခံတရားရုံးသည်၊ ထိုသူအပေါ် စစ်တရားရုံးကချမှတ် သည့်ပြစ်ဒဏ်အစား၊ ဤအက်ဥပဒေကခွင့်ပြုသည့်ပြင်၊ အယူခံတရားရုံးက သင့်မြတ်လျော်ကန်သည်ဟု လည်းယူဆသော ပြစ်ဒဏ်ကို ထိုသူအပေါ်ချမှတ်ရမည်။

(၂) အယူခံတရားလိုတဦးသည်၊ ပြစ်မှုတခုအတွက် ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီး၊ ထိုသူအား စစ်ဆေး စီရင်သည့်စစ်တရားရုံးက၊ အခြားပြစ်မှုအတွက် အပြစ်ရှိသည်ဟု တရားဥပဒေနှင့်အညီ ဆုံးဖြတ်နိုင်မည့် အခါ၊ ထို့ပြင် ထိုသူအား ထိုအခြားပြစ်မှုအတွက် အပြစ်ရှိကြောင်းထင်ရှားစေသည့် အကြောင်းခြင်းရာ များရှိကြောင်းကို စစ်တရားရုံးကကြေနပ်ပြီးဖြစ်သည်ဟု စစ်ဘက်အယူခံတရားရုံးက ထင်မြင်ယူဆသော အခါ၊ စစ်ဘက်အယူခံ တရားရုံးသည်၊ အယူခံမှုကို ခွင့်ပြုမည့်အစား၊ သို့တည်းမဟုတ် ပယ်မည့်အစား၊ စစ်တရားရုံး၏ဆုံးဖြတ်ချက်ကို အခြားပြစ်မှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်နှင့်အစားထိုး နိုင်သည်။ ထို့ပြင် စစ်တရားရုံးက ထိုသူ့အပေါ်ချမှတ်သည့် ပြစ်ဒဏ်အစား၊ စစ်ဘက်အယူခံ တရားရုံးက သင့်တော်လျော်ကန်သည်ဟု ထင်သည့်အတိုင်း၊ ထိုအခြားပြစ်မှုအတွက်၊ ဤအက်ဥပဒေက ခွင့်ပြုသည့် ပြစ်ဒဏ်ကိုချမှတ်နိုင်သည်။ သို့သော်လည်း အစားထိုးချမှတ်သည့်ပြစ်ဒဏ်သည်၊ စစ်တရားရုံးက ချမှတ်ခဲ့သည့် ပြစ်ဒဏ်ထက်ပို၍ မကြီးလေးစေရ။

(၃) (က) ကြီးလေးသောပြစ်ဒဏ်နှင့် ပေါ့သည့်ပြစ်ဒဏ်နှစ်မျိုးအနက်၊ ကြီးလေးသောပြစ်ဒဏ်နှင့် အကျုံးဝင်သည့်အခြေအနေတွင် ကျူးလွန်သောပြစ်မှုတခုအတွက်၊ အယူခံတရားလိုတဦးသည်၊ ပြစ်မှု ထင်ရှားစီရင်ခြင်းခံရသည့်အခါ၊ ပေါ့သည့်ပြစ်ဒဏ်နှင့် အကျုံးဝင်သောအခြေအနေတွင် ထိုပြစ်မှုကို ကျူးလွန်ဘိသကဲ့သို့ ထိုသူမှာ ထိုပြစ်မှုအတွက်အပြစ်ရှိကြောင်း ထိုသူအားစစ်ဆေးစီရင်သည့် စစ်တရား ရုံးက ဆုံးဖြတ်သင့်သည်ဟု စစ်ဘက်အယူခံတရားရုံးက ထင်မြင်ယူဆလျှင်၊ သို့တည်းမဟုတ်

(ခ) အယူခံတရားလိုတဦးသည်၊ ပြစ်မှုတခုအတွက် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသည့်အခါ၊ ထိုသူအား စစ်ဆေးစီရင်သည့်စစ်တရားရုံးက၊ ခြွင်းချက်များ၊ သို့တည်းမဟုတ် ပြောင်းလဲချက်များပြုလုပ်၍၊ ထိုသူ သည်၊ ထိုပြစ်မှုအတွက် အပြစ်ရှိကြောင်းဆုံးဖြတ်သင့်သည်ဟု စစ်ဘက်အယူခံတရားရုံးက ထင်မြင်ယူဆ လျှင်၊ စစ်ဘက်အယူခံ တရားရုံးသည်၊ အယူခံခြင်းကိုခွင့်ပြုမည့်အစား၊ သို့တည်းမဟုတ် ပယ်မည့်အစား၊ စစ်တရားရုံး၏ ဆုံးဖြတ်ချက်ကို၊ ပေါ့သောပြစ်ဒဏ်နှင့် အကျုံးဝင်သည့် အခြေအနေများတွင် ထိုပြစ်မှုကို ကျူးလွန်ဘိသကဲ့သို့ ထိုပြစ်မှုအတွက် အပြစ်ရှိကြောင်းဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ခြွင်းချက်များ ကိုဖြစ်စေ၊ ပြောင်းလဲချက်များကိုဖြစ်စေ၊ ပြုလုပ်၍၊ ထိုပြစ်မှုအတွက် အပြစ်ရှိကြောင်းဆုံးဖြတ်ချက်၊ သက်ဆိုင်ရာရာနှင့်အစားထိုးနိုင်သည့်ပြင်၊ စစ်တရားရုံးက၊ ထိုသူအပေါ်ချမှတ်သည့်ပြစ်ဒဏ်ကို၊ သီးခြား ဖေါ်ပြထားသောပြစ်မှုအတွက်ဖြစ်စေ၊ အစားထိုးထားသည့်ဆုံးဖြတ်ချက်တွင် ပါဝင်သောပြစ်မှုအတွက် ဖြစ်စေ၊ ဤအက်ဥပဒေက ခွင့်ပြုသည်လည်းဖြစ်၍၊ ပို၍မကြီးသည်လည်းဖြစ်သော၊ စစ်ဘက်အယူခံ တရားရုံးက သင့်တော်လျော်ကန်သည်ဟုလည်း ယူဆသည့်ပြစ်ဒဏ်တရပ်ကို၊ အယူခံတရားလိုအပေါ် အစားထိုးချမှတ်နိုင်သည်။

(၄) အယူခံသည့်အခါ၊ အယူခံတရားလိုသည်၊ စွပ်စွဲသည့်ပြုလုပ်မှု၊ သို့တည်းမဟုတ် ပျက်ကွက်မှုအတွက် အပြစ်ရှိသော်လည်း၊ ထိုပြုလုပ်မှု၊ သို့တည်းမဟုတ် ပျက်ကွက်မှု ကျူးလွန်သည့်အချိန်၌၊ ထိုသူသည် ရူးသွပ်နေသည်ဖြစ်၍၊ ၎င်း၏ပြုမူမှုအတွက် တရားဥပဒေအရ တာဝန်မရှိဟု စစ်ဘက်အယူခံတရားရုံးက ထင်မြင်ယူဆလျှင်၊ စစ်ဆေးစီရင်သည့်အခါက ချမှတ်သည့်ပြစ်ဒဏ်ကို စစ်ဘက်အယူခံတရားရုံးက ပယ်ဖျက်နိုင်သည့်ပြင်၊ အယူခံတရားလိုအား ပြစ်မှုထင်ရှားစီရင်သည့် စစ်တရားရုံးက၊ ရူးသွပ်သည်ဟု အထူးဆုံးဖြတ်ချက်တရပ် ချမှတ်သည်တွင် အမိန့်ပေးသည့်နည်းတူ၊ အယူခံတရားလိုကို၊ အချုပ်နှင့် ထားရန် အမိန့်ပေးနိုင်သည်။

(၅) ဤပုဒ်မ၏ အထက်တွင်ဆိုခဲ့သည့်ပြဋ္ဌာန်းချက်များအနက်၊ ပြဋ္ဌာန်းချက်တခုခုအရ၊ စစ်ဘက်အယူခံ တရားရုံးက ချမှတ်သည့်ပြစ်ဒဏ်တခုခုသည်၊ စစ်ဘက်အယူခံတရားရုံးက အခြားနည်းညွှန်ကြားခြင်း မပြုလျှင်၊ အယူခံဝင်သည့်မူလအမှုတွဲတွင်၊ ထိုပြစ်ဒဏ်ကိုချမှတ်ခဲ့သော်၊ ထိုပြစ်ဒဏ်အစပြုမည့် အချိန်မှ အစပြုရမည်။ ထို့ပြင် စစ်ဘက်အယူခံတရားရုံးက အထက်တွင်ဆိုခဲ့သည့်အတိုင်း ချမှတ်သည့်ပြစ်ဒဏ် သည်၊ ထိုစစ်တရားရုံးက ချမှတ်သည့်ပြစ်ဒဏ်ဖြစ်သည်ဟု မှတ်ယူရမည်။

တရားလွှတ်တော်ချုပ်သို့ အယူခံဝင်ခြင်းကိုထောက်ထား၍ စစ်ဘက်အယူခံတရားရုံး၏ ဆုံးဖြတ်ချက်သည်၊ အပြီးအပြတ်ဖြစ်စေရမည်။

[edit]

၂၁၇။ ။ ဤအခန်းပါပြဋ္ဌာန်းချက်များအရ အယူခံဝင်မှုတွင်၊ စစ်ဘက်အယူခံတရားရုံးက ဆုံးဖြတ်ချက်ချ သောနေ့ရက်မှအစပြု၍ တဆယ့်လေးရက်အတွင်း၊ နိုင်ငံတော်ရှေ့နေချုပ်ထံ၊ ထိုကိစ္စအလို့ငှါလျှောက် လွှာတင်သွင်းလျှင်၊ နိုင်ငံတော်ရှေ့နေချုပ်က စစ်ဘက်အယူခံတရားရုံး၏ဆုံးဖြတ်ချက်တွင် အများ ပြည်သူနှင့်ပတ်သက်သည့် အထူးအရေးကြီးသော ဥပဒေကြောင်းဆိုင်ရာ အချက်တခုပါဝင်နေသည့်ပြင် အများပြည်သူအကျိုးအတွက် ထပ်မံအယူခံဝင် သင့်ကြောင်းထောက်ခံချက်လက်မှတ်ကို လျှောက်ထား သူအားပေးလျှင်၊ ထိုထောက်ခံချက်လက်မှတ်ရရှိသူ၌၊ စစ်ဘက်အယူခံတရားရုံး၏ဆုံးဖြတ်ချက်ကို တရားလွှတ်တော်ချုပ်တွင် အယူခံဝင်ခွင့်ရှိသည်။ သို့သော်လည်း ဤပုဒ်မပါ အထက်ဖေါ်ပြခဲ့သော ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ စစ်ဘက်အယူခံ တရားရုံးကအယူခံဝင်မှုကို ဆုံးဖြတ်ခြင်းသည်၊ သို့တည်းမဟုတ် စစ်ဘက်အယူခံတရားရုံးက ဆုံးဖြတ်ရန်အာဏာရှိသော အခြားကိစ္စကိုဆုံးဖြတ်ခြင်း သည်၊ ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုနိုင်ငံတရားစီရင်ရေး အက်ဥပဒေ၏ ပုဒ်မ ၆ တွင် မည်သို့ပင်ပါရှိစေ ကာမူ၊ အပြီးအပြတ်ဖြစ်စေရမည်။ ထို့ပြင်စစ်ဘက်အယူခံတရားရုံး၏ဆုံးဖြတ်ချက်ကို၊ အခြားမည်သည့် တရားရုံးတွင်မျှ၊ အယူခံဝင်ခွင့်မရှိစေရ။

စစ်ဘက်အယူခံတရားရုံးက၊ အယူခံဝင်မှုကိုခွင့်ပြုပြီးနောက်၊ စစ်ဘက်အယူခံတရားရုံး၏ခွင့်ပြုကြောင်း ဆုံးဖြတ်ချက်ကို ချမှတ်ပြီးလျှင်ပြီးခြင်း၊ နိုင်ငံတော်ရှေ့နေချုပ်ထံ အထက်တွင်ဆိုခဲ့သည့်ထောက်ခံချက် လက်မှတ်အတွက်၊ လျှောက်ထားရန်ကြံရွယ်ကြောင်းကို စစ်ဘက်အယူခံတရားရုံးအား အကြောင်းကြား သောအခါ၊ နိုင်ငံတော်ရှေ့နေချုပ်က၊ ထောက်ခံချက်လက်မှတ်ပေးရန် ငြင်းပယ်သည့်တိုင်အောင်၊ သို့တည်းမဟုတ် တရားလွှတ်တော်ချုပ်က အယူခံဝင်မှုတွင် ဆုံးဖြတ် ချက်ချမှတ်ပြီးသည့်တိုင်အောင်၊ သို့တည်းမဟုတ် အယူခံဝင်ခြင်းကို လက်လျှော့လိုက်သည့်တိုင်အောင်၊ တရားခံအား၊ ချုပ်ထားခွင့် သော်၎င်း၊ တရားခံအား အချုပ်မှမလွှတ်ရန် ညွှန်ကြားချက်သော်၎င်း၊ ပါရှိသည့်အမိန့်ကို၊ စစ်ဘက် အယူခံတရားရုံးက ထုတ်နိုင်သည်။

စစ်ဘက်အယူခံတရားရုံး၏ ဖြည့်စွက်အာဏာများ။

[edit]

၂၁၈။ ။ (၁) ဤအခန်းပါကိစ္စများအလို့ငှါ၊ တရားမျှတမှုရှိစေရန်၊ လိုအပ်သည်၊ သို့တည်းမဟုတ် လျော် ကန်သင့်မြတ်သည်ဟု စစ်ဘက်အယူခံတရားရုံးကထင်မြင်ယူဆလျှင်၊ ထိုစစ်ဘက်အယူခံ တရားရုံး သည်-

(က) အမှုဆုံးဖြတ်ရေးအတွက် တင်ပြရန်လိုအပ်သည်ဟု ယူဆပါက၊ မှုခင်းကိစ္စ၊ ဆောင်ရွက်ချက်များ နှင့် စပ်ဆိုင်သောစာတမ်းအမှတ်အသားကိုဖြစ်စေ၊ သက်သေခံပစ္စည်းကိုဖြစ်စေ၊ အခြားအရာကိုဖြစ်စေ၊ တင်ပြရန် အမိန့်ပေးနိုင်သည်။
(ခ) အမှုနှင့်ဖြစ်စေ၊ ထိုအမှုတွင်ပေါ်ပေါက်သည့် အချက်အလက်တခုနှင့်ဖြစ်စေ၊ စပ်လျဉ်း၍၊ စစ်ဆေး စီရင်သောစစ်တရားရုံး၏အဖွဲ့ဝင်တဦးဦး၊ သို့တည်းမဟုတ် စစ်ဆေးစီရင်ရာတွင် စစ်ဥပဒေအရာရှိအဖြစ် ဖြင့် ဆောင်ရွက်သူ၏ ထင်မြင်ယူဆချက်ကိုဖေါ်ပြထားသော၊ သို့တည်းမဟုတ်အမှု၏ အကြောင်းခြင်းရာ တခုခုအကြောင်း ရေးသားပါရှိသော အစီရင်ခံစာတစောင်ကို အမှုစီရင်ဆုံးဖြတ်ရန်အတွက်၊ အမှန်သိရှိ နိုင်ရန်အလို့ငှါ၊ စုံစမ်းရန်လိုအပ်သည်ဟု စစ်ဘက်အယူခံတရားရုံးက ထင်မြင်ယူဆပါက၊ အယူခံတရား လိုအား စစ်ဆေးစီရင်သောစစ်တရားရုံး၏ အဖွဲ့ဝင်တဦးဦးထံမှသော်၎င်း၊ စစ်ဆေးစီရင်ရာတွင် စစ်ဥပဒေအရာရှိအဖြစ်ဖြင့် ဆောင်ရွက်သူထံမှသော်၎င်း၊ ရယူရေးအတွက်လိုအပ်သလို အရေးယူ ဆောင်ရွက်ရန် အမိန့်ပေးနိုင်သည်။
(ဂ) စစ်ဆေးစီရင်ရာတွင် ဆင့်ခေါ်ခြင်းခံခဲ့ရသည်ဖြစ်စေ၊ ဆင့်ခေါ်ခြင်းမခံခဲ့ရသည်ဖြစ်စေ၊ စစ်ဆေး ရာတွင်မပျက်မကွက် လာရောက်အစစ်ခံရန် အတင်းအကျပ်ဆင့်ခေါ်ခြင်းခံရမည့်မည်သည့် သက်သေကို မဆို စစ်ဘက်အယူခံတရားရုံးသို့လာရောက်ရန်နှင့် စစ်မေးခြင်းခံရန်အမိန့်ပေးနိုင်သည်၊ သို့တည်းမဟုတ် ထိုသက်သေများအားစစ်မေးခြင်းကို စစ်ဘက်အယူခံတရားရုံး၏တရားသူကြီးတဦးဦးရှေ့တွင်သော်၎င်း၊ စစ်ဘက်အယူခံတရားရုံးက ထိုကိစ္စအလို့ငှါ၊ ခန့်အပ်သော အခြားသူတဦးဦးရှေ့တွင်သော်၎င်း၊ သတ်မှတ် ထားသည့် နည်းလမ်းအတိုင်း ပြုလုပ်ဆောင်ရွက်ရန်အမိန့်ပေးနိုင်သည်။ ထို့ပြင် ထိုသို့ရယူသည့် အစစ်ခံ ချက်များကို စစ်ဘက်အယူခံတရားရုံးတွင် သက်သေခံအဖြစ်ဖြင့် ခွင့်ပြုနိုင်သည်။
(ဃ) မပျက်မကွက် လာရောက်အစစ်ခံရန် အတင်းအကျပ်မဆင့်ခေါ်နိုင်သော်လည်း သက်သေခံရန် အရည်အချင်းရှိသည့်သက်သေများ (အယူခံတရားလိုပါဝင်သည်) ၏ သက်သေခံချက်ကိုတင်ပြလျှင်၊ ထိုသက်သေခံချက်ကို လက်ခံနိုင်သည်။
(င) အယူခံမှု၌ပေါ်ပေါက်သော ပြဿနာတခုခုတွင် စာတမ်းအမှတ်အသားများကိုဖြစ်စေ၊ ငွေစာရင်း များကိုဖြစ်စေ၊ အချိန်ကြာမြင့်စွာစစ်ဆေးခြင်း၊ သို့တည်းမဟုတ် သိပ္ပံပညာအရစစ်ဆေးခြင်း၊ သို့တည်း မဟုတ် နေရာဌာနများ ကြည့်ရှုစစ်ဆေးခြင်းပါဝင်ရာတွင်၊ စစ်ဘက်အယူခံတရားရုံး၌ အကြောင်း ညီညွတ်စွာ ဆောင်ရွက်နိုင်မည် မဟုတ်ဟုထင်မြင်ယူဆပါက၊ ထိုပြဿနာကို စုံစမ်းစစ်ဆေး၍ အစီရင်ခံ ရန် ထိုစစ်ဘက်အယူခံတရားရုံးက ခန့်အပ်သောအမှုအရေးလွှဲအပ်ခံရသူအထူးအရာရှိတဦးထံ သတ်မှတ် ထားသည့် နည်းလမ်းအတိုင်း၊ လွှဲအပ်ရန်အမိန့်ပေးနိုင်သည်။ ထို့ပြင် စစ်ဘက်အယူခံတရားရုံးသည် ထိုအမှုအရေးလွှဲအပ်ခံရသူအထူးအရာရှိ၏ အစီရင်ခံစာထဲမှ မိမိတို့လက်ခံနိုင်မည်ဟု ထင်မြင်ယူဆသည့် အချက်များကိုလက်ခံ၍ အရေးယူဆောင်ရွက်နိုင်သည်။ ထို့ပြင်
(စ) နည်းလမ်းတကျ အမှုစီရင်ဆုံးဖြတ်နိုင်ရန်အတွက်၊ အထူးကျွမ်းကျင်နားလည်မှုလိုသည်ဟု စစ်ဘက်အယူခံတရားရုံးက၊ ထင်မြင်ယူဆပါက၊ စစ်ဘက်အယူခံတရားရုံး၏ အဆက်ဆာလူကြီးအဖြစ် ဖြင့်ဆောင်ရွက်ရန် မည်သည့်အထူးကျွမ်းကျင်နားလည်သူကိုမဆို ခန့်အပ်နိုင်သည်။

ထို့ပြင် ထိုစစ်ဘက်အယူခံတရားရုံး၏ အမိန့်များနှင့်ပြစ်ဒဏ်ချမှတ်ချက်များ အာဏာတည်စေရန် လိုအပ်သောဝရမ်းများကို ထုတ်နိုင်သည်။

သို့ရာတွင် စစ်တရားရုံးဥက္ကဋ္ဌထံမှ အစီရင်ခံစာကို ရယူရန်ကိစ္စအလို့ငှါ၊ စစ်ဘက်အယူခံတရားရုံးက အမိန့်မပေးလျှင်၊ သို့တည်းမဟုတ် ထိုစစ်တရားရုံးဥက္ကဋ္ဌထံမှ အစီရင်ခံစာရယူရန် မဖြစ်နိုင်ဟုသော်၎င်း၊ မလျော်သော ကြန့်ကြာမှုရှိမည်ဟုသော်၎င်း၊ စစ်ဘက်အယူခံတရားရုံးက ကြေနပ်သည်မဟုတ်လျှင်၊ ဤပုဒ်မခွဲ၏အပိုဒ် (ခ) အရ၊ စစ်ဘက်အယူခံတရားရုံးသည်၊ စစ်တရားရုံး၏ ဥက္ကဋ္ဌထံမှအပ၊ အဖွဲ့ဝင်တဦးထံမှ အစီရင်ခံစာရယူရန်ကိစ္စ အလို့ငှါ၊ အမိန့်မထုတ်ရ။

(၂) စစ်ဘက်အယူခံတရားရုံး၏ နည်းဥပဒေများက သတ်မှတ်သည့်အတိုင်း၊ ခရီးစရိတ်နှင့် စားစရိတ်ကို အောက်ပါတို့အားပေးနိုင်သည်။

(က) ပုဒ်မခွဲ (၁) ၏ အပိုဒ် (ဂ) အရထုတ်သော အမိန့်ကိုလိုက်နာလျက် စစ်ဘက်အယူခံတရားရုံးသို့ လာရောက်သော၊ သို့တည်းမဟုတ် ထိုအပိုဒ်တွင်ဖေါ်ပြထားသူတဦးဦးထံတွင်၊ ထိုအမိန့်နှင့်အညီ စစ်မေး ခြင်းခံရသော သက်သေတဦး၊
(ခ) ပြဿနာတရပ်ကို စုံစမ်းစစ်ဆေး၍ အစီရင်ခံရန်အလို့ငှါ၊ ထိုပုဒ်မခွဲ၏ အပိုဒ် (င) အရ၊ လွှဲအပ်ခံ ရသော အမှုအရေးလွှဲအပ်ခံရသူ အထူးအရာရှိ၊ ထို့ပြင်
(ဂ) စစ်ဘက်အယူခံတရားရုံးတွင် အဆက်ဆာလူကြီးအဖြစ်ဖြင့် ဆောင်ရွက်ရန်ထိုပုဒ်မခွဲ၏ အပိုဒ်(စ) အရ၊ ခန့်အပ်ခြင်းခံရသူ။

(၃) စစ်ဘက်အယူခံတရားရုံး၏ နည်းဥပဒေများက သတ်မှတ်ထားသည့်အတိုင်း အခကြေးငွေကို ပုဒ်မခွဲ (၂) ၏ အပိုဒ် (ခ) နှင့် (ဂ) တွင် ဖေါ်ပြထားသောသူများကို ပေးနိုင်သည်။

မိမိ၏အမှုကို ရေးသား၍တင်ရန်အယူခံတရားလို၏ အခွင့်အရေး။

[edit]

၂၁၉။ ။ အယူခံတရားလိုသည်၊ မိမိအမှု၏အဖြစ်အပျက်အကြောင်းအရာများကို၊ နှုတ်ဖြင့်တင်ပြပြောဆို မည့်အစား၊ ထိုအဖြစ်အပျက် အကြောင်းအရာများကို စာဖြင့်ရေးသားတင်ပြလိုလျှင် တင်ပြနိုင်သည်။

အယူခံတရားလိုများအား ဥပဒေကြောင်းကူညီမှု။

[edit]

၂၂၀။ ။ အယူခံတရားလိုတဦးသည်၊ မိမိအပေါ်စစ်တရားရုံးကချမှတ်သော သေဒဏ်ပါဝင်သည့် ပြစ်မှု ထင်ရှားစီရင်ခြင်းကို စစ်ဘက်အယူခံတရားရုံးတွင် အယူခံဝင်သောအခါ၊ အဆိုပါကိစ္စများအတွက် ရာဇဝတ်တရားရုံးများတွင် တည်ဆဲကျင့်ထုံးစည်းကမ်းနည်းလမ်းနှင့်အညီ၊ ထိုအယူခံတရားလိုတဦး အား အခလွတ်ဥပဒေကြောင်း ကူညီမှုပေးရမည်။

အယူခံတရားလိုများ မရှိဘဲ မှုခင်းကိစ္စများကို ကြားနာစစ်ဆေးခြင်း။

[edit]

၂၂၁။ ။ ဤအခန်းပါ ပြဋ္ဌာန်းချက်များအရ စစ်ဘက်အယူခံတရားရုံးတွင် အယူခံမှုကို ကြားနာစစ်ဆေးရာ တွင်သော်၎င်း၊ ထိုအယူခံမူ၏ အစအဦးဖြစ်သော၊ သို့တည်းမဟုတ် ထိုအယူခံမှုမှ ပေါ်ပေါက်သော မှုခင်း ကိစ္စ ဆောင်ရွက်ချက်များတွင်သော်၎င်း၊ စစ်ဘက်အယူခံတရားရုံး၏ နည်းဥပဒေများကအယူခံတရားလို ၌ ရုံးသို့လာရောက်ခွင့်ရှိစေရမည်ဟု ပြဋ္ဌာန်းထားသောအခါမှတပါး၊ သို့တည်းမဟုတ် စစ်ဘက်အယူခံ တရားရုံးက အယူခံတရားလိုအား ရုံးသို့လာရောက်ခွင့် ပေးသောအခါမှတပါး၊ အယူခံတရားလိုသည်၊ ရုံး သို့ကိုယ်တိုင်လာရောက်ခွင့် မရရှိစေရ၊ ထို့ပြင် ထိုသို့ရုံးသို့ လာရောက်ခွင့် မပေးသည့်နှင့်အညီ အယူခံတ ရားလို ရုံးသို့လာရောက်ခြင်း မရှိစေကာမူ၊ ဤအခန်းပါ ပြဋ္ဌာန်းချက်များအရ စစ်ဘက်အယူခံတရားရုံး သည် ပြစ်ဒဏ်ချမှတ်နိုင်သည့် အာဏာကို သုံးစွဲနိုင်သည်။

အယူခံမှုများတွင် ဆောင်ရွက်ခွင့်။

[edit]

၂၂၂။ ။ (၁) ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ၌၊ စစ်ဘက်အယူခံ တရားရုံးရှိ မည်သည့်အယူခံမှုတွင်မဆို၊ ကိုယ်စားလှယ်ဖြင့် ချေပဆောင်ရွက်ခွင့်ရှိရမည်။

(၂) အယူခံတရားလို၌လည်း အဆိုပါအယူခံမှုတွင် တရားလွှတ်တော်ရှေ့နေဖြင့်ဆောင်ရွက်ခွင့်ရှိရမည်။

သေဒဏ်ချမှတ်ချက်များ ဆိုင်းငံ့ထားခြင်း။

[edit]

၂၂၃။ ။ (၁) စစ်တရားရုံးတရုံး၏ ပြစ်မှုထင်ရှားစီရင်ခြင်းတွင် သေဒဏ်ပါဝင်သောအခါ-

(က) ပုဒ်မ ၂၁၃ ၏ ပုဒ်မခွဲ (၂) အရ၊ ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ရန် လျှောက်လွှာတင်သွင်း ရမည်၊ ဤအခဏ်းတွင် သတ်မှတ်ထားသည့် ကာလအပိုင်းအခြားမကုန်မခြင်း၊ မည်သည့်ပြစ်ဒဏ်ချမှတ် ချက်ကိုမျှ မဆောင်ရွက်ရ။
(ခ) ထိုလျှောက်လွှာကို နည်းလမ်းတကျတင်သွင်းလျှင်၊ ထိုလျှောက်လွှာကို အပြီးအပြတ်မပယ်မီဖြစ်စေ၊ မရုပ်သိမ်းမီဖြစ်စေ၊ အယူခံမှုကိုမဆုံးဖြတ်မီဖြစ်စေ၊ လက်မလျှော့မီဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်ချက်ကို မဆောင်ရွက်ရ။

သို့ရာတွင် တန်းပြည့်စစ်မှုထမ်းချိန်၌၊ စစ်တရားရုံးက၊ တဦးတယောက်သောသူအားချမှတ်သည့် သေဒဏ်ကို အတည်ပြုသောအခါ၊ ထို့ပြင်ထိုသေဒဏ်ချမှတ်ချက်ကို အတည်ပြုသည့် အာဏာပိုင်က၊ စစ်စည်းကမ်း၏ အကျိုးအတွက်နှင့် ထိုသူပါရှိသည့်တပ်ဖွဲ့၏ လုံခြုံမှုရရှိရေးအတွက် ထိုသေဒဏ် ချမှတ်ချက်ကို ချက်ခြင်းဆောင်ရွက်သင့်ကြောင်း သက်သေခံလက်မှတ်ပေးသောအခါ၊ ဤပုဒ်မခွဲရှိ အထက်တွင် ဆိုခဲ့သည့် ပြဋ္ဌာန်းချက်များသည်၊ ထိုသေဒဏ်ချမှတ်ချက်နှင့် မသက်ဆိုင်စေရ။

(၂) စစ်တရားရုံးကချမှတ်သည့် သေဒဏ်ပါဝင်သော ပြစ်မှုထင်ရှားစီရင်ခြင်းကို၊ စစ်ဘက်အယူခံ တရားရုံး၌ အယူခံဝင်ရာတွင်၊ စစ်ဘက်အယူခံတရားရုံးသည်၊ ထိုအယူခံမှုကို၊ ဆောလျင်နိုင်သမျှ ဆောလျင်စွာကြားနာစစ်ဆေး၍ စီရင်ဆုံးဖြတ်ရမည်။

ခိုးရာပါပစ္စည်းအစရှိသည်ကို ပြန်အပ်ခြင်း။

[edit]

၂၂၄။ ။ (၁) စစ်တရားရုံးက ပြစ်မှုထင်ရှားစီရင်သည့်အခါ၊ ပုဒ်မ ၁၅၅ အရထုတ်သည့် (ပစ္စည်းကိုပြန်အပ် ခြင်းနှင့်သက်ဆိုင်သော) အမိန့်အရဆောင်ရွက်ခြင်းကို (ထိုပစ္စည်းပိုင်ဆိုင်ခွင့်နှင့်စပ်လျဉ်း၍ အငြင်းပွါး ဘွယ်မရှိဟု၊ ထိုအမိန့်ကိုထုတ်သောအာဏာပိုင်ကထင်မြင်ယူဆသောအမှုတွင်၊ ထိုအာဏာပိုင်ကဆန့်ကျင် ၍ ညွှန်ကြားခြင်းမပြုလျှင်)-

(က) အမှုတခုခုတွင်၊ ပုဒ်မ ၂၁၃ ၏ ပုဒ်မခွဲ(၂)အရ၊ ပြစ်မှုထင်ရှားစီရင်ခြင်းပယ်ဖျက်ရန် လျှောက်လွှာ တင်သွင်းရမည့်၊ ဤအခဏ်းတွင် သတ်မှတ်ထားသော ကာလအပိုင်းအခြား မကုန်ဆုံးမခြင်း၊ ထို့ပြင်
(ခ) ထိုလျှောက်လွှာကိုနည်းလမ်းတကျ တင်သွင်းလျှင်၊ ထိုလျှောက်လွှာကို အပြီးအပြတ်မပယ်မီဖြစ်စေ၊ မရုပ်သိမ်းမီဖြစ်စေ၊ အယူခံမှုကိုမဆုံးဖြတ်မီဖြစ်စေ၊ လက်မလျှော့မီဖြစ်စေ၊

ဆိုင်းငံ့ထားရမည်။ ထို့ပြင် ဤပုဒ်မခွဲအရ၊ အထက်တွင်ဆိုခဲ့သည့် ထိုအမိန့်အတိုင်း ဆောင်ရွက်ခြင်းဆိုင်းငံ့ထားသောအခါ၊ ပြစ်မှုထင် ရှားစီရင်ခြင်းကို၊ အယူခံဝင်ရာတွင် ပယ်ဖျက်လျှင် ထိုအမိန့်သည် အတည်မဖြစ်စေရ။

(၂) စစ်ဘက်အယူခံတရားရုံးသည်၊ ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်းမပြုသော်လည်း၊ ထိုအမိန့် ကို၊ အမိန့်ဖြင့်ပယ်ဖျက်နိုင်သည်၊ သို့တည်းမဟုတ် ပြောင်းလဲနိုင်သည်၊ ပယ်ဖျက်လျှင်၊ ထိုအမိန့်သည် အတည်မဖြစ်စေရ။ ပြောင်းလဲလျှင်၊ ပြောင်းလဲသည့်အတိုင်း အတည်ဖြစ်စေရမည်။

(၃) ဤပုဒ်မအရ၊ ထိုအမိန့်နှင့်အညီ ဆောင်ရွက်ခြင်း ဆိုင်းငံ့ထားသော ကာလအပိုင်းအခြားအတွက်၊ အထက်တွင်ဆိုခဲ့သည့်အတိုင်း၊ ထိုအမိန့်နှင့်သက်ဆိုင်သော ပစ္စည်းတခုခုကိုလုံခြုံစွာ ထိန်းသိမ်းထားရေး အတွက်၊ စစ်ဘက်အယူခံ တရားရုံး၏ နည်းဥပဒေများဖြင့် ပြဋ္ဌာန်းနိုင်သည်။

ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်သောအခါ၊ သူတဦးအား ထပ်မံစစ်ဆေးစီရင်ခြင်း မပြုရ။

[edit]

၂၂၅။ ။ ဤအခဏ်းပါပြဋ္ဌာန်းချက်များအရ၊ တဦးတယောက်သောသူအား၊ ပြစ်မှုတခုအတွက်၊ စစ်တရား ရုံး၏ ပြစ်မှုထင်ရှားစီရင်ခြင်းကိုပယ်ဖျက်သည့်အခါ၊ ထိုသူသည်၊ ထိုပြစ်မှုအတွက်၊ စစ်တရားရုံးဖြင့်ဖြစ် စေ၊ ရာဇဝတ်တရားရုံးဖြင့်ဖြစ်စေ၊ ထပ်မံစစ်ဆေးစီရင်ခြင်း မခံထိုက်စေရ။

အယူခံဝင်ရာတွင်၊ စစ်ဆေးစီရင်ခြင်းနှင့် သက်ဆိုင်သောစာတမ်းအမှတ်အသားများကို ပေးအပ်ခြင်း။

[edit]

၂၂၆။ ။ စစ်တရားရုံးကချမှတ်သောပြစ်မှုထင်ရှားစီရင်ခြင်းကို၊ စစ်ဘက်အယူခံတရားရုံးတွင် ဤအခဏ်း ပါပြဋ္ဌာန်းချက်များအရ အယူခံဝင်သည့်အမှုတိုင်း၌၊ စစ်ဘက်အယူခံတရားရုံး၏ နည်းဥပဒေများနှင့် အညီ-

(က) စစ်တရားရုံး၏ ဆုံးဖြတ်ချက်ကိုဖြစ်စေ၊ ပြစ်ဒဏ်ချမှတ်ချက်ကိုဖြစ်စေ၊ ပုဒ်မ ၁၆၄ ၏ ပုဒ်မခွဲ(၁) နှင့်အညီ ပြန်လည်ပြင်ဆင်ခြင်း၊ ထို့ပြင်စစ်တရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပြစ်ဒဏ်ချမှတ်ချက် အတည် ပြုခြင်းနှင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ၏ လျှောက်လွှာနှင့်စပ်လျဉ်းသည့် မှုခင်းကိစ္စဆောင်ရွက်ခြင်း ဆိုင်ရာ အမှုတွဲများကို စစ်ဥပဒေချုပ်က အတွင်းဝန်ထံသို့တည်းမဟုတ်

(ခ) ပုဒ်မ ၁၆၆ နှင့်အညီ စစ်တရားရုံးတရုံးက ပြန်လည်သုံးသပ်သည့်အမှုတွဲကို၊ ထို့ပြင်ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူ၏ လျှောက်လွှာနှင့်စပ်လျဉ်းသည့် မှုခင်းကိစ္စဆောင်ရွက်ခြင်းဆိုင်ရာ အမှုတွဲကို၊ တပ်မတော်မှတ်တမ်းရုံး၏ တပ်မှူးကသော်၎င်း၊ သတ်မှတ်ထားသော အခြားအရာရှိကသော်၎င်း၊ အတွင်းဝန်ထံပေးအပ်ရမည်။

အယူခံခြင်းများအစရှိသည်တို့နှင့်စပ်လျဉ်း၍ အတွင်းဝန်၏ တာဝန်ဝတ်တရားများ။

[edit]

၂၂၇။ ။ ဤအခဏ်းပါပြဋ္ဌာန်းချက်များအရ၊ အယူခံမှုနှင့်စပ်လျဉ်း၍၊ ဆုံးဖြတ်ချက်ရရှိစေခြင်းအလို့ငှါ၊ အတွင်းဝန်သည်၊ လိုအပ်သောဆောင်ရွက်ချက်များပြုလုပ်ရမည့်ပြင်၊ အယူခံတရားလိုကို စစ်ဆေးစီရင် သည့် စစ်တရားရုံးတွင်မှုခင်းကိစ္စဆောင်ရွက်ချက်များနှင့် သက်ဆိုင်သောထိုအယူခံမှုကို မှန်ကန်စွာဆုံး ဖြတ်ရန်အတွက်လည်း၊ လိုအပ်သည်ဟုထင်မြင်သည့် စာတမ်းအမှတ်အသားများ၊ သက်သေခံပစ္စည်းများ နှင့် အခြားပစ္စည်းအားလုံးကို ရယူ၍၊ စစ်ဘက်အယူခံတရားရုံးတွင်၊ နည်းလမ်းတကျတင်ပြရမည်။

စစ်ဘက်အယူခံတရားရုံးသို့ အထူးလွှဲအပ်တင်ပြခြင်းများ။

[edit]

၂၂၈။ ။ စစ်တရားရုံးက၊ တဦးတယောက်သောသူအားပြစ်မှုထင်ရှားစီရင်သောအခါ-

(က) စစ်ဘက်အယူခံတရားရုံးက ဆုံးဖြတ်သင့်သည်ဟု၊ စစ်ဥပဒေချုပ်က ထင်မြင်ယူဆသော၊ အထူး အရေးကြီးသည့် ဥပဒေကြောင်းဆိုင်ရာ အချက်တချက်သည်၊ စစ်တရားရုံး၏ ဆုံးဖြတ်ချက်တွင် ပါဝင် နေသည်ဟု စစ်ဥပဒေချုပ်က ထင်မြင်ယူဆလျှင်၊ သို့တည်းမဟုတ်

(ခ) စစ်ဆေးစီရင်ရာတွင် စစ်တရားရုံးက သိရှိခဲ့ပုံမပေါ်ဟု ပုဒ်မ ၁၆၈ ၏ ပုဒ်မခွဲ (၂) ၌ ဖေါ်ပြထား သည့် သက်ဆိုင်ရာအာဏာပိုင်က ထင်မြင်ယူဆသောအကြောင်းကိစ္စများကို ထည့်သွင်းစဉ်းစားသည့် အခါ၊ စစ်တရားရုံး၏ဆုံးဖြတ်ချက်ကို စစ်ဘက်အယူခံတရားရုံးက စဉ်းစားသင့်သည်၊ သို့တည်းမဟုတ် ပြန်လည်စဉ်းစားသင့်သည်ဟု၊ အဆိုပါပုဒ်မခွဲတွင် ဖေါ်ပြထားသော သက်ဆိုင်ရာအာဏာပိုင်က ထင်မြင် ယူဆလျှင်၊

စစ်ဥပဒေချုပ်၊ သို့တည်းမဟုတ် သက်ဆိုင်ရာအာဏာပိုင်၊ ဆိုင်သင့်ရာရာသည်၊ ဆုံးဖြတ်ချက်ကို သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း၊ စစ်ဘက်အယူခံတရားရုံးသို့ လွှဲအပ်တင်ပြနိုင်သည်။ ထို့ပြင် ဤအခဏ်းရှိ အထက်တွင်ဆိုခဲ့သည့်ပြဋ္ဌာန်းချက်များ၏ ကိစ္စများအလို့ငှါ၊ ဤပုဒ်မအရလွှဲအပ်တင်ပြခြင်း သည်၊ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူက၊ ၎င်းအားပြစ်မှုထင်ရှားစီရင်ခြင်းကို အယူခံဝင်ခြင်းဖြစ်သည်ဟု ယူဆရမည်။

စစ်ဘက်အယူခံတရားရုံး၏ အချို့အာဏာများကို စစ်ဘက်အယူခံတရားရုံး၏ တရားသူကြီးတဦးကသုံးစွဲခြင်း။

[edit]

၂၂၉။ ။ ဤအခဏ်းပါ ပြဋ္ဌာန်းချက်များအရ မှုခင်းကိစ္စဆောင်ရွက်ချက်များတွင် အယူခံတရားလိုအား၊ ရုံးသို့ကိုယ်တိုင်လာရောက်ခွင့်ပြုရန်၊ စစ်ဘက်အယူခံတရားရုံး၏ ဤအခဏ်းရှိအာဏာများကို၊ စစ်ဘက် အယူခံတရားရုံးကသုံးစွဲနိုင်သည့်ထပ်တူနည်းလမ်းအတိုင်း၊ စစ်ဘက်အယူခံတရားရုံး၏ တရားသူကြီး တဦးကလည်း၊ ထပ်တူပြဋ္ဌာန်းချက်များကို လိုက်နာလျက်သုံးစွဲနိုင်သည်၊ သို့သော်လည်း ထိုသို့ရုံးသို့ ကိုယ်တိုင်လာရောက်ခွင့်ရရန် လျှောက်လွှာပယ်သည့်အာဏာကို၊ ဤအခဏ်းအရ အယူခံမှုများ ကြားနာ စစ်ဆေးခြင်းနှင့်စီရင်ဆုံးဖြတ်ခြင်းအတွက်၊ နည်းလမ်းတကျဖွဲ့စည်းထားသည့် စစ်ဘက်အယူခံတရားရုံး ကသာလျှင် သုံးစွဲနိုင်သည်။

စစ်ဘက်အယူခံ တရားရုံး၏နည်းဥပဒေများ။

[edit]

၂၃၀။ ။ စစ်ဘက်အယူခံတရားရုံးက လိုက်နာရမည့် ကျင့်ထုံးနှင့်စည်းကမ်းနည်းလမ်းများကို စစ်ဘက် အယူခံတရားရုံး၏ နည်းဥပဒေများဖြင့် ပြဋ္ဌာန်းနိုင်သည်။

အစားထိုးသည့် ဆုံးဖြတ်ချက်နှင့်ပြစ်ဒဏ်ချမှတ်ချက်တို့ကို အဓိပ္ပါယ်ကောက်ယူခြင်း။

[edit]

၂၃၁။ ။ ဤအခဏ်း၏ကိစ္စများအလို့ငှါ၊ စစ်တရားရုံး၏ ဆုံးဖြတ်ချက်အတွက်ဖြစ်စေ၊ စစ်တရားရုံးက ချမှတ်သည့်ပြစ်ဒဏ်အတွက်ဖြစ်စေ၊ ဤအက်ဥပဒေက၊ ထိုကိစ္စအလို့ငှါ ပေးအပ်ထားသော အာဏာများ ကို အကြောင်းပြု၍ အစားထိုးသည့်ဆုံးဖြတ်ချက်သည်၊ သို့တည်းမဟုတ် အစားထိုးသည့် ပြစ်ဒဏ် ချမှတ်ချက်သည်၊ ထိုစစ်တရားရုံး၏ ဆုံးဖြတ်ချက်ဖြစ်သည်ဟုသော်၎င်း၊ ထိုစစ်တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်ဖြစ်သည်ဟုသော်၎င်း၊ မှတ်ယူရမည့်ပြင်၊ အထက်တွင်ဆိုခဲ့သည့်အတိုင်း အစားထိုးသော ဆုံးဖြတ်ချက်တရပ်ကိုအကြောင်းပြု၍ ရရှိသည့်ပြစ်မှုထင်ရှားစီရင်ခြင်းသည်၊ ထိုစစ်တရားရုံး၏ ပြစ်မှု ထင်ရှားစီရင်ခြင်းဖြစ်သည်ဟု မှတ်ယူရမည်။

အခဏ်း ၁၈။ နည်းဥပဒေများ။

[edit]

နည်းဥပဒေပြုအာဏာ။

[edit]

၂၃၂။ ။ (၁) နိုင်ငံတော်သမတသည်၊ ဤအက်ဥပဒေပြဋ္ဌာန်းချက်များကို ပြီးမြောက်အောင် ဆောင်ရွက်ရန် အလို့ငှါ၊ နည်းဥပဒေများပြုနိုင်သည်။

(၂) ပုဒ်မခွဲ(၁) ဖြင့် အပ်နှင်းထားသောအာဏာ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ ထိုပုဒ်မခွဲအရ ပြုသည့် နည်းဥပဒေများသည်၊ အောက်ပါကိစ္စများအတွက် ပြဋ္ဌာန်းနိုင်သည်။

(က) ဤအက်ဥပဒေကိုလိုက်နာရသူများအား၊ စစ်မှုထမ်းခြင်းမှ အမြဲတမ်းထုတ်ပစ်ခြင်း၊ နုတ်ပယ်ခြင်း၊ အငြိမ်းစားပေးခြင်း၊ သို့တည်းမဟုတ် ထွက်ခွင့်ပြုခြင်း၊
(ခ) ပုဒ်မ ၉၁ အရ ချမှတ်သော ဒဏ်ငွေမည်ရွေ့မည်မျှနှင့် ထိုဒဏ်ငွေကိုထမ်းဆောင်ရန်တာဝန် သတ်မှတ်ခြင်း၊
(ဂ) ပုဒ်မ ၇၇ နှင့် ၈၂ အရ စစ်မြေပြင်ပြစ်ဒဏ်များအဖြစ်ဖြင့် ချမှတ်နိုင်သောပြစ်ဒဏ်များကို သီးခြားသတ်မှတ်ခြင်း၊
(ဃ) စုံစမ်းစစ်ဆေးရေးခုံရုံးများ ဖွဲ့စည်းခြင်းနှင့်၎င်းတို့လိုက်နာရမည့်ကျင့်ထုံး၊ စည်းကမ်းနည်းလမ်း သတ်မှတ်ခြင်း၊ သက်သေခံအကျဉ်းချုပ်များ ရေးမှတ်ခြင်း၊ ထို့ပြင် ထိုခုံရုံးများက ကျမ်းသစ္စာဖြစ်စေ၊ ကတိသစ္စာဖြစ်စေ ပြုစေခြင်း၊
(င) စစ်တရားရုံးများဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်များခန့်အပ်ခြင်း၊ ထို့ပြင် စစ်တရားရုံးဖြင့် စစ်ဆေးစီရင် သော အမှုများအတွက် အမှုလိုက်အရာရှိများခန့်အပ်ခြင်း၊
(စ) စစ်တရားရုံးများရွှေ့ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်း၊ ထို့ပြင် ရုံးထိုင်ခြင်း၊
(ဆ) စစ်တရားရုံးဖြင့်စစ်ဆေးစီရင်သောအမှုနှင့်စပ်လျဉ်း၍၊ ထိုရုံးကလိုက်နာရမည့်ကျင့်ထုံး၊ စည်း ကမ်း နည်းလမ်းသတ်မှတ်ခြင်း၊ ထို့ပြင် စစ်တရားရုံးတွင် ရှေ့နေများအမှုလိုက်လဲဆောင်ရွက်ခြင်း၊
(ဇ) စစ်တရားရုံးများ၏ ဆုံးဖြတ်ချက်များနှင့်ပြစ်ဒဏ်ချမှတ်ချက်များကို အတည်ပြုခြင်း၊ ပြန်လည်ပြင် ဆင်ခြင်းနှင့်ပယ်ဖျက်ခြင်း၊ ထို့ပြင်ထိုဆုံးဖြတ်ချက်များ ပြစ်ဒဏ်ချမှတ်ချက်များနှင့် စပ်လျဉ်းသည့် လျှောက်လွှာများ၊
(ဈ) စစ်တရားရုံး၏ ပြစ်ဒဏ်ချမှတ်ချက်များကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်း၊
(ည) စစ်တရားရုံးများ၊ တကျွန်းပို့ဒဏ်၊ ထို့ပြင် ထောင်ဒဏ်နှင့်သက်ဆိုင်သော ဤအက်ဥပဒေ၏ ပြဋ္ဌာန်းချက်များအရ ထုတ်မည့်အမိန့်ပုံစံများ သတ်မှတ်ခြင်း၊
(ဋ) ပုဒ်မ ၁၀၁ အရ၊ မည်သည့်မှီခိုသူများအားထောက်ပံ့ရမည်၊ ငွေမည်ရွေ့မည်မျှထောက်ပံ့ရမည်၊ ထို့ပြင် မည် သည့်နည်းလမ်းဖြင့် ထောက်ပံ့ရမည်ဟုဆုံးဖြတ်ရန် အာဏာပိုင်များကိုခန့်အပ်ခြင်း၊ ထို့ပြင် ထိုဆုံးဖြတ်ချက်များ အထမြောက်အောင်ဆောင်ရွက်ခြင်း၊
(ဌ) ဤအက်ဥပဒေအရ၊ နည်းဥပဒေများဖြင့် သတ်မှတ်ရန်လိုသည့် အခြားကိစ္စများ။

အကျဉ်းထောင်များ၊ အကျဉ်းသားများနှင့် စပ်လျဉ်းသော နည်းဥပဒေများပြုရန်အာဏာ။

[edit]

၂၃၃။ ။ နိုင်ငံတော်သမတသည်၊ အောက်ပါကိစ္စများအတွက် နည်းဥပဒေများပြုနိုင်သည်။

(က) စစ်ဘက်အကျဉ်းထောင်များကိုအုပ်ချုပ်ခြင်း၊ စီမံကြီးကြပ်ခြင်း၊ ထိုအကျဉ်းထောင်များအတွက် စည်းမျဉ်းသတ်မှတ်ခြင်း၊

(ခ) အကျဉ်းထောင် ကြည့်ရှုစစ်ဆေးရေးအရာရှိများ၊ အကျဉ်းထောင်ကြည့်လူကြီးများ၊ ထောင်ပိုင်ဝန် များနှင့် ထောင်အရာရှိများ ခန့်အပ်ခြင်းနှင့်နုတ်ပယ်ခြင်း၊ ထို့ပြင်၎င်းတို့၏ အာဏာများသတ်မှတ်ခြင်း၊

(ဂ) အကျဉ်းထောင်များတွင် ထောင်ဒဏ်ကျခံနေရသော အကျဉ်းသားများလုပ်ရမည့် အလုပ်သတ်မှတ် ခြင်း၊ ထို့ပြင်အလုပ်ကို အထူးကြိုးပမ်းလုပ်ကိုင်ခြင်းနှင့် အပြုအမူကောင်းခြင်းကြောင့် ပြစ်ဒဏ်တစိတ် တဒေသ လွတ်ငြိမ်းခွင့်ကို အကျဉ်းသားများအားပေးစေခြင်း၊

(ဃ) အကျဉ်းသားများကို လုံခြုံစွာအကျဉ်းထားခြင်း၊ ထို့ပြင်အကျဉ်းသားများ၏ စည်းကမ်းသေဝပ်မှု ကိုထိန်းသိမ်းခြင်း၊ ထို့ပြင် အကျဉ်းသားများကျူးလွန်သည့်ပြစ်မှုများအတွက် လူကိုပြုပြင်ပေးခြင်း၊ ချုတ်ချယ်ခြင်း၊ သို့တည်းမဟုတ် အခြားနည်းဖြင့် ပြစ်ဒဏ်ပေးခြင်း၊

(င) အကျဉ်းထောင်အရာရှိများ၏ တာဝန်ဝတ်တရားများအပြင်၊ အကျဉ်းသားမဟုတ်သူများအား ပြစ်ဒဏ်ပေးခြင်းနှင့်သက်ဆိုင်သော အကျဉ်းထောင်အက်ဥပဒေ (The Prisons Act) ပါ မည်သည့် ပြဋ္ဌာန်းချက်ကိုမဆို၊ စစ်ဘက်အကျဉ်းထောင်များနှင့် သက်ဆိုင်စေခြင်း၊

(စ) အကျဉ်းသားများက တွေ့လိုသူများကို သင့်လျော်သောအချိန်များ၌၊ သင့်လျော်သော ကန့်သတ်ချက် များကိုလိုက်နာစေ၍၊ အကျဉ်းထောင်ထဲသို့ဝင်ခွင့်ပြုခြင်း၊ ထို့ပြင် တတ်နိုင်သရွေ့ကြားနိုင်သည့်နေရာ တွင်၊ အခြားသို့တဦးဦးမရှိစေဘဲ၊ စစ်ဆေးစီရင်ခြင်းခံရဆဲ အကျဉ်းသားများနှင့် ၎င်းတို့၏ရှေ့နေများ ညှိနှိုင်း တိုင်ပင်ခြင်း၊

(ဆ) အယူခံတရားလိုကို အချုပ်နှင့်ထားသောအခါ၊ အခဏ်း ၁၇ ပါကိစ္စများအလို့ငှါ အယူခံတရားလို လာရောက် ခွင့်ရှိသောနေရာ၊ သို့တည်းမဟုတ် စစ်ဘက်အယူခံတရားရုံးကဖြစ်စေ၊ ထိုတရားရုံး၏ တရားသူကြီးတဦးကဖြစ်စေ၊ အဆိုပါတရားရုံး၏ မှုခင်းကိစ္စဆောင်ရွက်ချက် တခုခုအတွက်၊ ထိုအယူခံ တရားလိုကိုယူဆောင်ခဲ့ရမည်ဟု အမိန့်ချမှတ်သောနေရာသို့၊ မည်သို့ယူဆောင်ရမည့်၊ ထိုနေရာ၌အချုပ် နှင့်မည်သို့ထားရမည့်၊ ထို့ပြင် ထိုနေရာမှ မည်သို့ပြန်ပို့ရမည့်နည်း သတ်မှတ်ခြင်း။

ကိုယ်ခန္ဓာဆိုင်ရာ ပြစ်ဒဏ်နှင့်စပ်လျဉ်းသော နည်းဥပဒေပြုခြင်း အာဏာကိုကန့်သတ်ခြင်း။

[edit]

၂၃၄။ ။ ပုဒ်မ ၂၃၃ အရပြုသော နည်းဥပဒေများသည်၊ ကိုယ်ခန္ဓာဆိုင်ရာပြစ်ဒဏ်ကို၊ ပြစ်မှုတခုခုအတွက် ပေးရန်ခွင့်မပြုရ။ ထို့ပြင် နယ်ဘက်အကျဉ်းထောင်နှင့်သက်ဆိုင်သော တည်ဆဲတရားဥပဒေပါ ထောင် ဒဏ် ထက်ကြီးလေးသည့် ထောင်ဒဏ်ကိုလည်း၊ ထိုနည်းဥပဒေများကခွင့်မပြုရ။

စည်းမျဉ်းဥပဒေများပြုရန် အာဏာ။

[edit]

၂၃၅။ ။ နိုင်ငံတော်သမတသည်၊ ပုဒ်မ ၂၃၂ တွင် သီးခြားဖေါ်ပြထားသည့် ကိစ္စများမှတပါး၊ ဤအက်ဥပဒေ၏ အခြားကိစ္စများအနက် ကျန်ကိစ္စအားလုံး၊ သို့တည်းမဟုတ် တခုခုအတွက်စည်းမျဉ်း ဥပဒေများပြုနိုင်သည်။

အစိုးရပြန်တမ်းတွင် နည်းဥပဒေများနှင့် စည်းမျဉ်းဥပဒေများကို ထုတ်ပြန်ကျေညာခြင်း။

[edit]

၂၃၆။ ။ ဤအက်ဥပဒေအရပြုသည့် နည်းဥပဒေနှင့် စည်းမျဉ်းဥပဒေအားလုံးကို၊ အစိုးရပြန်တမ်းတွင် ထုတ်ပြန်ကျေညာရမည်။ ယင်းသို့ ထုတ်ပြန်ကျေညာသည့်အခါ၊ ၎င်းတို့သည်၊ ဤအက်ဥပဒေ၌ ပြဋ္ဌာန်း ထားဘိသကဲ့သို့ အတည်ဖြစ်စေရမည်။

ရုပ်သိမ်းခြင်း။

[edit]

၂၃၇။ ။ ဤအက်ဥပဒေ၏ဇယားတွင် ဖေါ်ပြထားသော အက်ဥပဒေများကို ဤအက်ဥပဒေဖြင့် ရုပ်သိမ်း လိုက်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

ဦးဝင်းမောင်၊
နိုင်ငံတော်သမ္မတ၊
ပြည်ထောင်စုမြန်မာနိုင်ငံတော်။
ရန်ကုန်မြို့၊ ၁၃၂၁ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်။
(၁၉၅၉ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။)

အမိန့်အရ
ပါစိန်၊
နိုင်ငံတော်သမ္မတ၏ အတွင်းဝန်။

စာရင်း– ၁၉၅၉ ခုနှစ် အက်ဥပဒေများဇယား

[edit]

(ပုဒ်မ ၂၃၇ ကိုကြည့်)

အမည် အမှတ် နှစ်
မြန်မာနိုင်ငံ ကြည်းတပ်အက်ဥပဒေ (The Burma Army Act)
မြန်မာနိုင်ငံ ကြည်းတပ် (ပြင်ဆင်ချက်) အက်ဥပဒေ
The Burma Army (Amendment) Act, 1943
၁၇
XVII
၁၉၄၃
1943
မြန်မာနိုင်ငံ ကြည်းတပ် (ဒုတိယ ပြင်ဆင်ချက်) အက်ဥပဒေ
The Burma Army (Second Amendment) Act, 1943
၂၅
XXV
၁၉၄၃
1943
မြန်မာနိုင်ငံ ကြည်းတပ် (ပြင်ဆင်ချက်) အက်ဥပဒေ
The Burma Army (Amendment) Act, 1944

IX
၁၉၄၄
1944
မြန်မာနိုင်ငံ ကြည်းတပ် (ပြင်ဆင်ချက်) အက်ဥပဒေ
The Burma Army (Amendment) Act, 1948
၁၅
XV
၁၉၄၈
1948
မြန်မာနိုင်ငံ ကြည်းတပ် (ပြင်ဆင်ချက်) အက်ဥပဒေ
The Burma Army (Amendment) Act, 1953
၄၁
XLI
၁၉၅၃
1953
မြန်မာနိုင်ငံ ကြည်းတပ် (ပြင်ဆင်ချက်) အက်ဥပဒေ
The Burma Army (Amendment) Act, 1955
၂၄
XVII
၁၉၅၅
1955
မြန်မာနိုင်ငံ ကြည်းတပ် ပြစ်ဒဏ်ချမှတ်ချက်များ ဆိုင်းငံ့ထားခြင်းအက်ဥပဒေ
The Burma Army Suspension of Sentences Act, 1920
၂၀
XX
၁၉၂၀
1920
မြန်မာနိုင်ငံ ရေတပ် စည်းကမ်းအက်ဥပဒေ
The Burma Naval Discipline Act, 1947
၈၁
LXXXI
၁၉၄၇
1947
မြန်မာနိုင်ငံ ရေတပ်စည်းကမ်း (ပြင်ဆင်ချက်) အက်ဥပဒေ
The Burma Naval Discipline (Amendment) Act, 1949
၄၅
XLV
၁၉၄၉
1949
မြန်မာနိုင်ငံ ရေတပ်စည်းကမ်း (ပြင်ဆင်ချက်) အက်ဥပဒေ
The Burma Naval Discipline (Amendment) Act, 1953

I
၁၉၅၃
1953
မြန်မာနိုင်ငံ ရေတပ်စည်းကမ်း (ပြင်ဆင်ချက်) အက်ဥပဒေ
The Burma Naval Discipline (Amendment) Act, 1957
၂၀
XX
၁၉၅၇
1957
မြန်မာနိုင်ငံ လေတပ် (စည်းကမ်း) အက်ဥပဒေ
The Burma Air Force (Discipline) Act, 19477
၄၅
XLV
၁၉၄၇
1947
မြန်မာနိုင်ငံ လေတပ် (စည်းကမ်း) ပြင်ဆင်ချက်အက်ဥပဒေ
The Burma Air Force (Discipline) (Amendment) Act, 1950

II
၁၉၅၀
1950
မြန်မာနိုင်ငံ လေတပ် (စည်းကမ်း) ပြင်ဆင်ချက်အက်ဥပဒေ
The Burma Air Force (Discipline) (Amendment) Act, 1957
၂၁
XXI
၁၉၅၇
1957
မြန်မာနိုင်ငံ လေတပ် (စည်းကမ်း) ပြင်ဆင်ချက်အက်ဥပဒေ
The Burma Air Force (Discipline) (Amendment) Act, 1958
၃၄
XXXIV
၁၉၅၈
1958